We'd like to send you notifications of the latest posts and updates
Article
13 Jan,2023 - Yangon | 1 mins read
ရေးသူ - Muhammad Ziaullah Siddiqui၊ အက်တမ် (ATOM) ၏ အမှုဆောင် အရာရှိချုပ်
ATOM မှာ နေ့စဉ်နဲ့အမျှ ကျင့်သုံးနေတဲ့ ကျွန်တော်တို့ရဲ့ အပြုအမူတွေက လုပ်ငန်း အောင်မြင်မှုကို မောင်းနှင်ပေးနေတဲ့ အဓိကအရေးအကြီးဆုံးအရာတွေထဲမှာ ပါဝင်တယ်ဆိုတာ ATOM က လက်ခံ ထားပါတယ်။ ဒါကြောင့်လည်း ကော်ပိုရိတ်ယဉ်ကျေးမှု အလေ့အထတွေနဲ့ လုပ်ငန်းလည်ပတ်မှုတွေကို လမ်းညွှန် နိုင်ဖို့ ATOM ရဲ့ အပြုအမူ (၅) ရပ်ကို သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လမှာ ATOM ရဲ့ brand အမှတ်တံဆိပ်ကို စတင်မိတ်ဆက်ခဲ့တဲ့ အချိန်ကတည်းက ATOM ရဲ့ ဝန်ထမ်းတွေအနေနဲ့ ဒီအပြုအမူတွေကို ဘယ်လို လက်တွေ့အသုံးချနေလဲဆိုတာကို သိရတာ ကျွန်တော် အလွန်ဂုဏ်ယူရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ပြည်သူတွေအတွက် နိုင်ငံတကာအဆင့်မီ တယ်လီကွန်း ဆက်သွယ်ရေး ကွန်ရက်တစ်ခုကို ဝန်ဆောင်မှုပေးနိုင်ဖို့ နဲ့ နိုင်ငံရဲ့ #BeyondBetter ဖွံ့ဖြိုးတိုးတက်မှု ကို အထောက်အကူပြုနိုင်ဖို့အတွက် ဒီအပြုအမူ (၅) ရပ်က ကျွန်တော်တို့ ATOM ရဲ့ စွမ်းဆောင်ရည်အပေါ်မှာ ဘယ်လောက်အရေးပါတယ် ဆိုတာကိုလည်း နားလည်သဘောပေါက်ထားကြပါတယ်။
ပြီးခဲ့တဲ့ ဆောင်းပါးတွေမှာတော့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် တွေက ATOM ရဲ့ အပြုအမူ (၅) ရပ်ကို တစ်ခုချင်းစီ အသေးစိတ်ပြောပြခဲ့ပြီးပါပြီ။ အကျဉ်းချုပ်ကိုတော့ အောက်ပါ အတိုင်း ကျွန်တော် ပြန်ပြောပြပါရေစေ။
လေးစားမှုရှိခြင်း - ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကို ဂရုစိုက်ခြင်း၊ နားထောင်ပေးခြင်း နဲ့ မျှမျှတတ ဆက်ဆံခြင်းတို့နဲ့ လုပ်ငန်းခွင်မှာ အချင်းချင်း လေးစားမှုရှိကြဖို့ တိုက်တွန်းအားပေးနေပါတယ်။ တစ်ဦးပေါ်တစ်ဦး လေးစားမှုရှိတဲ့ အဖွဲ့အစည်းတစ်ခုက လုပ်ငန်းခွင်ဆိုင်ရာ စိတ်ဖိစီးမှု၊ ပြဿနာတွေနဲ့ ပဋိပက္ခတွေကို လျော့ကျစေနိုင်တဲ့အတွက် ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်မှုကိုလည်း မြင့်တက်စေနိုင်မှာ ဖြစ်ပါတယ်။
ပွင့်လင်းမြင်သာရှိခြင်း − စီမံအုပ်ချုပ်သူအဖွဲ့ နဲ့ ဝန်ထမ်းတွေကြားမှာ ပွင့်လင်းတဲ့ ဆက်ဆံရေးရှိတဲ့ ပွင့်လင်း မြင်သာတဲ့ လုပ်ငန်းခွင်တစ်ခုက ဝန်ထမ်းတွေရဲ့ ပူးပေါင်းပါဝင်လုပ်ကိုင်မှု တိုးတက်လာစေပြီး ကုမ္ပဏီယဥ်ကျေးမှု ကိုလည်း ခိုင်မာ အားကောင်းလာစေနိုင်ပါတယ်။ ဒီလို လုပ်ငန်းခွင် ပွင့်လင်းမြင်သာမှုရှိအောင် ပွင့်လင်းခြင်း၊ ရိုးသားခြင်း၊ စစ်မှန်ခြင်းဆိုတဲ့ အချက်တွေကို အဓိကထား လုပ်ကိုင်ပါတယ်။ ATOM က ဝန်ထမ်းတွေအနေနဲ့ လွတ်လပ်စွာ ပြောဆိုဆက်ဆံနိုင်ပြီး ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေကို ပွင့်ပွင့်လင်းလင်း မျှဝေနိုင်မယ့် လုပ်ငန်းခွင် တစ်ခုကို တည်ဆောက်ပေးထားပြီးတော့ အသေးစိတ် စီမံနေစရာမလိုဘဲ ကိုယ့်တာဝန်ကို ကျေပွန်အောင် အကောင်းဆုံး လုပ်ဆောင်နေမယ်ဆိုတာ ယုံကြည်ထားပါတယ်။
