We'd like to send you notifications of the latest posts and updates
Article
09 Nov,2022 - Yangon | 2 mins read
ရေးသူ - ဦးဝင်းပိုင်ကျော် ၊ အက်တမ် (ATOM) ၏ ဒုတိယ အမှုဆောင်အရာရှိချုပ်
ပွင့်လင်းမြင်သာမှုရှိတဲ့ လုပ်ငန်းခွင်တစ်ခုဆိုတာ စီမံအုပ်ချုပ်သူအဖွဲ့ နဲ့ ဝန်ထမ်းတွေကြားမှာ ပွင့်လင်းတဲ့ ဆက်ဆံရေး တစ်ခုရှိပါတယ်။ ဒီလိုလုပ်ငန်းခွင်မျိုးကို ဖန်တီးခြင်းက အကျိုးကျေးဇူး အတော်များများကို ရရှိစေ ပါတယ်။ ဥပမာအားဖြင့် ဝန်ထမ်းတွေရဲ့ ပူးပေါင်းပါဝင်လုပ်ကိုင်မှု တိုးတက်လာပြီး ကုမ္ပဏီယဥ်ကျေးမှုလည်း ခိုင်မာ အားကောင်းလာပါတယ်။ ဒီဆောင်းပါးမှာ ကျွန်တော်တို့ ATOM ရဲ့ အပြုအမူ ငါးခုအနက် တစ်ခုဖြစ်တဲ့ ပွင့်လင်း မြင်သာမှုကို ATOM အဖွဲ့သားတွေက ဘယ်လိုစွဲကိုင်ကျင့်သုံးနေကြလဲဆိုတာ ရှင်းပြချင်ပါတယ်။
လုပ်ငန်းခွင်တွင်ပွင့်လင်းမှုရှိခြင်း
လုပ်ငန်းခွင်အတွင်း ပြောဆိုဆက်သွယ်ရေးမှာ ပွင့်လင်းမှုရှိခြင်းက ဝန်ထမ်းတွေအတွက် အပြုသဘောဆောင်တဲ့ အတွေ့အကြုံကို တွေ့ကြုံခံစားနိုင်စေဖို့ ဖန်တီးပေးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ကျွန်တော်တို့ ATOM မှာ ပွင့်လင်းမှုရှိတဲ့ ပြောဆိုဆက်ဆံရေး ယဉ်ကျေးမှုတစ်ရပ်ကို ဘယ်လို ပျိုးထောင်ထားသလဲ ဆိုတာ ရှင်းပြ ပါရစေ။
၁) စီမံခန့်ခွဲမှုဆိုင်ရာ နောက်ဆုံးအခြေအနေများကို ပုံမှန်ရှင်းလင်းဝေမျှခြင်း - ကျွန်တော်တို့ ATOM မှာ သုံးလပတ် townhall အစည်းအဝေးတွေနဲ့ လပတ်အစည်းအဝေးတွေကို ကျင်းပပြီး ကုမ္ပဏီရဲ့လုပ်ဆောင်ချက်နဲ့ အဓိက စွမ်းဆောင်အောင်မြင်မှုတွေအကြောင်း ဝေမျှကြပါတယ်။ ဒီလို ပြုလုပ်ခြင်းက ဝန်ထမ်းတွေအနေနဲ့ ကုမ္ပဏီရဲ့ တိုးတက်မှု နဲ့ ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေကို သဘောပေါက်စေရုံသာမက စီမံခန့်ခွဲသူတွေက ဘယ်လိုအကြောင်း အရာတွေ အပေါ်အခြေခံပြီး ဆုံးဖြတ်ချက်ချလဲဆိုတာကို သိရှိစေပါတယ်။
၂) အပြုသဘောဆောင်တဲ့ အကြံပေးချက် - ဝန်ထမ်းတွေအနေနဲ့ အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြချက် တွေကို စိတ်ထဲမှာ အရှိအတိုင်း ထုတ်ဖော်ပြောဆိုနိုင်ဖို့ဆိုရင် သူတို့အတွက် ဘေးကင်းမှုကို ခံစားရတဲ့ ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးပေးဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ ATOM ရဲ့ ကုမ္ပဏီရဲ့ ဌာနအဆင့်ဆင့်တိုင်းမှာ ဒီလို ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ အမြဲ တိုက်တွန်းအားပေးနေပါတယ်။
