We'd like to send you notifications of the latest posts and updates

ATOM BOGO (Buy One Get One) Offer

ကိုယ်ချစ်ခင်ရသူနဲ့ အတူမျှဝေသုံးစွဲနိုင်မယ့် ATOM (အက်တမ်) ရဲ့ BOGO Pack (Buy One Get One)
BOGO Pack (Buy One Get One) နဲ့ဆိုရင်ကိုယ်ရဲ့အချစ်ဆုံး ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ်မပြတ် အမြဲအတူရှိနေသလိုခံစားရမှာပါ။  ကိုယ့်အတွက်တစ်ယောက်စာ ဝယ်ယူလိုက်ရုံနဲ့ ကိုယ်မျှဝေချင်တဲ့ နောက်တစ်ယောက်ပါ အခမဲ့သုံးစွဲနိုင်မှာမို့ ကိုယ့်ရဲ့ ဂရုစိုက်မှုတွေကို ပြသနိုင်ပါပြီ။

 

ရက်(၃၀)စာကို ၇၂၉၉ ကျပ်ထဲနဲ့ ATOM Store Appထဲမှာ ဝယ်ယူရင်း ဝယ်သူရော၊ Free သုံးခွင့်ရသူပါ 1GB ဒေတာ၊ အက်တမ်ဖုန်းအချင်းချင်း ခေါ်ဆိုဖို့ မိနစ်(၄၀)နဲ့ အက်တမ်ဖုန်းများသို့SMS အကန့်အသတ်မရှိ အသုံးပြုနိုင်မှာပါ။ ဒါ့အပြင် ဝယ်ယူသူအတွက် 100% Cashbackပါ ပြန်လည်ရယူနိုင်သည့် အတွက် BOGO Pack (Buy One Get One) နဲ့အတူကိုယ်ချစ်ခင်ရသူအတွက်ပါ အတူတူ မျှဝေသုံးစွဲဖို့ ဝယ်ယူရန် အသင့်တော်ဆုံးဖြစ်ပါတယ်။

 

ATOM Store App BOGO Pack (Buy One Get One) ကို ရွေးချယ်ပြီး ချစ်ခင်ရသူ၏ (ATOM Prepaid) ဖုန်းနံပါတ် ကိုထည့်သွင်း ချိတ်ဆက်ပြီးနောက် ဒေတာနှင့် အက်တမ်ဖုန်းခေါ်ဆိုမိနစ်များကို အလိုအလျောက်မျှဝေခြင်း ဖြင့်ရရှိပါမည်။ ထို့အပြင်၊ ချိတ်ဆက်ထားသူနှစ်ဦးစလုံးသည် အက်တမ်ဖုန်း နံပါတ်များအားလုံးကိုပေးပို့ရန် အကန့်အသတ်မရှိ စာတို ပေးပို့နိုင်ခြင်းကိုပါ ရရှိမှာပါ။ ဤမိုဘိုင်းအကျိုးခံစားခွင့်များနှင့် အပိုငွေပြန်အမ်းငွေရရှိရန်အတွက် ၇၂၉၉ ကျပ်သာရှိ ကျသင့်ပြီး သက်တမ်းမှာ ရက် (၃၀) ဖြစ်ပါသည်။

