We'd like to send you notifications of the latest posts and updates

နွေရာသီ ဒစ်ဂျစ်တယ်နည်းပညာ သင်တန်း

မြန်မာနိုင်ငံရှိ အစိုးရစာသင်ကျောင်းအများစုတွင် ICT နည်းပညာသင် ရိုးညွှန်းတမ်းနှင့် ပစ္စည်းကိရိယာ ပံ့ပိုးမှုများ လိုအပ်နေလျက်ရှိသည်။ ပုဂ္ဂလိက ICT နည်းပညာသင်တန်းများကို လက်လှမ်းမီသော ကျောင်းသူကျောင်းသားများသာလျှင် အခြေခံပညာ အဆင့်တွင် နည်းပညာနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိကြပြီး အထက်တန်းနှင့် ဘွဲ့ရပြီးသူအများစုမှာ နိုင်ငံ၏ ဒစ်ဂျစ်တယ်လုပ်သားအင်အားတစ်ရပ်အဖြစ် အသင့်မဖြစ်ကြပေ။ ဒစ်ဂျစ်တယ်မြန်မာ အစီရင်ခံစာတွင် ဖော်ပြခဲ့သည့်အတိုင်း ပညာရေးမူဝါဒနှင့် ကျောင်းသင်ရိုး ညွှန်းတမ်းများတွင် ဒီဂျစ်တယ်နည်းပညာသင်ကြားမှုများကို ပေါင်းစပ်ထည့်သွင်းခြင်းဖြင့် လည်းကောင်း၊ မူဝါဒ ရေးဆွဲသူများ၊ ဆရာဆရာမများ နှင့် ကျောင်းသူကျောင်းသားများ၏ ဒစ်ဂျစ်တယ် ကျွမ်းကျင်မှု ကိုမြှင့် တင်ပေးခြင်းဖြင့်လည်းကောင်း၊ ICT သင်ထောက်ကူ ပစ္စည်းများနှင့် လက်တွေ့လေ့လာသင်ယူနိုင်စေရန် ပံ့ပိုးပေးခြင်းဖြင့် လည်းကောင်း ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုကို အခြေခံပညာရေးကတည်းက အခြေပြု စတင်သင့်သည် ဟု တယ်လီနော က အခိုင်အမာ ယုံကြည်ထားသည်။

ပညာရေးဝန်ကြီးဌာန၏ ပံ့ပိုးလမ်းညွှန်မှု၊ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော KMD၊ Ericsson၊ Irrawaddy Green Towers (IGT) နှင့် ဖွံ့ဖြိုး‌မှုအတွက် မြန်မာအိုင်စီတီအဖွဲ့ (MIDO) တို့၏ ကူညီပံ့ပိုးမှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် တယ်လီနော၏ နွေရာသီဒစ်ဂျစ်တယ် နည်းပညာသင်တန်းသည် သုံးလတာ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားကျောင်းသူများအား အိုင်စီတီ အခြေခံ များကို သင်ကြားပေးရန် ရည်ရွယ်ကာ ဖော်ဆောင် ခဲ့ခြင်းဖြစ်သည်။ ထို့နည်းအားဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး ချမှတ်ထားသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များအနက် အမှတ် (၁၀) ဖြစ်သော ‘နိုင်ငံတွင်း နှင့် နိုင်ငံများကြား မညီမျှမှုများ လျော့နည်း သွားစေရေး’ ပန်းတိုင်ကို ရောက်ရှိရေး နိုင်ငံတော်၏ ကြိုးပမ်းမှုကို တစ်တပ်တစ်အား ပါ၀င် ကူညီဖြည့်ဆည်းခဲ့ခြင်းဖြစ်သည်။


၂၀၁၇ခုနှစ်၊ မေလက ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ရှေ့ပြေးဖွင့်လှစ်သင်ကြားခဲ့သော နွေရာသီ ဒစ်ဂျစ်တယ်နည်းပညာသင်တန်း၏ အောင်မြင်မှုကိုအခြေခံကာ ဤအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ပါသည်။ ယင်း ရှေ့ပြေးသင်တန်းတွင် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူကျောင်းသား စုစုပေါင်း ၁၃၀ က စမတ်ဖုန်းနှင့် ကွန်ပျူတာကို အကျိုးရှိစွာအသုံးနည်းများနှင့် ဘေးကင်းသော အင်တာနက်အသုံးပြုနည်းတို့ကို လက်တွေ့လေ့လာ သင်ယူခဲ့ကြသည်။

ဤအစီအစဉ်၏ အဓိက ရည်ရွယ်ချက်များမှာ

ကြာချိန် : ၂၀၁၈ ခုနှစ်၊ မတ်လမှ ၂၀၁၈ ခုနှစ် မေလ အထိ

အကျိုးသက်ရောက်မှု : အလယ်တန်း နှင့် အထက်တန်း ကျောင်းသား/ကျောင်းသူ ၂၅,၀၀၀ ကို သင်တန်းပေးနိုင်ခဲ့ပါသည်။

Back to top