We'd like to send you notifications of the latest posts and updates
ကျင့်ဝတ်စည်းကမ်းဆိုတာ ကျွန်ုပ်တို့ရဲ့ တွေးခေါ်ယူဆပုံများ၊ ပြုမူကျင့်ကြံလုပ်ဆောင်မှုများ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ATOM (အက်တမ်) ကုမ္ပဏီကို ပုံဖော်ပေးမယ့်အရာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကို အဆင့်အတန်းပိုမိုတိုးတက်မြင့်မားလာစေဖို့အတွက် တာဝန်သိရှိစွာနဲ့ ကျွန်ုပ်တို့ ကြိုးပမ်းအားထုတ်ဆောင်ရွက်တဲ့နေရာမှာ ကျွန်ုပ်တို့ ဘယ်ပုံဘယ်နည်းနဲ့ ကျင့်သုံးလုပ်ကိုင်ဆောင်ရွက်ကြရမယ်ဆိုတာကို ကျင့်ဝတ်စည်းကမ်းက ဖော်ညွှန်းပြသပေးပါလိမ့်မယ်။
ဤကျင့်ဝတ်စည်းကမ်းသည် ATOM Myanmar Limited (“ATOM သို့မဟုတ် ကုမ္ပဏီ”) ၏ ဒါရိုက်တာ ဘုတ်အဖွဲ့အပါအဝင် ကုမ္ပဏီရှိဝန်ထမ်းများ၊ ကုမ္ပဏီကိုယ်စားဆောင်ရွက်နေသူ အားလုံးနှင့် သက်ဆိုင်သည်။
ATOM နှင့် စီးပွားရေးအတူလက်တွဲလုပ်ဆောင်နေသူများအားလုံးသည် ATOM မှ လိုက်နာရမည့် စီးပွားရေး ဆိုင်ရာ စံချိန်စံနှုန်းများနှင့် ကျင့်ဝတ်များကို တူညီစွာလိုက်နာရန် မျှော်လင့်ပါသည်။ ATOMနှင့် အတူ လက်တွဲ လုပ်ကိုင်နေကြသော ATOM ၏အေးဂျင့်များ၊ ကြားခံဆောင်ရွက်သူများ၊ သို့မဟုတ် ၎င်း၏ လုပ်ဖော် ကိုင်ဖက် များကိုယ်စား သို့မဟုတ် ကုန်စည်နှင့်ဝန်ဆောင်မှုများအတွက် ဝန်ဆောင်မှုပေးသူများ အဖြစ် ဆောင်ရွက်သူများ အားလုံးသည်လည်း ဤကျင့်ဝတ်များကို လိုက်နာရန် ကျွန်ုပ်တို့ ATOM မှမျှော်လင့်ပါသည်။
ကျွန်ုပ်တို့သည် ဤကျင့်ဝတ်များကို သေချာဖတ်ရှုပြီး နားလည်သဘောပေါက်ရန် မျှော်လင့်ပြီး လူကြီးမင်းတို့မှ လည်း -
ကျွန်ုပ်တို့၏ ဤကျင့်ဝတ်များနှင့် စံနှုန်းများပါအချက်များကို လိုက်နာခြင်းသည် ကျွန်ုပ်တို့လုပ်ငန်း၏ အောင်မြင်မှုအတွက် အရေးပါအရာရောက်ပြီး လုပ်ငန်းနှင့် ဂုဏ်သတင်းများ ဆက်လက် ရပ်တည် ရန် အတွက် အရေးကြီးသော လူမှုဆက်ဆံရေးနယ်ပယ်ကြီးတခုကို ကာကွယ်သကဲ့သို့ အရေးကြီးလှပါသည်။
အပိုင်း-၁ လုပ်ငန်းနှင့်သက်ဆိုင်သော စံချိန်စံညွှန်းများကို တိကျစွာလိုက်နာဆောင်ရွက်ခြင်း
“ကျွန်ုပ်တို့သည် အဂတိလိုက်စားမှုကို လုံးဝသည်းမခံပါ။”
ကျွန်ုပ်တို့သည် ကုမ္ပဏီရှိဒါရိုက်တာများ၊ဝန်ထမ်းများနှင့် အရာရှိများအားလုံး အကျင့်ပျက်ခြစားမှုအား မည်သည့် ပုံစံဖြင့် မဆို ပါဝင်ဆောင်ရွက်ခြင်းမပြုရန်နှင့် ကျွန်ုပ်တို့၏လုပ်ငန်းကို ဥပဒေအတိုင်း လိုက်နာပြီး တာဝန်သိသော နည်းလမ်းဖြင့် လုပ်ဆောင်ရန် ကျွန်ုပ်တို့မှ ပြဌာန်းထားပါသည်။
အဂတိလိုက်စားမှုဆိုသည်မှာ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်အတွက် အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြုခြင်း ဖြစ်ပြီး အဂတိလိုက်စားမှုသည် ဥပဒေအရပြစ်ဒဏ်ထိုက်သင့်သောပြစ်မှုတခုဖြစ်သည်။
အကျင့်ပျက်ခြစားမှုပုံစံတစ်ခုခုတွင် ပါဝင်ပတ်သက်နေခြင်းသည် ကျွန်ုပ်တို့၏နေ့စဉ်လုပ်ငန်းစဉ်များကို သမာသမတ် ကျစွာ လုပ်ကိုင် ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်၍ ATOM မှချမှတ်သော ဆုံးဖြတ်ချက်များ အပေါ် သက်ရောက်မှုရှိစေနိုင်ပြီး ကျွန်ုပ်တို့၏လုပ်ပိုင်ခွင့်အာဏာကို ကျင့်သုံးခြင်းအပေါ်တွင်လည်း သက်ရောက်မှုရှိမည် ဖြစ်ပါ သည်။ ထိုသို့သော လုပ်ဆောင်ချက်များသည် ATOM နှင့် ဆက်စက်ပတ်သက်သူများ အတွက် ဂုဏ်သိက္ခာ ပိုင်းနှင့် ဥပဒေရေးရာဆိုင်ရာ ဘေးအန္တရာယ်ရှိလာနိုင်မည်ဖြစ်သည်။
ကျွန်ုပ်တို့သည် ATOMတွင် လာဘ်ပေးလာဘ်ယူမှု၊ အလွဲသုံးစားမှု၊ လိမ်လည်မှု၊ ငွေညှစ်တောင်းခံမှု၊ လူမျိုးရေး ဝါဒနှင့် ကျင့်ဝတ်ပျက်ပြားစေသော အခြားလုပ်ဆောင်မှုများ အပါအဝင် အကျင့်ပျက်ခြစားစေသော အလေ့ အကျင့်များတွင် ပါ၀င် ခြင်းကို ရှောင်ကြဉ်ရပါမည်။
ကျွန်ုပ်တို့သည် တရားမဝင်ကြေးများ သို့မဟုတ် တရားမျှတမှုမရှိသော အကျိုးကျေးဇူးကိုရရှိရန် မည်သည့် အခါမျှ ကမ်းလှမ်းခြင်း သို့မဟုတ် လက်ခံခြင်းကို မပြုလုပ်ပါ။
ကျွန်ုပ်တို့သည် လာဘ်ပေးလာဘ်ယူမှုတွင် ဘယ်တော့မှ မပါဝင်ပါ၊ အခြားသူတစ်ဦးဦးကို ထိုသို့ပြုလုပ်ရန်လည်း မည်သည့် အခါမှ မတောင်းဆိုပါ။
ကျွန်ုပ်တို့သည် အကျင့်ပျက်ခြစားသောအလေ့အကျင့်ပုံစံမှန်သမျှကို တားဆီးရန်၊ အရောင်းအ၀ယ်အားလုံးတွင် ပွင့်လင်း မြင်သာမှုနှင့် တာဝန်ခံမှုရှိစေရန်အတွက် ကျွန်ုပ်တို့၏ထောက်ပံ့ရေးကွင်းဆက်ရှိ အန္တရာယ်များကို အကဲဖြတ်ပြီး စီမံခန့်ခွဲ ပါသည်။ လက်ဆောင်များနှင့် ဧည့်ဝတ်ပြုခြင်းများကို လာဘ်ပေးလာဘ်ယူမှု သို့မဟုတ် အချို့သောအခြေအနေများတွင် မလျော်ကန် သော အခွင့်ကောင်းတစ်ခုအဖြစ် ယူဆနိုင်သည်။ လုပ်ငန်းနှင့်သက်ဆိုင်သောဆုံးဖြတ်ချက်များကို ထိခိုက်စေ နိုင်သည်ဟု ယူဆနိုင်သည့် စီးပွားရေးဆိုင်ရာ ယဉ်ကျေးပျူငှာမှုများကို ကျွန်ုပ်တို့ရှောင်ကြဉ်ပါသည်။
ပွင့်လင်းမြင်သာမှုနှင့် ကျင့်ဝတ်စံနှုန်းများကို လိုက်နာခြင်းမရှိသော အလှူငွေများပေးအပ်ခြင်း သို့မဟုတ် ပါဝင်လျူဒါန်း ခြင်းမှ ကျွန်ုပ်တို့အား တင်းကြပ်စွာတားမြစ်ထားပါသည်။ လှူဒါန်းမှုများအားလုံးကို ကျွန်ုပ်တို့၏ ကော်ပိုရိတ်မူဝါဒများ နှင့်အညီ အပြည့်အ၀ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး၊ ၎င်းတို့သည် အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများကို မဖန်တီးနိုင်စေရန် သို့မဟုတ် ကျွန်ုပ်တို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းမရှိစေရန် သေချာစေရမည်။
အစိုးရအရာရှိများ/ ပြည်သူ့ဝန်ထမ်းများ သည် တင်းကျပ်သော အဂတိလိုက်စားမှု ဆန့်ကျင်တိုက်ဖျက်ရေး စည်းမျဉ်းများ အား လိုက်နာကြသူများဖြစ်သည့်အလျောက် ၎င်းတို့နှင့် ဆက်ဆံရာတွင် အထူးသတိထား၍ဆောင်ရွက်ရမည်။
ကျွန်ုပ်တို့သည် လာဘ်ပေး လာဘ်ယူမှုနှင့် အဂတိလိုက်စားမှုဆိုင်ရာ ချိုးဖောက်ကျူးလွန်မှုများကို Integrity Hotline သို့ အချိန်မီသတင်းပေးပို့ အသိပေးပါမည်။
