We'd like to send you notifications of the latest posts and updates

ကျောင်းပြင်ပ ပညာရေး

အလုပ်အကိုင်ရရှိမှု စစ်တမ်းတစ်ခုမှ တွေ့ရှိချက်များအရ မြန်မာနိုင်ငံမှ အသက်၁၀နှစ်မှ ၁၇နှစ်အတွင်း ကလေးငါးဦးတွင် တစ်ဦးသည် ကျောင်းတက်ရမည့်အစား အလုပ်လုပ်နေရပါသည်။ မြန်မာနိုင်ငံ၂၀၁၄ သန်းခေါင်စာရင်းပါ အလုပ်အကိုင်နှင့်လုပ်ငန်းအစီရင်ခံစာတွင် အသက်၁၀နှစ်မှ၁၇နှစ် အထိကလေးပေါင်း ၁.၇သန်းအလုပ်လုပ် နေကြောင်းဆိုပါသည်။

ထိုကလေးများထဲမှအချို့သည် မြန်မာ့ယဉ်ကျေးမှုနှင့် တစ်သားတည်းဖြစ်နေသော နိုင်ငံတစ်ဝှမ်းရှိ လက်ဖက်ရည်ဆိုင် များတွင် ဝင်ရောက်လုပ်ကိုင်ကြပါသည်။ ထိုလက်ဖက်ရည်ဆိုင်များသည် လူအများ နေ့စဉ် လက်ဖက်ရည်နှင့်မုန့်များ ပုံမှန်လာရောက်စားသုံးရာလမ်းကြီး၊လမ်းသွယ်ဘေးရှိ စားသောက်ဆိုင်ငယ်များ ဖြစ်ပါသည်။

တယ်လီနောမြန်မာသည် ၄င်း၏ supply chain တွင် ကလေးနှင့် အသက်မပြည့်လုပ်သား ပပျောက်စေရေး နှင့် မြန်မာနိုင်ငံ၏ အလုပ်သမားအခွင့်အရေး မြင့်မားရေးတို့ကို ကတိပြုဆောင်ရွက်ခဲ့ပါသည်။ ထိုလုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် တယ်လီနောမြန်မာသည် မြန်မာရွေ့လျားပညာရေး (MyME) နှင့်ပူးပေါင်းပြီး ရန်ကုန်နှင့် မန္တလေးတို့ရှိ တယ်လီနောအမှတ်တံဆိတ်ပါ လက်ဖက်ရည်ဆိုင်များတွင် အသက်မပြည့် လုပ်သားများအား အရည်အသွေးမြင့် ကျောင်းပြင်ပ ပညာရေးကို ပေးခဲ့ပါသည်။

တယ်လီနောမြန်မာ၊ တယ်လီနောလုပ်ငန်းစု၊ ဆမ်ဆောင်းနှင့် အခြားမှထောက်ပံ့ငွေများနှင့် MyME လက်ဖက်ရည်ဆိုင်အစီအစဉ်ကိုအကောင်အထည်ဖော်ခဲ့ပါသည်။ ဤအစီအစဉ်သည် လက်ဖက်ရည်ဆိုင် နှင့် ၄င်းပတ်ဝန်းကျင်ရှိ ကလေးများ ကိုဆိုင်တွင်းနှင့်ရွေ့လျားစာသင်ခန်းများဖြင့် လုံခြုံသော ပတ်ဝန်းကျင် ဖန်တီးပေးပြီး အခြေခံစာရေးစာဖတ်၊ သင်္ချာ။ ဒီဂျစ်တယ်နည်းပညာ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ အင်္ဂလိပ်စာနှင့်ကိုယ်ပိုင်အရည်အသွေးများ သင်ယူစေခဲ့ပါသည်။ ဤအစီအစဉ်သည်ကလေးများကို ဆန်းသစ်ပြီး ဆရာ-တပည့် အပြန်အလှန်ထိတွေ့ဆက်ဆံရသော ကျောင်းသားဗဟိုပြု သင်ခန်းစာများမှတစ်ဆင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုနှင့် စဉ်းစားတွေးခေါ်မှု အရည်အချင်းများ တိုးတက်လာစေခဲ့ပါသည်။ ရေရှည်တွင် ကောင်းမွန်သောအလုပ်အကိုင် အခွင့်အလန်းများ ရရှိစေရန်အတွက်ကလေးများအား အသက်မွေးမှုဆိုင်ရာ အရည်အချင်းများ မြှင့်တင်ပေးရန် ရည်ရွယ်ခဲ့ပါသည်။

အတိအကျအားဖြင့်ဆိုရသော် MyMEလက်ဖက်ရည်ဆိုင်အစီအစဉ်သည် အောက်ပါ အကျိုးကျေးဇူးများရရှိရန် ရည်ရွယ်ခဲ့ပါသည်။

ကြာချိန် : ၂၀၁၄ ခုနှစ် မှ ၂၀၁၆ ခုနှစ် အထိ

အကျိုးသက်ရောက်မှု : လက်ဖက်ရည်ဆိုင် ကလေးလုပ်သား ၃,၀၀၀ ကျော်ကို ပညာသင်ကြားပေးနိုင် ခဲ့ပါသည်။

Back to top