We'd like to send you notifications of the latest posts and updates

Article

အက်တမ် (ATOM) အသုံးပြုသူ customer တွေနဲ့ ပိုမိုချိတ်ဆက်နိုင်ဖို့အတွက် အက်တမ် (ATOM) စတိုးအက်ပ်ကို ဖန်တီးဖြစ်ခဲ့ခြင်း

26 Apr,2023 - Yangon | 3 mins read

ရေးသူ - Sudhansu Kumar Sinha ၊ စျေးကွက်ချဲ့ထွင်ရေးဆိုင်ရာ အမှုဆောင်အရာရှိချုပ်

ဒီဆောင်းပါးမှာတော့ ကျွန်တော်က အက်တမ် (ATOM) စတိုးအက်ပ်ကို မြန်မာနိုင်ငံရဲ့ တယ်လီကွန်းဆက်သွယ်ရေးကဏ္ဍမှာ ဦးဆောင်နေတဲ့ ထိပ်တန်းအက်ပလီကေးရှင်းတစ်ခုအနေနဲ့ ဘယ်လို စတင်ခဲ့လဲဆိုတာနဲ့ ဒီအက်ပလီကေးရှင်းကနေတစ်ဆင့် အသုံးပြုသူ customer တွေနဲ့ ဘယ်လို အဓိပ္ပာယ်ရှိတဲ့ ဆက်သွယ်ချိတ်ဆက်မှုတွေ ဖန်တီးခဲ့လဲဆိုတဲ့အကြောင်း ပြောပြထားတဲ့ လေ့လာတွေ့ရှိမှုတစ်ခုအကြောင်း ကို ကျွန်တော်မျှဝေပေးချင်ပါတယ်။

စိန်ခေါ်မှု

မြန်မာနိုင်ငံရဲ့ တယ်လီကွန်းဆက်သွယ်ရေးကဏ္ဍက အရမ်း အပြိုင်အဆိုင်များတဲ့အတွက် အက်တမ် (ATOM) အသုံးပြုသူ customer တွေအနေနဲ့ ဝန်ဆောင်မှုနဲ့ကိရိယာတွေကို တစ်နေရာထဲမှာ လွယ်လွယ်ကူကူ ဝင်ရောက် အသုံးပြုနိုင်မယ်ဆိုရင် သူတို့အတွက် ဒီပလက်ဖောင်းက အရမ်းကို တန်ဖိုးရှိပြီး နေတိုင်းအသုံးပြုဖြစ်ကြမယ်ဆိုတာ ကျွန်တော်တို့ခန့်မှန်းမိခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ အသုံးပြုသူ customer တွေရဲ့ နေ့စဉ်လူနေမှုဘဝလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေကို လိုအပ်နေတယ်ဆိုတာကို  တွေ့ရှိခဲ့ရပါတယ်။  #BeyondBetter ဝန်ဆောင်မှုတွေကို အမြဲပေးအပ်ချင်နေတဲ့ တယ်လီကွန်းအော်ပရေတာတစ်ခုအနေနဲ့ အက်တမ် (ATOM) စတိုးအက်ပ်က ဖုန်းဘေလ်ဖြည့်တာနဲ့ ဒေတာပက်ကေ့ချ်ဝယ်တဲ့ ဝန်ဆောင်မှုတွေအပြင် တခြားဝန်ဆောင်မှုတွေပါ ထပ်တိုးရမယ်ဆိုတာကို ကျွန်တော်တို့တွေးမိခဲ့ပါတယ်။ အက်တမ် (ATOM) မြန်မာက အသုံးပြုသူ customer တွေကို အဓိပ္ပာယ်ပြည့်ဝတဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်နိုင်တဲ့ စတိုးအက်ပ်တစ်ခုကို ဖန်တီးပေးချင်ခဲ့တာပါ။

ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ရဲ့ အသုံးပြုသူ customer တွေကို သူတို့ရဲ့ ဘဝနေထိုင်မှုပုံစံအတိုင်း မျိုးစုံ ဝန်ဆောင်မှုပေးနိုင်တဲ့ အက်ပလီကေးရှင်းတစ်ခုကို ဖန်တီးပေးဖို့ပါပဲ။ ဒီ အက်တမ် (ATOM) စတိုးအပ် အသစ်ကို မိတ်ဆက်ပေးတာက ၂၀၂၂ ခုနှစ်၊ ဇွန်လမှာ အက်တမ် (ATOM) ကို စတင်မိတ်ဆက်ရာမှာလည်း အရေးပါခဲ့ပါတယ်။ ဒါဆို ကျွန်တော်တို့ရဲ့ အက်တမ် (ATOM) စတိုးအက်ပ်ကို မြန်မာနိုင်ငံရဲ့ ဒေါင်းလုတ်ဆွဲမှုအများဆုံးနဲ့ အသုံးများဆုံး အက်ပ်ပလီကေးရှင်းတွေထဲကတစ်ခု ဖြစ်လာအောင် ကျွန်တော်တို့ ဘယ်လို ဖန်တီးခဲ့လဲဆိုတာ မျှဝေပေးချင်ပါတယ်။

