We'd like to send you notifications of the latest posts and updates

ဒစ်ဂျစ်တယ်သင်တန်း

မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုမှုနှုန်းသည် လူမှုမီဒီယာ၊ ဆက်သွယ်ရေး နှင့် ဖျော်ဖြေရေးပိုင်းများတွင် အလွန်မြင့်တက်လျက်ရှိပါတယ်။သို့သော် ကျေးလက်ဒေသများတွင် ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှုဖြင့် လူမှုရေး၊ စီးပွားရေးပိုင်းတွေမှာ ပြန်လည်အသုံးချဖို့အတွက် ဖွံ့ ဖြိုးရန်လိုအပ်နေပါသေးသည်။ မြန်မာနိုင်ငံမှာ၂၀၁၆ ခုနှစ်က LirneAsia နဲ့ MIDO တို့ ပူးပေါင်းပြုလုပ်ခဲ့သည် ICT လေ့လာတွေ့ရှိချက်အရ ၇၈ ရာခိုင်နှုန်းသော အင်တာနက်အသုံးပြုသူများသည် ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှု အားနည်းသည်ကိုတွေ့ရှိခဲ့ ရပါသည်။ ထိုလေ့လာတွေ့ရှိချက်အရ လက်ရှိမြန်မာ့လုပ်သားများသည် ဒီဂျစ်တယ်စီးပွားရေး တည်ဆောက်ရန်အတွက် ၂၁ ရာစုဆိုင်ရာ နည်းပညာကျွမ်းကျင်မှုတွေ မရှိသေးတာကို လေ့လာတွေရှိခဲ့ရပါသည်။

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်နည်းပညာအသွင်ကူးပြောင်းရေးတွင် နိုင်ငံသားများ၏ ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှုအဆင့်မြင့်တင်ရန် လိုအပ်ချက်များနှင့် နည်းလမ်းများကို နယ်ပယ် ၆ ခုနှင့်ဖော်ပြထားသည့် အကြံပေးလမ်းပြမြေပုံကို အက်တမ်မြန်မာက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလထုတ် Realizing Digital Myanmar အစီရင်ခံစာမှာ ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ပိုမိုမြင့်မားသောနည်းပညာကျွမ်းကျင်မှု ရယူဖို့ရန် ဒစ်ဂျစ်တယ်နည်းပညာတတ်မြောက်ခြင်းသည် အခြေခံအုတ်မြစ်ဖြစ်ပြီး အနာဂတ် အလုပ်အကိုင်အခွင့်အလမ်း ပြင်ဆင်ပေးခြင်းဖြစ်သည်ဟု ယုံကြည်သောကြောင့် အက်တမ်ဒစ်ဂျစ်တယ်နည်းပညာအခမဲ့သင်တန်း စီမံကိန်းကို ၂၀၁၈ခုနှစ် နိုဝင်ဘာလမှာ မိတ်ဆက်ခဲ့ပါသည်။


အက်တမ်၏ဒီဂျစ်တယ်နည်းပညာသင်တန်းသည် ပညာရေးဝန်ကြီးဌာနရဲ့ ပံ့ပိုးကူညီလမ်းညွှန်မှု၊ အက်တမ်မြန်မာ၏ဦးဆောင်မှုနှင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် KMD Institute၊ Irrawaddy Green Towers company (IGT) နဲ့ Myanmar ICT for Development Organization (MIDO) တို့ ပူးပေါင်းပါ၀င်မှုများဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာ တစ်နှစ်တာကာလအတွင်း ကျောင်းသား/ကျောင်းသူပေါင်း ၁၀၀,၀၀၀ခန့်ကို အခြေခံဒစ်ဂျစ်တယ်နည်းပညာ အခမဲ့ သင်တန်းပေးရန်ရည်ရွယ်ခဲ့ ပါသည်။ တနည်းအားဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး ချမှတ်ထားသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်များအနက်နံပါတ်(၁၀) ဖြစ်သော နိုင်ငံတွင်းနှင့်နိုင်ငံများကြားမညီမျှမှုများ လျော့နည်းသွားစေရေး ပန်းတိုင်ကို ရောက်ရှိရေးတွင့် အထူးသဖြင့် ပညာရေးဘက်မှ တစ်တပ်တစ်အား ပါ၀င်ကူညီဖြည့်ဆည်းခဲ့ခြင်းဖြစ်ပါသည်။

ဤစီမံကိန်းသည် ၂၀၁၈ခုနှစ်မတ်လမှ မေလထိ (၃) လတာကာလအတွင်း ကျောင်းသား/ကျောင်းသူပေါင်း (၂၅,၀၀၀)ကို အောင်မြင်စွာသင်ကြားပေးခဲ့သော အက်တမ်၏ နွေရာသီဒစ်ဂျစ်တယ်နည်းပညာသင်တန်း ကို ထပ်မံတိုးချဲ့ဖွင့်လှစ်ထားခြင်းဖြစ်ခဲ့ပါသည်။

ဤအစီအစဉ်၏အဓိကရည်ရွယ်ချက်များမှာ

ကြာချိန် : ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ မှ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာအထိ

အကျိုးသက်ရောက်မှု : အလယ်တန်းနှင့် အထက်တန်းကျောင်းသားပေါင်း ၁၀၀,၀၀၀ ကိုသင်တန်းပေးနိုင်ခဲ့ပါသည်။

Back to top