We'd like to send you notifications of the latest posts and updates
၄င်းကာလအတွင်းသည် ကျွန်မတို့၏ ဆွေမျိုးအရင်းချာ မိတ်ဆွေဖြစ်သော တရုတ်လူမျိုးတို့၏ တရုတ်နှစ်သစ်ကူးအခါဖြစ်ပါတယ်။ ဤနှစ်သစ်ကူးအခါမှစ၍ နောင်လာမည့် နှစ်သစ်ကူးမတိုင်ခင်အတွင်း ၁၂ ကောင်လေးတွေ၏ ဇာတာကို တွက်ချက်ပြီး တရုတ်လူမျိုးတို့၏ အယူအဆ ၊ ရှေးရိုးထုံးစံတွေကို မပယ်ဘဲ ကျွန်မတို့၏ ပညာရပ်တစ်ခုအနေဖြင့်လည်း ပူးပေါင်းပြီး ဟောကြားလိုက်ခြင်းဖြစ်ပါတယ်။
ယခုကျရောက်မည့် ‘မြွေ’နှစ်ဆန်းကစပြီး ကျွန်မတို့၏ ဆွေမျိုးပေါက်ဖော်အပေါင်း ကျန်းမာချမ်းသာပြီး သဘာဝကပ်ရောဂါကြီးမှလည်း ကင်းစင်လွင့်ပျောက်ကြပါစေလို့ ရှေးဦးစွာ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ ဒီ ’မြွေ’ နှစ်အတွင်းမှာလည်း ညံ့သောအကောင်လေးများ ရှိပါသည်။ တိုးတတ်ကြီးပွားတဲ့ အကောင် လေးများလည်းရှိပါသည်။
ကောင်းတဲ့ အကောင်လေးများလည်း ကောင်းသထက်ကောင်းပြီး ညံ့သောအကောင်လေးများလည်း ပိုကောင်းလာအောင် ပြောကြားလိုက်ပါသည်။
ယခု ခုနှစ်သည် ကြွက်နှစ်ဖွားများအတွက် ကံကောင်းခြင်းဖြစ်ပြီး အထူးသဖြင့် အလုပ်နှင့်ငွေကြေးကို အထူးအသားပေးသည်။ ကြွက်နှစ်ဖွားများသည် ကံကောင်းသောကြောင့်အလုပ်နှင့် ဘဝသည် ကြည်နူးဖွယ်များကိုကြုံတွေ့ရမည်။ သို့သော် သင်လုပ်နေကျ အလုပ်ကိုမရပ်တန့်လိုက်ပါနဲ့။ အရင်နှစ်များက သင်ရဲ့ကြိုးစားအားထုတ်မှုများကို ယခု ခုနှစ်တွင် တွေ့ရလိမ့်မည်။ အရာအားလုံးက အဆင်ပြေချောမွေ့ပါလိမ့်မည်။ ပြဿနာအနည်းငယ်ပေါ်လာလိမ့်မည်။ စိုးရိမ်စရာရှိဟုဆိုရပေမယ်။
အချစ်ရေးတွင် အလုပ်အကိုင်လောက် အလားအလာမရှိသော်လည်း ကောင်းမွန်သောလမ်းကြောင်းပေါ်တွင်ရှိနေသေးသည်။ အချစ်ရေးနှင့်ပျော်ရွှင်စွာဖြတ်သန်းရမည်ဖြစ်သည်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူများသည် ကြီးမားသောပြောင်းလဲမှုကိုရရှိပြီး နှစ်ကုန်ပိုင်းတွင် လုပ်ငန်းအသစ်ကိုရရှိလိမ့်မည်။ ဝင်ငွေပိုင်းတွင် ကြီးမားသောအကျိုးကျေးဇူးကြောင့် ဝင်ငွေအများအပြားရရှိလာလိမ့်မည်။ လုပ်ငန်းခွင်ရွေ့ပြောင်းခြင်း အလုပ်နေရာပြောင်းခြင်းများဖြစ်ပေါ်နိုင်သောကြောင့် ငွေကုန်ကျများမည့်ကာလများလည်းပါလာမည်။ယခုခုနှစ်သည် ကျန်းမာရေးအသေးအမွှားများသာဖြစ်တတ်ပါတယ်။
