We'd like to send you notifications of the latest posts and updates

Article

အက်တမ် (ATOM) ၏ ကတိကဝတ်များ

15 Jul,2022 - Yangon | 2 mins read

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍကို တိုးတက်စေမည့် ကျွန်ုပ်တို့၏ ကတိကဝတ်နှင့်အညီ အက်တမ် (ATOM) သည် ခိုင်မာသော ကတိကဝတ် ၁၀ ချက်ကို စနစ်တကျ လိုက်နာပြီး အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ ၎င်းတို့သည် အက်တမ် (ATOM) ၏ အမှတ်တံဆိပ်၏ အခြေခံအုတ်မြစ်များဖြစ်ပြီး အက်တမ် (ATOM) သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက် ရည်မှန်းထားသည့် စံနှုန်းများနှင့်အညီ ပိုမိုကောင်းမွန်သော အတွေ့အကြုံများကို ဖန်တီးပေးမည်ဖြစ်သည်။

 

ဤကတိကဝတ်များသည် တာဝန်သိဆက်သွယ်ရေးလုပ်ငန်းတစ်ခုအဖြစ် လည်ပတ်နိုင်ရန်အတွက် ကျွန်ုပ်တို့၏ရည်ရွယ်ချက်တစ်ခုဖြစ်ပြီး အဆိုပါကတိကဝတ်များမှတစ်ဆင့် အက်တမ် (ATOM) သည် နည်းပညာဆန်းသစ်တီထွင်မှု၊ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများနှင့် ထိပ်တန်းအရည်အသွေးရှိသော ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို ပေးအပ်မည်ဖြစ်သည်။
 

 

(၁) ဆက်သွယ်ချိတ်ဆက်မှုများ ရရှိအောင် လုပ်ဆောင်ခြင်း
သုံးစွဲသူများအားလုံးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး အဓိပ္ပာယ်ပြည့်၀၍ ရေရှည်တည်တံ့သော ခေတ်မီဆက်သွယ်ရေးကွန်ရက်တစ်ခုကို တည်ဆောက်လုပ်ကိုင်ပြီး မရှိမဖြစ်လိုအပ်သော ဆက်သွယ်ရေးဝန်ဆောင်မှုများ ရရှိနိုင်မည်ဖြစ်ပါသည်။

 

(၂) လုပ်ဆောင်နိုင်စွမ်းထက်ပိုမိုသည့် ပံ့ပိုးမှုများ
မြန်မာနိုင်ငံရှိ သုံးစွဲသူများအားလုံးအတွက် နိုင်ငံတကာ အဆင့်မီ တယ်လီကွန်းအော်ပရေတာတစ်ခု ဖြစ်လာစေရန် ယုံကြည်မှု၊ စည်းလုံးညီညွတ်မှုနှင့် နည်းပညာတို့ကို ယူဆောင်လာပြီး တိုးတက်ပြောင်းလဲမှုနှင့်အတူ ယဥ်ကျေးမှု၊ ရေရှည်တည်တံ့ရေးနှင့် လူမှုအကျိူးသက်ရောက်မှုအရ ဆီလျော်ရေးတို့ကို ကြိုးပမ်းလုပ်ဆောင်သွားမည် ဖြစ်ပါသည်။ 

 

(၃) လေးစားလိုက်နာမှုနှင့် မြန်မာ့လူမှုအသိုင်းအဝိုင်း၏ စံနှုန်းများကို ကာကွယ်ထိန်းသိမ်းခြင်း
နိုင်ငံတကာစံနှုန်းများကို ကျင့်သုံးရာတွင် မြန်မာ့လူမှုအသိုင်းအဝိုင်းရှိ နက်ရှိုင်းစွာအမြစ် တွယ်လျက် နေသည့် စေတနာထားမှု၊ စည်းလုံးညီညွတ်မှုတို့ကိုလည်း ဆက်လက် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သွားနိုင်မည်ဖြစ်ပါသည်။

 

(၄) တာဝန်ယူမှု တာ၀န်ခံမှုနှင့် ဥပဒေများကို  လေးစားလိုက်နာခြင်း
တာ၀န်ယူမှု တာ၀န်ခံမှုရှိပြီး  လူ့အခွင့်အရေးများကို လေးစားတန်ဖိုးထားသည့် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သည်နှင့် အညီ  ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေများကို အစဥ်အမြဲလိုက်နာကျင့်သုံးကာ ဥပဒေနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာ သွားမည်ဖြစ်ပါသည်။

