We'd like to send you notifications of the latest posts and updates
Article
29 Dec,2023 - Yangon | 1 mins read
ရေးသူ - Mr. Muhammad Ziaullah Siddiqui၊ အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ်
နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကို ကြိုဆိုနှုတ်ဆက်ရမယ့် အခုလိုအချိန်မျိုးကတော့ ကျွန်တော်တို့အတွက် အသစ်သစ်သော အစပျိုးမှုတွေနဲ့အတူ ဦးတည်ချက်ပန်းတိုင်အသစ်တွေကို ချမှတ်ဖော်ဆောင်ဖို့ အကောင်းဆုံးအချိန်တစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အက်တမ် (ATOM) မှာဆိုရင် ဒီလိုအချိန်က ကျွန်တော်တို့ လျှောက်လှမ်းဖြတ်သန်းလာခဲ့တဲ့ တစ်နှစ်တာခရီးလမ်းရှည်ကြီးအကြောင်းကို ပြန်လည်ဆန်းစစ်သုံးသပ်ပြီး ရှေ့ဆက်လျှောက်မယ့် အနာဂတ်ခရီးလမ်းအတွက် ရည်မှန်းချက်ပန်းတိုင်အသစ်တွေကို စတင်ရေးဆွဲလုပ်ဆောင်နေပါပြီ။ ဒါကြောင့် အခုဆောင်းပါးမှာဆိုရင် နှစ်သစ်အချိန်အခါသမယမှာ လုပ်ငန်းအဖွဲ့အစည်းတွေအနေနဲ့ ရည်မှန်းချက်ပန်းတိုင်ချမှတ်ဖို့က ဘာကြောင့်အရေးကြီးလဲဆိုတဲ့အကြောင်းကို ဝေမျှပေးသွားမှာဖြစ်တဲ့အပြင် ဒီလိုမျိုးရည်မှန်းချက်ပန်းတိုင်တွေက ကျွန်တော်တို့ အက်တမ် (ATOM) အတွက် စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက်နေတဲ့ တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်းနယ်ပယ်ထဲမှာ ရပ်တည်နိုင်ဖို့ ဘယ်လိုအထောက်အကူပြုသလဲဆိုတဲ့အကြောင်းကိုပါ ပြောပြပေးသွားမှာဖြစ်ပါတယ်။
၁။ မျှော်မှန်းချက်နှင့် ရှင်းလင်းပြတ်သားမှု - ကိုယ်ရောက်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို သေသေချာချာ သတ်မှတ်လိုက်တာက ကျွန်တော်တို့ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းဆောင်တာတွေအတွက် ရှင်းလင်းပြတ်သားတဲ့ အမြင်တွေကို ပေးစွမ်းနိုင်ပါတယ်။ ဒီလိုမျိုး ချမှတ်လိုက်တာက ကျွန်တော်တို့ ဘယ်လိုပန်းတိုင်ဆီအရောက်သွားမလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိလာစေပြီး လက်တွေ့မှာ အောင်မြင်မှုပန်းတိုင်တွေဆီအရောက်လှမ်းနိုင်ဖို့ရာအတွက် အစီအစဉ်ရေးဆွဲလိုက်သလိုမျိုးဖြစ်စေပါတယ်။ အက်တမ် (ATOM) ရဲ့ ‘Beyond Better’ မျှော်မှန်းချက်နဲ့အညီ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် စံတန်ဖိုးတွေ၊ အကျိုးသက်ရောက်မှုကောင်းတွေ ဖြည့်ဆည်းပေးအပ်နိုင်မယ့် ရေတိုရေရှည်အစီအစဉ်တွေ၊ ရည်မှန်းချက်တွေကို ကျွန်တော်တို့ ရှေ့ဆက် အကောင်အထည်ဆောင်ရွက်ဖို့ရှိပါတယ်။
၂။ ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှု - တိကျသေချာတဲ့ ရည်မှန်းချက်တွေ ထားရှိခြင်းက အဖွဲ့အစည်းအတွင်းမှာ အချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုတွေရှိလာစေပါတယ်။ ကျွန်တော်တို့ ဘယ်ကို အရောက်လှမ်းကြရမလဲဆိုတဲ့ မဟာဗျူဟာမြောက်ရည်မှန်းချက်တွေကို သိရှိနားလည်လာတဲ့အခါမှာ အဖွဲ့အစည်းအတွင်းက ပူးပေါင်းဆောင်ရွက်မှုအားတွေ တိုးတက်လာစေပြီး တူညီတဲ့ပန်းတိုင်ကို အတူလျှောက်လှမ်းနေတာဖြစ်တဲ့အတွက် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ အခြေခံအုတ်မြစ်တစ်ခုကို ဖန်တီးပေးနိုင်တယ်လို့ ကျွန်တော်လက်ခံယုံကြည်ထားပါတယ်။
