We'd like to send you notifications of the latest posts and updates

Article

ဒစ်ဂျစ်တယ်ပုံစံသို့ပြောင်းလဲခြင်းနှင့် ဒစ်ဂျစ်တယ်နည်းပညာအသွင်ကူးပြောင်းခြင်း - ကွဲပြားခြားနားချက်များ

10 Feb,2023 - Yangon | 2 mins read

ရေးသူ - Ahmad Abdallah ၊ အက်တမ် (ATOM) ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အမှုဆောင်အရာရှိချုပ်

ဒစ်ဂျစ်တယ်ပုံစံသို့ပြောင်းလဲခြင်း နှင့် ဒစ်ဂျစ်တယ်နည်းပညာအသွင်ကူးပြောင်းခြင်းဆိုတဲ့ စကားလုံးတွေကို မကြာခဏ အပြန်အလှန်အသုံးပြုနေကြပေမယ့် ဒီစကားလုံးနှစ်လုံးရဲ့ မတူညီတဲ့ အဓိပ္ပာယ်နှစ်ခုကို သေချာနားလည် သဘောပေါက်နိုင်ဖို့က စီးပွားရေးလုပ်ငန်းတစ်ခုကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းနိုင်ရေး လုပ်ဆောင်တဲ့နေရာမှာ အရေးကြီးပါတယ်။ ဒီဆောင်းပါးကနေ ဒီစကားလုံးနှစ်ခုရဲ့ အဓိပ္ပာယ်ကို ဥပမာတွေနဲ့အတူ အသေးစိတ်ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

“ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်း” ရဲ့ အဓိပ္ပာယ်က ဘာလဲ?

ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်းဆိုတဲ့ စကားလုံးမှာ အဓိပ္ပာယ်နှစ်မျိုးရှိပါတယ်။ ပထမအဓိပ္ပာယ်ကတော့ အရာဝတ္ထုတစ်ခုကို  သို့မဟုတ် ရုပ်ဝတ္ထုပစ္စည်းတစ်ခုကို ဒစ်ဂျစ်တယ်ပုံစံသို့ပြောင်းလဲခြင်း ဖြစ်ပါတယ်။ ဒုတိယအဓိပ္ပာယ်ကတော့  နေ့စဉ်လုပ်ငန်းတာဝန်တွေနဲ့လည်ပတ်မှုတွေမှာ ပိုပြီး ထိရောက်မှုရှိရှိ နဲ့ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုခြင်း တစ်နည်းအားဖြင့် ဒစ်ဂျစ်တယ်နည်းပညာအသွင်ကူးပြောင်းခြင်း လို့ ဆိုလိုပါတယ်။  အတိုချုပ်ပြောရမယ်ဆိုရင် ဒစ်ဂျစ်တယ်ပုံစံသို့ ပြောင်းလဲခြင်းဆိုတာက သတင်းအချက်အလက်ပိုင်းနဲ့ သက်ဆိုင်ပြီး ဒစ်ဂျစ်တယ်နည်းပညာ အသွင်ကူးပြောင်းခြင်း လုပ်ငန်းစဥ်ကို ဆိုလိုခြင်းဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်ပုံစံသို့ပြောင်းလဲခြင်း

ဒစ်ဂျစ်တယ်ပုံစံသို့ပြောင်းလဲခြင်းရဲ့  အဓိကရည်ရွယ်ချက်ကတော့ သတင်းအချက်အလက်တွေကို ပိုမို လွယ်လွယ်ကူကူ ရရှိနိုင်ဖို့၊ သိမ်းဆည်းထားနိုင်ဖို့၊ ထိန်းသိမ်းထားနိုင်ဖို့နဲ့ မျှဝေနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်တော့ စာအုပ်တစ်အုပ်ကို စကန် (scan) ဖတ်ပြီး အွန်လိုင်းပေါ်မှာ ဖတ်ရှုနိုင်တဲ့စာအုပ် ”e-book” အဖြစ် ပြောင်းလဲတာ ဒါမှမဟုတ် သာမန် ဓာတ်ပုံအယ်လ်ဘမ်ကို အွန်လိုင်းပေါ်မှာ သိမ်းဆည်းနိုင်တဲ့ ဓာတ်ပုံအယ်လ်ဘမ်အဖြစ်ပြောင်းလဲတာမျိုးပဲဖြစ်ပါတယ်။