“ကျွန်ုပ်တို့သည် မျှတစွာယှဉ်ပြိုင်ပါသည်။”
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဖောက်သည်များ၊ လုပ်ငန်းလုပ်ဖက်များနှင့် လုပ်ငန်းနယ်ပယ်ကို အကျိုးရှိစေမည့် တရားမျှ တသော ပြိုင်ဆိုင်မှုရှိသောစျေးကွက်ကို ဖော်ထုတ်ရန် ကတိကဝတ်ပြုပါသည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အမြင့်ဆုံးကျင့်ဝတ်စံနှုန်းများ၊တည်ဆဲဥပဒေများနှင့် စည်းမျဉ်းစည်းကမ်း များအားလုံးကို လိုက်နာလျက် ပြင်းထန်စွာနှင့်တရားမျှတစွာ ယှဉ်ပြိုင်ခြင်းကို ယုံကြည်ပါသည်။
ကျွန်ုပ်တို့သည် မည်သည့်ပြိုင်ဆိုင်မှုကျင့်ထုံးပုံစံကိုမဆို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။ ထိုသို့တင်းကျပ်ရာတွင်
ကျွန်ုပ်တို့သည် ကုန်သွယ်မှုအသင်းအဖွဲ့များ သို့မဟုတ် စက်မှုလုပ်ငန်းဖိုရမ်များသို့မ၀င်မီ ဥပဒေရေးရာဌာန အကြီးအကဲ ထံမှ ခွင့်ပြုချက်(စာဖြင့်) ရယူဆောင်ရွက်ပါသည်။
လက်ရှိ သို့မဟုတ် အလားအလာရှိသော လုပ်ငန်းပြိုင်ဖက်တစ်ဦးနှင့် စကားပြောဆိုမှုတိုင်းသည် မသင့်လျော်သော သို့မ ဟုတ် ပြိုင်ဆိုင်မှုသဖွယ်ဆန့်ကျင်သောအနေအထားတစ်ခုသို့ကူးပြောင်းပါက၊ကျွန်ုပ်တို့သည်အဆိုပါဆွေးနွေးမှုမှ ချက်ခြင်း နှုတ်ထွက်ပြီး အဖြစ်အပျက်အား ကျွန်ုပ်တို့၏ဥပဒေရေးဌာနနှင့်/သို့မဟုတ် Integrity Hotline သို့ သတင်းပို့ပါသည်။
ကျွန်ုပ်တို့သည် ပြိုင်ဆိုင်မှုဆိုင်ရာဥပဒေချိုးဖောက်မှုရှိသည်ဟု သံသယရှိပါက ဥပဒေရေးရာဌာနသို့ နှောင့်နှေးမှုမရှိစေဘဲ လိုအပ်ပါက လိုအပ်သကဲ့သို့ သက်ဆိုင်ရာအာဏာပိုင်များထံ တိုင်ကြားရန် တာဝန်ရှိပါသည်။မျှတသည့် ယှဉ်ပြိုင်မှုသည် လူမှုအသိုက်အဝန်းအတွက်အရေးကြီး၍ကျွန်ုပ်တို့အတွက်အရှည်သဖြင့်တည်တံ့နိုင်မည့် စီးပွားရေး အခွင့်အလမ်းများကို ဖန်တီး ပေးကြောင်းလက်ခံအသိမှတ်ပြုပါသည်။
“ကျွန်ုပ်တို့သည် ဘဏ္ဍာရေးဆိုင်ရာမှတ်တမ်းများ ကို တိတိကျကျ ထိန်းသိမ်းထားရှိ၍ စာရင်းထုတ်ပြန်ခြင်းဆိုင်ရာ စံနှုန်းအားလုံးကို ကိုက်ညီစွာလိုက်နာပါသည်။ ”
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အစုရှယ်ယာရှင်များ၊ ဖောက်သည်များ၊ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့် ဝန်ထမ်းများ၏ ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းထားရန် ဘဏ္ဍာရေးဆိုင်ရာ သမာသမတ်ကျမှုနှင့် ပွင့်လင်းမြင်သာမှုစံနှုန်းများကို အမြင့်ဆုံးထားရှိ လိုက်နာရန် ကျွန်ုပ်တို့ကတိပြုပါသည်။
ငွေရေးကြေးရေးအရဂုဏ်သိက္ခာရှိမှုသည်ကျွန်ုပ်တို့၏ဝန်ထမ်းများ၊သုံးစွဲသူများ၊ရှယ်ယာရှင်များနှင့် မိတ်ဖက် လုပ်ငန်းများ ၏ ယုံကြည်မှုကို ထိန်းသိမ်းထားရန်အဓိကကျပါသည်။
ကျွန်ုပ်တို့သည် တည်ဆဲဘဏ္ဍာရေးဥပဒေများ၊ စည်းမျဉ်းများနှင့် ကုမ္ပဏီမူဝါဒများအားလုံးကို တင်းကြပ်စွာ လိုက်နာ ပါသည်။ ၎င်းတို့တွင် ကျွန်ုပ်တို့၏လုပ်ငန်းနှင့်သက်ဆိုင်သော စာရင်းကိုင်စံနှုန်းများနှင့် အလေ့အကျင့်များကို လိုက်နာ ခြင်း ပါဝင်သည်။
ကျွန်ုပ်တို့သည် ကုမ္ပဏီ၏ပိုင်ဆိုင်မှုများကိုကာကွယ်ရန်နှင့် ဘဏ္ဍာရေးအစီရင်ခံခြင်းများကို သေချာတိကျစေရန် ကုမ္ပဏီ၏ အတွင်းပိုင်းထိန်းချုပ်မှု (Internal Control) လုပ်ထုံးလုပ်နည်းအားလုံးကိုလိုက်နာပါသည်။ ၎င်းတွင် သတ်မှတ်စည်းကမ်း ချက်များကို လိုက်နာခြင်းနှင့် ငွေကြေးလွှဲပြောင်းမှုအားလုံးအတွက် သင့်လျော်သောစာရွက်စာတမ်းများကို သေချာစေ ခြင်းတို့ ပါဝင်သည်။
ကျွန်ုပ်တို့သည် မှတ်တမ်းမှတ်ရာအတုများဖန်တီးခြင်း၊ စာရွက်စာတမ်းအတုပြုလုပ်ခြင်း၊ မှတ်တမ်းများကိုဖျက်ဆီးခြင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်းများတွင်ပါဝင်ခြင်း သို့မဟုတ် စာရင်းအင်းများ၊ အရောင်း အ၀ယ်မှတ်တမ်းများ သို့မဟုတ် ငွေကြေးဆိုင်ရာအချက်အလက်များကို လွဲမှားဖော်ပြသည့် မည်သည့်လုပ်ဆောင်ချက်များတွင်မဆို ပါဝင်ခြင်းမှ ရှောင်ကြဉ်ပါသည်။
ဆုံးဖြတ်ချက်များကို အာဏာခွဲဝေအသုံးပြုမှုဇယား (Authorization Matrix) နှင့်အညီ ပြုလုပ်ထားကြောင်း သေချာစေပြီး သင့်လျော်သော ကြီးကြပ်ကွပ်ကဲမှုကို ထိန်းသိမ်းရန် တာဝန်များကို ခွဲခြားသတ်မှတ်ခြင်းအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့တွေ့ရှိထားသည့် လိမ်လည်မှု၊ သံသယဖြစ်ဖွယ် အရောင်းအ၀ယ်များ၊ ငွေကြေး သို့မဟုတ် စာရင်းအင်းဆိုင်ရာ မမှန်မကန်မှုများ၊ ငွေကြေးဆိုင်ရာ အချက်အလက်များကို မှားယွင်းစွာ အစီရင်ခံခြင်း သို့မဟုတ် ကုမ္ပဏီအရင်းအမြစ်များကို အလွဲသုံးစားလုပ်မှုတို့ကို Integrity Hotline သို့ ချက်ချင်းသတင်းပို့ပါသည်။
ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေများနှင့် ငွေကြေးခဝါချမှုဆိုင်ရာလုပ်ဆောင်ချက်များ ကို လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်ပါသည်။ ၎င်းတို့တွင်-
အပိုင်း - ၂ တာဝန်ခံမှုရှိသော မိတ်ဖက်လုပ်ငန်းပါတနာများဖွဲ့စည်းခြင်းနှင့် ဆက်သွယ် ဆောင်ရွက်ခြင်း
“ကျွန်ုပ်တို့သည်တာဝန်သိ၍တာဝန်ခံယူမှုရှိသည့်မိတ်ဖက်လုပ်ငန်း(Partners)များနှင့်လက်တွဲလုပ်ကိုင်ရန်မျှော်လင့်ထားပါသည်။”
ကျွန်ုပ်တို့၏အောင်မြင်မှုများသည် ကျွန်ုပ်တို့၏စီးပွားရေးလုပ်ဖော်ကိုင်ဖက်များ၏အောင်မြင်မှု၊ သမာသမတ်ရှိမှုနှင့် လွန်စွာ ဆက်စပ်နေကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြုပါသည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှုနှင့် မျှဝေတန်ဖိုးများပေါ်တွင် အခြေခံထားသော အပြန်အလှန် အကျိုးရှိသောဆက်ဆံရေးများကို မွေးမြူရန် ရည်စူးပါသည်။ ကျွန်ုပ်တို့၏ စီးပွားရေး လုပ်ဖော်ကိုင်ဖက်များသည် အပြု သဘောဆောင်သောပြောင်းလဲမှုကို တွန်းအားပေးရန်၊ ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်နှင့် ကျွန်ုပ်တို့၏ ဖောက်သည်များ နှင့် အသိုင်းအဝိုင်းများအတွက် တန်ဖိုးများဖန်တီးရန် ကျွန်ုပ်တို့၏လုပ်ငန်းဆောင်တာများနှင့် ဝန်ဆောင်မှုများကို ပံ့ပိုး ပေးသည့် ထောက်ပံ့သူများ၊ ရောင်းချသူများ၊ ကန်ထရိုက်တာများ၊ အတိုင်ပင်ခံများနှင့် အခြားတတိယပုဂ္ဂိုလ်များ ပါဝင် သည်။ ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များ၏ လုပ်ဆောင်ချက်များသည် ကျွန်ုပ်တို့၏ဂုဏ်သိက္ခာကို ထိခိုက်စေ နိုင်ပြီး ကျွန်ုပ်တို့အား တရားဥပဒေဆိုင်ရာ အန္တရာယ်များရှိစေနိုင်ကြောင်းကိုလည်း သတိပြုရန်အရေးကြီးပါသည်။
ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များသည် တူညီသော သမာသမတ်ရှိမှုနှင့် ကျင့်ဝတ်သိက္ခာဆိုင်ရာ မြင့်မား သောစံနှုန်းများကို လိုက်နာရန် ကျွန်ုပ်တို့ မျှော်လင့်ပါသည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏စီးပွားရေးလုပ်ဖော်ကိုင်ဖက်များကို ၎င်းတို့၏လုပ်ငန်းလည်ပတ်မှုတွင် ကျင့်ဝတ်နှင့်တာဝန်ရှိမှု အလေ့အထများကို ကျွန်ုပ်တို့၏တန်ဖိုးများနှင့် ကတိကဝတ်များအတိုင်းကျင့်သုံးကြောင်း သေချာစေရန် ရွေးချယ်သော အခါ စေ့စေ့စပ်စပ်ရွေးချယ်လုပ်ဆောင်ပါသည်။
နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုစနစ်များနှင့် သွင်းကုန်-ပို့ကုန် သတ်မှတ်ချက်များ အပါအဝင် သက်ဆိုင်ရာ ကုန်သွယ်မှု ဆိုင်ရာ ကန့်သတ် ချက်များကို ကျွန်ုပ်တို့လိုက်နာပါသည်။
လုပ်ငန်းလုပ်ဖော်ကိုင်ဖက်များအားလုံးသည် သက်ဆိုင်ရာဒေသ၊ ပြည်တွင်းနှင့် ပြည်ပနိုင်ငံများရှိဥပဒေများနှင့် စည်းမျဉ်း စည်းကမ်းများအားလုံးကို ကျွန်ုပ်တို့လိုက်နာရမည်ဖြစ်သည်။ ၎င်းတွင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ၊ အလုပ် သမားဥပဒေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတို့ ပါဝင်သည်။
ကျွန်ုပ်တို့၏စီးပွားရေးလုပ်ဖော်ကိုင်ဖက်များသည် သက်ဆိုင်ရာငွေကြေးခဝါချမှု တိုက်ဖျက်ရေး/ အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှုကို တိုက်ဖျက်ရေး (AML/CFT)ဆိုင်ရာ စည်းမျဉ်းများအားလုံးကို လိုက်နာရန် ခိုင်မာစွာ မျှော်လင့် ထားပြီး ၎င်းတို့၏လုပ်ထုံးလုပ်နည်းများသည် ငွေကြေးခဝါချမှု သို့မဟုတ် အကြမ်းဖက်မှုအား ငွေကြေး ထောက်ပံ့ခြင်း ဆိုင်ရာ ရာဇ၀တ်မှုများအား လွယ်ကူချောမွေ့စေခြင်း သို့မဟုတ် ပံ့ပိုးပေးခြင်းမရှိကြောင်း သေချာစေသည်။
ကျွန်ုပ်တို့၏ စီးပွားဖက်များသည် လူ့အခွင့်အရေးကို လက်ကိုင်ပြုထားပြီး မျှတသောလုပ်ခလစာနှင့် ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်ရရှိရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင်၊ စွန့်ပစ်ပစ္စည်း လျှော့ချခြင်း နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ဆောင်ချက်များကို အစပျိုး၊ ပံ့ပိုးပေးခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး တာဝန်သိသောအမူအကျင့်များ လုပ်ဆောင်ရန် တိုက်တွန်းအားပေးပါသည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့် အရောင်းအ၀ယ်ပြုလုပ်မှုများအပေါ် အသေးစိတ်စစ်ဆေး ဆောင်ရွက်ခြင်း၊ သံသယဖြစ်ဖွယ်လုပ်ဆောင်မှုများကို သတင်းပို့ခြင်းနှင့် တိကျသောမှတ်တမ်းများကို ထိန်းသိမ်းခြင်းဖြင့် ငွေကြေးခဝါချမှုနှင့် ရာဇ၀တ်မှုများကို ငွေကြေးထောက်ပံ့ခြင်းရာ ကိစ္စရပ်များကို တားဆီးဖော်ထုတ်ရန် ကျွန်ုပ်တို့ ကတိပြု ပါသည်။
ကျွန်ုပ်တို့သည်မိတ်ဖက်လုပ်ငန်းများအားလုံးကိုမျှတ၍ပွင့်လင်းမြင်သာမှုရှိသည့်ပုံစံဖြင့်လေးစားစွာ ဆက်ဆံပါသည်။
“ကုမ္ပဏီပြင်ပနှင့် ဆက်သွယ်ဆောင်ရွက်မှုများတွင် တာဝန်ခံယူမှုရှိစွာ ကျွန်ုပ်တို့ အမြဲဆောင်ရွက်ပါသည်။”
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကိုယ်ရေးကိုယ်တာအမြင်များကို ဖလှယ်ရန် အတွက်သာ လူမှုမီဒီယာကို အသုံးပြုပြီး ကုမ္ပဏီမှခွင့်ပြုမှသာ ကုမ္ပဏီကိုကိုယ်စားပြုကြောင်း သေချာစေပါသည်။
ဝန်ထမ်းများအား ၎င်းတို့၏ ဆိုရှယ်မီဒီယာအကောင့်(များ)တွင် ATOM နှင့်ပတ်သက်သည့် လျှို့ဝှက်မဟုတ်သော သတင်းများ၊ မှတ်တိုင်များနှင့် အောင်မြင်မှုများကို မျှဝေရန် တွန်းအားပေးပါသည်။
ကုမ္ပဏီကိုယ်စား တရားဝင်ပြောရေးဆိုခွင့်ရှိသူသာ ပြောဆိုဆက်သွယ်ခွင့်ရှိသည်။ ပြောရေးဆိုခွင့်ရှိသူများ၏ ထုတ်ပြန်ချက်အားလုံးသည် ကုမ္ပဏီတွင်ချမှတ်ထားသော မူဝါဒများနှင့် တန်ဖိုးများနှင့် ကိုက်ညီကြောင်း သေချာ စေရန် ၎င်းတို့တွင် တာဝန်ရှိပါသည်။
မီဒီယာဆိုင်ရာ စုံစမ်းမေးမြန်းမှုအားလုံးကို Corporate Communication မှလုပ်ဆောင်ပါသည်။
ပြင်ပဆက်သွယ်မှုအားလုံးသည် တည်ဆဲဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် စက်မှုလုပ်ငန်းစံနှုန်းများကို လိုက်နာလျက်ဖြစ်သည်။
ဝန်ထမ်းများအားလုံးသည် Corporate Communication Policy နှင့် ဆိုရှယ်မီဒီယာလမ်းညွှန်ချက်များကို လိုက်နာပြီး ဆက်သွယ်ဆောင်ရွက်မှုများတွင် မသင့်လျော်မှုမရှိစေရန် လိုအပ်ပါက ဆက်သွယ်ရေးဌာန၏ လမ်းညွှန်မှုရယူရပါမည်။
ဝန်ထမ်းများသည် ပြင်ပအဖွဲ့အစည်း၊လုပ်ငန်းဆိုင်ရာဆက်သွယ်ဆောင်ရွက်ရမည့်သူများထံ လုပ်ငန်းကိစ္စနှင့် ချေးငွေကိစ္စရပ်များအတွက် ချဉ်းကပ်သည့်အခါ Corporate Communication ဌာနသို့ အကြောင်းကြားရန် အကြံပြု အပ်ပါသည်။
ကျွန်ုပ်တို့သည် အများသူငှာ သို့မဟုတ် လူမှုမီဒီယာတွင် ကျွန်ုပ်တို့၏အလုပ်မှသင်ယူထားသော အရေးကြီးသော သို့မဟုတ် လျှို့ဝှက်အချက်အလက်များကို မဆွေးနွေးပါ။
ကျွန်ုပ်တို့သည် ATOM ၏ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာပြီး ပြည်သူ့ဝန်ထမ်းများအား မှန်ကန်တိကျသော သတင်းအချက်အလက်များကို အမြဲပေးပါသည်။
ATOM သည် ပြည်သူ့ဝန်ထမ်းများနှင့် လုပ်ငန်းမိတ်ဖက်များနှင့် ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ ကိစ္စရပ်များ သို့မဟုတ် လုပ်ငန်းအတွက်ခွင့်ပြုချက်များရယူစဉ်တွင်စီးပွားရေးဆိုင်ရာဥပဒေများနှင့်သက်ဆိုင်သည့် ဥပဒေဿ များနှင့် စည်းမျဉ်းများကိုလိုက်နာပါသည်။
