We'd like to send you notifications of the latest posts and updates

ငလျင်ကြောင့်ထိခိုက်ခဲ့သည့် ဒေသများမှ ပြည်သူတစ်ဦးစီကို ကျပ်သိန်း ၁၀၀ တိတိဖြင့် တစ်ပတ်လျင်(၂)ဦး ကူညီပံ့ပိုးပေးသွားမည်...  Read more

Article

မိသားစုလိုမျိုးနွေးထွေးမှုပေးတဲ့အက်တမ်(ATOM)ရဲ့လုပ်ငန်းခွင်အကြောင်း တစ်စေ့တစ်စောင်း

16 May,2024 - Yangon | 2 mins read

စာရေးသူ - Muhammad Ziaullah Siddiqui ၊ အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ်

လူတွေက သူတို့ဘဝရဲ့ သုံးပုံတစ်ပုံကို အလုပ်ခွင်ထဲမှာ ကုန်ဆုံးကြရတယ်လို့ ကျွန်တော်တို့ မှတ်ယူလို့ရပါတယ်။ ဒီအကြောင်းကို သေချာပြန်စဉ်းစားကြည့်မယ်ဆိုရင် နေ့စဉ်ကျွန်တော်တို့ ရုန်းကန်လှုပ်ရှားအလုပ်လုပ်နေရတဲ့ လုပ်ငန်းခွင်ထဲမှာ ဘယ်လိုလူမျိုးတွေနဲ့ ကိုယ်က အလုပ်အတူတူလုပ်နေရသလဲ၊ သူတို့နဲ့ ကိုယ့်ရဲ့ ဆက်ဆံရေးအခြေအနေက ဘယ်လိုရှိလဲဆိုတဲ့ကိစ္စရပ်တွေက သိပ်ကိုအရေးကြီးပါတယ်။

ကျွန်တော်တို့ အက်တမ် (ATOM) မှာဆိုရင် လူတိုင်း တန်ဖိုးထားလေးစားခံရပြီး ကိုယ့်ရဲ့ နဂိုမူလ အရှိကိုအရှိအတိုင်း နေထိုင်ဖို့ကို တိုက်တွန်းခွန်အားပေးတဲ့ စည်လုံးညီညွတ်တဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် တည်ဆောက်ပျိုးထောင်ဖို့က အလွန်အရေးပါတဲ့အရာပါတဲ့ ကိစ္စရပ်တစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့အက်တမ် (ATOM) ရဲ့ လုပ်ငန်းဆောင်တာအခန်းကဏ္ဍတိုင်းမှာ မတူကွဲပြားမှုတွေကို လက်ခံဖို့၊ တန်းတူညီမျှရှိဖို့၊ အားလုံးအတူပါဝင်နိုင်ဖို့ကို ဦးစားပေးပြီး စဉ်ဆက်မပြတ်ကြိုးစားရင်း ရှေ့ဆက်လျှောက်လှမ်းလျက်ရှိပါတယ်။

ဒီနေ့မှာကျရောက်တဲ့ ‘အပြည်ပြည်ဆိုင်ရာမိသားစုများနေ့’ မှာ ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာကတော့ လူတိုင်း အတွက် အလုပ်လုပ်ချင်စဖွယ်ရှိတဲ အလုပ်ခွင်တစ်ခု ဖြစ်ပေါ်လာအောင် အကောင်အထည်ဖော်တဲ့အခါမှာ မိသားစုလိုနွေးထွေးတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ပျိုးထောင်ဖို့ ဘာကြောင့်အရေးကြီးလဲဆိုတဲ့မေးခွန်းကို ဖြေပေးနိုင်တဲ့ အချက် (၅) ချက်အကြောင်းကို ပြောပြပေးသွားမှာပါ။

၁) တူညီတဲ့ပန်းတိုင် - တူညီတဲ့စံတန်ဖိုးတွေနဲ့ အားလုံးကိုစည်းလုံးညီညွတ်စေတဲ့ လုပ်ငန်းတာဝန်တွေပေါ်မှာ အရင်းတည်ပြီး မိသားစုလိုနွေးထွေးတဲ့ပတ်ဝန်းကျင်ဆိုတာ ပေါက်ဖွားဖြစ်ပေါ်လာတာပါ။ ဝန်ထမ်းတွေရဲ့ ပန်းတိုင်က ကိုယ့်လုပ်ငန်းအဖွဲ့အစည်းရဲ့မျှော်မှန်းချက်နဲ့ ထပ်တူကျသွားတဲ့အခါမှာ အောင်မြင်မှုပန်းတိုင်ကို ခွန်အားအပြည့်နဲ့ အတူတူ ရှေ့ဆက်လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

