We'd like to send you notifications of the latest posts and updates

ရာသီဥတု နှင့် သဘာဝဘေးအန္တရာယ် 

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေး ရုံး(UNOCHA) အဆိုအရ မြန်မာနိုင်ငံသည် သဘာ၀ဘေးအန္တရာယ်မျိုးစုံအား ခံစားရနိုင်ဖွယ်ရှိနေပါသည်။ နိုင်ငံ၏ ကမ်းရိုးတန်းဒေသများသည် ဆိုင်ကလုံးများ၊ အပူပိုင်းဒေသမုန်တိုင်းများနှင့် ဆူနာမီများအား အထူးကြုံရနိုင်ဖွယ်ရှိ၍ မိုးရွာပြီး ရေကြီးမှု သည်လည်းနိုင်ငံတစ်ဝှမ်း ထပ်ခါတစ်လဲလဲဖြစ်ပေါ်နေသော အဖြစ်အပျက်ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတစ်ခုလုံး သည်ငလျင်၊ မိုးခေါင်မှုနှင့်မီးလောင်မှု အန္တရာယ်ကြုံနိုင်မှု ရှိနေပြီး နိုင်ငံ၏ တောင်တန်းဒေသများသည်လည်း မြေဆီလွာရွေ့လျားမှုအန္တရာယ်ကြုံရဖွယ်ရှိနေပါသည်။


တယ်လီနောသည် နိုင်ငံတစ်ဝှမ်း တယ်လီကွန်လုပ်ငန်းဆောင်ရွက်သူ ဖြစ်သည့်အလျောက် ကျွန်ုပ်တို့၏ အခြေခံအဆောက်အအုံများနှင့် အားပေးသုံးစွဲသူများသည် ထိုသဘာ၀ဘေးအန္တရာယ်များအား ရင်ဆိုင် ကြုံတွေ့ရဖွယ်ရှိနေပါသည်။ အဓိကရည်မှန်းချက်အနေဖြင့် ကျွန်ုပ်တို့၏ကွန်ယက်သည် သဘာ၀ဘေးအန္တရာယ် များအား တတ်နိုင်သမျှခံနိုင်ရည်ရှိ စေရန်ဖြစ်ပြီး ထိုမှသာလျင် ကယ်ဆယ်ရေးလုပ်သားများ၊ သဘာ၀ဘေး ဒုက္ခသည်များ၏ မိသားစုနှင့်သူငယ်ချင်းများသည် ဘေးအန္တရာယ်ကျရောက်သည့် ဧရိယာများနှင့် ဆက်သွယ်၍ အလုပ်ဆက်ဖြစ်နေမည်ဖြစ်ပါသည်။ အဆိုးရွားဆုံးအခြေနေအဖြစ် ကွန်ယက်သည် သဘာ၀ဘေးအန္တရာယ် တစ်ခုခုကြောင့်ပျက်စီးသွားလျှင် ဝန်ထမ်းများနှင့် ဆက်စပ်လုပ်ကိုင်သူများ၏ ဘေးကင်းလုံခြုံမှု သေချာရရှိစေရန် လုပ်ဆောင်ပြီး ကွန်ယက်ပြန်လည် လည်ပတ်လာ စေရန်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏တာဝန်သိ လုပ်ဆောင်သူအဖြစ် ဒုတိယရည်မှန်းချက်မှာ ကြီးမားသောဘေးအန္တရာယ်ကြောင့် လူဦးရေပမာဏများစွာထိခိုက်သွားပါလျှင် ကျွန်ုပ်တို့၏ ဘေးအန္တရာယ်လျှော့ချရေး ပူးပေါင်းဆောင်ရွက် သူများနှင့် ကျွန်ုပ်တို့ဝန်ထမ်းများ ကိုယ်တိုင်မှတစ်ဆင့် ဘေးဒုက္ခသည်များကို အစားအစာနှင့် အခြားအရေးပေါ်လိုအပ်နေသည့်အကူအညီများအတွက် ရန်ပုံငွေများလှူဒါန်းရန် ဖြစ်ပါသည်။

 

ကြာချိန် : ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ် အထိ

အကျိုးသက်ရောက်မှု : အကျိုးခံစားခွင့်ရသူ ၁၅၈,၀၀၀ ကျော်

 

Back to top