We'd like to send you notifications of the latest posts and updates
Article
09 Dec,2022 - Yangon | 2 mins read
Aရေးသူ - Sudhansu Kumar Sinha၊ ATOM ၏ စျေးကွက်ချဲ့ထွင်ရေးဆိုင်ရာ အမှုဆောင်အရာရှိချုပ်
ဆန်းသစ်တီထွင်မှုဆိုတာက အဖွဲ့အစည်းတိုင်းရဲ့ စီးပွားရေးတိုးတက်မှုအတွက် အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်ပြီး ဆန်းသစ်တဲ့ အတွေးအခေါ်တွေ ထွက်ပေါ်လာဖို့အတွက် ဝန်ထမ်းတွေအနေနဲ့ အတိုင်းအဆမရှိများပြားလှတဲ့ အခွင့်အလမ်းတွေကို လေ့လာဖော်ထုတ်နိုင်စွမ်းရှိအောင် မြေတောင်မြှောက်ပေးဖို့ လိုအပ်ပါတယ်။ #BeyondBetter တိုးတက်မှုတွေရရှိအောင် အမြဲကြိုးစားနေတဲ့ တယ်လီကွန်းဆက်သွယ်ရေးကုမ္ပဏီတစ်ခုအနေနဲ့ ATOM က လက်ရှိထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ပိုမိုတိုးတက်နိုင်အောင် လုပ်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေ နိုင်အောင်နဲ့ လက်ရှိလည်ပတ်နေတဲ့ နည်းလမ်းတွေကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနိုင်မယ့် ဆန်းသစ် တီထွင်မှုအသစ်တွေကို မိတ်ဆက်ပေးနိုင်ဖို့ ဝန်ထမ်းတွေကို အမြဲတွန်းအားပေးနေပါတယ်။
ဒီဆောင်းပါးထဲမှာတော့ ကျွန်တော်က ATOM အပြုအမူတွေထဲက တစ်ခုဖြစ်တဲ့ “ဆန်းသစ်တီထွင်ရန် စူးစမ်း တတ်ခြင်း” ကို Innobox ကမ်ပိန်းကနေတစ်ဆင့် ဝန်ထမ်းတွေကို ဘယ်လို တိုက်တွန်းအားပေးခဲ့သလဲ ဆိုတာကို မျှဝေပေးချင်ပါတယ်။ Innobox ကမ်ပိန်းဆိုတာကတော့ ATOM ရဲ့ ဝန်ထမ်းတွေကို သင်ယူမှုတွေ ပြုလုပ်ပြီး ရဲရဲ ရင့်ရင့်နဲ့ စူးစမ်းလိုစိတ်တွေ ရရှိလာအောင် စိန်ခေါ်မှုအသစ်တွေနဲ့ တိုက်တွန်းအားပေးတဲ့ အစီအစဉ်တစ်ခုပါ။
InnoBox ပြိုင်ပွဲအစီအစဉ်
၂၀၂၂ ခုနှစ် ဇွန်လ မှာ ATOM ရဲ့ နေ့စဉ် လုပ်ငန်းလည်ပတ်မှုတွေကို ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ဖို့နဲ့ လုပ်ငန်းရဲ့ တိုးတက်မှုအတွက် ဆန်းသစ်ပြီး ထက်မြက်တဲ့ စိတ်ကူးစိတ်သန်းတွေကို ဝန်ထမ်းတွေ မျှဝေနိုင်အောင် အားပေး နိုင်ဖို့ ရည်ရွယ်ထားတဲ့ InnoBox လို့ခေါ်တဲ့ ပြိုင်ပွဲအစီအစဉ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီပြိုင်ပွဲအစီအစဉ်က အသုံးပြုသူတွေရဲ့ အတွေ့အကြုံတွေ ပိုမိုကောင်းမွန်အောင် တိုးမြှင့်ခြင်း၊ ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန် ဖြေရှင်းချက်များ ရှာဖွေခြင်း နဲ့ လုပ်ငန်းအဆင့်မြှင့်တင့်နိုင်ရန်အတွက် အဖွဲ့အစည်းအတွက် နည်းလမ်းသစ်များ ဖန်တီးခြင်း စတဲ့ ကဏ္ဍ (၃) ခုနဲ့ ပက်သက်တဲ့ စိတ်ကူးအကြံဉာဏ်တွေ ဖော်ထုတ်နိုင်ဖို့အတွက် အဓိကထား ရည်ရွယ်ပါတယ်။
