We'd like to send you notifications of the latest posts and updates

မွေးဖွားခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ မိုဘိုင်း မှတ်ပုံတင်ခြင်း စီမံချက်

မွေးစာရင်းလက်မှတ်ရှိခြင်းသည် ကလေးများတွက် ကျန်းမာရေး နှင့် ပညာရေးကဲ့သို့သော လူမှုရေးဝန်ဆောင်မှုများ လက်လှမ်းမီနိုင်ရန် ပိုမိုသေချာစေပြီးအခြားသော လူအခွင့်အရေး အကာအကွယ်များရရှိစေရန် အခြေခံအဖြစ် ပံ့ပိုးပေးခြင်းလည်းဖြစ်ပါသည်။ မွေးစာရင်း လက်မှတ်သည် ကလေးများကိုစောစီးစွာအိမ်ထောင်ချပေးခြင်း ၊ လူကုန်ကူးခံရခြင်း နှင့် သက်ငယ်အလုပ်သမားအဖြစ်ခိုင်းစေခြင်းစသည်တို့မှ ဥပဒေအကာအကွယ်ရရှိစေရန် ကူညီပေးပါသည်။ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့- ယူနီဆက် (UNICEF) အဆိုအရ မြန်မာနိုင်ငံရှိအသက်(၅) နှစ်အောက်ကလေးများ၏ ၂၀% ကျော်ကိုမွေးစာရင်းမှတ်ပုံတင်ထား ခြင်းမရှိသေးပါ။ ပုံမှန်ဆောင်ရွက်နေကျ မွေးစာရင်းမှတ်ပုံတင်ခြင်းလုပ်ငန်းကို ပိုမိုအားကောင်းစေရန်အတွက် မွေးဖွားခြင်းနှင့်သေဆုံးခြင်းဆိုင်ရာ e-platform ကို UNICEF နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ ပူးပေါင်းပါ၀င်မှုဖြင့် နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင်လည်းစာရွက်စာတမ်းဖြင့် မှတ်ပုံတင်ခြင်းမှ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ပြောင်းလဲမှတ်တမ်းတင်နေပြီဖြစ်ပါသည်။

မြန်မာနိုင်ငံအစိုးရ၏ ထောက်ခံမှုဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန၊ တယ်လီနောလုပ်ငန်းစု နှင့် တယ်လီနောမြန်မာ၊ ယူနီဆက်တို့ ပူးပေါင်းကာ မွေးဖွားခြင်းနှင့်သေဆုံးခြင်းဆိုင်ရာ e- platform ကို မြို့နယ်နှင့် ရပ်ကွက်အဆင့်ထိအသုံးပြုနိုင်အောင် ပံ့ပိုးပေးခဲ့ပါသည်။ ဤ e- platform မှတဆင့် သားဖွားဆရာမအနေဖြင့် တာဝန်ထမ်းဆောင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာများတွင် စမတ်ဖုန်းအက်ပလီကေးရှင်း အသုံးပြုကာ မွေးဖွားမှုဆိုင်ရာအချက်အလက်များ ဖြည့်သွင်းနိုင်ခဲ့ပါသည်။ ကနဦးစီမံချက်အဖြစ် မွန်ပြည်နယ်တွင် စတင်ခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ကျန်းမာရေးအရာရှိများက ဒစ်ဂျစ်တယ်မိုဘိုင်းမှတ်တမ်းစနစ်ဖြင့် မှတ်ပုံတင်ခြင်းနှင့် မှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်းတို့ကို မြန်မာနိုင်ငံမှာပထမဆုံးဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

မွေးဖွားခြင်းနှင့် သေဆုံးခြင်းဆိုင်ရာမိုဘိုင်းမှတ်ပုံတင်ခြင်းစီမံချက်၏ ရည်ရွယ်ချက်များမှာ

ကြာချိန်: ၂၀၁၈ ခုနှစ်၊ သြဂုတ်လ မှ လ(၂၀) ကြာ

အကျိုးသက်ရောက်မှု: ၃၃,၀၀၀ ကျော် မွေးစားရင်း မှတ်ပုံတင်ပြီး၊ ၁၁,၀၀၀ ကျော် သေစာရင်း မှတ်ပုံတင်ပြီး

ကိုးကား- https://www.unicef.org/myanmar/media_27871.html

https://www.atom.com.mm/en/article/unicef-and-ATOM-join-hands-introduce-mobile-birth-and-death-registration-myanmar

Back to top