၂) ပိုမိုခိုင်မာလာတဲ့ လုပ်ငန်းခွင်ဆက်ဆံရေး - ကျွန်တော်တို့ အက်တမ် (ATOM) မှာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို အတွင်းကျကျ သိရှိနားလည်ဖို့က အရေးကြီးတယ်လို့ ခံယူထားတာကြောင့် ATOM Family Day နဲ့ နှစ်စဉ် Sports Day လိုမျိုး ပွဲမျိုးတွေ ကျင်းပပေးဖြစ်ပါတယ်။ ဒီလိုပွဲမျိုးတွေမှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း အလုပ်ကိစ္စတွေကို ဘေးခဏချထားပြီး စကားတွေအားရပါးရပြောကြ၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်ရဲ့ ချစ်ခင်ရသူတွေအကြောင်းကိုလည်း သိရှိလာပြီး အရင်ကထက်ပိုပြီး အသင်းအဖွဲ့ထဲမှာ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကျွမ်းဝင်လာမှာဖြစ်ပါတယ်။ ဒီလိုမျိုးလုပ်ဆောင်ပေးတာက ပေါင်းသင်းဆက်ဆံရေးနဲ့ အဖွဲ့လိုက်လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်လာစေပါတယ်။

၃) ပိုမိုကောင်းမွန်လာတဲ့ ပြောဆိုဆက်ဆံရေး - တခြားမိသားစုတွေလိုမျိုးပဲ ကျွန်တော်တို့ အက်တမ် (ATOM) မှာ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံဖို့ကို ကျွန်တော်တို့အားပေးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အတွေးအခေါ်တွေဖလှယ်ကြပြီး ထင်မြင်ယူဆချက်တွေကို မျှဝေဖို့၊ စည်းစည်းလုံးလုံးနဲ့ အတူတူအလုပ်လုပ်ကြဖို့၊ ပြဿနာတွေကို ထိထိရောက်ရောက်ဖြေရှင်းဖို့၊ တိကျမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့အတွက် ချန်နယ်တွေလည်း လုပ်ပေးထားပြီး အတွေးအခေါ်အယူအဆတိုင်းကိုဝေမျှပေးနိုင်ဖို့ အမြဲတံခါးဖွင့် ကြိုဆိုလျက်ရှိပါတယ်။

၄)လုပ်ငန်းခွင်နဲ့တစ်သားတည်း ဖြစ်တယ်ဆိုတဲ့ ခံစားမှု - ဝန်ထမ်းတိုင်းကတော့ ကိုယ်အခုလက်ရှိအလုပ်လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်မှာ ပျော်ရွင်ပြီး တစ်သားတည်းဖြစ်တယ်ဆိုတဲ့ ခံစားချက်မျိုး ပိုင်ဆိုင်ချင်ကြမှာပါ။ ကျွန်တော်တို့ အက်တမ် (ATOM) မှာ မတူကွဲပြားမှုကိုလက်ခံရင်း အားလုံးတန်းတူညီတူပါဝင်မှုကို တိုက်တွန်းအားပေးကာ အစီအစဉ်ပေါင်းများစွာကနေ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကို ဂရုစိုက်ပေးလျက်ရှိပါတယ်။ ကုမ္ပဏီနဲ့ ဝန်ထမ်းတွေကြားက ရင်းနှီးချစ်ခင်မှုပိုပြီးတိုးတက်လာအောင် သူတို့ရဲ့ ကိုယ်စိတ်နှလုံးကျန်းမာချမ်းသာဖို့အတွက် အမြဲစဉ်းစားပြီး လိုအပ်သလို ဆောင်ရွက်ထားပါတယ်။

