We'd like to send you notifications of the latest posts and updates

ကလေးသူငယ် အွန်လိုင်း ဘေးကင်းလုံခြုံမှု

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းနဲ့ အင်တာနက်ကို လျှင်မြန်စွာလက်ခံအသုံးပြုလာသည်နှင့်အမျှ ဒစ်ဂျစ်တယ် နည်းပညာ၊ ဘေးကင်းလုံခြုံသည့်အွန်လိုင်းအသုံးပြုမှု နှင့်ပတ်သက်သော ဗဟုသုတမရှိခြင်းတွေက မြန်မာနိုင်ငံရှိ ကလေးငယ်များ၊လူငယ်များနှင့် အင်တာနက် အသုံးပြုသူများကို အွန်လိုင်းအနိုင်ကျင့်ခံရမှု၊ အမုန်းစကား၊သတင်းတုနှင့် အခြားသောအွန်လိုင်း အလိမ်ခံရမှု စသည့်အန္တရာယ်များဖြစ်လာစေပါသည်။

တယ်လီနောမြန်မာသည် ဘေးကင်းပြီး တာဝန်သိသောနည်းလမ်းများဖြင့် “အားလုံးအတွက် အင်တာနက်” ကိုဆောင်ယူလာနိုင်မည်ဟု ယုံကြည်ခဲ့ပါသည်။ တယ်လီနောမြန်မာသည် ကလေးများအတွက်ဘေးကင်းသော အင်တာနက်အစီအစဥ်ကို ကျောင်းဟောပြောပွဲများကျင်းပခြင်း၊ ကျွမ်းကျင်အဖွဲ့အစည်းများနှင့်အတူပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် (၂၀၁၆) ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ပြီး ဆရာများနှင့်မိဘများကို ကလေးငယ်များနှင့် အင်တာနက် အကြောင်းဆွေနွေးရန် နည်းလမ်းကိရိယာများထောက်ပံ့ပေးခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ ဇွန်လမှ ၂၀၁၉ ခုနှစ်၊ ဇွန်လအထိ ဤအစီအစဥ်ကနေ ကျောင်းဟောပြောပွဲများမှတဆင့် ‌ကျောင်းသား၊ကျောင်းသူ (၄၅၀,၀၀၀) ကျော် ကိုလေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါသည်။

ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်

CSR Global Partnership

၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် တယ်လီနောမြန်မာသည် ဒစ်ဂျစ်တယ်နည်းပညာ၊ ဘေးကင်းသည့်အွန်လိုင်းအသုံးပြုမှုနှင့် ကျင်လည်မှုအစီအစဥ်ကို Plan International ၏ ပူးပေါင်းဆောင်ရွက်မှု၊ ပညာ‌ရေးဝန်ကြီးဌာန၏ ကူညီလမ်းညွှန်မှုတို့ဖြင့် စတင်ဆောင်ရွက်ခဲ့ပါသည်။ ဤအစီအစဥ်မှတဆင့် မြန်မာနိုင်ငံတဝန်း တိုင်းဒေသကြီး၊ ပြည်နယ်များမှ အသက် (၁၀ နှစ်မှ ၁၈) နှစ်ကြား ကျောင်းသား၊ကျောင်းသူနှင့်လူငယ်များကို ဒစ်ဂျစ်တယ်နည်းပညာစွမ်းရည်များ တိုးတက်အောင် သင်ကြားပေးရန်ရည်ရွယ် ခဲ့ပါသည်။ နှစ်နှစ်တာ ကြာမြင့်ခဲ့သည့် ဤအစီအစဉ်သည် ပညာရေးဝန်ကြီးဌာန နှင့် ပူးပေါင်းပြီးမြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ခေတ်တွင် မျိုးဆက်သစ် လူငယ်များအဆင်သင့်ဖြစ်စေရန်အလို့ငှာ ဘေးကင်းသောအင်တာနက် အသုံးပြုရေးဆိုင်ရာ ဒစ်ဂျစ်တယ် သင်ရိုးများကို အစိုးရ၏ ပညာရေးသင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းပေးနိုင် ရန်ရည်ရွယ်ခဲ့ပါသည်။

မိဘများအတွက်လမ်းညွှန်စာအုပ်

“ကိုယ့်ကလေးကို အင်တာနက်အကြောင်း ဘယ်လိုပြောမလဲ” လမ်းညွှန်စာအုပ်တွင် အင်တာနက်အကြောင်းမိတ်ဆက်ခြင်း၊ ကိုယ့်ကလေးကိုအင်တာနက်အကြောင်း ဘာကြောင့်ပြောပြသင့်သလဲ၊ ကလေးများကိုပြောပြသင့်သည့်အကြောင်းအရာများ၊ ကလေးများနှင့် အင်တာနက်တို့ကြားက တကယ့်ဖြစ်ရပ်ဇာတ်လမ်းများ စသည့်အကြောင်းအရာများပါဝင်ပါသည်။

(မြန်မာဘာသာ) စာအုပ်ကို ဤဝက်ဆိုက်လင့်ခ်တွင် download ရယူနိင်ပါသည်။

“စဥ်းစားဆင်ခြင် စာနာချစ်ခင်” ဘေးကင်းသောအင်တာနက် ဗီဒီယို

ပျော်ရွှင်ဖွယ်ရာ၊စိတ်ဝင်စားစရာကောင်းသော animation ဗီဒီယိုတွင် ကိုယ်ပိုင်အချက် အလက်ခိုးယူခံရခြင်း၊ အွန်လိုင်းပေါ်မှာအနိုင်ကျင့်ဗိုလ်ကျခြင်း၊ အွန်လိုင်းပေါ်လိမ်လည် ရင်းနှီးမှုရယူခြင်း၊ အမုန်းစကား၊ ညစ်ညမ်းစာနှင့် ပုံများပေးပို့ခြင်း၊ သတင်းတုနှင့် အွန်လိုင်းပေါ်မှာ ကိုယ်ချင်းစာတတ်ခြင်း အကြောင်းအရာများပါဝင်ပါသည်။

ကြာချိန် : ၂၀၁၆ ခုနှစ် မှ ၂၀၂၀ ခုနှစ် အထိ

အကျိုးသက်ရောက်မှု : ကျောင်းသား/ကျောင်းသူ နှင့် ဆရာ/ဆရာမ ပေါင်း ၆၉၂,၀၀၀ ကျော်ကို သင်တန်းပေးနိုင်ခဲ့ပါသည်။

Back to top