We'd like to send you notifications of the latest posts and updates

Article

ATOM အပြုအမူများ | အမြဲရိုးရှင်းမှုနှင့် ခေတ်မီသားနားစွာထားခြင်း - ရိုးရှင်းခြင်း၊ ခေတ်မီသားနားမှုရှိခြင်း၊ စိတ်နှစ်လုပ်ဆောင်တတ်ခြင်း

16 Nov,2022 - Yangon | 1 mins read

ရေးသူ - Ahmad Abdallah ၊ အက်တမ် (ATOM) ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အမှုဆောင်အရာရှိချုပ်

ကုမ္ပဏီအဖွဲ့အစည်းအတွက် အလုပ်လုပ်ကိုင်တဲ့အချိန်မှာ ရှုပ်ထွေးပြီး နားလည်ဖို့အချိန်ယူရတဲ့ အကြောင်းအရာ တွေ အများကြီး ရှိပါတယ်။ ဥပမာ - လုပ်ငန်းလည်ပတ်ပုံအဆင့်ဆင့်၊ customer တွေနဲ့ ဆက်ဆံရေး တည်ဆောက်ခြင်း၊ supply chains ဆိုတဲ့ ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်တွေ နဲ့ ဥပဒေပြဋ္ဌာန်းချက်တွေ စတဲ့ ကိစ္စရပ်မျိုးတွေ ဖြစ်ပါတယ်။ ဒီလို ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ အက်တမ် (ATOM) မှာ ‘KISS’ လို့ အတိုကောက်ခေါ်တဲ့ အလုပ်လုပ်ကိုင်ပုံ နည်းလမ်းတစ်ရပ်ကို အဖွဲ့သားတွေအတွင်းမှာ ကျင့်သုံးဖို့ အားပေးတိုက်တွန်းနေပါတယ်။  ‘KISS’ ဆိုတာကတော့ Keep It Simple and Smart (ရိုးရှင်းမှုရှိခြင်းနှင့် ခေတ်မှီသားနားမှုရှိခြင်း) ဆိုတဲ့ နည်းစနစ်တစ်ခုပဲ ဖြစ်ပါတယ်။

လုပ်ငန်းလည်ပတ်ဆောင်ရွက်ပုံစနစ်အများစုကို ရှုပ်ထွေးနေအောင် စီမံတာထက် ရိုးရိုးရှင်းရှင်းဖြစ်အောင် စီမံ လုပ်ကိုင်တဲ့အခါ လုပ်ငန်းရလဒ်တွေက တွင်ကျယ်ထိရောက်မှုအရှိဆုံးဖြစ်လာတာကြောင့် အမြဲ ရိုးရှင်းမှုရှိခြင်း နဲ့ ခေတ်မီသားနားမှုရှိခြင်းဆိုတဲ့ နည်းစနစ်ကို ကျွန်တော်တို့ ဖော်ဆောင်ကျင့်သုံးနေတာ ဖြစ်ပါတယ်။ ‘KISS’ နည်းစနစ်ကို ကျွန်တော်တို့ အဖွဲ့သားတွေက ဘယ်လိုကျင့်သုံးကြလဲဆိုတဲ့ နည်းလမ်းအဆင့်ဆင့်ကို ရှင်းပြပေးချင်ပါတယ်။

အဆင့် ၁။ ဘယ်အရာကို မဆို ရိုးရှင်းမှု ရှိအောင် အမြဲစီမံပါ

ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ အချိန်နဲ့အလုပ်ကို ဦးစားပေးလုပ်ဆောင်တတ်အောင် တိုက်တွန်းအားပေးခြင်းဖြင့် လုပ်ငန်းအဖွဲ့အစည်းဆိုင်ရာစွမ်းဆောင်ရည်ကို မြင့်တက်စေပါတယ်။ ဒါ့အပြင် လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်နဲ့ သက်ဆိုင်ရာအထက်လူကြီးကို အစီရင်ခံတင်ပြခြင်းလုပ်ငန်းစဥ်နဲ့ပတ်သက်ပြီး ရိုးရှင်းလွယ်ကူအောင် စီစဉ်ရေးဆွဲထားပြီး လက်တွေ့ အကောင်အထည်ဖော်ကျင့်သုံးနေပါတယ်။  ဝန်ထမ်းတွေ အနေနဲ့ ကြုံတွေ့ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာကိစ္စရပ်တွေကို ကြိုတင်မျှော်မှန်းထားစေတာကြောင့် ဒီလို ကိစ္စရပ်မျိုး မဖြစ်လာအောင် ကြိုတင်တားဆီးခြင်း သို့မဟုတ် ပေါ်ပေါက်လာခဲ့သည်ရှိသော် ဖြေရှင်းနိုင်မယ့်နည်းလမ်းကို ပြင်ဆင်ထားရှိတာမျိုး လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ 