အချက်အလက်တွေကို ဒစ်ဂျစ်တယ်ပုံစံပြောင်းလဲလိုက်မယ်ဆိုရင်  အဲ့ဒီအချက်အလက်တွေကို လွယ်လွယ်ကူကူနဲ့ ရှာဖွေနိုင်မှာဖြစ်ပြီး လုပ်ငန်းစဉ်တွေကလည်း အလိုအလျောက် လည်ပတ်တာမျိုး ပြုလုပ်လို့ရတာကြောင့် စီးပွားရေးလုပ်ငန်းအတွက် အချိန်ကုန်သက်သာပြီး ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ရရှိစေနိုင်မှာပါ။ ပန်းအလှဆင်လုပ်ငန်းကို ဉပမာအနေနဲ့ပေးရရင် ဒီလုပ်ငန်းရှင်က သူအလှဆင်ပေးခဲ့တဲ့ ပန်း ပုံဖော်ထားတာတွေ ကို ဓာတ်ပုံရိုက်ထားပြီး ဆိုင်မှာ ဝယ်သူတွေလာတဲ့အချိန်ကျရင် ကြည့်လို့ရနိုင်အောင်  စာအုပ်ထုတ်ထားတာမျိုး ရှိမှာပါ။ ဒါ့အပြင် ဆိုင်ပိုင်ရှင်အနေနဲ့ ဝယ်သူတွေ ဆိုင်ကို လူကိုယ်တိုင် လာရောက်စရာမလိုဘဲ  အွန်လိုင်းကနေ တစ်ဆင့် ကြည့်ရှုလို့ရအောင်  ဓာတ်ပုံတွေကို ဒစ်ဂျစ်တယ်အသွင်အဖြစ် ပြောင်းလဲပြီး အွန်လိုင်းကတ်တလောက် ပုံစံလိုမျိုး လုပ်လို့ရနိုင်ပါတယ်။ 

ဒစ်ဂျစ်တယ်နည်းပညာအသွင်ကူးပြောင်းခြင်း

ဒစ်ဂျစ်တယ်နည်းပညာအသွင်ကူးပြောင်းခြင်းက လုပ်ငန်းတာဝန်နဲ့ လုပ်ငန်းစဉ်တွေကို ပြောင်းလဲဖို့အတွက် ဒစ်ဂျစ်တယ်နည်းပညာနဲ့ အထောက်အကူပြုကိရိယာတွေကို အသုံးပြုထားတာကြောင့်  ပိုပြီး အဆင့်မြင့်မှု ရှိပါတယ်။ ဉပမာဆိုရင်  စာစောင်တွေကို လူကိုယ်တိုင် ပို့ဆောင်မယ့်အစား အီးမေးလ်အသုံးပြုပြီး ပို့တာမျိုး ဒါမှမဟုတ် လူချင်းတွေ့ပြီး အစည်းအဝေးလုပ်မယ့်အစား ဗီဒီယိုကနေတစ်ဆင့် အစည်းအဝေးလုပ်လို့ရတဲ့ ကိရိယာတွေကို အသုံးပြုတာမျိုး ဖြစ်ပါတယ်။

