We'd like to send you notifications of the latest posts and updates

Telemedicine Program

ATOM ၏ အရာရာထက် ပိုသော ကတိကဝတ်များနှင့်အညီ၊ ကျေးလက်ဒေသများနှင့် ဝေးလံခေါင်သီသော‌ဒေသများတွင် နေထိုင်သူ  ATOM သုံးစွဲသူများအတွက် အခမဲ့နှင့်အချိန်အကန့်အသတ်မရှိ ကျန်းမာရေးဆွေးနွေးစောင့်ရှောက်များထောက်ပံ့ပေးနိုင်ရန်မြန်မာနိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်မှ ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သော Trust Ooနှင့်  စတင်လက်တွဲ ခဲ့ပါသည်။ဤအစီအစဉ်သည် ATOM မှ လူမှုအကျိုးပြုအစီအစဉ်များ၏တစ်စိတ်တစ်ပိုင်းဖြစ်သော  ကျန်းမာရေးနှင့်ပညာရေးဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးမဏ္ဍိုင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံရှိ စုစု‌‌ပေါင်းလူဦးရေ၏ ၇၀ရာခိုင်နှုန်း ကျော်ခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အလှမ်းဝေး‌သော အခြေခံလူတန်းစားများကို ဒီအစီအစဉ်မှတစ်ဆင့် အကျိုးပြုပေးနိုင်ရန် ရည်ရွယ်ပါသည်။ အခြေခံလူတန်းစားတစ်ဦးတစ်ယောက်ချင်းစီအားCOVID19ကဲ့သို့သောရောဂါဖြစ်ပွားနေချိန်တွင်ဆေးရုံဆေးခန်းများသို့သွားရောက်စရာမလိုဘဲကောင်းမွန်သောကျန်းမာရေးဆွေးနွေးအကြံပေးချက်များကိုကျွမ်းကျင်ဆရာဝန်များထံမှအချိန်နေရာမရွေးလေလှိုင်းပေါ်မှတစ်ဆင့်အခမဲ့ရယူနိုင်ရန်ရည်ရွယ်ပါသည်။ 


၎င်းအစီအစဉ်၏အဓိကရည်ရွယ်ချက်များမှာ

ထို့အပြင်၊ ATOM ၏အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုရယူခြင်းဖြင့်စိတ်လှုပ်ရှားစရာဆုမဲများရယူနိုင်သော အစီအစဉ်ကို မေလ ၁ ရက်နေ့ ၂၀၂၄ ခုနှစ် မှ စက်တင်ဘာလ ၃၀ ရက်နေ့ ၂၀၂၄ ခုနှစ်ထိ (၅) လကြာမြင့်သော အစီအစဥ်ကျင်းပမည် ဖြစ်ပါသည်။ အသေးစိတ်အားဖြင့်


လစဉ်ဆုမဲအစီအစဉ်များ
ATOM ဆင်းကဒ်အသုံးပြုသူများအနေဖြင့် ကံစမ်းမဲအစီအစဉ်ကိုပါဝင်နိုင်ရန် ၇၈၈၇ သို့ လစဉ် တစ်ကြိမ်လျှင် အနည်းဆုံးတစ်မိနစ်ကြာဖုန်းခေါ်ဆိုရုံဖြင့် ATOM ၏ ကံစမ်းမဲအစီအစဉ်သို့ပါဝင်နိုင်မည် ဖြစ်ပါသည်။ လစဉ်တိုင်းတွင် ကံထူးသူ (၁၁) ယောက်အား ATOM နှင့် Trust Oo တို့မှ တာဝန်ရှိသူများမှ ကျပန်းရွေးချယ်မည်ဖြစ်ပြီးကံစမ်းမဲကာလ (၅) လတာအတွင်း ကံထူးရှင် (၅၅) ဦးကိုစီစစ်ရွေးချယ်ပြီး မိုလ်ဘိုင်းဖုန်းများ၊ ကျန်းမာရေးအထောက်အကူပြုဆေးဝါးများနှင့် မိသားစုသုံးကျန်းမာရေးပစ္စည်းများအား ပေးအပ်သွားမည်ဖြစ်သည်။ 