ATOM သည် နိုင်ငံရေး ကဏ္ဍတွင်ပါဝင်ခြင်း သို့မဟုတ် နိုင်ငံရေး လှုပ်ရှားမှုများနှင့် ဆက်စပ်ခြင်း မရှိသလို၊ ဘဏ္ဍာရေး ပံ့ပိုးမှုပုံစံ မဟုတ်ဘဲ အခကြေးငွေပေးရသည့် အချိန် တွင်လည်း နိုင်ငံရေး ပါတီများကို မထောက်ခံပါ။
ပုဂ္ဂလိက နိုင်ငံသားတစ်ဦးအနေဖြင့် တရားဝင်ဟု ပြဋ္ဌာန်းထားသော နိုင်ငံရေးလှုပ်ရှားမှုတွင် ကျွန်ုပ်တို့ ပါဝင်နိုင် သော်လည်းကုမ္ပဏီရန်ပုံငွေများနှင့်/သို့မဟုတ်ကုမ္ပဏီ၏အရင်းအမြစ်များ၊ အချိန်များကို ထိုလုပ်ငန်းများ အတွက် ကျွန်ုပ်တို့မသုံးပါ။
“ကျွန်ုပ်တို့သည် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ်တွင် သက်ရောက်မှုရှိသည်ဟု ထင်မြင်ယူဆနိုင်ဖွယ်ရာ ရှိသည့် လုပ်ငန်းဆိုင်ရာ လောကဝတ်ပြုမှုများကို ရှောင်ရှားပါသည်။”
စီးပွားရေးအရပေးသော လက်ဆောင်ဘဏ္ဍာများနှင့် ဖျော်ဖြေရေးများကို လုပ်ဖော်ကိုင်ဖက်များကြားတွင် ချစ်ကြည် ရင်းနှီးမှု တည်ဆောက်ရန်နှင့် လုပ်ငန်းခွင်အတွင်းဆက်ဆံရေးခိုင်မာစေရန်အတွက် အများအားဖြင့် အသုံးပြုကြသည်။ အချို့သောအခြေအနေများတွင်၊ ရံဖန်ရံခါ အစားအစာများ ကျွေးမွေးခြင်း၊ အသေးစား တိုကင်များ ပံ့ပိုးပေးခြင်း သို့မဟုတ် လက်ခံခြင်း သို့မဟုတ် အားကစားနှင့် ယဉ်ကျေးမှုပွဲများတွင် ပါဝင်ခြင်းသည်သင့်လျော်ပါသည်။
သို့ရာတွင် လက်ဆောင်ဘဏ္ဍာများ၊ ဧည့်ဝတ်ပြုမှု၊ လူမှုရေးပွဲများ၊ ဆွေးနွေးပွဲများ၊ ဖျော်ဖြေရေး၊ အစားအစာများနှင့် အဖျော်ယမကာများကိုလည်းလာဘ်ပေးလာဘ်ယူမှုအတွက်တလွဲအသုံးချခံရနိုင်ချေရှိကြောင်းအသိအမှတ်ပြုရန် အရေး ကြီးပါသည်။ ၎င်းတို့သည် တိုက်ရိုက်လာဘ်ပေးလာဘ်ယူမှုအဖြစ် သို့မဟုတ် လူတစ်ဦးချင်းစီကို ဖြားယောင်း သွေးဆောင်ခြင်းဖြင့် လာဘ်ပေးလာဘ်ယူမှုအတွက် အခွင့်အလမ်းများ ဖန်တီးရာရောက်နိုင်သည်။ ထို့အပြင် ၎င်းတို့သည် လာဘ်ပေးလာဘ်ယူမှုအစီအစဥ်အတွင်း အချင်းချင်းဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် သို့မဟုတ် ဆက်ဆံရေး ကိုထိန်းသိမ်းရန် လုပ်ဆောင်နိုင်သည်။
လုပ်ငန်းဆုံးဖြတ်ချက်ကို မလျော်ကန်စွာ လွှမ်းမိုးနိုင်သည့် သို့မဟုတ် ထင်မြင်ယူဆနိုင်သည့် စီးပွားရေးဆိုင်ရာ ယဉ်ကျေး ပျူငှာမှုကို ကမ်းလှမ်းခြင်း သို့မဟုတ် လက်ခံခြင်းကို ကျွန်ုပ်တို့ ပြတ်ပြတ်သားသား တားမြစ်ထားသည်။
ကျွန်ုပ်တို့သည် ငွေသား သို့မဟုတ် ငွေသားနှင့် ညီမျှသော၊ သို့မဟုတ် တန်ဖိုးကြီးသော လက်ဆောင်များကို မည်သည့် အခါမျှ ကမ်းလှမ်းခြင်း သို့မဟုတ် လက်ခံခြင်းမပြုပါ။
ကျွန်ုပ်တို့သည် လက်ဆောင်များကို တန်ဖိုးအနည်းဆုံး ပရိုမိုးရှင်းပစ္စည်းများအဖြစ်သာ လဲလှယ်ခွင့်ပြုပြီး ဓလေ့ထုံးတမ်းနှင့် သင့်လျော်မှုရှိမှသာ လဲလှယ်ခွင့်ပြုပါသည်။
ကျွန်ုပ်တို့သည် လုပ်ငန်းရည်ရွယ်ချက်တွင် ပွင့်လင်းမြင်သာမှုရှိသော၊ ကျိုးကြောင်း ဆီလျော်မှုရှိမှုရှိသော ကုန်ကျစရိတ်ကို ချပြနိုင်မှ သာလျှင် ဧည့်ဝတ်ပြုမှု ကမ်းလှမ်းခြင်း သို့မဟုတ် လက်ခံနိုင်သည်။ သို့သော် အဆိုပါအသုံးစရိတ်သည် မိမိ လုပ်မည့်လုပ်ငန်းနှင့် ကာမိစေသော ကုန်ကျစရိတ်များသာဖြစ်ရမည်။
မည်သည့်အခြေအနေမျိုးတွင်မဆို မိသားစုဝင်များ သို့မဟုတ် ရင်းနှီးသောမိတ်ဆွေများထံသို့ လုပ်ငန်းဆိုင်ရာ လောကဝတ် များ ရောက်ရှိစေခြင်းမပြုရပါ။
ကျွန်ုပ်တို့သည်လုပ်ငန်းဆိုင်ရာလောကဝတ်ပြုမှုများကိုကမ်းလှမ်းခြင်းသို့မဟုတ်လက်ခံခြင်းများနှင့်စပ်လျဉ်း၍ကျွန်ုပ်တို့၏ အနီးစပ်ဆုံး မန်နေဂျာ (Line Manager) နှင့် သို့မဟုတ် Ethics & Compliance နှင့် အမြဲတိုင်ပင်ဆွေးနွေးပါသည်။
ကျွန်ုပ်တို့သည် အထူးကိစ္စရပ်များနှင့် အထူးအခြေအနေအချိန်အခါများတွင်သာ လုပ်ငန်းဘေးအန္တရာယ်ဆိုင်ရာ အရာရှိချုပ် နှင့်/သို့မဟုတ် အမှုဆောင်အရာရှိချုပ်ထံမှ စာဖြင့် ရေးသားထားသော ကြိုတင်ခွင့်ပြုချက်ဖြင့် ချွင်းချက်ရရှိနိုင်၍ ပြုလုပ် ဆောင်ရွက်နိုင်ပါသည်။
“ကျွန်ုပ်တို့သည်အကျိုးစီးပွားပဋိပက္ခကို ရှောင်ကျဉ်ပါတယ်။”
လူတစ်ဦးတယောက်သည် ၎င်း၏ရာထူးနေရာအား ၎င်း၏ကိုယ်ရေးကိုယ်တာကိစ္စရပ်များအတွက်၊၎င်းတို့၏ မိသားစု သို့မဟုတ် အပေါင်းအသင်းများ အပါအဝင် ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စရပ်များအတွက် အသုံးချခြင်းသည် ATOM ၏ အကျိုး စီးပွားများနှင့်ကွဲလွဲနိုင်ခြေရှိသည့်အခါ အကျိုးစီးပွားဆိုင်ရာပဋိပက္ခဖြစ်ပေါ်လာနိုင်သည်။ အမှန်တကယ် ဖြစ်ပေါ်လာနိုင် သော အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခအပြင် အကျိုးစီးပွား ပဋိပက္ခဟုယူဆရသည့်ကိစ္စရပ်များကိုရှောင်ရှားရမည်။
အကျိုးစီးပွားပဋိပက္ခတစ်ခုသည် ကျွန်ုပ်တို့၏တန်ဖိုး၊ ကျွန်ုပ်တို့၏ယဉ်ကျေးမှုနှင့် ATOM တွင် တာဝန်နှင့်တာဝန်များကို ကျေပွန်ရန်မျှော်လင့်ထားသော ကျွန်ုပ်တို့၏အပြုအမူတို့ကို ထိခိုက်စေလိမ့်မည်။
အကျိုးစီးပွားပဋိပက္ခတစ်ခုသည် လူတစ်ဦးချင်းစီ၏ တာဝန်များကို သမာသမတ်ကျကျ ထိထိရောက်ရောက် ထမ်းဆောင် နိုင်မှုကို အဟန့်အတားဖြစ်စေနိုင်သည်။
သိက္ခာမဲ့သော အပြုအမူများ မရှိလျှင်ပင် အကျိုးစီးပွား ပဋိပက္ခများ တည်ရှိနိုင်သည်။ လုပ်ငန်းဆိုင်ရာဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များတွင် မလျော်ကန်သော သြဇာလွှမ်းမိုးမှုရှိနေနနိုင်ပါကရှောင်ရှားရမည်။
ထို့ကြောင့် ATOM သည် ၎င်း၏ ဒါရိုက်တာများ၊ အရာရှိများနှင့် ဝန်ထမ်းများ၏ လုပ်ဆောင်ချက်များနှင့် ဆုံးဖြတ်ချက် များအားလုံးကို ကုမ္ပဏီ၏ အကောင်းဆုံး အကျိုးစီးပွားအတွက် ဓမ္မဓိဋ္ဌာန်ကျကျ ချမှတ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများကို ရှောင်ရှားရမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေး သို့မဟုတ် ပြင်ပ လုပ်ငန်းလုပ်ဆောင်ချက်ကြောင့် ATOM ၏အကျိုးစီးပွားများအပေါ် ထိခိုက်စေနိုင်သော လုပ်ရက်များကို ရှောင်ကျဉ် ပါမည်။