အမြဲရိုးရှင်းမှုနှင့် ခေတ်မီသားနားစွာထားခြင်း - ATOM က ဝန်ထမ်းတွေကို ‘KISS’ လို့ အတိုကောက်ခေါ်တဲ့ အလုပ် လုပ်ကိုင်ပုံ နည်းလမ်းတစ်ရပ်ကို အဖွဲ့သားတွေအတွင်းမှာ ကျင့်သုံးဖို့ အားပေးတိုက်တွန်းနေပါတယ်။ ကျွန်တော် တို့ရဲ့ ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ အချိန်နဲ့အလုပ်ကို ဦးစားပေးလုပ်ဆောင်တတ်ဖို့အတွက် လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်ကို ရိုးရှင်းလွယ်ကူအောင် စီစဉ်ရေးဆွဲထားပါတယ်။ ဒါ့အပြင် အကောင်းဆုံးနဲ့ ရေရှည်အကျိုး သက်ရောက်မှု အရှိဆုံး လုပ်ငန်းဆောင်တာမျိုးကို အလေးထားလုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းအားပေးနေ ပါတယ်။ အက်တမ် (ATOM) မှာ ရိုးရှင်းခြင်း၊ ခေတ်မီသားနားမှုရှိခြင်း၊ စိတ်နှစ်လုပ်ဆောင်တတ်ခြင်း စတဲ့ နည်းလမ်းတွေကို လိုက်နာခြင်းက လုပ်ငန်းဆောင်ရွက်ရာမှာ ပိုမိုလွယ်ကူမြန်ဆန်ပြီး ထိရောက်တွင်ကျယ်မှု ရှိအောင် ကိုင်တွယ်စီမံနိုင်တဲ့ အနေအထားတစ်ရပ်ကို ရရှိလာအောင် ကူညီပေးနိုင်ပါတယ်။
ဆန်းသစ်တီထွင်ရန် စူးစမ်းတတ်ခြင်း - ဆန်းသစ်တီထွင်မှုဆိုတာက အဖွဲ့အစည်းတိုင်းရဲ့ စီးပွားရေးတိုးတက်မှု အတွက် အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်ပြီးတော့ (ATOM) မှာ ဝန်ထမ်းတွေအနေနဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေ ထွက်ပေါ်လာဖို့အတွက် လေ့လာသင်ယူမှု အခွင့်အလမ်းများစွာ ပေးအပ်ခြင်း၊ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ အခါမှာ ပိုမိုစူးစမ်းတတ်အောင် တိုက်တွန်းအားပေးခြင်းနဲ့ ဖြေရှင်းချက်တွေကို ပြတ်သားပြီး ရဲရင့်စွာ လုပ်ဆောင် နိုင်အောင် ကူညီပေးပါတယ်။
ကတိတည်ခြင်း - ကတိတည်ခြင်းဆိုတာကတော့ ယုံကြည်ခြင်း၊ သမာဓိရှိခြင်း နဲ့ တာဝန်ယူခြင်း စတဲ့ အုတ်မြစ်တွေ ပေါ်အခြေခံပြီး ဝန်ထမ်းအချင်းချင်း ဒါမှမဟုတ် မိတ်ဖက်ပါတနာတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းကနေတစ်ဆင့် ကတိကဝတ်ပြုထားတဲ့အတိုင်း ပြီးမြောက်အောင် လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ အက်တမ် (ATOM) က ဝန်ထမ်းတွေအနေနဲ့ အချင်းချင်း အပြန်အလှန်လေးစားမှုရှိကြဖို့၊ သင့်လျော်လျောက်ပတ်မှုရှိတဲ့ ကျင့်ဝတ်တွေကို စောင့်ထိန်းဖို့ နဲ့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တိုင်း၊ စွမ်းဆောင်နိုင်စွမ်း နဲ့ ဆုံးဖြတ်ချက်တိုင်းအတွက် တာဝန် သိတတ်မှု ရှိဖို့ အမြဲ တိုက်တွန်းပေးနေပါတယ်။ ဒီလို အားပေးတိုက်တွန်းခြင်းကနေ တစ်ဆင့် ကတိကဝတ်တွေကို ရလဒ်တွေ အဖြစ် ထွက်ပေါ်လာအောင် စွမ်းဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။
Back to top
Share