၃) တံခါးဖွင့်မူဝါဒ - ကျွန်တော်တို့ ATOM က အဖွဲ့သားတွေ အပြန်အလှန် ဆက်သွယ်ပြောဆိုပြီး ပူးပေါင်း ဆောင်ရွက်ကြတဲ့အချိန်မှာ ပိုပြီး လွယ်ကူမြန်ဆန်ဖို့ တံခါးဖွင့်မူဝါဒကို လိုက်နာကျင့်သုံးထားပါတယ်။ ဒီလို တံခါးတွေ ဖွင့်ပေးထားတဲ့အတွက် ဝန်ထမ်းတွေအနေနဲ့ မိမိတို့ ထင်မြင်ယူဆချက်တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောနိုင်မှာဖြစ်ပါတယ်။
လုပ်ငန်းခွင်တွင်ရိုးသားမှုရှိခြင်း
ရိုးသားခြင်းက လုပ်ငန်းခွင်တစ်ရပ်ကို ခိုင်မာအားကောင်းလာစေပါတယ်။ ဝန်ထမ်းတွေ အချင်းချင်း ပေါ့ပေါ့ပါးပါးနဲ့ ဆက်သွယ်ပြောဆိုနိုင်ဖို့၊ စီးပွားရေးကျင့်ဝတ်ကောင်းတွေ တည်ဆောက်မွေးမြူပြီး မှန်ကန်တဲ့အရာတွေ လုပ်ဆောင်ဖို့ ကျွန်တော်တို့ တိုက်တွန်းအားပေးနေပါတယ်။ ATOM မှာ ဒီလို ရိုးသားမှုကို အခြေပြုတဲ့ ပတ်ဝန်းကျင် တစ်ခုကို တည်ဆောက်ဖို့ ဘယ်လိုကြိုးစားနေကြလဲဆိုတာ ပြောပြပါရစေ။
၁) ဝန်ထမ်းသစ်ခန့်အပ်တဲ့အချိန် စစ်မှန်တဲ့ ပြောဆိုဆက်သွယ်မှုကို ဆောင်ရွက်ခြင်း - အလုပ်အင်တာဗျူးလုပ်တဲ့ အချိန်မှာ ပွင့်လင်းပြတ်သားစွာ ပြောဆိုဆက်သွယ်တာကို အလေးထားပြုလုပ်ပါတယ်။ အလုပ်လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းဖြစ်အောင် လျှောက်ထားသူတွေနဲ့ ကြိုတင်ဆွေးနွေးထားပြီး သူတို့မျှော်လင့်ထား တာနဲ့ ကုမ္ပဏီက လိုအပ်နေတဲ့အရာနဲ့ ကိုက်ညီမှုရှိအောင် လုပ်ဆောင်ပါတယ်။
၂) ကျင့်ဝတ်ပိုင်းဆိုင်ရာစံနှုန်းများ ချမှတ်ခြင်း - ရိုးသားဖြောင့်မတ်စွာ ပြုမူကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ စံနှုန်းရည်မှန်းချက်တွေကို ဝန်ထမ်းတွေ သိရှိနားလည်လာအောင် ဝန်ထမ်းစည်းမျဉ်းစာအုပ် စတဲ့ ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံကနေ အသိပေးနေပါတယ်။ ဒါ့အပြင် ကျင့်ဝတ်နဲ့ မကိုက်ညီတဲ့ အပြုအမူတွေကို တိုင်ကြားလို့ရအောင် အတွင်းသတင်းမူဝါဒ ချမှတ်ပေးထားတဲ့အတွက် ဝန်ထမ်းတွေအနေနဲ့ လွတ်လွတ်လပ်လပ်နဲ့ တိုင်ကြားနိုင်ပါတယ်။
၃) စိတ်အားထက်သန်စွာလုပ်ဆောင်ခြင်း - ATOM က ဝန်ထမ်းတွေ အကောင်းဆုံးလုပ်ကိုင်နေတယ်ဆိုတာကို အပြည့်အဝ ယုံကြည်ထားပြီး သူတို့အနေနဲ့ ကုမ္ပဏီအပေါ်တစ်စုံတစ်ခု ထိခိုက်နစ်နာစေမလားဆိုတဲ့ သံသယထား တာမျိုးမရှိပါဘူး။ ဝန်ထမ်းတွေ စွမ်းဆောင်ရည်မြင့်မားဖို့ သူတို့ရဲ့ လုပ်ငန်းလုပ်ကိုင်နိုင်စွမ်းရည်ကို စိစစ်အကဲဖြတ် မှုတွေပြုလုပ်ပေးတာမျိုး၊ ကုမ္ပဏီအနေနဲ့ တခြားဘယ်လိုထောက်ပံ့မှုမျိုးတွေကို လုပ်ပေးနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး အမြဲတစေ ဆွေးနွေးဖြစ်ပါတယ်။
လုပ်ငန်းခွင်တွင် စစ်မှန်မှုရှိခြင်း