ယတြာ ။ ။ကံ့ကော် (၉)ညွန့်မိမိအိမ်ဘုရား လှူပါ။
ယခုခုနှစ်တွင် နွားနှစ်ဖွားများသည် ကံကောင်းခြင်းကြုံတွေ့ရမည်။ ထိုကံကောင်းခြင်းများသည် ၎င်းတို့၏နယ်ပယ်တွင် တိုးတက်မှုအရှိန်အဟုန်ကို မြင့်တင်ပေးသည့် အခွင့်အလမ်းကောင်းများဖြစ်သည်။ ပရောဂျက်တစ်ခုလုပ်သည်ဖြစ်စေ အလုပ်သစ်တစ်ခုရှာသည်ဖြစ်စေ သင် ယုံယုံကြည်ကြည်ဖြစ်ရမည် ဆိုသောစိတ်ဖြင့် ကြိုးစားအားထုတ်ပါ။ တိုးတက်မှုသည် အစပိုင်းတွေ အရှိန်မြန်မည်မဟုတ်သော်လည်း မှန်ကန်သောလမ်းကြောင်းပေါ်တွင်သွားနေကာ အချိန်တစ်ခုရလာသည့်နှင့် အရှိန်မြင့်တက်လာမည်ဖြစ်သည်။
ချစ်ခြင်းမေတ္တာတွင် သာယာပျော်ရွှင်ဖွယ်ကောင်းမည်။ အချစ်ရေးတွင်ကံကောင်းနေသော်လည်း ကိုယ်က ထုတ်ဖော်ပြောမရဲဖြစ်နေပါက အချည်းအနှီးဖြစ်သွားမည်။ ဖွင့်ပြောစရာရှိတာဖွင့်ပြောပါ။ ဝင်ငွေကောင်းမည်။ ရင်းနှီးမြုပ်နှံများကြောင့် ဆုံးရှုံးမှုများရှိလာနိုင်သည်။ သတိနှင့်ယှဉ်၍အလုပ်လုပ်ပါ။ ကျန်းမာရေးပိုင်းတွင် ကောင်းမွန်သောအနေအထားတွင်မရှိပေ။ အစာအိမ်ကျန်းမာရေးထိခိုက်တတ်သည်။
ယတြာ ။ ။အုန်းညွန့်(၁၀)ညွန့် မိမိအိမ်ဘုရား လှူပါ။
အနည်းငယ် အညံ့ကြုံတွေ့ရတတ်ပါတယ် ။ ဤနှစ်သည် စိတ်လှုပ်ရှားမှု ၊ သာယာဝပြောမှုများဖြင့် ပြည့်နှက်နေသောနှစ်တစ်နှစ်အဖြစ်ကုန်ဆုံးလိမ့်မည်။
အချစ်ရေးတွင် တည်ငြိမ်ချောမွေ့စေရန် အချို့သောကံဆိုးမှုများမှ ရှောင်ရှားနိုင်မည်ဖြစ်သည်။ တစ်ကိုယ်ရေ ကျားနှစ်ဖွားများအတွက် လုပ်ငန်းခွင်အတွင် အဆက်အသွယ်အသစ်များမှ များပြားသောအလားအလာရှိသည့် သူများနှင့်ဆုံတွေ့ရနိုင်သည်။ ဆက်ဆံရေးအသစ်တစ်ခုစတင်ခြင်းဖြင့် သင့်သည် မေတ္တာရေးလမ်းကြောင်းတွင် ချောချောမွေ့မွေ့ဖြတ်သန်းနိုင်မည်ဖြစ်ပြီး ဤရှုပ်ထွေးသောနှစ်တစ်နှစ်အတွက် ကြီးစွားသောနှစ်သိမ့်မှုကိုရရှိမည်။
