We'd like to send you notifications of the latest posts and updates

Buy Now Pay Later အစီအစဉ်

Buy Now Pay Later သည် ATOM နှင့် AYA Pay တို့ပူပေါင်းပြီး သင့်နေ့စဉ်ဘဝတွင် လိုအပ်သော စမတ်ဖုန်းများကို ဝယ်ယူရန် Buy Now Pay Later အစီအစဉ်ကို ATOM သုံးစွဲသူများအားလုံး အတွက် ပထမဦးဆုံးသော တယ်လီကော်ပိုရေးရှင်း အနေဖြင့် တင်ဆက်လိုက်ပါသည်။ ATOM အသုံးပြုသူများသည် လိုက်လျောညီထွေရှိသော ငွေပေးချေမှုအစီအစဉ်၊ ကျယ်ပြန့်သော စမတ်ဖုန်းရွေးချယ်မှု၊ လွယ်ကူသောလျှောက်လွှာလုပ်ငန်းစဉ်နှင့် ထူးခြားသောအခွင့်အရေးများဖြင့် ၎င်းတို့၏အလိုရှိသော စမတ်ဖုန်းများကို ဝင်ရောက် လျှောက်ထား ဝယ်ယူနိုင်ပါသည်။ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများနှင့် အထူးအခွင့်အရေးများကို ခံစားနိုင်ရန် အောက်ပါလင့်ခ်ကို ယခုပဲ လျှောက်ထားလိုက်ပါ။

 

Apply Now

အထူးအခွင့်အရေးများ

shal shake
shal shake
shal shake
shal shake

 

