We'd like to send you notifications of the latest posts and updates
Article
22 Jun,2022 - Yangon | 1 mins read
မည်သည့် ကုန်ပစ္စည်းအမှတ်တံဆိပ်တိုင်းတွင်မဆို စိတ်ဝင်စားဖွယ်ရာ ဇာတ်ကြောင်းများရှိပါသည်။ ယခုအခါမှာတော့ အက်တမ် (ATOM) အကြောင်း ပိုမိုသိရှိခွင့်ရမည် ဖြစ်ပါသည်။
လူမှုအသိုင်းအဝိုင်းကို ဦးစားပေးပြီး၊ ရည်ရွယ်ချက် ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် အက်တမ် (ATOM) အမှတ် တံဆိပ်သည် မြန်မာနိုင်ငံ၏ အမြန်ဆုံး 4.5G ကွန်ရက်နှင့်အတူ ဝန်ဆောင်မှုပေးနေသော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတစ်ခုဖြစ်ပြီး ဒစ်ဂျစ်တယ်နည်းပညာများ မြောက်များစွာပေါ်ထွန်းလာစေမည့် မျိုးဆက်သစ်အခြေခံ အဆောက်အဦးများကို တည်ဆောက်လုပ်ဆောင် သွားမည်ဖြစ်ပါသည်။၊ ရှေ့လျှောက်တွင် အက်တမ်သည် မြန်မာနိုင်ငံအတွက် အဆင့်မြင့် ချိတ်ဆက်များမှုမှတဆင့် ပိုမိုကောင်းမွန်သော ဘဝအတွေ့အကြုံများရရှိစေရန် တွန်းအားပေးလုပ်ဆောင်သွားမည် ဖြစ်သည်။
ခိုင်မာသည့် သမိုင်းအစဥ်အလာကောင်းများကို ဆက်လက်လုပ်ဆောင်သွားမည့် မြန်မာနိုင်ငံ၏ ပြည်တွင်းဖြစ် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် အက်တမ်သည် ဇွန်လအစောပိုင်းတွင် စတင်မိတ်ဆက်ခဲ့ပြီး အဓိပ္ပါယ်ပြည့်ဝရုံသာမက ရည်ရွယ်ချက်ပြည့်ဝသော အမှတ်တံဆိပ်ပုံကို ပထမဦးဆုံးအကြိမ် မိတ်ဆက်ခဲ့သည်။ အက်တမ် (ATOM) သည် Advancing Telecommunications of Myanmar ကို ဆိုလိုခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ၏ ခေတ်မီသော ဆက်သွယ်ရေးစနစ်ဟု အဓိပ္ပါယ်ရပါသည်။ ကုန်အမှတ်တံဆိပ်ပုံ (Logo) တွင်ပါဝင်သော စာသားနှင့် မျှားနှစ်စင်းကို ထင်ရှားသောအပြာရောင်ဖြင့် ပုံဖော်ထားပြီး ၎င်းသည် အမှတ်တံဆိပ်အနေနှင့် ရှေ့ဆက်ပြီး အားကြိုးမာန်တက် ဆက်လက်လျှောက်လှမ်းမည့် အလားအလာကို ဖော်ညွှန်းခြင်းဖြစ်ပါသည်။
လူအများက အက်တမ်၏ ကျစ်လစ်၍အဓိပ္ပါယ်ပြည့်ဝသော ကုန်အမှတ်တံဆိပ်အပေါ် သိလိုစိတ်နှင့် မေးမြန်းလေ့ရှိသောအခါတွင် မြန်မာပြည်သူများအနေဖြင့် အက်တမ်၏ ယုံကြည်စိတ်ချရမှုကို မှီခိုအားထားနိုင်ကြောင်း ကျွန်ုပ်တို့အနေဖြင့် အမြဲဂုဏ်ယူပြီး ဖြေကြားလေ့ရှိပါသည်။ ထို့အပြင် ရှေ့သို့ ဦးတည် ထားသည့် မျှားနှစ်စင်းသည် ပိုမိုသာလွန်သော ဒီဂျစ်တယ်ခေတ်နေထိုင်မှု ပုံစံကို ကိုယ်စားပြုသည့် အဓိပ္ပါယ်ဖြစ်ပါသည်။
တစ်ချိန်တည်းမှာပင် အက်တမ်၏ ထင်ရှားသောအပြာရောင်သည် ကုမ္ပဏီ၏ ဆက်သွယ်ရေးလုပ်ငန်း အရှိန်အဟုန်ကို ဖော်ပြနေပြီး အနာဂတ်တွင် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဝန်ဆောင်မှုများကို ကိုယ်စားပြုပါသည်။
ယေဘုယျအားဖြင့်သော်လည်းကောင်း သိပ္ပံနည်းကျသော်လည်းကောင်း အက်တမ်သည် အရာဝတ္ထုတစ် ခုတိုင်း၏ အသေးငယ်ဆုံးသော၊ အရေးကြီးဆုံးသော ယူနစ်တစ်ခုဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ အရာဝတ္တုတိုင်း၏ အလယ်ဗဟိုတွင် အက်တမ်တစ်ခု ရှိပါသည်။ အက်တမ်၏ အဓိကရည်ရွယ်ချက်သည် မြန်မာပြည်သူများအတွက် နေ့စဉ် လက်လှမ်းမီသော ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများဖြင့် အရေးပါသော ဆက်သွယ်ရေးစနစ်ကို အကောင် အထည်ဖော်ရန် ဖြစ်ပါသည်။ တစ်ဆက်တည်းမှာပင် အားလုံးပါဝင်သော ကွန်ရက်များကို အဆင့်မြှင့်တင်ရန်အတွက် ဆန်းသစ်တီထွင်မှုများကို လုပ်ဆောင်ရန်ပင် ဖြစ်ပါသည်။
Back to top
Share