အခွင့်အလမ်းများမှာ ပြိုင်ပွဲတွင်ယှဉ်ပြိုင်ရင် လက်မှတ်ပေးအပ်ခြင်းမျိုးသာဖြစ်၍ အောင်မြင်သည် မအောင်မြင်သည်မှာ သင်၏ကြိုးစားမှုပေါ်မူတည်သည်။ ထိုသို့အခွင့်အလမ်းများပေါ်ပေါက်လာသောအခါ သင့်အားနှောင့်ယှက်မည့် ဘေးအသိုင်းအဝိုင်းများရှိနေသည်ကို သင်သတိရပါ။ ပိုမိုကြိုးစားသင့်သော နှစ်တစ်နှစ်ဖြစ်သည့်အလျောက် သင်ကြိုးစားလျှင် ကြိုးစားသလောက်အောင်မြင်မှုကိုခံစားရမည်ဖြစ်သည်။ လုပ်ငန်းများအောင်မြင်မှုဆီသွားနေတဲ့အချိန်တွင် သင်ဝင်ငွေထွက်ငွေကြောင့်အနည်းငယ်စိတ်ရှုပ်ထွေးမှုပေါ်မည်။ ကျန်းမာရေးစိုးရိမ်စရာမလိုပါ။
ယတြာ။ ။စံပယ် (၈)ကုံး မိမိအိမ်ဘုရား လှူပါ။
ကောင်းသောလက္ခဏာအချို့သည် ကြီးလေးသောပြဿနာများကို တွန်းလှန်ရန်ကြိုးစားနေသော်လည်း ကူညီထောက်ပံ့သူပေါ်ပေါက်လာပါလိမ့်မည်။
ယုန်နှစ်ဖွားများသည် ထူးချွန်သောသူများဖြစ်ကြပြီး မဖြေရှင်းနိုင်သော ပြဿနာထဲသို့ တိုးဝင်မိသည်ရှိစေကာမူ အထိုက်အလျောက်ကာကွယ်ပေးသူများရှိနိုင်ပါသေးသည်။ ဝင်ငွေသည် တည်တည်ငြိမ်ငြိမ်ဖြစ်နေသော်လည်း ထွက်ငွေများလည်း တော်တော်များများရှိနေပါသေးသည်။
အချစ်ရေးအတွက် ပျင်းစရာကောင်းသောနှစ်ဖြစ်လာလိမ့်မည်။
အလုပ်များကောင်းမွန်စွာလည်ပတ်နိုင်ခြင်းဖြင့် ဝင်ငွေများတိုးလာနိုင်သည်။ သို့သော် ဝင်ငွေများလာသည်နှင့်အမျှ တခြားအလုပ်အသစ် သို့ ရှယ်ယာများထည့်ခြင်းကိုရှောင်ကြဉ်ပါ။ သင်ထည့်လိုက်သော ငွေများသည် သင့်ဆီပြန်လာနိုင်မည်မဟုတ်ပေ။ အကုန်အချည်းနှီးဖြစ်လိမ့်မည်။ ကျန်းမာရေးအရ ယုန်နှစ်ဖွားများယခုနှစ်အတွင်း အနည်းငယ်ချူချာမည်။
ယတြာ။ ။ရွက်လှ(၄)ညွန့် မိမိအိမ်ဘုရား လှူပါ။
နယ်ပယ်အားလုံးတွင် အပြုသဘောဆောင်သော ဦးတည်ချက်ဖြင့် ရွေ့လျားနေပြီး ရံဖန်ရံခါ အဆင်မပြေမှုများနှင့် ရင်ဆိုင်ရနိုင်သည်။ သင့်လုပ်ငန်းခွင်တွင် ပြဿနာအသေးအဖွဲများ၊ စိန်ခေါ်မှုများ နှင့် အဆင်မပြေမှုများ ဖြစ်ပေါ်နိုင်သည်။ အရာရာတိုင်း အဆင်ပြေသွားသည်အထိ သတ္တိရှိရှိ နှင့် ခံနိုင်ရည်ရှိအောင်နေပါ။ အဓိကကတော့ ဘာအလုပ်လုပ်ကိုမဆို ကိုယ်က သံသယဖြစ်နေပါက မလုပ်ပါနဲ့။
အလုပ်ကိစ္စများကဲ့သို့ပင် အချစ်ရေးတွင် ခက်ခဲနေသည်ဟုထင်ပါက ရှေ့ဆက်မတိုးပဲ အချိန်ကာလတစ်ခုကိုစောင့်ဆိုင်း၍ သည်းခံနေသင့်သည်။ အရေးတကြီးရှေ့ဆက်တိုးပါက ဆက်ဆံရေးများပျက်စီးရှုံးဆုံးတတ်သည်။ သွေးအေးတော့မှ ဆုံးဖြတ်ပါ။ နဂါးနှစ်ဖွားများသည် ခေါင်းမာတတ်သောသူများဖြစ်သောကြောင့် နားလည်မှုလွဲခြင်းများလည်းဖြစ်ပေါ်နိုင်သည်။