How to apply BNPL Program

အရစ်ကျဝန်ဆောင်မှု နှင့် ပတ်သက်သည့် စည်းကမ်းချက်များ

  • ဤဝန်ဆောင်မှုမှာ လစဥ်ပုံမှန်ဝင်ငွေရှိသူများ၊ အလုပ်အကိုင်ရှိသူများအတွက် နေ့စဥ်လူမှုဘဝတွင် လိုအပ်သည့် ကုန်ပစ္စည်းများကို လစဥ်အရစ်ကျပေးချေမှုစနစ်ဖြင့် ATOM သုံးစွဲသူများ ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်ပါသည်။
  • ဝယ်ယူမည့်သူသည် AYA Pay အသုံးပြုသူ Level (2) User ဖြစ်ရပါမည်။ ဝယ်ယူရန် လျှောက်ထားသည့် ကုန်ပစ္စည်းအတွက် AYA ဘဏ်မှသတ်မှတ်ထားသည့် အနည်းဆုံးဝင်ငွေပမာဏ ပြည့်မှီရပါမည်။
  • ဝယ်ယူမည့်သူသည် ATOM Store app or ATOM Website မှတစ်ဆင့် မိမိဝယ်ယူလိုသည့် ကုန်ပစ္စည်းကိုရွေးချယ်ပြီး မိမိ၏ ကိုယ်ရေးအချက်အလက်၊ လစဥ်ဝင်ငွေ စာရွက်စာတမ်း၊ အာမခံမည့်သူ၏ ကိုယ်ရေးအချက်အလက်တို့နှင့်အတူ လျှောက်တင်ရပါမည်။ ထို့နောက် ဧရာဝတီဘဏ်ဖက်မှ လျှောက်တင်ထားသူ၏ အချက်အလက်များကို စစ်ဆေးအတည်ပြုခြင်း လုပ်ငန်းစဥ်ကိုဆောင်ရွက်ပါမည်။ လျှောက်ထားသူ ဘဏ်သို့ပေးအပ်ရသည့် ကိုယ်ရေးအချက်အလက်၊ လစဥ်ဝင်ငွေစာရွက်စာတမ်း၊ အာမခံမည့်သူ၏ ကိုယ်ရေးအချက်အလက် နှင့် ပတ်သက်ပြီး ATOM Myanmar တွင်မည်သည့် တာ၀န်မျှ ရှိလိမ့်မည် မဟုတ်ပေ။
  • ဧရာဝတီဘဏ်ဖက်မှ အရစ်ကျလျှောက်ထားမှုအခြေအနေနှင့်ပတ်သက်၍ ရုံးဖွင့်ရက် (၅) ရက် အတွင်း ဆက်သွယ်အကြောင်းကြားပေးမည်ဖြစ်ပါသည်။ ဧရာဝတီဘဏ်ဖက်မှ အချက်အလက်များကိုစစ်ဆေးပြီး လျှောက်ထားမှုအား အတည်ပြုလျှင် မိမိလျှောက်ထားစဥ်က ဖြည့်စွက်ခဲ့သော ဖုန်းနံပါတ်သို့ လျှောက်ထားမှုကို အတည်ပြုကြောင်း SMS ပေးပို့သွားမည်ဖြစ်ပြီး QR Code ကိုလည်း AYA Pay App ၏ Notification မှ လည်း ပေးပို့သွားမည် ဖြစ်ပါသည်။ ထို SMS နှင့် QR Code တို့အား ရရှိသည်နှင့် လျှောက်ထားစဥ်က ရွေးချယ်ခဲ့သော ဆိုင်ခွဲတွင် ကုန်ပစ္စည်းအား သွားရောက်ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ဝယ်ယူသူမှ သက်ဆိုင်ရာဆိုင်သို့ သွားရောက်၍ လိုအပ်သည့်စာရွက်စာတမ်းများကို လက်မှတ်ထိုးပြီး ကုန်ပစ္စည်းကို ထုတ်ယူနိုင်ပါသည်။
  • ဝယ်ယူသူမှ လစဥ်ပေးသွင်းရမည့်ငွေပမာဏများကို AYA Pay ၏ “Manage Card” မှတစ်ဆင့် (သို့မဟုတ်) ဧရာဝတီဘဏ် ဘဏ်ခွဲများတွင် ပေးသွင်းရမည်ဖြစ်ပါသည်။ လစဥ်ပေးသွင်းရမည့်ငွေပမာဏများကို လျှောက်ထားစဥ်ကဖြည့်စွက်ခဲ့သော Email သို့လည်း ငွေစာရင်းရှင်းတမ်း (Statement) ပေးပို့ပေးမည်ဖြစ်ပါသည်။ Email Statement တွင် လစဥ်အရစ်ကျ နောက်ဆုံးပြန်လည်ပေးသွင်းရမည့်နေ့ကို ဖော်ပြထားပြီး ပြန်လည်ပေးသွင်းရန် ပျက်ကွက်ခဲ့ပါက နောက်ကျကြေး ၂% ကိုဝယ်သူမှ ပေးဆောင်ရမည်ဖြစ်ပါသည်။
  • BNPL program လျှောက်ထားရာတွင် တင်သွင်းထားသည့် လျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်များ နှင့် စာရွက်စာတမ်း အထောက်အထားများကို ATOM Myanmar ဘက်မှ သိရှိခွင့်ရှိမည်မဟုတ်ပါ။ လူကြီးမင်း၏ အချက်အလက်များကို AYA Bank ဘက်မှ ကောက်ခံခြင်းဖြစ်သဖြင့် AYA Bank ကသာ သိရှိနိုင်မည်ဖြစ်ပါသည်။
  • ဒေတာလက်ဆောင် သက်တမ်းမှာ ရက်၃၀ ဖြစ်ပါသည်။

Frequently Asked Questions:

AYA Pay ၏ Buy Now Pay Later ဝန်ဆောင်မှုမှာ လစဥ်ပုံမှန်ဝင်ငွေရှိသူများ၊ အလုပ်အကိုင်ရှိသူများအတွက် နေ့စဥ်လူမှုဘဝ၌ လိုအပ်သော ကုန်ပစ္စည်းများကို လစဥ်အရစ်ကျ ပေးချေမှုပုံစံမျိုးဖြင့် ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ပြုလုပ်ထားသည့် AYA Bank ၏ Card Application Product တစ်ခုဖြစ်ပါသည်။ 

 

