We'd like to send you notifications of the latest posts and updates

ကျွန်ုပ်တို့၏ကတိကဝတ်

commitment1
commitment 2
  1. အဓိပ္ပာယ်ပြည့်၀ပြီး ရေရှည်တည်တံ့သော၊ သုံးစွဲသူများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ခေတ်မီဆက်သွယ်ရေးကွန်ရက်တစ်ခုကို တည်ဆောက်လုပ်ကိုင်ပြီး မရှိမဖြစ်လိုအပ်သော ဆက်သွယ်ရေးဝန်ဆောင်မှုများ ရရှိရေးအတွက်ဆောင်ရွက်နိုင်ရန်
  2. တိုးတက်ပြောင်းလဲမှု၊ ယဉ်ကျေးမှုအရ၊ ရေရှည်တည်တံ့ရေးနှင့် လူမှုအကျိူးသက်ရောက်မှုအရ ဆီလျော်ရေး ကြိုးပမ်းပြီး နိုင်ငံတကာ အဆင့်မီ တယ်လီကွန်းအော်ပရေတာ တစ်ခုအဖြစ် ယုံကြည်မှု၊ စည်းလုံးညီညွတ်မှုနှင့် နည်းပညာတို့ကို ပိုမိုပေးအပ်နိုင်ရန်
  3. နိုင်ငံတကာစံနှုန်းများကို ကျင့်သုံးရာတွင် မြန်မာ့လူမှုအသိုင်းအဝိုင်းရှိ နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိသည့် တန်ဖိုးများဖြစ်သော စေတနာထားမှု၊ စည်းလုံးညီညွတ်မှုတို့ကို ကာကွယ်ရန်နှင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်
  4. လူ့အခွင့်အရေးကို လက်ကိုင်ထားကာ ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေများကို လေးစားပြီး ဥပဒေနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ကျင့်ဝတ်များကို ဆက်လက်လိုက်နာရန်
  5. အသေးစားနှင့် အလတ်စား စီးပွါးရေးလုပ်ငန်းများနှင့် ဖန်တီးမှုအားကောင်းသော စီးပွါးရေးဂေဟစနစ်ကို ဦးစားပေးခြင်းဖြင့် မြန်မာ့စီးပွါးရေးကဏ္ဍကို ထောက်ပံ့ပေးရန်
  6. မြန်မာနိုင်ငံတွင် ကာဘွန်ထုတ်လွှတ်မှုလျှော့ချရေး၊ စွမ်းအင်အသုံးပြုမှုထိရောက်ရေးနှင့် ရေရှည်တည်တံ့ရေးတို့ကို တက်ကြွစွာလုပ်ဆောင်ခြင်းဖြင့် အနာဂတ်မျိုးဆက်များအတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန်
  7. တာဝန်ယူမှု တာဝန်ခံမှုရှိသော စီးပွားရေးပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ရန် ကွန်ရက်၏ အရေးပါသော ပါဝင်ဆက်စပ်သူများနှင့် ချိတ်ဆက်လုပ်ဆောင်ရန်နှင့် ဝန်ထမ်းများအားလုံးအတွက် လုံခြုံစိတ်ချရသော လုပ်ငန်းခွင်တစ်ခုကို ဖန်တီးပေးရန်
  8. ခြစားမှု၊ လာဘ်စားမှု အစရှိသော အကျင့်ပျက် နည်းလမ်းများကို ဝန်ထမ်းများအားလုံးအနေဖြင့် ကော်ပိုရိတ်တန်ဖိုးများ လိုက်နာစေရန် သေချာအောင် ဆောင်ရွက်ခြင်းဖြင့် ခိုင်မာသော ကော်ပိုရိတ်အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးရန်
  9. တန်ဖိုးထားမှုများ၊ ကောင်းမွန်သော ယဉ်ကျေးမှု များဖြင့် လုပ်ငန်းခွင်တွင် ကူညီ ရိုင်းပင်းသည့် အသင်းအဖွဲ့စိတ်ဓာတ်တို့ဖြင့် မြန်မာ့အကောင်းဆုံး လုပ်ငန်းခွင် တစ်ခုအဖြစ် အနေဖြင့်ဆက်လက်တည်ရှိစေရန်
  10. အကောင်းမွန်ဆုံးကွန်ရက်၊ အကောင်းမွန်ဆုံး ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများနှင့် ကဏ္ဍအားလုံးတွင် အကောင်းမွန်ဆုံးအရာများဖြင့် မြန်မာနိုင်ငံသူနိုင်ငံသားများနှင့် မြန်မာ့စီးပွားရေးကို မြှင့်တင်ပေးရန်

Back to top