ယခုချိန်သည် နဂါးနှစ်ဖွားများအတွက် ကိုယ်ပိုင်စွမ်းအင်ကို ထုတ်မသုံးပဲ တည်တည်ငြိမ်ငြိမ်နေသင့်သော နှစ်တစ်နှစ်ဖြစ်သည်။ စိတ်၏အနှောင့်အယှက်များကိုဖယ်ထုတ်ကာ ပြတ်ပြတ်သားသားနှင့် ထက်မြက်သောစိတ်ဖြင့် ဖြတ်သန်းပါက ကောင်းမွန်သောနှစ်တစ်နှစ်ကို ဖြတ်သန်းနိုင်မည်။ ကျန်းမာရေး သေးငယ်သောကျန်းမာရေးတိုက်ခိုက်မှုများရှိသည်။
ယတြာ။ ။ပန်းအဝါရောင် (၅)ပွင့်မိမိအိမ်ဘုရား လှူပါ။
ကံကောင်းမှုကို နှစ်သက်သော မြွေနှစ်ဖွားများအတွက် အနည်းငယ်အညံ့ ရိုက်ခတ်မှုကြောင့် များစွာသော ဒေါသများဖြစ်ပေါ်စေလိမ့်မည်။ လုပ်ငန်းခွင်တွင် စိတ်သဘောထားသေးသိမ်သူများမှ တိုက်ခိုက်နှောက်ယှက်ခြင်းကို ခံစားရမည်။ အကောင်းမြင်သူများလည်းရှိသောကြောင့် မြွေနှစ်ဖွား၏ ကြိုးစားအားထုတ်မှုကို လုပ်ငန်းခွင်တွင် အသိအမှတ်ပြုခြင်းကို ခံစားရမည်။
ချစ်ခြင်းမေတ္တာတွင်မှာကား ကံကောင်းသောနှစ်တစ်နှစ်ဖြစ်လိမ့်မည်။ တစ်ယောက်ယောက်ကို သဘောကျနေပါက မတွန့်ဆုတ်ပါနဲ့။ လုပ်ငန်းခွင်တွင်ကား အလားအလာကောင်းသော လုပ်ဖော်ကိုင်ဖက်များနှင့် မဆုံတွေ့နိုင်ပါ။ သင်သည် လုပ်ငန်းခွင်တွင် ရည်မှန်းချက်ကြီးပြီး ကြိုးစားအားထုတ်ကာ လုပ်နေပါက စိတ်မပူပါနဲ့။ သင်အား အသိအမှတ်ပြုသူရှိလိမ့်မည်။ လုပ်ငန်းခွင်တွင် သင်အားလိုအပ်သည်ထက်ကူညီပေးသူများကို သတိထားပါ။ ထိုသူများပင် သင်အား အလုပ်မှအဝေးသို့ရောက်ရှိအောင် တွန်းပို့လိမ့်မည်။
အလုပ်အသစ်တိုးချဲ့လုပ်ကိုင်ပါက လက်တွဲဖော် လုပ်ဖော်ကိုင်ဖက်ကို စေ့စပ်သေချာစွာ ရွေးချယ်ရန်လိုအပ်ပါသည်။ ငွေကြေးပိုင်းတွင် ငွေများဝင်လာနိုင်သလို မထင်မှတ်ပဲ ငွေများထွက်သွားနိုင်သည်။ စီးပွားရေးအသစ်တိုးချဲ့မှုမပြုလုပ်ပဲ ဝင်ငွေများကို ဆုပ်ကိုင်ထားသင့်သည်။ အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို သတိထားပါ။
ယတြာ။ ။သပြေ(၆)ညွန့် မိမိအိမ်ဘုရား လှူပါ။