နည်းဗျူဟာ

ပထမဆုံး ကျွန်တော်တို့ အသုံးပြုသူ customer တွေရဲ့ အကြိုက်နဲ့ လိုအပ်ချက်တွေကို ပိုမိုသိရှိနိုင်ဖို့အတွက် ကျွန်တော်တို့ လေ့လာမှုကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ လေ့လာတွေ့ရှိမှုအဖြေတွေအရ လစဉ်ကြေး စီမံခန့်ခွဲတာ၊ လက်ကျန်ငွေကြည့်တာနဲ့ သူတို့ ချစ်ရတဲ့သူတွေရဲ့ အကောင့်ကို စီမံခန့်ခွဲဖို့ကူညီပေးတာ အစရှိတဲ့ သူတို့ရဲ့လိုအပ်ချက်အကုန်လုံးကို ဖြည့်ဆည်းပေးနိုင်မယ့် တစ်ခုတည်းသော အက်ပ်ပလီကေးရှင်းတစ်ခုကို ဖန်တီးဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ကြပါတယ်။ သုံးစွဲသူအတွေ့အကြုံအရ ဝန်ဆောင်မှု စုံလင်ပြီး အသုံးပြုရလွယ်ကူတဲ့ လုပ်ဆောင်ချက် (interface) နဲ့အတူ ဆွဲဆောင်မှုရှိပြီး သပ်ရပ်တဲ့ ဒီဇိုင်းတွေကို ကျွန်တော်တို့ ဦးစားပေးထားပါတယ်။

လူနေမှုဘဝဆိုင်ရာဝန်ဆောင်မှုတွေကို တစ်စုတစ်စည်းတည်း စုံစုံလင်လင်ရနိုင်တဲ့အပြင် အက်တမ် (ATOM) ရဲ့ အသုံးပြုသူ customer တွေကိုပဲ ပေးအပ်မယ့် ကမ္ဘာ့အဆင်အတန်းမီ အကျိုးခံစားခွင့်တွေလည်း အက်တမ် (ATOM) စတိုးအက်ပ်မှာ ရှိပါတယ်။ “Lifestyle” ကဏ္ဍမှာ ဂိမ်းတွေ၊ ဗေဒင် နဲ့ အသုံးပြုသူ customer တွေရဲ့ တောင်းဆိုမှုတွေအရ ဗီဒီယိုတွေကို အခမဲ့ကြည့်ရှုနိုင်မယ့် အက်တမ် (ATOM) Yatha တို့လည်း ရှိပါတယ်။ ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုးတက်မှုသင်တန်းတွေကိုလည်း အက်တမ် (ATOM) Academy နဲ့ အက်တမ် (ATOM) LifeX မှာ ရှာတွေ့နိုင်ပါတယ်။ အက်တမ် (ATOM) Wellness မှာ  အသုံးပြုသူ customer တွေအနေနဲ့ အားကစားဗီဒီယိုတွေကို ကြည့်ရှုလို့ရပြီး ကျန်းမာရေးဆောင်းပါးတွေကိုလည်း ဖတ်ရှုနိုင်ပါသေးတယ်။ ကလေးတွေအတွက် မိုဘိုင်းဂိမ်းတွေဆော့လို့ရတဲ့ Kids World လည်းရှိပါသေးတယ်။

အက်တမ် (ATOM) အတွက် နောက်ထပ် ဦးစားပေးရည်ရွယ်ချက်ကတော့ ဒီဂျစ်တယ်စီးပွားရေးစနစ်နဲ့ လူတွေကို ချိတ်ဆက်ပေးတာပါပဲ။ တယ်လီကွန်းကဏ္ဍအတွင်းမှာ ပထမဆုံးအနေနဲ့ အက်တမ် (ATOM) စတိုးအက်ပ်က အကြွေးဝယ်ကတ်တွေ၊ ဘဏ်တွေနဲ့ မိုဘိုင်းပိုက်ဆံအိတ်တွေနဲ့ ပလက်ဖောင်းတွေနဲ့ ပူးပေါင်းပြီး၊ အက်ပ်ထဲမှာ လွယ်လွယ်ကူကူနဲ့ ဝယ်ယူလို့ရနိုင်အောင် ဒစ်ဂျစ်တယ် ငွေပေးချေမှု ပလက်ဖောင်းတွေလည်း လုပ်ပေးထားပါတယ်။