CUSTOMER JOURNIES

စည်းမျဉ်းစည်းကမ်းများ

၁) ဤ BOGO(Buy One Get One) ပက်ကေ့ချ်အစီအစဉ်ကို သုံးစွဲရန်အသင့်အနေအထားသို့ချိတ်ဆက်ဆောင်ရွက်ပြီး ရယူ အသုံးပြုခြင်းဖြင့် လူကြီးမင်းသည် အောက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များကို ဖတ်ရှုပြီး၍ သိရှိနားလည် သဘောပေါက်သည့် အလျောက် လက်ခံသဘောတူညီပြီးဖြစ်သည်ဟု မှတ်ယူပါမည်။ 
၂) ဤ BOGO(Buy One Get One) ပတ်ကေ့ခ်ျ အစီအစဉ်အား အက်တမ်၏ Pre-paid ဝန်ဆောင်မှုသုံးစွဲသူ များသာ ရယူသုံးစွဲနိုင်သည်။
၃) သုံးစွဲသူမှ အစီအစဉ်အား ရယူပြီးနောက် ရွေးချယ်ထားသော အစီအစဉ် အလိုက် ပတ်ကေ့ခ်ဈေးနှုန်းသည် သုံးစွဲသူ၏ အဓိက လက်ကျန်ငွေ (ဖုန်းလက်ကျန်ငွေ ပမာဏ (သို့) အကြွေး ယူထားသည့် ငွေပမာဏ) ထဲမှ နှုတ်ယူမည် ဖြစ်ပါသည်။ (“ပထမအုပ်စုဝင်”)
၄) ပထမအုပ်စုဝင်မှ ၎င်းရယူထားသော ပက်ကေ့ချ်အလိုက်  အက်တမ်၏ Pre-paid ကတ် ဝန်ဆောင်မှုသုံးစွဲသူ နောက်ထပ် အဖွဲ့ဝင်များအား ထည့်သွင်းပြီး (“နောက်ထပ်အုပ်စုဝင်”) မိသားစုအစီအစဉ်ရယူထားသည့် အချိန် အတွင်း ရရှိနိုင်သော ခံစား ခွင့်များ ဖြစ်သည့် အင်တာနက်ဒေတာ နှင့် အက်တမ် ဖုန်းနံပါတ်များသို့ ခေါ်ဆိုမိနစ်များကို မျှဝေသုံးစွဲခွင့် အပြင် အက်တမ် ဖုန်းနံပါတ် အချင်းချင်း အခမဲ့SMSပို့ခွင့်တို့ကို ရရှိမည် ဖြစ်သည်။
၅) ပထမအုပ်စုဝင်မှသာ BOGO(Buy One Get One) ပက်ကေ့ခ်ျ အစီအစဉ်၏ ခံစားခွင့်များအား မျှဝေသုံးစွဲရန်အတွက် နောက်ထပ် အုပ်စုဝင်အား ထည့်သွင်းခြင်း ဖယ်ရှားခြင်းတို့ ပြုလုပ်ရန် ဆုံးဖြတ်နိုင်မည် ဖြစ်သည်။ သို့ရာတွင် ပထမ အုပ်စုဝင်မှ ရယူထားသော ဤအစီအစဉ်သက်တမ်းမကုန်ဆုံးမီ မည်သည့် အုပ်စုဝင်ကိုမှ ထပ်မံ ထည့်သွင်း ခြင်း ဖယ်ရှားခြင်းတို့ပြုလုပ်ခွင့် မရှိချေ။
၆) ပထမအုပ်စုဝင် မှာ မိမိသတ်မှတ်ထည့်သွင်းထားသည့် နောက်ထပ်အုပ်စုဝင်နှင့်  မိမိရယူထားသော ပတ်ကေ့ခ်ျ အလိုက် သတ်မှတ်ထားသည့် သုံးစွဲနိုင်သော အင်တာနက်ဒေတာ နှင့် အက်တမ် ဖုန်းနံပါတ်များသို့ ခေါ်ဆိုမိနစ်များကို မျှဝေသုံးစွဲခွင့် အပြင် အက်တမ် ဖုန်းနံပါတ် အချင်းချင်း အခမဲ့SMSပို့ခွင့်တို့ကို အတူတကွ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
၇) ပထမအုပ်စုဝင်နှင့် နောက်ထပ် အုပ်စုဝင်မှာ ၎င်းတို့ရယူထားသော BOGO(Buy One Get One) ပတ်ကေ့ခ်ျ အစီအစဉ်တွင် သုံးစွဲခွင့်ရှိသည့် အင်တာနက်ဒေတာ ပမာဏ၊ဖုန်းခေါ်ဆိုခွင့် ပမာဏ နှင့် SMSပို့ခွင့် တို့ကို အခြားသော အက်တမ်သုံးစွဲသူများအား လွှဲပြောင်းခြင်း/ပေးပို့ခြင်း တို့ မပြုလုပ်ရပါ။ သို့ရာတွင် ပထမအုပ်စုဝင်မှ ၄င်းဝယ်ယူထားသော BOGO(Buy One Get One) Pack အစီအစဉ် ရှိ အင်တာနက်ဒေတာ ပတ်ကေ့ခ်ျအား သက်ဆိုင်ရာ ဝန်ဆောင်ခပေးအပ်ပြီး နောက်ထပ်အုပ်စုဝင်အား လွှဲပြောင်းနိုင်သည်။ သို့သော် လွှဲပြောင်းနိုင်သည့် အကြိမ်အရေအတွက်နှင့် ပမာဏမှာ ကန့်သက်ချက်ရှိသည်။
၈) အက်တမ်မြန်မာမှ BOGO(Buy One Get One) ပတ်ကေ့ခ်ျ အစီအစဉ်ရယူထားသော သုံးစွဲသူအား ပတ်ကေ့ခ်ျသက်တမ်း မကုန်ဆုံးမီ စာတို ပေးပို့ အကြောင်းကြားမည်ဖြစ်သည်။ အကယ်၍ သုံးစွဲသူမှ BOGO(Buy One Get One) ပတ်ကေ့ခ်ျအားသက်တမ်းတိုး ဝယ်ယူခြင်း မရှိပါက မူလဝယ်ယူထားသော BOGO(Buy One Get One) ပတ်ကေ့ခ်ျမှာ အလိုအလျှောက်သက်တမ်းကုန်ဆုံးသွားမည် ဖြစ်ပြီး ပထမ အုပ်စုဝင်ကော နောက်ထပ်အုပ်စုဝင်ပါ။ ၎င်းတို့သုံးစွဲသည့် အင်တာနက်ဒေတာ ပမာဏ၊ ဖုန်းခေါ်ဆို ခြင်း နှင့် SMS ပို့ခြင်း တို့အား သုံးသလောက် ကျသင့်သည့် pay-as-you-go နှုန်းထား (သို့) ၎င်းတို့ ဝယ်ယူထား သည့် အခြားသော ပတ်ကေ့ခ်ျများမှ နှုတ်ယူမည်ဖြစ်သည်။
၉) သုံးစွဲသူများမှ မိမိတို့ သဘောဆန္ဒဖြင့် ပက်ကေ့ခ်ျများ ဝယ်ယူခြင်း/ပယ်ဖျက်ခြင်း/အသုံးပြုရန် ပျက်ကွက်ခြင်းတို့အတွက် အက်တမ်မြန်မာမှ ငွေကြေး ပြန်လည် ပေးအပ်ခြင်းတို့ ပြုလုပ်မည် မဟုတ်ပေ။
၁၀) အက်တမ်မြန်မာမှ သင့်လျော်သည်ဟု ထင်မြင်သည့်အတိုင်း BOGO(Buy One Get One) ပတ်ကေ့ခ်ျ အစီအစဉ်၏ ဈေးနှုန်း၊ ဒေတာပမာဏ၊ သုံးစွဲ နိုင်သည့် အုပ်စုဝင် အရေအတွက်နှင့် သုံးစွဲနိုင်သည့် အချိန်ကာလအပါအဝင် ယခု စည်းကမ်း သတ်မှတ် ချက်များအား ပြင်ဆင်ခြင်း၊ ထပ်မံထည့်သွင်းခြင်း၊ ရပ်စဲခြင်း၊ ပြောင်းလဲခြင်းတို့အား အချိန်မရွေး လုပ်ဆောင် နိုင်သည်။