ATOM က တစ်ဦးနှင့်တစ်ဦး စစ်မှန်စွာနဲ့ အကျိုးရလဒ်ရှိတဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့ အရေးကြီးတယ် ဆိုတာကို လက်ခံယုံကြည်ထားပါတယ်။ ဒီလို စိတ်ရင်းမှန်တဲ့ ဆက်ဆံရေးတွေ ဖြစ်ပေါ်ဖို့ ကျွန်တော်တို့ ဘယ်လို တိုက်တွန်းနေသလဲ ရှင်းပြချင်ပါတယ်။
၁) သာလွန်ကောင်းမွန်အောင် ဆောင်ရွက်ခြင်း - ATOM က ဝန်ထမ်းတွေကို “ဘာများကူညီပေးရမလဲ” ဆိုတဲ့ စိတ် မွေးမြူတတ်ဖို့ တိုက်တွန်းလျက်ရှိပါတယ်။ ဒီလိုမျိုး ကိုယ့်လုပ်ဖော်ကိုင်ဖက်ရဲ့ အခက်အခဲတွေကို နားထောင် ပေးမယ်၊ တတ်နိုင်သရွေ့ အကူအညီပေးတာမျိုးလုပ်မယ်ဆိုရင် အဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုက တစ်နေ့ထက်တစ်နေ့ ပိုမို ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
၂) ကျေးဇူးတင်ကြောင်းဖော်ပြခြင်းနှင့်အသိအမှတ်ပြုခြင်း - ATOM က အဖွဲ့သားတွေ၊ ဝန်ထမ်းတွေရဲ့ အောင်မြင်မှု ကို အသိအမှတ်ပြုပြီး သူတို့ရဲ့ ကြိုးစားအားထုတ်မှုအတွက်လည်း ကျေးဇူးတင်ကြောင်း အမြဲထုတ်ဖော်ပြသ နေပါတယ်။ ဒီလိုလုပ်ရတဲ့ရည်ရွယ်ချက်က ကျွန်တော်တို့အနေနဲ့ တူညီတဲ့ပန်းတိုင်တစ်ခု ရောက်ရှိဖို့ အတူတကွ လုပ်ဆောင်တဲ့အချိန်မှာ အချင်းချင်းဖေးမကူညီအားပေးတတ်ဖို့ပဲ ဖြစ်ပါတယ်။
၃) လုပ်ဆောင်တဲ့ အရာတိုင်းမှာ စစ်မှန်မှုရှိခြင်း - စစ်မှန်မှုဆိုတာ ကျွန်တော်တို့ရဲ့သုံးစွဲသူတွေကို ဝန်ဆောင်မှု ပေးတဲ့အချိန်၊ မိတ်ဖက်လုပ်ငန်းတွေနဲ့ လက်တွဲလုပ်ကိုင်တဲ့အချိန်၊ အခြားသက်ဆိုင်ရာအဖွဲ့အစည်းတွေ နဲ့ ဆက်သွယ်ပြောဆိုတဲ့အချိန်မှာ စိတ်ရင်းမှန်နဲ့ လုပ်ဆောင်တာမျိုးကိုဆိုလိုပါတယ်။ ရည်မှန်းချက်ပန်းတိုင် ကြီးကြီးမားမားထားရှိခြင်းကလည်း ဝန်ထမ်းတွေအနေနဲ့ နဂိုထက် ပိုပြီး အလုပ်ကြိုးစားလာဖို့ တွန်းအားဖြစ် စေတာကြောင့် စစ်မှန်မှုကို ဖြစ်ပေါ်စေပါတယ်။
ကမ္ဘာကြီးမှာ အချင်းချင်း ဆက်သွယ်ရေးပုံစံတွေ တိုးတက်လာတာနဲ့အတူ လုပ်ငန်းခွင်မှာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ပြောဆိုတဲ့ပုံစံကလည်း ပိုပြီး တိုးတက်ပြောင်းလဲလာနေပါတယ်။ ဒါကြောင့် အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိခြင်းဆိုတာ အမြဲတစေတိုးတက်ပြောင်းလဲနေတဲ့ အရာတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသူ နိုင်ငံသား တွေအတွက် ကမ္ဘာ့အဆင့်မီ ဆက်သွယ်ရေးကွန်ရက်တစ်ခုကို ဝန်ဆောင်မှုပေးနိုင်ဖို့ နဲ့ နိုင်ငံအတွက် #BeyondBetter ဖွံ့ဖြိုးတိုးတက်မှုတွေကို သယ်ဆောင်လာပေးနိုင်ဖို့အတွက်လည်း မရှိမဖြစ် အရေးပါအရာ ရောက်တဲ့ အပြုအမူတစ်ရပ်ပဲ ဖြစ်ပါတယ်။
Back to top
Share