ကျွန်ုပ်တို့သည် ATOM တွင် ကျွန်ုပ်တို့၏ရာထူးများ၊ ATOM ၏လျှို့ဝှက်အချက်အလက်များ၊ ပိုင်ဆိုင်မှုများ၊ သို့မဟုတ် ကိုယ်ရေးကိုယ်တာအကျိုးအမြတ်အတွက် သို့မဟုတ် ဆက်စပ်သူတစ်ဦးချင်းစီ၏ အကျိုးအမြတ်အတွက် အသုံးပြုခြင်းမှ ကျွန်ုပ်တို့အား တင်းကြပ်စွာတားမြစ်ထားပါသည်။
ဝန်ထမ်းများ၊ လုပ်ငန်းပူးတွဲလုပ်ကိုင်သူများ၊ လုပ်ငန်းလုပ်ဖော်ကိုင်ဖက်များနှင့် ပြိုင်ဘက်များ၏ ဝန်ထမ်းများစသည်တို့နှင့် ဆက်ဆံရေး အပါအဝင် ATOM ဝန်ထမ်းများအနေဖြင့် ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်များအပေါ် သက်ရောက်မှုရှိနိုင်သည့် မည်သည့် ဆက်ဆံရေးကိုမဆို ထုတ်ဖော်ရန် လိုအပ်ပါသည်။
ကျွန်ုပ်တို့သည် ATOM ၏ အကောင်းဆုံးအကျိုးစီးပွားအတွက် လုပ်ဆောင်ရန် ကျွန်ုပ်တို့၏တာဝန်၊ သို့မဟုတ် ထိခိုက်နိုင် သည်ဟု ထင်မြင်နိုင်သော ပြင်ပတာဝန်များ သို့မဟုတ် ရာထူးများ/ ထိတွေ့ဆက်ဆံမှုများကို မလုပ်ဆောင်ပါ။
ကျွန်ုပ်တို့ သိရှိလာသည်နှင့်တပြိုင်နက် ATOM နှင့် အမှန်တကယ်၊ ဖြစ်နိုင်ချေရှိပြီး အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများကို သက်ဆိုင်ရာမန်နေဂျာနှင့် Ethics and Compliance ဌာနတို့ထံ အစီရင်ခံရန်လိုအပ်ပါသည်။
ကျွန်ုပ်တို့သည် ပြင်ပဒါရိုက်တာများ၊ တာဝန်များ သို့မဟုတ် အခြားပစ္စည်း၊တာဝန်များကို လက်ခံခြင်းမပြုမီ ကျွန်ုပ်တို့၏ သက်ဆိုင်ရာမန်နေဂျာထံမှ စာဖြင့်ခွင့်ပြုချက်ရယူရန်လိုအပ်ပြီး ကုမ္ပဏီလုပ်ထုံးလုပ်နည်းများနှင့်အညီ မှတ်တမ်းများ ကို သိမ်းဆည်းထားပါသည်။
အပိုင်း- ၃ လုပ်ငန်းခွင်အတွင်းသမာသမတ်ကျမှုကိုမြှင့်တင်ခြင်း။
“ကျွန်ုပ်တို့သည် စိတ်ချလုံခြုံပြိးဘေးကင်းသော လုပ်ငန်းခွင်ကို ပံ့ပိုးပေးပါသည်။”
ကျွန်ုပ်တို့သည် 'Safety First' နှင့် 'People First' အစရှိသည့် ယဉ်ကျေးမှုကို မွေးမြူရန် ရည်ရွယ်ပါသည်။ ဤကတိကဝတ်သည် ကျွန်ုပ်တို့၏တန်ဖိုးကွင်းဆက်တစ်လျှောက်တွင် အကျုံးဝင်ပြီး ကျန်းမာရေး၊ ဘေးကင်းရေးနှင့် လုံခြုံ ရေးအန္တရာယ်များကို ဖော်ထုတ်ရန်နှင့် လျော့ပါးစေရန်အတွက် ကျွန်ုပ်တို့၏ လုပ်ငန်းလုပ်ဖက်များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ပါဝင်ပါသည်။
ကျွန်ုပ်တို့သည် ကျန်းမာ၊ လုံခြုံပြီး စိတ်ချရသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ပေးအပ်ရန် ကတိပြုထားပြီး ကျွန်ုပ်တို့၏ ဝန်ထမ်းများအား 'ရပ်ရန်အခွင့်အရေး' အခွင့်အာဏာဖြင့် အန္တရာယ်ရှိသော လုပ်ဆောင်ချက်များကို ဖြေရှင်းရန် ကတိပြု ပါသည်။ ကျွန်ုပ်တို့သည် ကွန်ရက်လည်ပတ်မှုတွင် လျှပ်စစ်သံလိုက်စက်ကွင်းများအသုံးပြုခြင်းအတွက် သက်ဆိုင်ရာ ကျန်းမာရေး၊ ဘေးကင်းရေးနှင့် လုံခြုံရေး ဥပဒေများ၊ လမ်းညွှန်ချက်များ နှင့် နိုင်ငံတကာအသိအမှတ်ပြု စံနှုန်းများကို လိုက်နာပါသည်။
ကျွန်ုပ်တို့သည် ကျန်းမာရေး၊ဘေးကင်းရေးနှင့် လုံခြုံရေး အဖြစ်အပျက် အစီရင်ခံခြင်းဆိုင်ရာကနဦး မှတ်တမ်းတင်ခြင်း ယဉ်ကျေးမှုကို မြှင့်တင်ပြီး ပွင့်လင်းမြင်သာမှုရှိစေရန် အားပေးပါသည်။သည့်အပြင် အဖြစ်အပျက်များအားလုံး၊ လွဲချော်မှု၊ မလုံခြုံသော ဖြစ်ရပ်များနှင့် အခြေအနေများထံမှ လေ့လာသင်ယူမှုကို အားပေးပါသည်။ ဤနည်းလမ်းသည် စဉ်ဆက် မပြတ် တိုးတက်မှုနှင့် အသိပညာမျှဝေခြင်းကို ပံ့ပိုးပေးစေပါသည်။
သယ်ယူပို့ဆောင်ရေးဘေးကင်းရေးသည် ကျွန်ုပ်တို့အတွက် အဓိကအာရုံစိုက်ရမည့်အရာဖြစ်ပြီး သယ်ယူပို့ဆောင်ရေး ဘေးကင်းရေး စံနှုန်းများကို ကော်ပိုရိတ်နှင့် ဒေသတွင်းအဆင့်နှစ်ရပ်စလုံးတွင် လိုက်နာမှုမြှင့်တင်ရန် ကျွန်ုပ်တို့ကတိပြု ပါသည်။
လုပ်ငန်းခွင်တွင် မူးယစ်ဆေးဝါးနှင့် အရက်သုံးစွဲမှုအတွက် တင်းကျပ်သော (“Zero Tolerance”) မူဝါဒရှိပါသည်။ ဝန်ထမ်းများသည် ၎င်းတို့၏ တာဝန် ဝတ္တရားများကို ဘေးကင်းစွာ ထမ်းဆောင်နိုင်စွမ်းကို ထိခိုက်စေသော ကိစ္စရပ်များ၏ လွှမ်းမိုးမှုအောက်တွင် မရှိစေရပါ။
“ကျွန်တော်တို့ လုပ်ငန်းခွင်မှာ ဂုဏ်သိက္ခာနဲ့ လေးစားမှုကို ပြသပါတယ်။”
ကျွန်ုပ်တို့သည် အလုပ်သမားအခွင့်အရေးများကို အခြေခံလူ့အခွင့်အရေးအဖြစ် ထောက်ခံအားပေးပါသည်။ ၎င်းတွင် ATOM နှင့် ဆက်စပ်နေသော ဝန်ထမ်းများနှင့် မိတ်ဖက်ပါတနာများအားလုံးအတွက် တရားမျှတသော လစာ၊ အကျိုးခံစားခွင့်များနှင့် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်တို့ကို သေချာစေခြင်းတို့ပါဝင်သည်။
ကျွန်ုပ်တို့သည် ဝန်ထမ်းများအားလုံး၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ကျန်းမာချမ်းသာရေးကို ဦးစားပေးပါသည်။ ကျား၊ မ၊ လိင်စိတ်ခံယူမှု သို့မဟုတ် ဝိသေသလက္ခဏာ၊ လူမျိုး၊ မသန်စွမ်းမှု၊ အမျိုးသားဇာတိ၊ ဘာသာရေး ယုံကြည်ချက်များကို အခြေခံသည့် လုပ်ဆောင်မှုများအပါအဝင် မည်သည့်အကြောင်းကြောင့်မဆို နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ခွဲခြားဆက်ဆံခြင်း သို့မဟုတ် အကြမ်းဖက်မှုအန္တရာယ်များမှ အကာအကွယ် ပေးထားသော လေးစား ထိုက်သော အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးရန် ကျွန်ုပ်တို့ရည်စူးပါသည်။
ကျွန်ုပ်တို့သည် အလုပ်အကိုင်အလေ့အကျင့်အားလုံးတွင် တန်းတူညီမျှမှုနှင့် ပူးပေါင်းပါဝင်မှုကို မြှင့်တင်ပေးကာ ဝန်ထမ်း များ၏ မတူညီကွဲပြားမှုကိုလက်ခံထားပြီး ကျွန်ုပ်တို့ဖောက်သည်များ၏ လိုအပ်ချက်များကို ပိုမို ကောင်းမွန်စွာ ဖြည့်ဆည်း ပေးနိုင်ကြောင်း အသိအမှတ်ပြုပါသည်။
ကျွန်ုပ်တို့သည် ဝန်ထမ်းများ၏တမူထူးခြားသောအယူအဆများနှင့်ကွဲပြားမှုများကို တန်ဖိုးထား လေးစားပါသည်။ ကျွန်ုပ်တို့ သည် မတူကွဲပြားသော အမြင်များကို တက်ကြွစွာ နားထောင်ပြီး ၎င်းတို့၏ ကောင်းကျိုးများကိုသာ အခြေခံ၍ အကဲဖြတ်ပါသည်။
ကျွန်ုပ်တို့သည် လေးစားမှု၊ ရိုးသားမှုနှင့် ပရော်ဖက်ရှင်နယ်ဆန်သော သွင်ပြင်လက္ခဏာရှိသော အလုပ်ပတ်ဝန်းကျင်ကို မွေးမြူပါသည်။
