We'd like to send you notifications of the latest posts and updates

"Balance Shield" Service

Balance Shield ဝန်ဆောင်မှုဆိုသည်မှာ အက်တမ် Prepaid Plan သုံးစွဲသူများအနေဖြင့် လူကြီးမင်းတို့ ဝယ်ယူထားသော Data Package များ ကုန်ဆုံးသွားပါက ဖုန်းလက်ကျန်ငွေမှ သုံးသလောက်ပေးနှုန်းထား (Pay-as-you-go) ဖြင့် ဖုန်းဘေလ်မကျသင့်ရန် ရယူနိုင်သော ဝန်ဆောင်မှုဖြစ်ပါသည်။ 


လူကြီးမင်း၀ယ်ယူထားသော အက်တမ် Data Package များကုန်ဆုံးပါက လက်ကျန်ငွေမှ ဒေတာသုံးစွဲခွင့်ကိုရပ်တန့်ရန်အတွက် *1909# ကို ဖုန်းခေါ်ဆိုခြင်းဖြင့် လုပ်ဆောင်နိုင်ပြီး လုပ်ဆောင်မှုအောင်မြင်ပါက အောင်မြင်ကြောင်းစာတိုကို လက်ခံရရှိမည်ဖြစ်ပါသည်။ 


(အကယ်၍ လက်ကျန်ငွေမှ ဒေတာသုံးစွဲခွင့်ကို ပြန်လည်ရယူလိုပါက *1909# ကို ဖုန်းခေါ်ဆို လုပ်ဆောင်နိုင်ပါသည်။)

Balance Shield ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များ

Balance Shield ဝန်ဆောင်မှုကို ရယူထားပြီးပါက အင်တာနက် ဆက်လက်အသုံးပြုနိုင်ရန် လူကြီးမင်းထံတွင် Data Package တစ်ခုခု ဝယ်ယူထားရမည်ဖြစ်ပြီး ဖုန်းကို Airplane mode (အဖွင့်/အပိတ်) ပြုလုပ်ခြင်း (သို့မဟုတ်) ဖုန်း Restart ပြုလုပ်ခြင်း တို့ကို လုပ်ဆောင်ပေးရပါမည်။ 


Balance Shield ဝန်ဆောင်မှုကို ရယူထားပြီး လက်ကျန် ဒေတာ လုံးဝ မရှိတော့သော အခြေအနေတွင် လူကြီးမင်း အနေဖြင့် မည်သည့် အင်တာနက် အသုံးပြုမှုကိုမဆို လုပ်ဆောင်နိုင်မည် မဟုတ်ပါ။ 
Balance Shield ဝန်ဆောင်မှုကို ရယူထားပြီး လက်ကျန် ဒေတာ လုံးဝ မရှိတော့သော အခြေအနေတွင် လူကြီးမင်း အနေဖြင့် မိမိကြိုက်နှစ်သက်ရာ Data Package တစ်ခုခုကို ATOM Store App (သို့) *979*2*2# ကို ခေါ်ဆို ဝယ်ယူပြီးပါက ဖုန်းအား Restart ပြုလုပ်ခြင်း (သို့မဟုတ်) Airplane mode အဖွင့်အပိတ် ပြုလုပ်ခြင်းများ လုပ်ဆောင်၍အသုံးပြုပေးရန် လိုအပ်ပါသည်။


သို့ဖြစ်ပါ၍ ဒေတာ ပြတ်တောက်မှု မရှိသုံးစွဲနိုင်ရန် အက်တမ်၏ ပရိုမိုးရှင်း Data Package များကို ATOM Store App (သို့) *979*2*2# ကို ခေါ်ဆိုပြီး ဝယ်ယူကာ အင်တာနက် အသုံးစရိတ် ချွေတာနိုင်သကဲ့သို့ အင်တာနက်အသုံးပြုချိန်တွင် အသုံးမပြုလိုသည့် Applications များအား Background Data ပိတ်ထားခြင်းဖြင့် ဒေတာကုန်ကျမှုသက်သာစေနိုင်ကြောင်း အသိပေး၊ အကြံပြုအပ်ပါသည်။