ပန်းအလှဆင်လုပ်ငန်း ဉပမာကို ပြန်သုံးရမယ်ဆိုရင် လုပ်ငန်းပိုင်ရှင်က လက်နဲ့စာရင်းသွင်း ရေးမှတ်ရတာမျိုးထက် အွန်လိုင်းကနေတစ်ဆင့် အမှာစာရင်းကောက်ယူတာ၊ ငွေကောက်ခံတာ၊ ငွေပေးချေတာမျိုး စတဲ့ လုပ်ငန်းစဉ်တွေအတွက် ဒစ်ဂျစ်တယ်စနစ်ကို ပြောင်းလဲအသုံးပြုချင်နေမှာပါ။ တစ်ခါတစ်လေကျရင် ဒစ်ဂျစ်တယ်နည်းပညာအသွင်ကူးပြောင်းခြင်းက လုပ်ငန်းလည်ပတ်မှုပုံစံကို ပြောင်းလဲနိုင်အောင် ဒါမှမဟုတ် ဝင်ငွေအခွင့်အလမ်းအသစ်တွေ ရရှိနိုင်ဖို့၊ ထပ်ဆောင်းအခွင့်အလမ်းရရှိဖို့ နဲ့ customer တွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးအပ်နိုင်မယ့် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းအဖြစ် ပြောင်းလဲနိုင်အောင် ကူညီ လုပ်ဆောင်ပေးပါတယ်။ လုပ်ငန်းစဥ်တွေကို  ပိုမိုကောင်းမွန်အောင် ပြုလုပ်ဖို့အတွက် နည်းပညာတွေက အမြဲ ဆင့်ကဲပြောင်းလဲနေတာကြောင့် လုပ်ငန်းတစ်ခုကို ဒစ်ဂျစ်တယ်နည်းပညာအသွင်ကူးပြောင်းခြင်းက စဥ်ဆက်မပြတ်လုပ်ဆောင်နေရမယ့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။

အကျဥ်းချုပ်

အချုပ်အားဖြင့်ဆိုရမယ်ဆိုရင် ဒစ်ဂျစ်တယ်စနစ်သို့ပြောင်းလဲခြင်းနဲ့ ဒစ်ဂျစ်တယ်နည်းပညာ အသွင်ကူးပြောင်းခြင်း တို့က အဖွဲ့အစည်းတွေကို ဒစ်ဂျစ်တယ်လုပ်ငန်းစုတွေဖြစ်အောင် ပြောင်းလဲရာမှာ  ပူးပေါင်းပံ့ပိုးပေးနိုင်မှာဖြစ်ပြီး ပိုမိုသွက်လက်မြန်ဆန်မှုရှိပြီး ကောင်းမွန်တဲ့ လုပ်ငန်းစွမ်းဆောင်ရည် ရရှိနိုင်အောင်လည်း ကူညီပေးနိုင်မှာ ဖြစ်ပါတယ် ။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဂေဟစနစ်နဲ့ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်အတိုင်း အက်တမ် (ATOM) ကနေ ကုမ္ပဏီတွေကို ဒစ်ဂျစ်တယ်ပုံစံသို့ပြောင်းလဲခြင်း သို့မဟုတ် ဒစ်ဂျစ်တယ်နည်းပညာအသွင်ကူးပြောင်းခြင်း သို့မဟုတ် ဒီရည်မှန်းချက်နှစ်ခုလုံး ပေါင်းစပ်ထားတဲ့ ဒစ်ဂျစ်တယ်နည်းပညာကူးပြောင်းခြင်း ရည်ရွယ်ချက်တွေကို ပြည့်မီနိုင်ရေး ဖြည့်စွမ်းပေးနိုင်မယ့် လုပ်ငန်းဖြေရှင်းချက် နည်းလမ်းတွေကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

ယခုလို ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကို အကဲဖြတ်စိစစ်၊ ပြန်လည်ပြင်ဆင်ဖို့နဲ့ စီးပွားရေးလုပ်ကိုင်ဖို့အတွက် နည်းလမ်းအသစ်တွေကို စဉ်းစားဖို့ အချိန်တန်ပါပြီ။ ကျွန်တော်တို့ရဲ့ စီးပွားရေးဆိုင်ရာဖြေရှင်းချက်တွေနဲ့ပတ်သက်ပြီး ပိုမိုလေ့လာချင်ရင်တော့ ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://www.atom.com.mm/en/business.

Back to top