Frequently Asked Questions:

BOGO (Buy One Get One) ပက်ကေ့ချ် မှာ All-in-One မိုဘိုင်း ပက်ကေ့ချ် ဖြစ်ပြီး တစ်ဦးဝယ်ယူယုံနှင့် ချစ်မြတ်နိုးရသူတစ်ဦးကို ဝေမျှနိုင်ပါတယ်။

ရက်(၃၀) ပက်ကေ့ချ် ၇၂၉၉ ကျပ် ကို (၂)ယောက်မျှဝေ အသုံးပြုနိုင်မှာပါ။

ATOM Store App ၏နောက်ဆုံးထွက်ဗားရှင်းကို Download လုပ်ပြီး Home Screen မှ“BOGO(Buy1 Get1)” Icon ကိုနှိပ်ပါ။ ပက်ကေ့ချ် ကိုရွေးချယ်ခြင်းဖြင့်မျှဝေသုံးစွဲစေလိုသူကိုထည့်ပြီး ဝယ်ယူနိုင်ပါသည်။

ပက်ကေ့ချ် ဝယ်ယူမှု အောင်မြင်သည်နှင့် တစ်ပြိုင်နက် ဝယ်ယူသုံးစွဲသူ နှင့် မျှဝေသုံးစွဲသူ  သည် အကျိုးခံစားခွင့်များကို အလိုအလျောက်ရရှိပါမည်။

ရက်(၃၀) သက်တမ်းမကုန်ခင် ထပ်၀ယ်၍မရနိုင်ပါ။

အကန့်အသတ်မရှိဖုန်းခေါ်ခြင်းနှင့်စာတိုပေးပို့ခြင်းကို BOGO (Buy One Get One) ပက်ကေ့ချ် အား ဝယ်ယူသူချင်း သာမက အက်တမ်နံပါတ်များ အားလုံးသို့ ရက်(၃၀)ကြာ ခေါ်ဆို ပေးပို့နိုင်ပါသည်။

သက်တမ်းရက်(၃၀) အတွင်း မျှဝေသုံးစွဲသူ များကို မဖယ်ရှားနိုင်ပါ။ ပထမ ၀ယ်ယူမှု သက်တမ်းအပြီးတွင် မျှဝေသုံးစွဲသူ ကို ပါယ်ဖျက်ခြင်း နှင့် ‌ပြောင်းလဲခြင်းအား ပြုလုပ်ဆောင်ရွက်နိုင်ပါသည်။

ဝယ်ယူသုံးစွဲသူ နှင့် မျှဝေသုံးစွဲသူ များ သည် BOGO (Buy One Get One) တစ်ကြိမ်ချင်းစီသာ ဝယ်ယူ/မျှဝေခွင့် ရှိပြီး BOGO (Buy One Get One)  ပက်ကေ့ချ် ဖြင့်တခြား BOGO (Buy One Get One) ဝယ်ယူ/မျှဝေခြင်းတွင်ပါဝင်ခွင့်မရှိပါ။

BOGO (Buy One Get One) ပက်ကေ့ချ် မှ ဒေတာလွှဲပြောင်းခြင်းကို ဝယ်ယူသုံးစွဲသူ မှ မျှဝေသုံးစွဲသူ ကို လွှဲပြောင်းပြီး ၀န်ဆောင်ခ (၉၉) ကျပ် (အခွန်အပါအဝင်) ကောက်ခံပါမည်။

260

Back to top