We'd like to send you notifications of the latest posts and updates
Article
12 Aug,2022 - Yangon | 1 mins read
ရေးသားသူ = အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်။
ယနေ့ သြဂုတ်လ ၁၂ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ဖြစ်ပါသည်။ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ "မျိုးဆက်အားလုံးစည်းလုံးညီညွတ်မှု - ခေတ်အဆက်ဆက်အတွက် အရွယ်မရွေး ကမ္ဘာတစ်ခု ဖန်တီးခြင်း" ဖြစ်သည်။
ယခုနှစ်၏ ဆောင်ပုဒ်နှင့် ကိုက်ညီစွာဖြင့် လူတိုင်းသည် ၎င်းတို့၏ အသက်အရွယ်၊ ပတ်ဝန်းကျင်နှင့် လိုက်လျော်ညီထွေရှိမှု၊ သို့မဟုတ် ယုံကြည်ချက်များအပေါ်တွင် ခွဲခြားမှုမရှိဘဲ ကမ္ဘာတစ်လွှားတွင် တန်းတူအခွင့်အရေးရရှိသင့်သည်ဟု အက်တမ် (ATOM) က အခိုင်အမာယုံကြည်ထားပါသည်။ အက်တမ် (ATOM) ၌ ကျွန်ုပ်တို့သည် အသက်အရွယ်နှင့် ကျားမ မခွဲခြားဘဲ စွမ်းဆောင်ရည်နှင့် အရည်အချင်းများအပေါ်သာ အခြေခံပြီး မတူညီသော အရည်အချင်းနှင့် ပူးပေါင်းပါဝင်မှုတို့ကိုသာ အားပေးပါသည်။
အရွယ်မရွေး မျိုးဆက်အားလုံး စည်းလုံးညီညွတ်မှုဖြင့် ကျွန်ုပ်တို့နေထိုင်လျက်ရှိသော ဒစ်ဂျစ်တယ်ခေတ် နှင့် မြန်မာပြည်သူပြည်သားများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းလျက်ရှိသည်။ ထို့ကြောင့် အင်တာနက်နှင့် တယ်လီဖုန်းဆက်သွယ်သုံးစွဲခွင့်ကို လူတိုင်းလက်လှမ်းမီနိုင်သင့်ပြီး ဒစ်ဂျစ်တယ်ခေတ်သို့ ရောက်ရှိနိုင်ရန်နှင့် အွန်လိုင်းအတွက် မှန်ကန်သောအသိပညာဗဟုသုတများ သိရှိထားသင့်သည်။ မြန်မာပြည်သူများ၏ စိတ်နှလုံးနှင့် နီးစပ်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ ဆန်းသစ်တီထွင်ကြံဆမှုများကို လုပ်ဆောင်သည့်အခါ အက်တမ် (ATOM) သည် ပစ္စုပ္ပန်ကိုသာ ထည့်သွင်းစဉ်းစားရုံမဟုတ်ဘဲ အနာဂတ်ရှေ့ရေးကိုပါ မျှော်တွေးမည်ဖြစ်သည်။
လူထုဦးစားပေးမှုကို အစဉ်ရှေးရှုပြီး ရည်ရွယ်ချက်ပြည့်ဝသော ကုမ္ပဏီတစ်ခုအနေနဲ့ ကျွန်ုပ်တို့သည် မျိုးဆက်အားလုံး၏ လူ့အဖွဲ့အစည်းအား ပြန်လည်ကြည့်ရှုစောင့်ရှောက်ရန် သန္နိဋ္ဌာန်ချထားပြီး ဤကတိကဝတ်နှင့်စပ်လျဉ်းသည့် အစီအစဉ်အချို့ကို အကောင်အထည်ဖော်ဆောင်ခဲ့သည်။ မကြာသေးမီက ကျွန်ုပ်တို့သည် ပညာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတတ်ရေး” အစီအစဉ်ကို ကြေညာခဲ့ပြီး၊ နိုင်ငံတစ်ဝှမ်းရှိ ထောင်ပေါင်းများစွာသော လူငယ်လူရွယ်များနှင့် ကလေးငယ်များ၏ အထောက်အကူပစ္စည်းများ နှင့် အခြေခံအဆောက်အအုံများအား ပိုမိုကောင်းမွန်လာစေရန် ပံ့ပိုးပေးပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် မိမိတို့၏လုပ်ငန်းနယ်ပယ်တွင် စွမ်းရည်မြှင့်တင်ရေးနှင့် ပြုစုပျိုးထောင်ရေး နည်းလမ်းများကို အစဉ်အမြဲရှာဖွေနေပြီး မကြာမီတွင် တီထွင်ဆန်းသစ်သောနည်းပညာသင်တန်းအစီအစဉ် (TTP) ကို စတင် မိတ်ဆက်လုပ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိသည်။ ယင်းအစီအစဉ်သည် မြန်မာလူငယ်များအား လုပ်ငန်းခွင်သို့ ဝင်ရောက်ရာတွင် အဆင်သင့်ဖြစ်စေရန် ရည်ရွယ်ထားသည့် လူမှုအကျိုးပြုအစီအစဉ်တစ်ခုဖြစ်သည်။
ကျွန်ုပ်တို့သည် မြန်မာနိုင်ငံအား အကျိူးပြုပြီး စီးပွားရေးလုပ်ငန်းများကို အသွင်ပြောင်းလဲပေးခြင်း၊၊ အလုပ်အကိုင်များ ပိုမိုဖန်တီးပေးနိုင်ရန်နှင့် ဆက်သွယ်ရေးနည်းပညာများကို အဆင့်မြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံအတွက် ပိုမိုကောင်းမွန်သော ရေရှည်တည်တံ့မည့် အနာဂတ်ကို ဖန်တီးပေးရန် ယနေ့ခေတ်လူငယ်များအပေါ်တွင် ရင်းနှီးမြုပ်နှံသည့် နည်းလမ်းမှလွဲ၍ ပိုမိုကောင်းမွန်သော နည်းလမ်းမရှိတော့ကြောင်း ကျွန်ုပ်တို့နားလည်ထားပါသည်။
မြန်မာ့လူမှုအဖွဲ့အစည်းကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသူနိုင်ငံသား အားလုံးအတွက် ဘေးကင်းပြီး အားလုံးပါဝင်နိုင်သော ဒစ်ဂျစ်တယ်ခေတ်တစ်ခုကို ပုံဖော်ရန် ကူညီပေးနိုင်မည်ဟု မျှော်လင့်ပါသည်။ မြန်မာနိုင်ငံရှိ လူငယ်လူရွယ်များနှင့် မြန်မာပြည်သူပြည်သားများအားလုံး အတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်အောင် ကျွန်ုပ်တို့ အတူတကွ လုပ်ဆောင်သွားမည်ဖြစ်သည်။
#IYD2022 #BeyondBetter #ATOM
Back to top
Share