 

(၅) မြန်မာ့စီးပွားရေးတိုးတက်လာစေရန် ထောက်ပံ့ ကူညီခြင်း
မြန်မာ့စီးပွါးရေးကဏ္ဍကို တဖက်တလမ်းမှ ထောက်ပံ့ကူညီပေးနိုင်ရန် အသေးစားနှင့် အလတ်စား စီးပွါးရေးလုပ်ငန်းများနှင့် ဖန်တီးမှုအားကောင်းသော စီးပွါးရေးဂေဟစနစ်ကို ဖန်တီးတည်ဆောက် သွားမည်ဖြစ်ပါသည်။

 

(၆) ရေရှည်တည်တံ့သော  အနာဂတ်စီးပွားရေးကို ရှေးရှုလုပ်ဆောင်ခြင်း
သာယာဝပြောသည့် သဘာဝပတ်ဝန်းကျင်ကို အနာဂတ်မျိုးဆက်သစ်များ ရရှိခံစားစေနိုင်စေရန် မြန်မာနိုင်ငံတွင် ကာဘွန်ထုတ်လွှတ်မှုလျှော့ချပြီး စွမ်းအင်ကို ထိထိရောက်ရောက် အသုံးပြုမှုကာ ရေရှည်တည်တံ့သည့် အစီအစဥ်များကို တက်ကြွစွာလုပ်ဆောင် သွားမည်ဖြစ်ပါသည်။

 

(၇) အားလုံးပါဝင်ပြီး ပိုမိုကောင်းမွန်သည့် လုပ်ငန်းခွင်ယဥ်ကျေးမှုများ  ဖန်တီးခြင်း
ကွန်ရက်၏ အရေးပါသော ပါဝင်ဆက်စပ်သူများနှင့် ချိတ်ဆက်လုပ်ဆောင်ပြီး လုံခြုံစိတ်ချရသော လုပ်ငန်းခွင်တစ်ခုကို ဖန်တီးတည်ဆောက်ခြင်းဖြင့် တာဝန်ယူမှု တာဝန်ခံမှုရှိသော စီးပွားရေးပတ်ဝန်းကျင်တစ်ခုကို ဖန်တီးတည်ဆောက် သွားမည်ဖြစ်ပါသည်။

 

(၈) ကျစ်လစ်ခိုင်မာသည့်  ကော်ပိုရိတ် အုပ်ချုပ်ရေးစနစ်ဖော်ဆောင်ခြင်း
လေးနက်ခိုင်မာသော ကော်ပိုရိတ်အုပ်ချုပ်ရေးစနစ်ကျင့်သုံးလုပ်ဆောင်ရန် ဝန်ထမ်းများအားလုံးအနေဖြင့် ကော်ပိုရိတ်တန်ဖိုးများ ကို သိရှိနားလည်လိုက်နာစေရုံသာမက အကျင့်ပျက် ခြစားမှု၊ လာဘ်စားမှုများ မရှိအောင် လုပ်ဆောင် သွားမည်ဖြစ်ပါသည်။

 

(၉) မြန်မာနိုင်ငံ၏ အကောင်းဆုံး လုပ်ငန်းခွင် ဖြစ်ခြင်း
လုပ်ငန်းခွင်တွင် ကူညီ ရိုင်းပင်းသည့် ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်အညီ မြန်မာ့အကောင်းဆုံး လုပ်ငန်းခွင် တစ်ခုအဖြစ်ဆက်လက်တည်ရှိနိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

 

(၁၀) မြန်မာ့လူမှုအသိုင်းအဝိုင်းကို စွမ်းဆောင်ရည်မြှင့်တင်ခြင်း
ကဏ္ဍအသီးသီးတွင် အကောင်းမွန်ဆုံးအရာများဖြင့် မြန်မာနိုင်ငံသူနိုင်ငံသားများနှင့် မြန်မာ့စီးပွားရေးကို ဝိုင်းဝန်းမြှင့်တင်ပေးမည့် ခံယူချက်နှင့်အညီ အကောင်းမွန်ဆုံးကွန်ရက်ဖြန့်ကျက်ပံ့ပိုးရုံသာမက အကောင်းမွန်ဆုံး ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများနှင့် ပံ့ပိုးလုပ်ဆောင် သွားမည်ဖြစ်ပါသည်။

Back to top