မြင်းနှစ်ဖွား၏ ကံဇာတာသည် တည်ငြိမ်နေမည်ဖြစ်သည်။ ကံကောင်းသောအသွင်အပြင်အချို့နှင့် အနှောင့်အယှက်အနည်းငယ်ရှိသော်လည်း ခြုံငုံကြည့်ပါက တစ်နှစ်ပတ်လုံး အေးချမ်းသာယာစွာနေထိုင်ရမည်။အရေးကြီးသောလုပ်ဖော်ကိုင်ဖက်များနှင့် ဖောက်သည်များသည် ကုမ္ပဏီတစ်ခုတည်းတွင် အလုပ်လုပ်ကြသည်ဖြစ်စေ၊ ကိုယ်ပိုင်လုပ်ငန်းရှိသည်ဖြစ်စေ ထိုသူတို့သည် မြင်းနှစ်ဖွားများအပေါ် ယခုနှစ်တွင် မျက်နှာသာပေးမည်ဖြစ်သောကြောင့် မြင်းနှစ်ဖွားများသည် လုပ်ငန်းတွင် အထွတ်အထိပ်သို့ရောက်ရှိမည်ဖြစ်ပြီး တိုးတက်မှုများစွာမြင်တွေ့ရမည်ဖြစ်သည်။
အချစ်ရေးသည်လည်း အလားတူအခြေအနေမျိုးကဲ့သို့ပင် တည်ငြိမ်နေမည်။ ချစ်ခြင်းမေတ္တာအား စီးပွားရေးအနေအထားနှင့် နှိုင်းယှဉ်ရသော် တန်းတူအခြေအနေတွင် မြင်တွေ့နိုင်သည်။ ကိုယ်ပိုင်လုပ်ငန်းမဟုတ်ပဲ လုပ်ငန်းခွင်တွင် ကိုယ်အား အသိအမှတ်ပြုခြင်း၊ ရာထူးတိုးခြင်းများဖြစ်လာပါက သင့်အပေါ် အထက်လူကြီးယုံကြည်လာအောင် ကြိုးစားပေးခြင်းများဖြင့် သက်သေပြပါ ကျေးဇူးဆပ်ရန် ကြိုးစားပါ။ ထိုမှ နောင်နှစ်ပေါင်းများစွာအထိ လုပ်ငန်းခွင်တွင် အဆင်ပြေစွာနေနိုင်မည်။ သင်ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေပါက ယခုနှစ်တွင်အခွင့်အလမ်းကောင်းများ၊ မိတ်ဖက်ကောင်းများနှင့် ဆုံတွေ့နိုင်ပြီး အမှန်တကယ် ကြုံခိုင်ပြီး အောင်မြင်သောနှစ်တစ်နှစ်ကို ဖြတ်သန်းရမည်။
ဝင်ငွေပိုင်းတွင် အတော်အတန်တည်ငြိမ်လာမည်ဖြစ်သည်။ ကျန်းမာရေးထိခိုက်နိုင်သည်။ အားလပ်ချိန်ယူပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊ အနားယူပါ။ ကျန်းမာရေးအတွက် ကောင်းမွန်သောနှစ်တစ်နှစ်ဖြစ်လာလိမ့်မယ်။
ယတြာ။ ။နှင်းဆီ (၇)ပွင့်မိမိအိမ်ဘုရား လှူပါ။
အလုပ်တွင် အပျက်သဘောဆောင်သောလွှမ်းမိုးမှုများရှိနေသည်။ အလုပ်မှာစိတ်ဝင်စားမှုလျော့နည်းလာပြီး အလုပ်ထွက်သည်အထိဖြစ်နိုင်သည်။ သင်ရဲ့လုပ်ဖော်ကိုင်ဖက်များ သင်အလုပ်ပေါ်စိတ်ဝင်စားမှုလျော့နည်းနေသည်ကို သတိထားမိစေလိမ့်မည်။ အလုပ်ကြိုးစားပါ။ နောက်ထပ်စိန်ခေါ်မှုများရှိနေသောကြောင့် အခွင့်အလမ်းများစွာရရှိအောင် သင်ကြိုးစားရမည်။