လုပ်ငန်းခွင်မှာ အမြဲတမ်း သပ်သပ်ရပ်ရပ်နဲ့ သပ်သပ်ရပ်ရပ် ဝတ်စားတတ်ကြတယ်။
လုပ်ငန်းခွင်ပြင်ပတွင် ဖြစ်ပွားသည့် အလုပ်အကိုင်နှင့် ဆက်စပ်သောတာဝန်များ သို့မဟုတ် အဖြစ်အပျက်များ အပါအဝင် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှုများကို လုံးဝလက်မခံနိုင်ကြောင်းနှင့် မည်သည့်အခြေအနေမျိုးတွင်မဆို သည်းခံမည် မဟုတ်ကြောင်း ကျွန်ုပ်တို့ယူဆပါသည်။
ကျွန်ုပ်တို့သည် တဖက်သားကို စော်ကားစေနိုင်သည့် အမည်နာမခေါ်ဆိုခြင်း၊ ပြက်လုံးများ၊ အပြောအဆိုများ၊ ဗွီဒီယိုရိုက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းများပါရှိသော မည်သည့်ဆက်သွယ်ရေးကိုမဆို ပေးပို့ခြင်း သို့မဟုတ် သရုပ်ပျက်ရုပ်ပုံများ၊ ကာတွန်းများ၊ ပုံဆွဲခြင်း သို့မဟုတ် အမူအယာများကို ပြသခြင်း သို့မဟုတ် မျှဝေခြင်းမပြုပါ။
ကျွန်ုပ်တို့သည် တဦးကိုတဦးနှောင့်ယှက်ခြင်း သို့မဟုတ် မသင့်လျော်သော အပြုအမူများကို ရင်ဆိုင်ဖြေရှင်းပြီး ကျွန်ုပ်တို့ ၏ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ကာကွယ်ပေးပါသည်။
ကျွန်ုပ်တို့သည် လုပ်ငန်းခွင်တွင် အရက် သို့မဟုတ် တရားမ၀င် မူးယစ်ဆေးဝါးများကို မသုံးပါ။ သို့မဟုတ် သောက်ဆေး များကိုလည်း တလွဲအသုံးမချပါ။ စီးပွားရေးလုပ်ငန်းခရီးစဉ်များ သို့မဟုတ် တာဝန်ချိန်များတွင် လိင်ဝန်ဆောင်မှုများကို ကျွန်ုပ်တို့ ဘယ်သောအခါမှ မရယူပါ။
ကျွန်ုပ်တို့သည် မည်သည့်ဝန်ထမ်း၊ စီးပွားရေးလုပ်ဖော်ကိုင်ဖက် သို့မဟုတ် ဖောက်သည်ကိုမျှ သဘောရိုးဖြင့်မဟုတ်သော ဆက်ဆံရေးကို မဖော်ဆောင်ပါ။
သင့်လျော်သော အကြောင်းပြချက်မရှိဘဲ သက်ဆိုင်ရာ ဆွေးနွေးမှုများမှ လူတစ်ဦးချင်း သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များကို ရည်ရွယ်ချက်ရှိရှိ ဖယ်ထုတ်ခြင်းမပြုကြောင်း သေချာစေရန် ကျွန်ုပ်တို့ကတိပြုပါသည်။
အပိုင်း-၄ ကျွန်ုပ်တို့၏ စဉ်ဆက်မပြတ် စီးပွားရေးအလေ့အထများ
“သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့နဲ့ ရာသီဥတုပြောင်းလဲမှုကို တားဆီးကာကွယ်ဖို့ ကတိကဝတ်ပြုထားပါတယ်။”
ATOM သည် ကျွန်ုပ်တို့၏ကမ္ဘာ၊ ကျွန်ုပ်တို့၏အသိုင်းအဝိုင်းနှင့် ကျွန်ုပ်တို့၏လုပ်ငန်းလည်ပတ်မှုအပေါ် ရာသီဥတု ပြောင်းလဲမှုသည် နက်နဲသောအကျိုးသက်ရောက်မှုရှိသည်ကို အသိအမှတ်ပြုပါသည်။ တာဝန်ယူမှု၊တာဝန်ခံမှုရှိသော ဆက်သွယ်ရေး အော်ပရေတာတစ်ခုအနေဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့လုပ်ဆောင်နိုင်သော တိုင်းတာနိုင်သော ကတိ ကဝတ်များမှတစ်ဆင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့မှုနှင့် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုပေးရန်ရည်စူးပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်ချက်
ရေရှည်တည်တံ့စေရန်လုပ်ဆောင်သော အလေ့အထများ
“ကျွန်ုပ်တို့သည်လူ့အခွင့်အရေးကို လေးစားပါသည်။”
ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်ရွက်မှုကဏ္ဍအားလုံးတွင် လူ့အခွင့်အရေးကို လေးစားလိုက်နာရန်နှင့် မြှင့်တင်ရန် ကျွန်ုပ်တို့ ကတိပြုပါသည်။ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်းသည် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်တစ်ခုသာမကဘဲ တာဝန်သိစီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ကျွန်ုပ်တို့၏အောင်မြင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုအတွက် မရှိမဖြစ် လိုအပ်သည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။ ကျွန်ုပ်တို့၏ကတိကဝတ်သည် နိုင်ငံတကာအသိအမှတ်ပြု လူ့အခွင့်အရေး စံနှုန်းများနှင့် အခြေခံမူများနှင့် ကိုက်ညီပါသည်။
နိုင်ငံတကာ သဘောတူညီချက်များနှင့် ဒေသန္တရဥပဒေများတွင် ဖော်ပြထားသည့်အတိုင်း လူတစ်ဦးချင်းစီအား ခွဲခြား ဆက်ဆံခြင်းမရှိဘဲ လူ့အခွင့်အရေးရပိုင်ခွင့်ရှိကြောင်း ကျွန်ုပ်တို့ အတည်ပြုပါသည်။
ကျွန်ုပ်တို့သည် ကလေးသူငယ်များ၏ အခွင့်အရေးများကို လေးစားလိုက်နာပြီး ပံ့ပိုးကူညီမှုများကို တက်ကြွစွာ လုပ်ဆောင် ပါသည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝန်ထမ်းများ၊ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့် ကျွန်ုပ်တို့၏ ဖောက်သည်များ၏ လူ့အခွင့် အရေးကို လက်ကိုင်ထားရန် ရည်စူးပါသည်။ ကျွန်ုပ်တို့သည် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဤအခွင့်အရေး များကို မချိုးဖောက်သလို အခြားသူများ၏ ချိုးဖောက်မှုများတွင် ပါ၀င်ပတ်သက်မှုလည်း မရှိစေရန် သေချာစေပါသည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏လုပ်ငန်းကို တရားမျှတပြီး ခွဲခြားမှုမရှိဘဲ လုပ်ဆောင်သွားရန် ကတိပြုထားပြီး ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များအား လူ့အခွင့်အရေးကို လေးစားလိုက်နာရန် တိုက်တွန်းပါသည်။
ကျွန်ုပ်တို့၏ လုပ်ငန်းအလေ့အကျင့်များမှတစ်ဆင့် ကလေးသူငယ်အခွင့်အရေးများအပါအဝင် လူတစ်ဦးချင်းစီ၏ လူ့အခွင့် အရေး ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် အပြုသဘောဆောင်သော သြဇာလွှမ်းမိုးမှုရှိရန် ကြိုးပမ်း ဆောင်ရွက် ပါ သည်။
ကျွန်ုပ်တို့သည် လူ့အခွင့်အရေးဥပဒေများကို ချိုးဖောက်သည်ဟု သိထားသော စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့် ထိတွေ့ ဆက်ဆံခြင်းကိုရှောင်ကြဉ်ပြီး ကျွန်ုပ်တို့၏လုပ်ငန်းဆက်ဆံရေးသည် ကျွန်ုပ်တို့၏တန်ဖိုးများနှင့် ကိုက်ညီမှုရှိစေရန် သေချာ စေပါသည်။
ကျွန်ုပ်တို့၏လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် သစ္စာရှိရှိ အစီရင်ခံ တင်ပြသူများကို လက်တုံ့ပြန်ခြင်းအား တင်းကျပ်သောမူဝါဒကို ကျွန်ုပ်တို့ ထိန်းသိမ်းထားပါသည်။ ယင်းအစီရင်ခံချက်များ ကို လျှို့ဝှက်ထားရှိပြီး လေးနက်မှုအရှိဆုံးဖြင့် ကိုင်တွယ်ဆောင်ရွက်မည့် Integrity Hotline သို့ တင်ပြသင့်သည်။