Balance Shield ဝန်ဆောင်မှုနှင့် ပတ်သက်သည့် စည်းမျဉ်း၊ စည်းကမ်းများ

  • Balance Shield ဝန်ဆောင်မှုကို အက်တမ် Prepaid Plan အသုံးပြုများသာ ရယူနိုင်ပါသည်။
  • Balance Shield ဝန်ဆောင်မှုကို သုံးစွဲသူမှ သက်ဆိုင်ရာ ဝန်ဆောင်မှု ရယူခြင်း နည်းလမ်း (USSD *1909#) ဖြင့်ရယူခြင်း အောင်မြင်ပါက ဖုန်းလက်ကျန်ငွေမှ သုံးသလောက်ပေးနှုန်းထားဖြင့် ဒေတာအသုံးပြုခြင်းကို ရပ်တန့် လိုက်မည်ဖြစ်သည်။
  • Balance Shield ဝန်ဆောင်မှုသည် ဖုန်းလက်ကျန်ငွေမှ သုံးသလောက်ပေးနှုန်းထားဖြင့် ဒေတာ အသုံးပြုခြင်းကိုသာ ရပ်တန့်လိုက်ခြင်းဖြစ်ပြီး အခြားသော ဝန်ဆောင်မှုများဖြစ်သည့် လက်ကျန်ငွေမှ ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှု နှင့် Value-added-service များ (ကြိုသုံး ချေးငွေ အပါအဝင်)တွင် သက်ရောက်မှု မရှိပါ။
  • Balance Shield ဝန်ဆောင်မှုကို ရယူထားသော အက်တမ် Prepaid Plan သုံးစွဲသူတွင် လက်ကျန်‌ဒေတာ မရှိတော့ပါက မည်သည့် အင်တာနက် အသုံးပြုမှုကိုမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပါ။
  • ကြိုက်နှစ်သက်ရာ Data Package တစ်ခုခုကို ပြန်လည်၀ယ်ယူပြီး Airplane mode အဖွင့်/အပိတ် ပြုလုပ်ခြင်း (သို့မဟုတ်)  ဖုန်းအား Restart ပြုလုပ်ခြင်း လုပ်ဆောင်ပြီးမှသာ ဒေတာအသုံးပြုမှုကို ပြန်လည်ရယူနိုင်ပါမည်။
  • အကယ်၍ လူကြီးမင်းသည် အက်တမ်၏ အထူးပရိုမိုးရှင်း ပက်ကေ့ချ် (Discounted offer) များကို ရယူထားပါက Balance Shield  ဝန်ဆောင်မှုကို ရယူနိုင်မည်မဟုတ်ပါ။
  • လူကြီးမင်း ရယူထားသည့် အက်တမ်၏ အထူးပရိုမိုးရှင်း ပက်ကေ့ချ် (Discounted offer) သက်တမ်းကုန်ဆုံးပါက Balance Shield  ဝန်ဆောင်မှုကို ရယူရန် ထပ်မံလုပ်ဆောင်နိုင်ပါသည်။ (အထူးပရိုမိုးရှင်း ပက်ကေ့ချ်များ ရယူထားပါက - *979*3*8# ကို ခေါ်ဆိုပြီး သက်တမ်း ကုန်ဆုံးရက်ကို စစ်ဆေးနိုင်ပါသည်။)
  • အကယ်၍ လူကြီးမင်းသည် Balance Shield  ဝန်ဆောင်မှုကို ရယူထားပြီး အက်တမ်၏ အထူးပရိုမိုးရှင်း ပက်ကေ့ချ် (Discounted offer) တစ်ခုခုကို ရယူလိုက်ပါက Balance Shield  ဝန်ဆောင်မှုရယူထားခြင်းကို အလိုအလျောက် ရပ်တန့်လိုက်မည်ဖြစ်သည်။ (ယင်းသို့ အလိုအလျောက် ရပ်တန့်ခြင်းများအတွက် လူကြီးမင်းကို အသိပေးစာတို ပေးပို့သွားမည်ဖြစ်ပါသည်။)