အချစ်ရေးတွင် ပျော်ရွှင်မှုကိုရလိမ့်မည်။ အလုပ်တွင်ကား စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေလိမ့်မည်။ သင်သည်လုပ်ငန်းခွင်တွင် ကျွမ်းကျင်သော်လည်း အလုပ်များနှောက်နှေးနေလိမ့်မည်။ သင်သည် ရိုးသားပြီးပွင့်လင်းသောကြောင့် လုပ်ဖော်ကိုင်ဖက်များသဘောကျကြသည်။ တစ်စုံတစ်ယောက်က သင့်အားဝေဖန်ပါက အဲအမှားကိုသင်ယူပြီးကောင်းစွာလုပ်ကိုင်ပါ။ တစ်ခြားတစ်ဖက်တွင် မနာလိုသူများက သင့်အားတိုက်ခိုက်နေပါက လျစ်လျူရှုပါ။ သင်လုပ်စရာရှိတာတွေကိုပဲ ဆက်လုပ်ပါ။ အလုပ်နှင့်ပတ်သက်သော ဆက်ဆံရေးများကို ပျက်စီးမသွားအောင်သတိထားပါ။
သင်သည် အရင်နှစ်ကထက် ပိုမိုစိတ်ဝင်စားပြီး ကြိုးစားပါမှ သင့်ဝင်ငွေသည် တည်ငြိမ်မှာဖြစ်တယ်။ စိတ်ခံစားချက်များကိုရင်ဖွင့်ပါ။ တစ်ယောက်တည်းမျိုသိမ့်မထားပါနဲ့။
ယတြာ။ ။သောက်တော်ရေ (၄)ခွက်မိမိအိမ်ဘုရား လှူပါ။
စီးပွားရေးအတက်အကျဖြစ်နေလိမ့်မည်။ သင်၏အလုပ်အပေါ်မကျေမနပ်ဖြစ်လာလိမ့်မည်။ တစ်ချို့အရာတွေကိုအောင်နိုင်မည်။ တစ်ချို့အရာတွေကို အရှုံးနှင့်ရင်ဆိုင်ရမည်။ အလုပ်များရပ်တန့်နေလိမ့်မည်။ အလုပ်ကိုဂရုစိုက်ပါ။ အလုပ်ပြုတ်သွားနိုင်သည်အထိ ဖြစ်နိုင်ပါသည်။ အကောင်းနှင့်အဆိုးနှစ်ခုစလုံး ယခုနှစ်တွင် ဖြစ်ပေါ်လာမည်ဖြစ်ပြီး မတူညီသော အခွင့်လမ်းများနှင့် စိန်ခေါ်မှုများသည် ၁၂လသာကာလပတ်လုံးဖြစ်ပေါ်နေမည်။
အချစ်ရေးသည် အရင်နှစ်များကကံမကောင်းပဲ ယခု ခုနှစ်တွင် သိသိသာသာကံကောင်းလာမည်ဖြစ်သည်။ အလုပ်ကို အရင်နှစ်များထက်ပိုမိုကြိုးစားပါ။ သင်ဟာအလုပ်တစ်ခုကို မကိုင်တွယ်နိုင်ဘူးလို့ယူဆပါက တစ်ကိုယ်တည်မဖြေရှင်းပဲ အသိမိတ်ဆွေများထံမှာ အကူအညီတောင်းပါ။ နည်းလမ်းယူပါ။ ဝင်ငွေပိုင်းတွေလည်း အကောင်းဘက်တွင်မရှိပါ။ ကံမကောင်းစွာဖြင့် လစာဖြတ်တောက်ခံရခြင်းနှင့် အလုပ်မှထုတ်ပယ်ခြင်းများရှိနိုင်တာမို့ အလုပ်လက်မဲ့ဘဝသို့ရောက်ရှိနိုင်သည်။
ရင်းနှီးမြုပ်နှံမှုမပြုလုပ်ပါနဲ့ ငွေများရှုံးဆုံးသွားနိုင်ပြီး နှစ်ကုန်ပိုင်းတွင် ကြွေးမြီးများပင်တင်သွားနိုင်သည်။ ချွေတာပြီးသုံးပါ ဒါက သင်ဒီတစ်နှစ်အတွင်းလုပ်ရမည့်အလုပ်ပဲ။
ယတြာ။ ။ ယပ် (၈)ချောင်းမိမိအိမ်ဘုရား လှူပါ။