ဝန်ထမ်းတွေအနေနဲ့ မိမိစိတ်တိုင်းကျ အဖွဲ့တွေ ဖွဲ့နိုင်သလို သုံးလအတွင်း သူတို့ရဲ့ စိတ်ကူးစိတ်သန်း အကြံဉာဏ် တွေကို တင်သွင်းပေးရမှာ ဖြစ်ပါတယ်။ အနိုင်ရရှိမယ့် အကြံဉာဏ်တွေကိုတော့ ATOM ရဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့ဝင်တွေ စုပြီး ဖွဲ့စည်းထားတဲ့ အကဲဖြတ်ဒိုင်လူကြီးများက ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေ အကုန်လုံး ပါဝင်ယှဉ်ပြိုင်ကြဖို့ တိုက်တွန်းအားပေးတဲ့အနေနဲ့ အနိုင်ရရှိတဲ့ အဖွဲ့တစ်ဖွဲ့ချင်းကို မြန်မာငွေ သိန်း ၅၀ ကျပ်စီ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
InnoBox ပြိုင်ပွဲ ခရီးစဉ်
ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေအနေနဲ့ ဒီ InnoBox ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်အောင် အားပေးကူညီတဲ့အနေနဲ့ “Pitch Perfect” လို့ခေါ်တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာတော့ ဒီဇိုင်းပုံစံ ပုံဖော်ခြင်းကနေ ရှေ့ပြေးပုံစံငယ် တည်ဆောက်ခြင်းအထိ အကြံဉာဏ်တွေကို ဘယ်လိုစဉ်းစားဖော်ထုတ်ရမလဲဆိုတာနဲ့ ပက်သက် ပြီး အချက်အလက်တွေ မျှဝေတဲ့ အစီအစဉ်တွေ ပြုလုပ်ပေးခဲ့ပါတယ်။ အကြံဉာဏ်တစ်ခုကို အကဲဖြတ်တွေ ကျေနပ်သဘောကျသည်အထိ ရှင်းလင်းတင်ပြပုံ နည်းလမ်းတွေ နဲ့ တကယ် လက်တွေ့အကောင်အထည်ဖော် ရမယ့် နည်းလမ်းတွေကိုလည်း ရှင်းပြခဲ့ပါတယ်။
ဒီအလုပ်ရုံဆွေးနွေးပွဲမှာ လေ့လာသင်ယူမှု အခွင့်အလမ်းများစွာ ပါဝင်ခဲ့ပြီး ပိုအရေးကြီးတာကတော့ ဝန်ထမ်းတွေ အနေနဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ ပိုမို စူးစမ်းတတ်အောင်နဲ့ ဖြေရှင်းချက်တွေကို ပြတ်သားပြီး ရဲရင့်စွာ လုပ်ဆောင်နိုင်အောင်လည်း အားပေးတိုက်တွန်းခဲ့ပါတယ်။ ဒီဖြေရှင်းချက်တွေက လုပ်ငန်းစဉ်ကို ရိုးရှင်း အောင် ပြုလုပ်ခြင်း၊ ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်း၊ အလိုအလျောက်စနစ် ပြောင်းလဲခြင်း၊ လုပ်ငန်း လည်ပတ်မှု ဆိုင်ရာ ကုန်ကျစရိတ် လျော့ချခြင်းနှင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်သစ်တွေ အပေါ်မှာ အဓိက အခြေခံ ထားပါတယ်။
ရလဒ်များ