  • Balance Shield ဝန်ဆောင်မှုကို ရယူပြီးပါက(သို့) ပယ်ဖျက်ပြီးပါက Airplane mode အဖွင့်/အပိတ် ပြုလုပ်ခြင်း (သို့မဟုတ်) ဖုန်းအား Restart ပြုလုပ်ခြင်းတို့ လုပ်ဆောင်ရပါမည်။
  • Balance Shield ဝန်ဆောင်မှု ရယူခြင်း/ပယ်ဖျက်ခြင်းတို့ကို လုပ်ဆောင်ပြီးတိုင်း အသိပေး စာတိုကို လက်ခံရရှိမည်ဖြစ်ပါသည်။
  • Balance Shield ဝန်ဆောင်မှုကိုရယူထားပြီးပါက တစ်ပတ်လျှင် တစ်ကြိမ် အသိပေးအကြောင်းကြား စာတိုကို လက်ခံရှိမည်ဖြစ်ပါသည်။ အကယ်၍ လူကြီးမင်းသည် ယင်းအသိပေးအကြောင်းကြားစာတိုကို လက်ခံရရှိချိန်တွင် ယင်းဝန်ဆောင်မှု ရယူထားခြင်းကို ပယ်ဖျက်ပြီးပါက လျစ်လျှူရှုနိုင်ပါသည်။
  • Balance Shield ဝန်ဆောင်မှု ရယူခြင်း၊ ပယ်ဖျက်ခြင်းများအတွက် လုပ်ဆောင်နိုင်သည့် အကြိမ်ရေ ကန့်သတ်ထားခြင်းမရှိပါ။ သုံးစွဲသူမှ မိမိလိုအပ်ချက်အလျောက် ဝန်ဆောင်မှုကို ရယူခြင်း၊ ပယ်ဖျက်ခြင်းတို့ကို အချိန်မရွေး လုပ်ဆောင်နိုင်ပါသည်။
  • ဤစည်းမျဉ်း စည်းကမ်းများသည် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာရှိရာ၎င်းတို့ နှစ်ခုကြားကွဲလွဲမှုရှိပါက  အင်္ဂလိပ်ဘာသာသည်သာ အတည်ဖြစ်စေရမည်။
  • နည်းပညာချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့် အချိန်ကြန့်ကြာခြင်း၊ မကြေညာခြင်း၊ မှားယွင်း တွက်ချက်မှုများ၊ နည်းပညာဆိုင်ရာ ဆော့ဝဲလ်  ဟက်ဝဲလ် ချို့ယွင်းခြင်း၊ ပျက်စီး ဆုံးရှုံးမှုများ (သို့မဟုတ်) ပျက်ကွက်မှုများ၊ နှောင့်နှေးမှုများ၊ မှားယွင်းသောလုပ်ဆောင်ချက်များ၊ အင်တာနက် နက်ဝက် ဆက်သွယ်ချက် (သို့မဟုတ်) မည်သည့်အကြောင်းကြားစာ မရရှိခြင်း (သို့မဟုတ်) လွဲမှားစွာ ပေးပို့ခြင်း နှင့် အက်တမ်မြန်မာ မှ ထိန်းချုပ်ရန် မစွမ်းသာသော အခြေအနေများ အစရှိသည်တို့ကြောင့် ဤ Balance Shield ဝန်ဆောင်မှုအား အသုံးပြု သူများအပေါ် သက်ရောက်မှု/ ဆုံးရှုံးမှု ကုန်ကျမှုတစုံတရာရှိခဲ့ပါက အဆိုပါ ဆုံးရှုံးမှုများအား အက်တမ်မြန်မာ မှ တာဝန်ရှိသည်ဟု မှတ်ယူ ခြင်းမရှိစေရ။
  • ဤအစီအစဉ်နှင့်ပတ်သက်၍ အငြင်းဖွယ်ရာရှိပါက အက်တမ်မြန်မာ ၏ဆုံးဖြတ်ချက်သည် နောက်ဆုံးအတည်ဖြစ်သည်။ အက်တမ်မြန်မာမှ မည်သည့်အချိန်မဆို ဤစည်းမျဉ်းစည်းကမ်းအကုန်လုံး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်အား ပြင်ဆင်နိုင်သည်။