အပြုသဘောနှင့်အပျက်သဘောဆောင်သောရှုထောင့်များသည် အချင်းချင်းဟန်ချက်ညီနေပြီး အပျက်အစီးများသော မည်သည့်ကိစ္စကိုမဆို မပြုလုပ်သောကြောင့် ယခုနှစ်တွင် တည်ငြိမ်သောကံကြမ္မာကိုခံစားရမည်။ လုပ်ငန်းခွင်တွင် ကြက်နှစ်ဖွားများသည် ယခင်နှစ်များထက်ပို၍ အမှားပိုလုပ်နိုင်သောကြောင့် သတိထားရမည်ဖြစ်သည်။ သို့သော် ခေါင်းအေးအေးထားပြီး ပြဿနာကိုအနီးကပ်စစ်ဆေးနိုင်ပါက အလုံးစုံကယ်တင်နိုင်မည်ဖြစ်သည်။ သို့သော် ခေါင်းအေးအေးမထားပါက စိတ်ဓာတ်ကျပြီးအမှားများကို အလွန်အမင်းပြုလုပ်လာနိုင်ပြီး ပြဿနာတွင်းထဲကျရောက်နိုင်သည်။ ထိုကြောင့် မည်သည့်အရာကိုမှ ကြီးကြီးမားမားမလုပ်ဆောင်ရန် အကြံပြုထားသည်။
အလုပ်တွင် စိန်ခေါ်မှုများကိုမဖော်ပြပဲ အလှည့်အပြောင်းတစ်ချို့ရှိမည်။ သို့သော် အားလုံးအဆင်ပြေသွားမည်ဖြစ်သောကြောင့် အလုပ်ကို ဂရုတစိုက်လုပ်ပါ။
ကိုယ်ပိုင်စီးပွားရေးရှိသည့် ကြက်နှစ်ဖွားများသည် သင့်အား ပြိုင်ဖက်များ သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များအပေါ် သစ္စာမဲ့သောလက်အောက်ငယ်သားရှိနေသည်ကိုသတိထားရန် လိုအပ်သည်။ ကျန်းမာရေးအတွက်ကတော့ ကောင်းကောင်းစားပြီး အိပ်ရေးဝအောင်အိပ်ပါ။
ယတြာ။ ။ သင့်ကံကောင်းစေသောယတြာမှာ အရေးကြီးကိစ္စရှိတိုင်း တောင်အရပ်ကိုလှည့်ပြီးဆုတောင်းသွားပါ။
ခွေးနှစ်ဖွားများအတွက် ကောင်းမွန်သောနှစ်တစ်နှစ်ဖြစ်သင့်ပြီး အများနှင့်ဆန့်ကျင်ဘက်မလုပ်ပဲ နှစ်သက်ဖွယ်ကောင်းသော အသွင်အပြင်နှင့်လုပ်ဆောင်ပါက ကံကောင်းသောနှစ်တစ်နှစ်အဖြစ် ဖြတ်သန်းလိမ့်မည်။ တစ်နှစ်ပတ်လုံးအတွက် ခွေးနှစ်ဖွားများသည် အလုပ်တွင် ကံကောင်းခြင်းများဖြင့်ဖြတ်သန်းမည်ဖြစ်ပြီး သင်သည် ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်သည်ဖြစ်စေ သင်ကိုယ်ပိုင်အလုပ်လုပ်သည်ဖြစ်စေ ကံကောင်းလာမည်ဖြစ်သည်။ ကိုယ့်ဆီလာသည့် မည်သည့်အခွင့်အရေးကိုမဆို လက်လွတ်မခံပဲ ဆုပ်ကိုင်ထားပါ။ ဖောက်သည်အသစ် မိတ်ဆွေအသစ်များနှင့် တွေ့ဆုံလာနိုင်ပြီး ကောင်းမွန်သောအမြတ်အစွန်းရသည့် နောက်လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ရမည်။
