We'd like to send you notifications of the latest posts and updates

Article

ATOM အပြုအမူများ | ကတိတည်ခြင်း - ယုံကြည်ခြင်း၊ သမာဓိရှိခြင်း၊ တာဝန်ယူခြင်း

25 Nov,2022 - Yangon | 1 mins read

ATOM အပြုအမူများ | ကတိတည်ခြင်း - ယုံကြည်ခြင်း၊ သမာဓိရှိခြင်း၊ တာဝန်ယူခြင်း

ကတိတည်ခြင်း ဆိုတဲ့ စကားရပ်က ဘာကိုဆိုလိုချင်တာလဲ? ဒီစကားရပ်နဲ့ပတ်သက်ပြီး ကျွန်မတို့ အက်တမ် (ATOM) က လက်ခံယုံကြည်ထားတာကတော့ ယုံကြည်ခြင်း၊ သမာဓိရှိခြင်း နဲ့ တာဝန်ယူခြင်း စတဲ့ အုတ်မြစ်တွေ ပေါ်အခြေခံပြီး ဝန်ထမ်းအချင်းချင်း ဒါမှမဟုတ် မိတ်ဖက်ပါတနာတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းကနေတစ်ဆင့် ကတိကဝတ်ပြုထားတဲ့အတိုင်း ပြီးမြောက်အောင် လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။

ဒီဆောင်းပါးမှာ အက်တမ် (ATOM) ရဲ့ အပြုအမူငါးခုအနက် တစ်ခုဖြစ်တဲ့ - “ကတိတည်ခြင်း” ဆိုတဲ့ အလေ့အထ အကြောင်း နဲ့ ဒီ အလေ့အထက သုံးစွဲသူတွေအတွက် #BeyondBetter ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေကို ပံ့ပိုးပေးမယ်ဆိုတဲ့ ကျွန်မတို့ အက်တမ် (ATOM) ရဲ့ ရည်မှန်းချက်ပြည့်မြောက်ရေး ကြိုးစားလုပ်ဆောင်နေတဲ့ လုပ်ငန်းစဥ်ကို ဘယ်လိုမျိုး လမ်းညွှန်ပြသနေလဲဆိုတာကို ဝေမျှပေးသွားချင်ပါတယ်။

လုပ်ငန်းခွင်တွင်း ယုံကြည်မှုတည်ဆောက်ခြင်း

လုပ်ငန်းခွင်ယုံကြည်မှုရှိခြင်းဆိုတာက ဝန်ထမ်းတွေအနေနဲ့ ပွင့်လင်းမြင်သာရှိခြင်း နဲ့ အချင်းချင်း အပြန်အလှန် လေးစားမှုရှိခြင်း စတဲ့ ယဥ်ကျေးမှုတွေကို လိုက်နာကျင့်သုံးကြတယ်လို့ ဆိုလိုပါတယ်။ ဝန်ထမ်းတွေက သူတို့ လုပ်ကိုင်ပေးနေတဲ့ကုမ္ပဏီနဲ့ပတ်သက်ပြီး ဂုဏ်ယူကြပြီး ကုမ္ပဏီအတွက် အကောင်းဆုံးလုပ်ဆောင်ပေးဖို့ စိတ်အားထက်သန်မှုရှိတဲ့အပြင် သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ရာမှာ ယုံကြည်မှု တည်ဆောက်ဖို့ အဆင်သင့် ဖြစ်နေကြပါတယ်။

ကျွန်မတို့ အက်တမ် (ATOM) က ဝန်ထမ်းတွေအနေနဲ့ အချင်းချင်း အပြန်အလှန်လေးစားမှုရှိကြဖို့၊ ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ငန်းလည်ပတ်ခြင်းဆိုင်ရာ အလေ့အထကို ပြုစုပျိုးထောင်ကြဖို့ နဲ့ ရည်မှန်းချက် ပြည့်မီရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးပိုင်းကို အလေးထားလုပ်ဆောင်ဖို့ တိုက်တွန်းအားပေးနေပါတယ်။ ဒီလို လုပ်ဆောင်မှသာ လုပ်ငန်းခွင်ယုံကြည်မှုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် နဲ့ ခေါင်းဆောင်ကို ယုံကြည်စိတ်ချမှုရှိတဲ့ ဝန်ထမ်းတွေကသာလျှင် ပွင့်လင်းမြင်သာရှိခြင်း၊ ရိုးသားခြင်း၊ ကိုယ်ချင်းစာစိတ်ထားရှိခြင်း နဲ့ ပူးပေါင်းလုပ်ကိုင်တတ်ခြင်းတွေကို ပိုပြီး လုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။