Frequently Asked Questions:

Balance Shield ဝန်ဆောင်မှုဆိုသည်မှာ အက်တမ် Prepaid Plan သုံးစွဲသူများအနေဖြင့် လူကြီးမင်းတို့ ဝယ်ယူထားသော Data Package များ ကုန်ဆုံးသွားပါက ဖုန်းလက်ကျန်ငွေမှ သုံးသလောက်ပေးနှုန်းထား (Pay-as-you-go) ဖြင့် ဖုန်းဘေလ်မကျသင့်ရန် ရယူနိုင်သော ဝန်ဆောင်မှုဖြစ်ပါသည်။

Balance Shield ဝန်ဆောင်မှုကို USSD *1909# ကို ခေါ်ဆို ရယူနိုင်ပါသည်။

Balance Shield ဝန်ဆောင်မှုကို USSD *1909# ကို ခေါ်ဆို ပယ်ဖျက်နိုင်ပါသည်။

Balance Shield ဝန်ဆောင်မှုကို ATOM Prepaid Plan သုံးစွဲသူများ ရယူနိုင်ပါသည်။

Balance Shield ဝန်ဆောင်မှုကို ရယူထားရင် ဝယ်ထားတဲ့ ဒေတာကုန်သွားတာနဲ့ ‌ဒေတာအသုံးပြုမှု ရပ်တန့်သွားမှာဖြစ်ပြီး ဖုန်းဘေလ်လက်ကျန်ထဲက ငွေဖြတ်တောက်မှုလဲ ဖြစ်ပေါ်မှာ မဟုတ်ပါဖူး။

Balance Shield ဝန်ဆောင်မှုသည် ဖုန်းလက်ကျန်ငွေမှ သုံးသလောက်ပေးနှုန်းထားဖြင့် ဒေတာ အသုံးပြုခြင်းကိုသာ ရပ်တန့်လိုက်ခြင်းဖြစ်ပြီး အခြားသော ဝန်ဆောင်မှုများဖြစ်သည့် လက်ကျန်ငွေမှ ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှု နှင့် Value-added-service များ (ကြိုသုံး ချေးငွေ အပါအဝင်)တွင် သက်ရောက်မှု မရှိပါ။

Balance Shield ဝန်ဆောင်မှုကို ရယူထားပြီး ဒေတာလက်ကျန်ကုန်သွားလို့ ‌ဒေတာ ဆက်သုံးမရတော့ရင် - အောက်ပါနည်းလမ်းတွေနဲ့ လုပ်ဆောင်နိုင်ပါတယ်။

  1. ကြိုက်နှစ်သက်ရာ ဒေတာ ပက်ကေ့ချ်တွေကို USSD *979*2*2# ကို ခေါ်ဆိုပြီး ဝယ်ယူပါ။ (သို့) Balance Shield  ဝန်ဆောင်မှုကို USSD *1909# ကို ခေါ်ဆိုပြီး ပယ်ဖျက်ပါ။
  2. ပထမအဆင့်က မိမိကြိုက်နှစ်သက်ရာ တစ်ခုခုကို ရွေးချယ် လုပ်ဆောင်ပြီးတာနဲ့ ‌ဒေတာပြန်သုံးနိုင်ဖို့ Airplane mode အဖွင့်/အပိတ် ပြုလုပ်ခြင်း (သို့မဟုတ်) ဖုန်းအား Restart ပြုလုပ်ခြင်းတို့ လုပ်ဆောင်ရပါမည်။

အက်တမ်၏ အထူးပရိုမိုးရှင်း ပက်ကေ့ချ် (Discounted offer) တွေဆိုတာ လူကြီးမင်း၏ ဖုန်းဘေလ်လက်ကျန်ငွေမှ ‌ဒေတာ အသုံးပြုခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း အစရှိသည့်တို့ကို အထူးပရိုမိုးရှင်း ဈေးနှုန်းဖြင့် ဖုန်းဘေလ်လက်ကျန်ငွေမှ အသုံးပြုခွင့်ပေးထားသော ဝန်ဆောင်မှု အစီအစဉ်များ ဖြစ်ပါသည်။ (Discounted offer များရယူထားပါက *979*3*8# ကို ခေါ်ဆိုပြီး စစ်ဆေးနိုင်ပါသည်။)

