We'd like to send you notifications of the latest posts and updates

ဘေးကင်းလုံခြုံမှု

ကျွန်ုပ်တို့၏ ဝန်ထမ်းများ၏ လုံခြုံရေးသည် အက်တမ် ၏ မူဝါဒ ဖွဲ့စည်းပုံတွင် သတ်မှတ်ထား သည့်အတိုင်း ၊  အဓိက ဦးစားပေးသော တန်ဖိုးထားသောအရာ ဖြစ်ပါ သည်။

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် အလုပ်နှင့်ဆက်နွှယ်သော အန္တရာယ်ဆန်းစစ်လေ့လာမှုကို သေချာစွာ ဆောင်ရွက်ကြပြီး ကျွန်ုပ်တို့၏ဝန်ထမ်းများကို မည်သည့်ဒေသသို့မဆို  မသွားရောက်မီကပင် အန္တရာယ်များကို ကာကွယ်ရှောင်ရှားနိုင်ရန် သို့မဟုတ် ထိန်းချုပ်နိုင်ရန်အတွက်သေချာစေရန် နိုင်ငံတကာမှ အကောင်းဆုံး သောအလေ့အကျင့်စံနှုန်းများနှင့်အညီ အထူးစီမံဆောင်ရွက်ထားပါသည်။ 

ပုဂ္ဂလိကလုံခြုံရေး ကူညီဆောင်ရွက်သူများထံမှ ဝန်ဆောင်မှုများအတွက် လိုအပ်ချက် များ ရှိလာပါက အက်တမ် သည် ၎င်း၏ အကောင်းဆုံး အလေ့အကျင့်များအရ လုပ်ဆောင်မည်ဖြစ် ပြီး ကျန်းမာရေး ၊ လုံခြုံရေးဆောင်ရွက်မှု သေချာစေရန် သင်တန်းပေးလေ့ကျင့် မှု နှင့် ဖွံ့ဖြိုး တိုးတက်မှုကို အသေအချာကြည့်ရှုပြီးဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Back to top