အပိုင်း-၅ သတင်းအချက်အလက်စီမံခန့်ခွဲမှုနှင့်ကိုယ်ရေးကိုယ်တာအားသေချာစေခြင်း။
“ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဖောက်သည်များ၊ ဝန်ထမ်းများနှင့် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကာကွယ်ပေးပါသည်။”
ကျွန်ုပ်တို့သည် ဖောက်သည်များ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် လုံခြုံရေးကို အကာအကွယ်ပေးရန် ရည်စူး ပါသည်။ ဆက်သွယ်ရေးအော်ပရေတာတစ်ခုအနေဖြင့်၊ ကျွန်ုပ်တို့အား အပ်နှင်းထားသော ဒေတာများ၏ လျှို့ဝှက်မှုနှင့် ခိုင်မာမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၏ အရေးပါမှုကို ကျွန်ုပ်တို့အသိအမှတ်ပြုပါသည်။ ဤကဏ္ဍသည် ကျွန်ုပ်တို့၏ ဒေတာ လျှို့ဝှက်ရေးဆိုင်ရာ ချဉ်းကပ်ပုံနှင့် အမြင့်ဆုံးသော စံနှုန်းများကို သေချာစေရန်အတွက် ကျွန်ုပ်တို့ လိုက်နာသော အခြေခံမူများကို ဖော်ပြထားပါသည်။
ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာအချက်အလက်များကို အကာအကွယ်ပေးကာ တရားဝင်စီးပွားရေး ရည်ရွယ်ချက်များ အတွက် ကိုယ်ရေးကိုယ်တာအချက်အလက်များအားသုံးပြုမှုကို တင်းကြပ်စွာအာမခံရန် ကတိပြုပါသည်။ ကိုယ်ရေး ကိုယ်တာအချက်အလက်များတွင် ဝန်ထမ်း၊ ဝယ်ယူသူနှင့် စီးပွားရေးလုပ်ဖော်ကိုင်ဖက်တို့၏ အချက်အလက်များဖြစ်သည့် ဖုန်းနံပါတ်များ၊ အီးမေးလိပ်စာများ၊ ရုပ်ပိုင်း ဆိုင်ရာလိပ်စာများ၊ တည်နေရာများ၊ ခေါ်ဆိုမှုနှင့် ငွေပေးချေမှုမှတ်တမ်း၊ လစာနှင့် ကျန်းမာရေး အချက်အလက်များ ပါဝင်သည်။
ကျွန်ုပ်တို့သည် ကုမ္ပဏီတစ်ဝှမ်းရှိ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စီမံခန့်ခွဲရန် ATOM ၏ ကိုယ်ရေး ကိုယ်တာ မူဝါဒကို လိုက်နာပါသည်။
တင်းကြပ်သောဝင်ရောက်ထိန်းချုပ်မှုများ၊ ခိုင်မာသောလုံခြုံရေးအစီအမံများနှင့် ပြည့်စုံသောဒေတာကာကွယ်ရေး စနစ် များဖြင့် ဒေတာကာကွယ်ရေးကိုလုပ်ဆောင်ရန် ကျွန်ုပ်တို့ကတိပြုပါသည်။
ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ကျွန်ုပ်တို့၏ တယ်လီဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုများနှင့် သက်ဆိုင်သည့် သီးခြားလုပ်ငန်းရည်ရွယ်ချက်တစ်ခုရှိသည့် လူတစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းများနှင့်သာ မျှဝေမည်ဖြစ်ပြီး၊ ထိုသို့ မျှဝေခြင်းသည် အတိအလင်းခွင့်ပြုချက်ရရှိပြီးမှသာသို့မဟုတ်ဥပဒေဆိုင်ရာလိုအပ်ချက်အရဖြင့်သာ မျှဝေခြင်းဖြစ်သည်။
ကျွန်ုပ်တို့သည် ဒေတာကာကွယ်ရေးစံနှုန်းများကို ထိန်းသိမ်းရန်အတွက် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များအတွက် ကိုယ်ရေး ကိုယ်တာအစီအမံများကို ကျင့်သုံးပါသည်။
“ကျွန်ုပ်တို့သည် သတင်းအချက်အလက်များကိုလုံခြုံစွာသိမ်းဆည်းထားပြီးကုမ္ပဏီပိုင်ဆိုင်မှုများကိုအကာအကွယ် ပေးပါ သည်။”
လျှို့ဝှက်ထားမှုသည် ကျွန်ုပ်တို့၏ဂုဏ်သတင်းကို ထိန်းသိမ်းရန်နှင့် ပြိုင်ဆိုင်မှုနှင့် ကျွန်ုပ်တို့၏ အကျိုးစီးပွားများကို ဥပဒေ ဘောင်အတွင်းမှ အကာအကွယ်ပေးရန်အပြင် ကျွန်ုပ်တို့၏ပိုင်ဆိုင်မှုများ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက်ရန် အတွက် မရှိမဖြစ်လိုအပ်ပါသည်။
ATOM တွင် ကျွန်ုပ်တို့၏အချက်အလက်များကို အကာအကွယ်ပေးခြင်းနှင့် လုပ်ငန်းလုံခြုံရေးကို သေချာစေခြင်းသည် ကျွန်ုပ်တို့၏ဖောက်သည်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဝန်ထမ်းများ၏ယုံကြည်မှုကို ထိန်းသိမ်းထားရန် အခြေခံ ကျပါ သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အချက်အလက်ပိုင်ဆိုင်မှုများကို ပြည်တွင်း သို့မဟုတ် ပြင်ပ၊ တမင်ဖြစ်စေ သို့မဟုတ် မတော်တဆဖြစ်စေ ခြိမ်းခြောက်မှုများမှ ကာကွယ်ပေးရန် ကတိပြုပါသည်။
ကျွန်ုပ်တို့၏ ကုမ္ပဏီမူဝါဒတွင် ဖော်ပြထားသော လုံခြုံရေးအမျိုးအစားများအလိုက် အချက်အလက်အားလုံးကို ကိုင်တွယ် ရန် တာဝန်ရှိပါသည်။
ကုမ္ပဏီ၊ ဖောက်သည်များ သို့မဟုတ် လုပ်ငန်းလုပ်ဖော်ကိုင်ဖက်များနှင့် ပတ်သက်သော လျှို့ဝှက်အချက်အလက်များကို ကျွန်ုပ်တို့ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး ၎င်းကို အမြင့်ဆုံးအဆင့်ဖြင့် ဆုံးဖြတ်ပြီး ဂရုတစိုက်ကိုင်တွယ်ရန် လိုအပ်ပါသည်။
လျှို့ဝှက်အချက်အလက်များကို တရားဝင်ခွင့်ပြုချက်နှင့် တရားဝင်စီးပွားရေးရည်ရွယ်ချက်များအတွက်သာ မျှဝေခြင်းမှ၊ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ကြည့်ရှုခြင်းမှ ကာကွယ်ထားကြောင်း ကျွန်ုပ်တို့အာမခံပါသည်။
ကျွန်ုပ်တို့သည် အသိပညာမျှဝေခြင်းကို အားပေးသော်လည်း၊ လျှို့ဝှက်အချက်အလက်များဖြင့် သတိထား လုပ်ဆောင်ပြီး အများသူငှာနေရာများတွင် အရေးကြီးသောအကြောင်းအရာများကို ဆွေးနွေးခြင်းမှ ရှောင်ကြဉ်ပါသည်။
ကျွန်ုပ်တို့သည် ပြင်ပ အဖွဲ့အစည်းများထံမှရရှိသော အချက်အလက်များကို ကျွန်ုပ်တို့၏ကိုယ်ပိုင်အချက်အလက်များကဲ့သို့ တူညီသောလျှို့ဝှက်မှုနှင့် ဂရုပြုမှုအဆင့်ဖြင့် ဆက်ဆံပါသည်။
ကျွန်ုပ်တို့သည် စာရွက်စာတမ်းများကိုထိန်းသိမ်းရာတွင် ကုမ္ပဏီ၏အတွင်းပိုင်းနှင့်ပြင်ပလိုအပ်ချက်များအလိုက် ကော်ပို ရိတ် တန်ဖိုး(စံနှုန်း)ဖြင့် သတ်မှတ်ကာလိုက်နာပါသည်။
ATOM မှ ရရှိသော အချက်အလက်အားလုံးသည် ယုံကြည်စိတ်ချရပြီး မှန်ကန်ကြောင်းနှင့် မြင့်မားသော ပရော်ဖက် ရှင်နယ်နှင့် ကျင့်ဝတ်ဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီကြောင်း သေချာပါသည်။
ကျွန်ုပ်တို့သည် ATOM ၏ အတည်ပြုထားသော စနစ်များကို အသုံးပြုပြီး သတင်းအချက်အလက်များအား ရယူခြင်း အတွက် လိုအပ်ချက်များကို လိုက်နာပါသည်။
ကျွန်ုပ်တို့သည်လုပ်ငန်းဆုံးဖြတ်ချက်များချသည့်အခါလုပ်ငန်းတွင်းလုံခြုံရေးအန္တရာယ်များကိုအမြဲအကဲဖြတ်ပြီး လုံခြုံရေး မူဝါဒ များနှင့် လိုအပ်ချက်များကို လိုက်နာဆောင်ရွက်ပါသည်။