သမာဓိရှိစွာလုပ်ငန်းလုပ်ဆောင်ခြင်း

သမာဓိရှိခြင်းဆိုတာက တသမတ်တည်းဖြစ်တဲ့ စံနှုန်းသတ်မှတ်မှု၊ စည်းမျဥ်းစည်းကမ်းတွေ နဲ့ ရလဒ်တွေကို ပေးစွမ်းနိုင်ဖို့ အလေးထားခြင်းအပြင် ပေးထားတဲ့ကတိကို ပြည့်မြောက်အောင် လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ခြင်းက လုပ်ငန်းခွင်မှာ အပြုသဘောဆောင်တဲ့အလေ့အထဖြစ်လာအောင် တိုက်တွန်းအားပေးပါတယ်။ ဥပမာအားဖြင့် ကျွန်မတို့ အက်တမ် (ATOM) က ဌာနတစ်ခုချင်းစီရဲ့ ရည်မှန်းချက် နဲ့ လုပ်ငန်းစဥ်တွေက အက်တမ် (ATOM) ရဲ့ ကတိကဝတ်(၁၀)ချက် နဲ့ ကိုက်ညီမှုရှိရေး ပြန်လည်ပြင်ဆင်တာမျိုးပြုလုပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ သုံးလပတ်အစည်းအဝေးတွေကို ကျင်းပပေးပါတယ်။ ဒီလိုကျင်းပခြင်းက ကုမ္ပဏီရဲ့ ဦးတည်ချက်အတိုင်း အားလုံး အတူတကွလျှောက်လှမ်းနိုင်ဖို့ ရည်ရွယ်ပါတယ်။

သမာဓိရှိစွာလုပ်ငန်းလုပ်ဆောင်ခြင်းက သင့်လျော်လျောက်ပတ်မှုရှိတဲ့ ကျင့်ဝတ်တွေကို စောင့်ထိန်းခြင်းလို့လည်း အဓိပ္ပာယ်ရပါတယ်။ ကျွန်မတို့ အက်တမ် (ATOM) ရဲ့ ဝန်ထမ်းအားလုံးက အက်တမ် (ATOM) ရဲ့ အပြုအမူငါးခုက လမ်းညွှန်ထားတဲ့အတိုင်း ကိုယ်ကျင့်တရား၊ ကျင့်ဝတ်ဆိုင်ရာစည်းမျဥ်းစည်းကမ်းတွေနဲ့ တန်ဖိုးထားရတဲ့ စံနှုန်းသတ်မှတ်ချက်တွေကို ကျင့်သုံးကြပါတယ်။

ကတိကဝတ်အတိုင်း တာဝန်ယူမှုရှိခြင်း

လုပ်ငန်းခွင်မှာတာဝန်ယူမှုရှိခြင်းက ဝန်ထမ်းတွေအနေနဲ့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တိုင်း၊ စွမ်းဆောင်နိုင်စွမ်း နဲ့ ဆုံးဖြတ်ချက်တိုင်းအတွက် တာဝန်သိတတ်မှုရှိခြင်းကို ဆိုလိုပါတယ်။ ဒါ့အပြင် ဝန်ထမ်းတစ်ယောက်ချင်းစီက ကိုယ့်ရဲ့ လုပ်ဆောင်ချက်ရလဒ်တိုင်းက ကုမ္ပဏီရဲ့ တိုးတက်ဖွံ့ဖြိုးမှု နဲ့ တခြား အဖွဲ့သားတွေအပေါ် သက်ရောက်မှုရှိနေကြောင်းကို နားလည်သဘောပေါက်ခြင်းလို့ မှတ်ယူနိုင်ပါတယ်။

ကျွန်မတို့ အက်တမ် (ATOM) မှာ တာဝန်ယူတတ်ခြင်းဆိုတဲ့အလေ့အထက ကုမ္ပဏီနဲ့ တစ်သားတည်း အမြစ်တွယ် နေပြီဖြစ်ပါတယ်။ အက်တမ် (ATOM) က ဝန်ထမ်းတွေအနေနဲ့ စံပြအဖြစ် ပြုမူနေထိုင်ပြီး ခေါင်းဆောင်မှုစွမ်းရည် ပြသနိုင်ဖို့၊ အဖွဲ့လိုက်ရည်မှန်းချက် ထားရှိဖို့၊ အပြန်အလှန် ပြောဆိုဆွေးနွေးတဲ့နည်းလမ်းကို ကျင့်သုံးဖို့ နဲ့ တစ်ဦးနဲ့တစ်ဦး အထောက်အပံ့ပေးခြင်းဖြင့် ပိုမိုတာဝန်ယူနိုင်လာဖို့ အမြဲတိုက်တွန်းအားပေးနေပါတယ်။

အနှစ်ချုပ်အနေနဲ့ “လုပ်ရပ်တွေက စကားလုံးတွေထက် ပိုထိရောက်တယ်” ဆိုတဲ့ ဆောင်ပုဒ်ကို ကိုးကားပြီး ဝေမျှသွားချင်တာက ကတိကဝတ်တွေကို ရလဒ်တွေအနေနဲ့ ပြသနိုင်ဖို့အတွက် ကျွန်မတို့ အက်တမ် (ATOM) က အဖွဲ့သားတွေကို ယုံကြည်ခြင်း၊ သမာဓိရှိခြင်း၊ တာဝန်ယူခြင်း စတဲ့ အခြေခံအုတ်မြစ်တွေအတိုင်း လိုက်နာကြဖို့ တိုက်တွန်းအားပေးနေတယ်ဆိုတာပါ။ ကျွန်မတို့ ဘယ်အရာတွေကို ဘယ်လိုမျိုး ပံ့ပိုးကူညီဆောင်ရွက်ပေးလဲ ဆိုတာက အဓိက အရေးကြီးတဲ့အရာ ဖြစ်နေလို့ပါပဲ။

Back to top