အထူးကျန်းမာရေးကုသမှုအစီအစဉ်
ကျန်းမာရေးပြသနာများအတွက် ဆေးကုသရာတွင် ငွေကြေးအခက်အခဲရင်ဆိုင်နေရသူများအနေဖြင့်လည်း ၇၈၈၇ သို့အခမဲ့ဆက်သွယ်ပြီး ကိုယ်တိုင်စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။ ဤအစီအစဉ်တွင်ပါဝင်နိုင်ရန် ATOMအသုံးပြုသူများအနေဖြင့်၇၈၈၇သို့ ကံစမ်းမဲကာလအတွင်း အနည်းဆုံး(၃)ကြိမ် (၁လလျှင် တစ်ကြိမ်) ဖြင့် တစ်ကြိမ်လျှင်အနည်းဆုံးတစ်မိနစ်ကြာမြင့်သော ကျန်းမာ‌ရေးစောင့်ရှောက်မှုရယူခြင်းဖြင့် ကံထူးသူ(၂)ဦးအားကံစမ်းမဲကာလအဆုံးတွင်ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။ 


အကျိုးသက်ရောက်မှု။ ။ လူနာဦးရေ (၁၃၀,၀၀၀) ကျော် (ဖေဖော်၀ါရီလ ၂၀၂၄ ခုနှစ် စာရင်းများအရ)
ကံစမ်းမဲကာလ။ ။ ၁ ရက်နေ့ မေလ ၂၀၂၄ မှ ၃၀ ရက် စက်တင်ဘာလ ၂၀၂၄ ထိ
အစီအစဥ်စချိန် - အောက်တိုဘာ ၂၀၂၂

 

ATOM & 7887 Telemedicine Campaign စည်းကမ်းနှင့်သတ်မှတ်ချက်များ

ကမ်ပိန်းကာလ - မေလ ၁ရက်နေ့ မှ စက်တင်ဘာလ ၃၀ ရက်နေ့
ဆုများစာရင်း

လစဉ်ဆုများ တစ်လစာ လအရေအတွက် စုစုပေါင်း
ဖြည့်စွက် ဆေးဝါးများ ၁၅
မိုလ်ဘိုင်းဟန်းဆက် ၁၀
မိသားစုအိမ်သုံးကျန်းမာရေး (O2 တိုင်းစက် ၊ သွေးပေါင်ချိန်တိုင်စက်၊ သာမိုမီတာ၊ ရှေးဦးသူနာပြုဆေးအိတ်၊ ပေါင်ချိန်စက်) ၁၅
Facebook Campaign Share (၅ လ) ၁၅
ကျန်းမာရေးထောက်ပံ့မှုဆုကြီး
စုစုပေါင်းဆုများ     ၅၇

 

Telemedicine Campaign တွင်ပါဝင်ခြင်း
လစဉ်ဆု
•    လစဉ်လတိုင်း၊ ATOM SIM ကို အသုံးပြု၍ 7887 Healthcare Call Center သို့ တစ်ကြိမ်လျှင် အနည်းဆုံး တစ်မိနစ်ကြာ ဖုန်းခေါ်ဆိုမှုပြုသူများသည် Campaign တွင်အကျုံးဝင်မည်ဖြစ်သည်။

ကျန်းမာရေးထောက်ပံ့မှုဆုကြီး
•    ကျန်းမာရေးပြဿနာများအတွက် အခက်အခဲများကြုံတွေ့နေရသော ATOM သုံးစွဲသူများသည် 7887 သို့ အခမဲ့ဆက်သွယ်နိုင်ပြီး ဆုကြီးပေါက်ရန်အတွက် ကိုယ်တိုင်စာရင်းသွင်းနိုင်ပါသည်။
•    တစ်လ ၁ ကြိမ်စီ၊ ကမ်ပိန်းကာလ အတွင်း အနည်းဆုံး ၃ ကြိမ် ATOM SIM ကို အသုံးပြု၍ 7887 Healthcare Call Center သို့ တစ်မိနစ်ကြာ ဖုန်းခေါ်ဆိုမှုပြုလုပ်ခြင်းဖြင့် ကမ်ပိန်းကာလ၏အဆုံးတွင်ရွေးချယ်ပေးမည့် ဆုကြီးအတွက် အကျုံးဝင်မည်ဖြစ်သည်။

 

Back to top