မတူညီတဲ့ ဌာနအမျိုးမျိုးက ဝန်ထမ်းတွေပါဝင်တဲ့ အဖွဲ့ပေါင်း (၁၂) ဖွဲ့က ရည်မှန်းချက်ကို အဓိကဦးစားပေးပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ အကြံဉာဏ်တွေကို InnoBox ပြိုင်ပွဲမှာ တင်ပြခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလလယ်မှာ အနိုင်ရရှိသွားတဲ့ တီထွင်ဆန်းသစ်မှု အကြံဉာဏ်နှစ်ရပ်ကို အောက်ပါအတိုင်း ကြေညာခဲ့ပါတယ်။
၁) Lucky Charm အဖွဲ့က ATOM အသုံးပြုသူတွေအနေနဲ့ ATOM Store အက်ပလီကေးရှင်းထဲမှာ ထည့်သွင်း ထားတဲ့ လှုပ်ရှားမှုအစီအစဉ်တွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး ငွေသားဆုလက်ဆောင်တွေ ရယူနိုင်တဲ့ 'ATOM Legend' လို့ခေါ်တဲ့ ပရိုဂရမ်တစ်ခုကို ရေးဆွဲအကောင်အထည်ဖော်ဖို့ အကြံပြုခဲ့တယ်။ ATOM အသုံးပြုသူတွေနဲ့ ပိုပြီး အပြန် အလှန် ထိတွေ့ဆက်ဆံနိုင်ဖို့အတွက် ATOM Store အက်ပလီကေးရှင်းကို အသုံးပြုထားတဲ့ အကြံဉာဏ်တစ်ခုပဲ ဖြစ်ပါတယ်။
၂) Alpha အဖွဲ့က ကွန်ရက်နဲ့ဆက်စပ်တဲ့ တိုင်ကြားမှုတွေကို ဖြေရှင်းပေးနိုင်မယ့် မိုဘိုင်းအက်ပလီကေးရှင်းတစ်ခု ရေးဆွဲဖန်တီးဖို့ အကြံပြုထားပါတယ်။ ကိုယ်တိုင်ဝန်ဆောင်မှုပေးနိုင်တဲ့ self-service portal နည်းပညာကို အခြေခံ ထားတဲ့ မိုဘိုင်းအက်ပလီကေးရှင်း ပလက်ဖောင်းတစ်ခု အသုံးပြုခြင်းကနေ တစ်ဆင့် ATOM ၏ customer ဝန်ဆောင်မှုပေးတဲ့ အဖွဲ့သားတွေက customer တွေရဲ့ ကွန်ရက်ရှုပ်ထွေးမှုပြဿနာတွေကို ချက်ချင်း သိရှိနိုင်မှာ ဖြစ်ပြီး ဖြေရှင်းမှုတွေ ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီအကြံဉာဏ်ကို အကောင်အထည်ဖော်ခြင်းဖြင့် ATOM အနေနဲ့ ပြဿနာတွေကို တုံ့ပြန်ဖြေရှင်းတဲ့ အချိန်တိုတောင်းလာနိုင်ခြင်း၊ ဝန်ဆောင်မှု စွမ်းရည်မြင့်တက်ခြင်း နဲ့ အသုံးပြုသူတွေ စိတ်ကျေနပ်မှုပိုမိုရရှိခြင်းစတဲ့ အခွင့်အလမ်းတွေ ရရှိလာမှာ ဖြစ်ပါတယ်။
လာမယ့်အပတ်တွေမှာလည်း အဖွဲ့နှစ်ဖွဲ့လုံးအတွက် workshops တွေ၊ ဝန်ထမ်းတစ်ဦးချင်းစီကို လေ့ကျင့်သင်ကြား ပေးတဲ့ အစီအစဉ်တွေ ပံ့ပိုးပေးသွားမှာ ဖြစ်ပြီး သူတို့ရဲ့ အကြံဉာဏ်အတိုင်း လက်တွေ့အကောင် အထည်ဖော်နိုင်ဖို့ ငွေကြေးထောက်ပံ့မှုတွေလည်း ရရှိကြမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ အကြံဉာဏ်တွေကို အကောင်အထည်ဖော်ပြီး ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေကို #BeyondBetter ဝန်ဆောင်မှုတွေ ပေးစွမ်းရာမှာ ရလဒ်ကောင်းတွေ ရရှိလာဖို့ ATOM အဖွဲ့သားတွေနဲ့အတူ ကျွန်တော် မျှော်လင့်နေပါတယ်။
Back to top
Share