၅) လုပ်ငန်းခွင်အပေါ် ကျေနပ်ပျော်ရွှင်မှု - ဝန်ထမ်းတွေဟာ ကိုယ့်ကို ကူညီပံ့ပိုးပေးပြီး အကောင်းဆုံးဖြစ်အောင် ပျိုးထောင်ပေးတဲ့ လုပ်ငန်းခွင်မှာဆိုရင် ပိုပြီးအလုပ်ကြိုးစားကြပါတယ်။ ဒါက ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး လုပ်ငန်းစွမ်းဆောင်ရည်ကိုလည်း ပိုမိုတိုးတက်စေတဲ့အပြင် လုပ်ငန်းခွင်မှာလည်း ပျော်ရွှင်စေပါတယ်။ ဝန်ထမ်းတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ customer တွေကို ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်မှ အသုံးပြုသူ customer တွေလည်း အက်တမ် (ATOM) ရဲ့ ဝန်ဆောင်မှုအပေါ် စိတ်ကျေနပ်မှုရရှိနိုင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်အတွင်း မိသားစုလိုမျိုး ချစ်ခင်စည်းလုံးစွာနဲ့ အတူတူအလုပ်လုပ်ကြသလို အလုပ်လုပ်တဲ့အခါမှာ ချမှတ်သင့်တဲ့ ဘောင်တွေကိုချမှတ်ပြီး ကိုယ့်ရဲ့ကျွမ်းကျင်မှုကို ပြသနိုင်ဖို့က အရေးကြီးကြောင်းလည်း သိထားဖို့လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ မဖြစ်နိုင်တဲ့ အရာတွေကိုအတူတူ လုပ်နိုင်ဖို့ မျှော်လင့်ချက်ကြီးကြီးကြီးမားမားထားတာမျိုးတွေမလုပ်ဘဲ အချင်းချင်း အပြန်အလှန်လေးစားပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ကို ကျွန်တော်တို့ တိုက်တွန်းခွန်အားပေးပါတယ်။ မိသားစုတွေမှာဖြစ်တတ်တဲ့အရာဖြစ်တဲ့ ဒီယုံကြည်ချက်၊ ဒီအယူအဆကိုပဲ လက်ခံရမယ်ဆိုပြီး အတင်းအကြပ်တွန်းအားပေးတဲ့လုပ်ရပ်မျိုးကို လက်မခံဘဲ ဝန်ထမ်းများအနေနဲ့ သူတို့ရဲ့ ဖြစ်တည်မှု၊ သူတို့ရဲ့ ထူးခြားချက်တွေနဲ့ပတ်သက်လာရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေသင့်ပါတယ်။

‘အပြည်ပြည်ဆိုင်ရာမိသားစုများနေ့’ အထိမ်းအမှတ်အနေနဲ့ အက်တမ် (ATOM) မှာရှိတဲ့ ကျွန်တော့်ရဲ့ လုပ်ငန်းခွင်မိသားစုကြီးကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။ လွန်ခဲ့တဲ့ (၃) နှစ်တာကာလအတွင်း ကျွန်တော် အိမ်နဲ့ဝေးနေတဲ့အချိန်မှာ ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့်ရဲ့ အရင်းနှီးဆုံးမိသားစုဝင်တွေလိုမျိုး ဖြစ်လာခဲ့ပြီး အပြင်လက်တွေ့ဘဝမှာရော၊ လုပ်ငန်းခွင်ထဲမှာပါ တစ်ယောက်နဲ့ တစ်ယောက် အချင်းချင်း စိတ်ဓာတ်ခွန်အားတွေပေးပြီး အနာဂတ်ခရီးလမ်းကို ရှေ့ဆက်လျှောက်လှမ်းနေကြတဲ့ အဖွဲ့အစည်းကို အခုလိုမျိုး ဦးဆောင်ခွင့်ရတာ ဂုဏ်ယူဝမ်းမြောက်လို့မဆုံးပါဘူး။ ဒီ စည်းလုံးညီညွတ်တဲ့စိတ်ဓာတ်လေးတစ်ခုက ကျွန်တော်တို့ အက်တမ် (ATOM) ကို ပျော်ရွှင်စရာကောင်းတဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်စေပြီး ဝန်ထမ်းတွေအတွက် အောင်မြင်မှုပန်းတိုင်တွေကို အမိအရ ရောက်လှမ်းနိုင်ဖို့ တစ်ဖက်တစ်လမ်းကနေ အားအင်တွေပေးနေတာပဲဖြစ်ပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်။

- ပြီး -

Back to top