We'd like to send you notifications of the latest posts and updates

Article

သတင်းအချက်အလက်ရယူသုံးစွဲနိုင်မှု နည်းလမ်းများ ဆင့်ကဲပြောင်းလဲလာမှု

28 Sep,2022 - Yangon | 1 mins read

ရေးသားသူ = အက်တမ် (ATOM) ၏ လုပ်ငန်းလည်ပတ်ရေး အမှုဆောင်အရာရှိချုပ် Ahmad Abdallah

 

တစ်ဦးတစ်ယောက်ချင်း သတင်းအချက်အလက် ရယူသုံးစွဲနိုင်မှသာ ပိုမိုကောင်းမွန်သည့် လူမှုအသိုင်းအဝိုင်း ဆီသို့ ဆက်လက်လျှောက်လှမ်းနိုင်မည်ဖြစ်သည်။ မရှိမဖြစ်လိုအပ်သော တယ်လီကွန်းဆိုင်ရာ ဝန်ဆောင်မှုပေး သည့် အက်တမ် (ATOM) အနေဖြင့် မြန်မာနိုင်ငံတွင်း ရရှိသည့် အရင်းအမြစ်လုပ်ပိုင်ခွင့်များဖြင့် အကောင်းဆုံး ဝန်ဆောင်မှုများကို ရယူသုံးစွဲနိုင်ရန် လုပ်ဆောင်ပံ့ပိုးပေးသည့်အပြင် ရေရှည်တည်တံ့ပြီး လုပ်ငန်း၏ တာဝန်ယူမှု နည်းလမ်းများဖြင့် ခေတ်မီကွန်ရက်ပိုင်းအဆင့်မြှင့်တင်တည်ဆောက်ပြီး လည်ပတ်လုပ်ကိုင်လျက်ရှိပါသည်။ ယနေ့ကျရောက်သည့် International Day for Universal Access to Information နေ့တွင် အထက်ပါ သတင်းစကား၊ ကတိကဝတ်ကို ဆက်လက်အကောင်အထည်ဖော်လုပ်ဆောင်ရန်မှာ ပို၍ပင် အရေးပါလှပါသည်။

 

ArticleAccessToInformation

 

သတင်းအချက်အလက်ရယူသုံးစွဲနိုင်မှု နည်းလမ်းများ အချိန်တိုင်း ဆင့်ကဲပြောင်းလဲလာမှုကို အောက်ပါအတိုင်း တွေ့ရှိနိုင်မည်ဖြစ်သည်။

ယခင်

  • လူအများ ကြည့်ရှုနားထောင်သည့် လမ်းကြောင်းများမှတစ်ဆင့် သတင်းအချက်အလက် ရယူသုံးစွဲသည့် အပြင် အခြားနည်းလမ်းများဖြစ်သည့် လူအချင်းချင်း ပြောစကားမှတစ်ဆင့် ပြန်လည်ပြောဆိုခြင်းနှင့် သူငယ်ချင်း၊ မိတ်ဆွေများမှတစ်ဆင့် ဖြန့်ဝေခြင်းတို့ပါဝင်။
  • လက်ခံရယူသည့် ပရိတ်သတ် အကန့်အသတ်ရှိခြင်း။
  • သတင်းအချက်အလက် စီးဆင်းမှု နှောင့်နှေးခြင်း။

ယခု

  • အဓိကအားဖြင့် အွန်းလိုင်းစာမျက်နှာများနှင့် လူမှုကွန်ရက် အစရှိသည့် အင်တာနက်မှတစ်ဆင့် သတင်းအချက်အလက် ရယူအသုံးပြုခြင်း။
  • ရောက်ရှိမှု နယ်ပယ်ပိုမိုကျယ်ဝန်းခြင်း။
  • သတင်းအချက်အလက် စီးဆင်းမှု မြန်ဆန်ခြင်း။

ဒစ်ဂျစ်တယ်ခေတ်တွင် သတင်းအချက်အလက်ရရှိမှု၏ ကောင်းကျိုးနှင့် အကျိုးဆက်များ

ကောင်းကျိုးများ

  • အချိန်နှင့် တပြေးညီ လွယ်ကူလျင်မြန်စွာ စစ်ဆေးနိုင်ခြင်း။
  • ပရိတ်သတ် အများအပြားဆီသို့ သတင်းအချက်အလက်များကို လွယ်လင့်တကူ ပေးအပ်၊ ဝေမျှနိုင်ခြင်း။
  • ဒစ်ဂျစ်တယ်အသုံးအဆောင်များဖြစ်သည့် မိုဘိုင်းဖုန်းကဲ့သို့သော စက်များမှတစ်ဆင့် သတင်းအချက် အလက်များကို ရယူသုံးစွဲနိုင်ခြင်း။
  • ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးသည့်အပြင် ကိုယ့်ကိုကိုယ်ဗဟုသုတကြွယ်ဝမှု၊ ပါဝင်မှုနှင့် ပူးပေါင်းတို့ကို အားပေးခြင်း။
  • ပွင့်လင်းမြင်သာမှုရှိခြင်း။

အကျိုးဆက်များ

  • သတင်းအချက်အလက်အများများနှင့် သတင်းတုသတင်းယောင်များ ပိုမိုများပြားလာခြင်း။
  • ဒေတာလုံခြုံမှုနှင့် အချက်အလက်လုံခြုံမှုသည် အငြင်းပွားဖွယ်ရာ ဖြစ်လာခြင်း။
  • သင့်တင့်သည့် စက်ပစ္စည်းများ၊ အခြေခံအဆောက်အဦးနှင့် အထောက်အပံ့အများ အဆင်သင့် မဖြစ်နေခြင်း။

ဒစ်ဂျစ်တယ်သတင်းအချက်အလက်ရယူမှု အခြေအနေ

  • လူမှုကွန်ရက် ပံ့ပိုး၊ ရယူသုံးစွဲမှု ပိုမိုအားကောင်းလာနိုင်ခြင်း။
  • ပေါ့ကာစ် (podcasts)၊ ဗီဒီယိုအတိုလေးများနှင့် တိုက်ရိုက်ကြည့်ရှုနားထောင်နိုင်သည့် ပလက်ဖောင်း အသစ်များ ပိုမိုထွက်ပေါ်လာနိုင်ခြင်း။
  • စာတိုပေးပို့မှုနှင့် ပို့စ်များသာမက ရသပညာပေး၊ AR နှင့် VR တို့၏ အကူအညီနှင့် ဈေးဝယ်ထွက်ခြင်း၊ ဆက်သွယ်ရေးနှင့် ဂိမ်းတို့သည် လူမှုကွန်ရက်ပေါ်တွင် ပိုမိုခေတ်စားလာနိုင်ခြင်း။

Back to top