ပြီးတော့ ကျွန်တော်တို့တွေက ဆုကြေးအနေနဲ့ သိန်း ၆၀ ကျော်တန်ဖိုးရှိတဲ့ ကံစမ်းမဲတွေပါဝင်ပြီး အက်ပ်ထဲမှာ ဆော့လို့ရတဲ့ 3D ဂိမ်းတစ်ခုဖြစ်တဲ့ တို့တို့ဆိုက်ကားဂိမ်းကိုလည်း ကျွန်တော်တို့ မိတ်ဆက်ပေးခဲ့ပါတယ်။ လေးလတာ ကာလမှာ  (ATOM) အသုံးပြုသူ (၂.၁၃) သန်း မှ အကြိမ် အရေအတွက်ပေါင်း (၁၀၇) သန်းကျော်အထိ ပါ၀င်ကစားခဲ့ကြတာကြောင့်  မြန်မာနိုင်ငံရဲ့ တယ်လီကွန်းအော်ပရေတာကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုပေးခဲ့တဲ့ လူကြိုက် အများဆုံးဂိမ်းတွေထဲက တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒီရလဒ်တွေက အက်ပ် ဒေါင်းလုဒ်ရယူခြင်းနဲ့ နေ့စဉ်သုံးစွဲတဲ့ပမာဏ ကို တိုးတက်အောင်ပဲ ကူညီပေးနိုင်ခဲ့တာမဟုတ်ပါဘူး။ အသုံးပြုသူ  customer တွေနဲ့လည်း ပိုမိုချိတ်ဆက်နိုင်ခဲ့ပြီး ကောင်းမွန်တဲ့အတွေ့အကြုံတွေ ရလာအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ရလဒ်များ

အက်တမ် (ATOM) စတိုးအက်ပ်ကို ကောင်းမွန်တဲ့ တုံ့ပြန်ချက်တွေ၊ အကြံပြုချက်တွေပေးကြတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာမိပါတယ်။ ကိုးလတာကာလအတွင်းမှာ ဒေါင်းလုတ်ရယူမှု (၇)သန်းကျော်နဲ့ မြန်မာနိုင်ငံရဲ့ ဒေါင်းလုတ်ရယူမှုအမြင့်ဆုံး အက်ပ်ပလီကေးရှင်းတစ်ခုအနေနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒီအက်ပ်ပလီကေးရှင်းက Google Play မှာ အလွန်ကောင်းမွန်တဲ့ အဆင့်သတ်မှတ်ချက်တွေကို ရရှိထားပြီး ခြောက်လတာကာလမှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်း အက်ပ်ပလီကေးရှင်း ၁၀ ခုထဲက အပါအဝင်အဖြစ် စာရင်းဝင်နိုင်ခဲ့တဲ့အပြင် စတင်မိတ်ဆက်ချိန်တည်းက တယ်လီကွန်အော်ပရေတာတွေကြားမှာ နံပါတ် (၁) အက်ပ်ပလီကေးရှင်းအဖြစ်ရပ်တည်နိုင်ခဲ့ပြီး customer rating သတ်မှတ်ချက်အဖြစ် ၄.၁ ကိုလည်း ရရှိထားပါတယ်။

နောင်လာမယ့်အနာဂတ်မှာလည်း အက်တမ် (ATOM) စတိုးအက်ပ်ကနေတစ်ဆင့် customer ထိန်းသိမ်းထားနိုင်မယ့်အစီအစဉ်ကို ပိုမိုတိုးချဲ့ပြီး သင့်တော်မယ့် ဆုတွေ၊ ကူပွန်တွေ၊ စီးပွားရေးဝန်ဆောင်မှု၊ လူမှုဘဝအတွေ့အကြုံတွေကို ပေးအပ်သွားဖို့ စီစဉ်ထားပါတယ်။ ကျွန်တော်တို့က အသုံးပြုသူ customer တွေကို အမြဲဝန်ဆောင်မှုကောင်းတွေ ပေးအပ်နိုင်ဖို့ ဆန်းသစ်တဲ့ နည်းလမ်းတွေကို အမြဲရှာဖွေနေပြီး အနာဂတ်မှာ အက်တမ် (ATOM) စတိုးအက်ပ်မှာ ပိုမိုကောင်းမွန်တဲ့ သုံးစွဲသူ အတွေ့အကြုံပေးအပ်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။

အက်တမ် စတိုးအက်ပ်ကို Google Play Store၊ Apple Store သို့မဟုတ် အက်တမ် ဝက်ဘ်ဆိုဒ်မှာ ဒေါင်းလုတ်ရယူနိုင်ပါတယ်။ https://www.atom.com.mm/my/personal/ATOMstoreapp.

Back to top