အဆင့် ၂။ ခေတ်မှီသားနားမှုရှိခြင်း

ကျွန်တော်တို့ အက်တမ် (ATOM) က ဝန်ထမ်းတွေအနေနဲ့ ကိုယ့်ရဲ့ အီးမေးလ်အဝင်စာတွေကို အကုန်ဖတ်ပြီး ရှင်းထားမယ်၊ လုပ်စရာရှိတဲ့ကိစ္စရပ်တွေကို ပြီးမြောက်အောင်လုပ်မယ်ဆိုပြီး ကြိုးပမ်းနေမယ့်အစား ကောင်းမွန်တဲ့ ရေရှည်အကျိုးသက်ရောက်မှုရှိတဲ့ လုပ်ငန်းဆောင်တာမျိုးကို အလေးထားလုပ်ဆောင်ကြဖို့ တိုက်တွန်းအားပေး ပါတယ်။ ဒီလို လုပ်ဆောင်ခြင်းက လက်တွေ့ကျတဲ့ အစီအစဥ်တွေ ရေးဆွဲနိုင်ဖို့ နဲ့ အချိန်စီမံခန့်ခွဲရာမှာ အကျိုးရှိတဲ့ သတ်မှတ်အချိန်ဇယားအတိုင်း လုပ်ဆောင်တတ်ခြင်း အစရှိတဲ့ ကောင်းမွန်တဲ့အလေ့အကျင့်တွေကို ပျိုးထောင်ပေး နိုင်ပါတယ်။ 

အဆင့် ၃။ စိတ်နှစ်လုပ်ဆောင်တတ်ခြင်း

အက်တမ် (ATOM) မှာ တက်ကြွပြီး အပြုသဘောဆောင်တဲ့ လုပ်ငန်းခွင်တစ်ရပ် ဖန်တီးဖို့ အမြဲဦးစားပေး ဆောင်ရွက်နေပါတယ်။ အကြောင်းကတော့ ဒီလို လုပ်ငန်းခွင်မှာသာ ဝန်ထမ်းတွေအနေနဲ့ တစ်နေ့တာကို စိတ် လှုပ်ရှားတက်ကြွစွာ အစပြုနိုင်မှာ ဖြစ်ပြီး စိတ်နှစ်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို ဝန်ထမ်းတွေရဲ့ အားထုတ် ကြိုးပမ်းမှုတွေကနေ အက်တမ် (ATOM) ဆိုတဲ့ ကုမ္ပဏီ အဖွဲ့အစည်းတစ်ခုလုံး မားမားမတ်မတ် ရပ်တည်လုပ်ငန်း လည်ပတ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။  အဖွဲ့လိုက် စည်းလုံးညီညာစွာ ပူးပေါင်းလုပ်ဆောင်တတ်တဲ့ အလေ့အထ ကိုမွေးမြူခြင်းက ပြောင်းလဲမှုတွေကိုလက်ခံတတ်ခြင်း၊ မြန်မြန်ဆန်ဆန် အကျွမ်းတဝင်ရှိခြင်း နဲ့ လိုက်လျောညီထွေရှိတတ်ခြင်း အစရှိတဲ့ အဖွဲ့တစ်ခု အောင်မြင်စေဖို့အတွက် လိုအပ်တဲ့သော့ချက်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။ ရလဒ်ကောင်းတွေ ရရှိနိုင်ဖို့ကို ဦးစားပေးပြီး အလုပ်လုပ်ဖို့ တစ်ဖက်မှာ လိုအပ်တယ်ဆိုပေမဲ့ တစ်ဖက်မှာလည်း ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ လုပ်ကိုင်နိုင်စွမ်း နဲ့ စွမ်းဆောင်ရည်တွေကို စိစစ်အကဲဖြတ်ဖို့ စံနှုန်းသတ်မှတ်ချက်တွေ ထားရှိဖို့လည်း အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ နားလည်လက်ခံထားပါတယ်။

လုပ်ငန်းဆောင်တာတွေ၊ စီးပွားရေး ဆက်သွယ်ဆောင်ရွက်မှုတွေ နဲ့ လုပ်ငန်းလည်ပတ်ဆောင်ရွက်ပုံစနစ်တွေမှာ ရှုပ်ထွေးခက်ခဲမှုတွေနဲ့ ပြည့်နှက်လာတဲ့အချိန်မှာ အက်တမ် (ATOM) မှာ ရိုးရှင်းခြင်း၊ ခေတ်မီသားနားမှုရှိခြင်း၊ စိတ်နှစ်လုပ်ဆောင်တတ်ခြင်း စတဲ့ နည်းလမ်းတွေကို လိုက်နာခြင်းဖြင့် လုပ်ငန်းဆောင်ရွက်ရာမှာ ပိုမို လွယ်ကူ မြန်ဆန်ပြီး ထိရောက်တွင်ကျယ်မှုရှိအောင် ကိုင်တွယ်စီမံနိုင်တဲ့ အနေအထားတစ်ရပ်ကို ရရှိလာမယ်လို့ ကျွန်တော် တို့ ယုံကြည်လက်ခံထားပါတယ်။ ဒီလို အလုပ်လုပ်ကိုင်တဲ့ အလေ့အထက သုံးစွဲသူတွေအတွက် #BeyondBetter ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေကို ပံ့ပိုးပေးမယ်ဆိုတဲ့ ကျွန်တော်တို့ အက်တမ် (ATOM) ရဲ့ ရည်မှန်းချက်ကြီးထဲက အစိတ်အပိုင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။

Back to top