မရယူနိုင်ပါ။ အထူးပရိုမိုးရှင်း ပက်ကေ့ချ် (Discounted offer) သက်တမ်းကုန်ဆုံးပါက (သို့မဟုတ်) ဝန်ဆောင်မှု ရယူထားခြင်းကို ပယ်ဖျက်ပြီးပါက Balance Shield  ဝန်ဆောင်မှုကိုရယူရန် လုပ်ဆောင်နိုင်ပါသည်။

အကယ်၍ လူကြီးမင်းသည် Balance Shield  ဝန်ဆောင်မှုကို ရယူထားပြီး အက်တမ်၏ အထူးပရိုမိုးရှင်း ပက်ကေ့ချ် (Discounted offer) တစ်ခုခုကို ရယူလိုက်ပါက Balance Shield  ဝန်ဆောင်မှုရယူထားခြင်းကို အလိုအလျောက် ရပ်တန့်လိုက်မည်ဖြစ်သည်။ (ယင်းသို့ အလိုအလျောက် ရပ်တန့်ခြင်းများအတွက် လူကြီးမင်းကို အသိပေးစာတို ပေးပို့သွားမည်ဖြစ်ပါသည်။)

Balance Shield ဝန်ဆောင်မှုကိုရယူထားပြီးပါက တစ်ပတ်လျှင် တစ်ကြိမ် အသိပေးအကြောင်းကြား စာတိုကို လက်ခံရှိမည်ဖြစ်ပါသည်။ အကယ်၍ လူကြီးမင်းသည် ယင်းအသိပေးအကြောင်းကြားစာတိုကို လက်ခံရရှိချိန်တွင် ယင်းဝန်ဆောင်မှု ရယူထားခြင်းကို ပယ်ဖျက်ပြီးပါက လျစ်လျှူရှုနိုင်ပါသည်။

USSD *1909# ကို ဖုန်းခေါ်ဆိုကြည့်ပါက-

  • အကယ်၍ Balance Shield ဝန်ဆောင်မှုကို ရယူထားခဲ့ပါက “လက်ကျန်ငွေဖြင့် ဒေတာအသုံးပြုခြင်းကို ရယူရန် 1ကိုနှိပ်ပါ” ကို မြင်တွေ့ရမည် ဖြစ်ပါသည်။
  • အကယ်၍ Balance Shield ဝန်ဆောင်မှုကို ရယူထားခြင်း မရှိပါက “လက်ကျန်ငွေဖြင့် ‌‌ဒေတာအသုံးပြုခြင်းကိုရပ်ရန် 1ကိုနှိပ်ပါ” ကို မြင်တွေ့ရမည်ဖြစ်ပါသည်။ 

ဝန်ဆောင်ခ ပေးဆောင်ရန် မလိုအပ်ပါ။

Call Center ကို ဆက်သွယ်နိုင်ပါသည်။ အက်တမ်နံပါတ်ဖြင့် ခေါ်ဆိုပါက 979၊ အခြားအော်ပရေတာ နံပါတ်ဖြင့် ခေါ်ဆိုပါက 9790097900

Balance Shield ဝန်ဆောင်မှု ရယူခြင်း၊ ပယ်ဖျက်ခြင်းများအတွက် လုပ်ဆောင်နိုင်သည့် အကြိမ်ရေ ကန့်သတ်ထားခြင်းမရှိပါ။ သုံးစွဲသူမှ မိမိလိုအပ်ချက်အလျောက် ဝန်ဆောင်မှုကို ရယူခြင်း၊ ပယ်ဖျက်ခြင်းတို့ကို အချိန်မရွေး လုပ်ဆောင်နိုင်ပါသည်။ 

252

Back to top