ကျွန်ုပ်တို့သည် ကုမ္ပဏီလုပ်ထုံးလုပ်နည်းများ၊ ဥပဒေများ၊ စည်းမျဉ်းများနှင့်အညီ ဘဏ္ဍာရေး၊ လုပ်ငန်းလည်ပတ်မှုနှင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ကဏ္ဍများသာမက ကျွန်ုပ်တို့၏ပိုင်ဆိုင်မှုများကို သိသိသာသာ ထိခိုက်စေနိုင်သည့် လုံခြုံရေးဆိုင်ရာ အဖြစ်အပျက်များကို ချက်ခြင်းအစီရင်ခံပါသည်။
ကျွန်ုပ်တို့သည် ကုမ္ပဏီ၏ပိုင်ဆိုင်မှုများကိုကိုယ်ပိုင်ပစ္စည်းဥစ္စာဖြစ်သကဲ့သို့ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း၊ ခိုးယူခြင်း၊ စွန့်ပစ်ခြင်း နှင့် အလွဲသုံးစားလုပ်ခြင်းတို့မှ ကာကွယ်ပေးပါသည်။
ကျွန်ုပ်တို့သည် ကုမ္ပဏီပိုင်ဆိုင်မှုများသို့ ဝင်ရောက်ခွင့်ကို မိမိတို့လုပ်ဆောင်ရသော လုပ်ငန်းဆောင်တာများအလိုက် ကန့်သတ်ထားပြီး သင့်လျော်သောစနစ်များ လိုက်နာကာ PIN များနှင့် စကားဝှက်များအပါအဝင် မည်သည့် သတင်း အချက်အလက်ကိုမျှ မျှဝေခြင်းမပြုပါ။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဉာဏပစ္စည်းမူပိုင်ခွင့်ကို ကာကွယ်စောင့်ရှောက်ပြီး အခြားသူများ၏ ဉာဏပစ္စည်းမူပိုင်ခွင့် အခွင့်အရေးများကို လေးစားသမှုနှင့် အမြင့်ဆုံးအဆင့်ဖြင့် စောင့်ရှောက်ပါသည်။
ကျွန်ုပ်တို့သည်လုပ်ငန်းလုံခြုံရေးမူဝါဒ၊သတင်းအချက်အလက်လုံခြုံရေးနှင့် ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးလုပ်ထုံးလုပ်နည်းများ ကို လိုက်နာပြီး သင့်လျော်သောလုပ်ဆောင်ချက်များနှင့် ပတ်သက်၍ မသေချာပါက လမ်းညွှန်ချက်ရယူရပါမည်။
အပိုင်း ၆- ပွင့်လင်းမြင်သာမှု၊ လိုက်နာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုကို မြှင့်တင်ခြင်း။
“ATOM သည် သဘောရိုးဖြင့်မဟုတ်သည့် မည်သည့်လက်တုံ့ပြန်မှုကိုမဆို သည်းမခံနိုင်ပါ။”
ကျင့်ဝတ်စည်းကမ်းလိုက်နာမှုဆိုင်ရာ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ သံသယ သို့မဟုတ် မေးခွန်းများရှိလာပါက ဝန်ထမ်းများသည် ၎င်းတို့၏ လိုင်းမန်နေဂျာများနှင့် Ethics and Compliance Function သို့မေးမြန်းသင့်သည်။
ကျွန်ုပ်တို့၏ ကျင့်ဝတ်စည်းကမ်း သို့မဟုတ် တည်ဆဲဥပဒေများကို ချိုးဖောက်သည်ဟု ယူဆရသည့် မည်သည့် လုပ်ဆောင်မှုများကို သတင်းပို့ရန် ဝန်ထမ်းများမှာ တာဝန်ရှိပြီး ထိုသို့သော အရေးယူဆောင်ရွက်မှုသည် ATOM Myanmar Limited သည် တာဝန်သိသော တယ်လီကွန်းအော်ပရေတာဆိုသော ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်း ထားရန် အကူအညီရမည်ဖြစ်ပါသည်။
ချိုးဖောက်မှုများကို Line Manager နှင့်/သို့မဟုတ် Ethics နှင့် Compliance Function များသို့ အစီရင်ခံတင်ပြခြင်းသည် တစ်ခါတစ်ရံတွင် သတ္တိရှိရန် လိုအပ်ကြောင်းကိုလည်း နားလည်ပါသည်။ ထို့ကြောင့်၊ ဝန်ထမ်းများနှင့် လုပ်ငန်း လုပ်ဖော်ကိုင်ဖက်များအတွက် ဖွင့်လှစ်ထားသော Integrity Hotline၊ 24/7 ဝဘ်အခြေခံစနစ်သည် သတင်းပို့သူ တစ်ဦးချင်းစီနှင့် တိုင်ကြားခံရသူများ၏ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို ကာကွယ်ရန်အတွက် တည်ထောင်ထားခြင်းဖြစ် သည်။ အစီရင်ခံသူသည် ထိုသို့လုပ်ဆောင်လိုပါက မိမိ၏အမည်ကို လျို့ဝှက် (anonymous) အနေဖြင့် ထားရှိနိုင်သည်။
လူကိုယ်တိုင်ဖြစ်စေ၊ Integrity Hotline မှဖြစ်စေ အစီရင်ခံစာအားလုံးကို အထူးလျှို့ဝှက်ချက်အနေဖြင့် သဘောထားပြီး အလွန်ကန့်သတ်ထားသော လူအရေအတွက်ကိုသာ ၎င်းစနစ်ကို ဝင်ရောက်ကြည့်ရှုခွင့်ပေးထားသည်။ အစီရင်ခံစာများကို အလေးအနက်ထားပြီး တရားမျှတပြီး ဦးတည်ချက်အတိုင်း ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။
ကိစ္စရပ်တိုင်းတွင် Ethics and Compliance Function သည် Ethics and Compliance Committee ၏ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူဆောင်ရွက်ခြင်း သို့မဟုတ် ပြန်လည်ပြင်ဆင် အရေးယူဆောင်ရွက်ခြင်းများ လိုအပ်ခြင်းရှိမရှိ ဆုံးဖြတ်ရန် စုံစမ်းစစ်ဆေးရသည့်ကိစ္စများကို ဆောင်ရွက်ရာတွင် Ethics and Compliance Committee ကို ပံ့ပိုးပေးပါသည်။ ဥပဒေ၊ ကျင့်ထုံးဥပဒေ၊ သို့မဟုတ် ATOM မူဝါဒများ သို့မဟုတ် လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်သူ မည်သူ့ကိုမဆို အလုပ်ရပ်စဲသည်အထိ အပါအဝင် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူခြင်းခံရနိုင်သည်။
ကျွန်ုပ်တို့အားလုံးသည် ပြန်လည်လက်တုံ့ပြန်ခြင်းကိုကြောက်ရွံ့ခြင်းမရှိဘဲ သိက္ခာမဲ့သော သို့မဟုတ် တရားမဝင်သော အပြုအမူများကို သတင်းပို့နိုင်ကြောင်းကို သိရှိရန် အရေးကြီးပါသည်။ အစီရင်ခံတင်ပြသည့်ကိစ္စရပ်များသည် အပြန် အလှန် လေးစားမှုရှိခြင်း၊ ရိုးသားမှုရှိပြီး ညစ်ညမ်းသောစကားများနှင့် ခွဲခြားဆက်ဆံခြင်းတို့မှ ကင်းစင်ရမည်ဖြစ်ပြီး လက်ရှိကျင့်သုံးနေသည့်နေသည့် ဤကျင့်ဝတ်စည်းမျဉ်းကို လေးစားလိုက်နာ လိုက်နာပြီးဖြစ်ရမည်ဖြစ်သည်။ အမည်ဝှက် ထားခြင်းအား ခွင့်ပြုထားပြီး အမည်ဝှက်ထားရန် ပံ့ပိုးထားသော်လည်း၊ လူကိုယ်တိုင်လာရောက်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါက အကောင်းဆုံး ရလဒ်များကိုအမြဲတမ်းရရှိနိုင်ပါသည်။ ATOM အတွက် အကောင်းဆုံးရလဒ်များရရှိရန် သတ္တိရှိရှိနှင့် လူကိုယ်တိုင် ရှေ့ဆက်လာရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။
Integrity Hotline သည် အက်တမ်မြန်မာ၏ ကျင့်ဝတ်စည်းကမ်းနှင့် ကိုက်ညီမှုရှိမရှိ မေးခွန်းများရှိသည့်အခါနှင့် ချိုးဖောက်မှုများကို ၂၄ နာရီ သတင်းပေးပို့နိုင်သော ချန်နယ်လိုင်း ဖြစ်ပါသည်။ သတင်းပေးပို့ တိုင်ကြားမှုအားလုံးကို လျှို့ဝှက်အဖြစ် သတ်မှတ်၍ အလေးထားအရေးယူ ဆောင်ရွက်ပါသည်။၊ သတင်းပေးပို့နိုင်သော ချန်နယ်လိုင်းကို အမြဲဖွင့်ထားသည်။ သတင်းပေးပို့တိုင်ကြားရာတွင် အမည်မဖေါ်ဘဲ နေလိုက နေနိုင်ပါသည်။ ဤနေရာကိုနှိပ်ပါ။
Back to top
Share