  • AYA Pay Buy Now Pay Later လျှောက်ရန် ဝယ်ယူမည့်သူသည် အသက် (၂၁) နှစ်ပြည့်ပြီးသော မြန်မာနိုင်ငံသား (သို့မဟုတ်) အမြဲနေထိုင်ခွင့်ရရှိထားသူဖြစ်ရပါမည်။ 
  • AYA Pay Buy Now Pay Later လျှောက်ရန် ဝယ်ယူမည့်သူသည် ATOM sim အသုံးပြုသူဖြစ်ရပါမည်။
  • AYA Pay အသုံးပြုသူ Level (2) User ဖြစ်ကြောင်း စစ်ဆေးအတည်ပြုပြီးသားဖြစ်ရပါမည်။ 
  • ဝယ်ယူရန် လျှောက်ထားသည့် ကုန်ပစ္စည်းအတွက် သတ်မှတ်ထားသော အနည်းဆုံးဝင်ငွေပမာဏ ပြည့်မှီရပါမည်။ 
  • ဝယ်ယူမည့်သူသည် AYA Pay App မှတစ်ဆင့် ဝယ်ယူလိုသည့် ပစ္စည်းကိုရွေးချယ်ပြီး မိမိ၏ ကိုယ်ရေးအချက်အလက်၊ လစဥ်ဝင်ငွေနှင့် သက်သေစာရွက်စာတမ်း၊ အာမခံမည့်သူ၏ ကိုယ်ရေးအချက်အလက်တို့နှင့်အတူ လျှောက်တင်ရပါမည်။

(၆)လ၊ (၁၂)လ၊ (၁၈)လ နှင့် (၂၄)လ စသည်ဖြင့် မိမိစိတ်တိုင်းကျ လစဥ်အရစ်ကျဝန်ဆောင်မှုကို လျှောက်ထားနိုင်ပါသည်။ 

AYA Pay BNPL မှာ 20% Downpayment  ဖြင့်ကနဦးပေးချေပြီး ကျန်ငွေကို လစဥ်အရစ်ကျ ပေးသွင်းနိုင်ပါသည်။ 

Downpayment နှင့် BNPL လျှောက်သော Customer သည် အာမခံသူမလိုအပ်ပါ။ 

AYA Pay ၏ “Manage Card” မှတစ်ဆင့် (သို့မဟုတ်) ဧရာဝတီဘဏ် ဘဏ်ခွဲများတွင် ပေးသွင်းနိုင်ပါသည်။ လစဥ်ပေးသွင်းရမည့် ငွေပမာဏများကို လျှောက်ထားစဥ်ကဖြည့်စွက်ခဲ့သော Email သို့လည်း ငွေစာရင်းရှင်းတမ်း (Statement) ပေးပို့ပေးမည်ဖြစ်ပါသည်။ ထို Email Statement တွင် လစဥ်နောက်ဆုံးပြန်လည်ပေးသွင်းရမည့်နေ့ကိုလည်း ဖော်ပြထားပါသည်။ 

ဖုန်းဝယ်ယူပြီးသည့်အချိန်မှ စ၍ လတစ်လ၏ ပထမပတ်အတွင်း သင်ဝယ်ယူထားသော ဖုန်းတန်ဖိုး ပမာဏအလိုက် သတ်မှတ်ထားသော Data Bonus Package ကိုထည့်သွင်းပေးမည်ဖြစ်ပါသည်။

လစဥ်ပြန်လည်ပေးဆပ်ရမည့် ငွေပမာဏကို ပြန်လည်ပေးသွင်းရန် ပျက်ကွက်ခဲ့ပါက နောက်ကျကြေး ၂% ကိုဝယ်သူမှ ပေးဆောင်ရပါမည်။ 

မပေးဆပ်နိုင်ပါ။ မိမိလျှောက်ထားစဥ်က ရွေးချယ်ခဲ့သော အရစ်ကျကာလအပိုင်းအခြားအတိုင်းသာ ပြန်လည်ပေးဆပ်ရန်သတ်မှတ်ထားသည့် ပမာဏကိုပေးသွင်းရပါမည်။

သတ်မှတ်ကာလပြည့်ပြီး၍ ချေးငွေအကြေဆပ်ပြီးသောသူသည် နောက်ထပ် BNPL ကို ထပ်မံလျှောက်ထားနိုင်ပါသည်။ 

အောက်ဖော်ပြပါ AYA Pay Customer Support သို့ဆက်သွယ်နိုင်ပါသည်။

AYA Pay Customer Support: 01-4705777

Email: contact@ayapay.com

283

Back to top