အချစ်ရေးတွင် ကောင်းမွန်သောနှစ်တစ်နှစ်ဖြစ်လာလိမ့်မည်။ အချစ်ရေးတွင် နှစ်သက်ဖွယ်ကောင်းသော လွှမ်းမိုးမှုနှစ်ခုကြောင့် အချိန်အတော်ကြာခံစားခဲ့ရဖူးသောသူဆီမှ ချစ်ခြင်းမေတ္တာများရရှိလိမ့်မည်။
အလုပ်အကိုင်ပေါ်တွင် အထက်လူကြီး၏ ယုံကြည်မှုကိုရရှိမည်ဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်များနှင့် လိုက်လျောညီထွေစွာဖြင့် တစ်နှစ်တာကိုဖြတ်သန်းရလိမ့်မည်။ သင့်အပေါ် တခြားသူများ၏ ယုံကြည်ထားမှုကို မပစ်ပယ်ပါနဲ့။ အခွင့်အလမ်းများသည် ယခုခုနှစ်အစပိုင်းတွင် အဆင်မပြေသေးသော်လည် တဖြည်းဖြည့် လှေကားထစ်သဖွယ် အပေါ်သို့ရောက်ရှိလာမည်ဖြစ်ပြီး တည်ငြိမ်သောနှစ်တစ်နှစ်အဖြစ် ဖြတ်သန်းရမည်။ ကျန်းမာရေးနဲ့ညီအောင်စားပါ။ အိပ်ယာစောစောဝင်ပါ။ အရက်သောက်ခြင်းကိုရှောင်ပါ။ အိပ်ယာဝင်ချိန်ကိုသတ်မှတ်ထားပြီး အိပ်ယာဝင်ခြင်းမျိုးပြုလုပ်သင့်သည်။
ယတြာ။ ။ သစ်သီး(၃)မျိုး မိမိအိမ်ဘုရား လှူပါ။
ဝက်နှစ်ဖွားများအတွက် အရင်နှစ်များနှင့်မတူ ကွဲပြားသောနှစ်တစ်နှစ်ဖြစ်လိမ့်မည်။ ဝက်နှစ်ဖွားများအတွက် စွန့်စားမှုအားလုံးကို သတိရှိရှိဖြင့် လုပ်ဆောင်ရန်လိုအပ်သည်။ ချစ်ခြင်းမေတ္တာနှင့် ဆက်ဆံရေးတွင် ကံကောင်းခြင်းမရှိသော်လည်း သက်မွေးဝမ်းကြောင်းလုပ်ငန်းများတွင် အရင်နှစ်က ယိမ်းယိုင်နေပါက ယခုနှစ်တွင် အဆင်ပြေချောမွေ့သွားမည်။
မကောင်းသောရှုထောင့်မျိုးစုံကြောင့် ချစ်ခြင်းမေတ္တာသည် ချမ်းမြေ့မည်မဟုတ်ပေ။ တစ်ကိုယ်ရေသမားများအတွက် ယခုနှစ်တွင်အလားအလာရှိသော အိမ်ထောင်ဖက်များနှင့် တွေ့ဆုံနိုင်ပေလိမ့်မည် ။ လုပ်ငန်းခွင်တွင် အတားအဆီးများကြုံတွေ့နိုင်ချေများသည်။ လုပ်ဖော်ကိုင်ဖက်များအနောက်ကွယ်တွင် အတင်းအဖျင်းပြောခြင်း၊ အထက်လူကြီး၏ အသိအမှတ်ပြုမခံရခြင်းများကြုံတွေ့နိုင်သည်။
အလုပ်တွင်အနိမ့်အမြင့်ဖြစ်နေသကဲ့သို့ ဝင်ငွေသည်လည်းအနိမ့်အမြင့်ဖြစ်နေမည်။ အထူးသဖြင့် ယခုခုနှစ်တွင် ရင်းနှီးမြုပ်နှံမှုကိုသတိထားပါ။ အန္တရာယ်ရှိသည်။ ဝက်နှစ်ဖွားများသည် အသုံးစာရိတ်ကိုမဆင်ခြင်ပါက ငွေကြေးအများအပြားကုန်ဆုံးနိုင်သောကြောင့် သတိထားရမည်ဖြစ်သည်။
ယတြာ။ ။ ဆီထမင်း(၂)ပန်ကန်မိမိအိမ်ဘုရား လှူပါ။
Back to top
Share