၃။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု - နှစ်တစ်နှစ်ကုန်ဆုံးချိန်မှာ ကျွန်တော်တို့ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ကုန်ဆုံးသွားတဲ့နှစ်ရဲ့အစပိုင်းမှာ ကျွန်တော်တို့ ချမှတ်ခဲ့တဲ့ ရည်မှန်းချက်တွေနဲ့ ပြန်ပြီးနှိုင်းယှဉ်တာက တစ်နှစ်တာအတွင်း ဘယ်လောက်တိုးတက်လာလဲဆိုတဲ့အရာကို အသိသာဆုံး ဖော်ပြနိုင်တဲ့နည်းလမ်းတစ်ခုပါပဲ။ အခု ၂၀၂၃ ခုနှစ်မှာဆိုရင် အက်တမ် (ATOM) အနေနဲ့ လုပ်ငန်းနယ်ပယ်ဒေသအသီးသီးမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာတာကို မျက်ဝါးထင်ထင်တွေ့ခဲ့ရပြီး အခု လာမယ့် ၂၀၂၄ ခုနှစ်မှာဆိုရင်လည်း ကျွန်တော်တို့ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကနေတစ်ဆင့် အသစ်သစ်သော တီထွင်ဆန်းသစ်မှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆက်လက်ဆောင်ကြဉ်းပေးနိုင်မယ်လို့ ယုံကြည်မျှော်လင့်ထားပါတယ်။
၄။ ဝန်ထမ်းများနှင့်ချိတ်ဆက်လုပ်ဆောင်ကာစိတ်ဓာတ်ခွန်အားမြှင့်တင်ပေးမှု - ဝန်ထမ်းတွေအတွက် တိကျမှန်ကန်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ပုံဖော်သတ်မှတ်ပေးတာကလည်း ဝန်ထမ်းတွေနဲ့ ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေရရှိနိုင်ဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကနေတစ်ဆင့် လုပ်ငန်းအတွက် အောင်မြင်မှုတွေ၊ ဆုတံဆိပ်တွေကို ရယူနိုင်တယ်ဆိုတာကို သိလာရတဲ့အချိန်မှာ ကိုယ့်ရဲ့လုပ်ငန်းတစ်ခုလိုမျိုး သဘောထားပြီး အောင်မြင်မှုတွေ ပိုပိုပြီးရရှိအောင် ကြိုးစားချင်တဲ့ စိတ်ဓာတ်ခွန်အားတွေမြင့်တက်လာတယ်လို့ ကျွန်တော်ထင်မြင်မိပါတယ်။
၅။ ပြောင်းလဲတိုးတက်နေသော ဈေးကွက်အတွင်း လိုက်လျောညီထွေရှိမှု - အခုလိုမျိုး အချိန်နဲ့အမျှ ပြောင်းလဲတိုးတက်နေတဲ့ လုပ်ငန်းနယ်ပယ်ထဲမှာဆိုရင် လိုက်လျောညီထွေမှုရှိတာက အားသာတဲ့အချက်တစ်ခုလို့ ယူဆနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ မဟာဗျူဟာမြောက်ရည်မှန်းချက်ပန်းတိုင်တွေက လျင်မြန်စွာ ပြောင်းလဲနေတဲ့ ဈေးကွက်နဲ့ လိုက်လျောညီထွေမှုရှိပြီး ခေတ်နဲ့တပြေးညီ တိုးတက်ပြောင်းလဲနိုင်စွမ်းရှိတာက အက်တမ် (ATOM) ကို တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်းနယ်ပယ်ထဲမှာ ဘက်စုံထူးချွန်တဲ့ စီးပွားရေးလုပ်ငန်းကောင်းတစ်ခု ဖြစ်စေပါတယ်။
နှစ်သစ်မှာ စောင့်ကြိုနေတဲ့ အခွင့်အလမ်းအသစ်တွေကို အမိအရဖမ်းဆုပ်ထားပြီး လူမှုအသိုင်းအဝိုင်းတွေဆီကို ပိုမိုသာလွန်ကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ယူဆောင်လာပေးမယ်ဆိုတဲ့ အက်တမ် (ATOM) ရဲ့ ကတိကတဝတ်တွေနဲ့အတူ အနာဂတ်ခရီးလမ်းကို ဆက်လက်လျှောက်လှမ်းချီတက်နိုင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ အကောင်အထည်ဖော်လုပ်ဆောင်လျက်ရှိနေပါတယ်။ နှစ်သစ်ရောက်တိုင်း ရည်မှန်းချက်ပန်းတိုင်အသစ်တွေကို ကိုယ့်ရဲ့ လုပ်ငန်းစံတန်ဖိုးတွေနဲ့ ကိုက်ညီမှုရှိစေဖို့နဲ့ လျှောက်လှမ်းနေတဲ့ ခရီးလမ်းတစ်လျှောက်မှာ ရရှိခဲ့တဲ့ အောင်မြင်မှုတိုင်းကိုလည်း ဂုဏ်ယူဝမ်းမြောက်ဖို့ကိုလည်း မေ့လျော့မနေဖို့အတွက်ကိုလည်း ဒီနေရာကနေ ကျွန်တော်တိုက်တွန်းလိုက်ရပါတယ်။
လာမယ့်နှစ်မှာ တိုးတက်အောင်မြင်ပြီး ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပြီး အားလုံးပဲ ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်တစ်နှစ်ကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ။
Back to top
Share