We'd like to send you notifications of the latest posts and updates

စိတ်ချခရီး

ဤ "စိတ်ချခရီး“ သည် ATOM Myanmar နှင့် AYA SOMPO Insurance တို့ အတူတူ ပူးပေါင်းထား၍ ပြည်ပ ခရီးသွား အာမခံ ပက်ကေ့ချ်များ (AYA Joy ခရီးသွား အာမခံ) ကို Roaming ပက်ကေ့ချ်များ နှင့်အတူ အက်တမ်စတိုး အက်ပ်တွင် အက်တမ် ဖုန်းဘေလ်ဖြင့် အလွယ်တကူ စျေးသက်သက်သာသာ ဝယ်ယူရရှိနိုင်သော ပက်ကေ့ချ်များ ဖြစ်ပါသည်။

 

“စိတ်ချခရီး” ခရီးသွားအာမခံသည် မြန်မာနိုင်ငံ ပြင်ပ သို့ ခရီးသွားစဉ်အတွင်း ကြုံတွေ့ရသော မတော်တဆမှု၊ ကိုယ်ခန္ဓာဒဏ်ရာ ရရှိမှု၊ မသန်စွမ်းမှုတို့အတွက် အကာအကွယ်ပေးပါသည်။ ဤပေါ်လစီသည် ခရီးစဉ်အတွင်း အဆင်မပြေမှုများကြောင့် ဖြစ်ပေါ်လာသော ကုန်ကျစရိတ်များကိုလည်း ကျခံပေးပါသည်။ ဝယ်ယူသူအနေဖြင့် အခြေခံအာမခံအကာအကွယ်ကို ဦးစွာဝယ်ယူနိုင်ပြီး ထပ်ဆောင်းအနေဖြင့် ခရီးဆောင်အိတ်ဆုံးရှုံးမှု အာမခံ အကာအကွယ်များကိုလည်း ရွေးချယ်ဝယ်ယူနိုင်ပါသည်။

 
Roam the world with ATOM and AYA SOMPO Travel Insurance!

  • “စိတ်ချခရီး” ခရီးသွားအာမခံ ကို အက်တမ်သုံးစွဲသူတိုင်း ဝယ်ယူနိုင်ပါသည်။ 
  • “စိတ်ချခရီး” ခရီးသွားအာမခံ ကို အက်တမ်စတိုး အက်ပ်တွင်သာ ဝယ်ယူရရှိနိုင်ပါသည်။
  • “စိတ်ချခရီး” ခရီးသွားအာမခံ ဝယ်ယူရန်၊ ATOM Store အက်ပ်ကို ဒေါင်းလုဒ်လုပ်ထားရမည်။
  • အသေးစိတ်အချက်အလက်များကို ATOM ဝဘ်ဆိုဒ် နှင့် AYA SOMPO ဝဘ်ဆိုဒ် တွင် ဖော်ပြထားပါသည်။ 
  • အင်တာနက်အသုံးပြု၍ ကြည့်ရှုခြင်းအတွက် ဒေတာအသုံးပြုခကို သုံးစွဲသူမှ ဝယ်ယူသည့်ဒေတာပက်ကေ့ချ်မှ ကောက်ခံမည်ဖြစ်ပြီး သို့မဟုတ် PAY-AS-YOU-GO-RATE ဖြင့် မူလလက်ကျန်လက်ကျန်ထဲမှ နုတ်ယူမည်ဖြစ်သည်။
  • ဤအစီအစဉ် ကမ်းလှမ်းချက်ကို အချိန်မရွေး ရုပ်သိမ်းရန် သို့မဟုတ် ပြောင်းလဲရန် လုပ်ဆောင်ပိုင်ခွင့်သည် ATOM Myanmar တွင်  ရှိပါသည်။ “စိတ်ချခရီး” ခရီးသွားအာမခံ ဝယ်ယူခြင်းတွင် Customer များသည် AYA SOMPO  မှ ချမှတ်ထားသော စည်းမျဉ်းများအတိုင်း လိုက်နာဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။
  • “စိတ်ချခရီး” ခရီးသွားအာမခံ ဝယ်ယူခြင်းတွင် Customer များသည် AYA SOMPO မှ လိုအပ်သော အချက်အလက်များကို မှန်မှန်ကန်ကန် ဖြည့်သွင်းရန် လိုအပ်ပါသည်။
  • “စိတ်ချခရီး” ခရီးသွားအာမခံ ဝယ်ယူရာတွင် တင်သွင်းထားသည့် ဝယ်ယူသူ၏ ကိုယ်ရေးအချက်အလက်များ နှင့် စာရွက်စာတမ်း အထောက်အထားများကို ATOM Myanmar ဘက်မှ သိရှိခွင့်ရှိမည်မဟုတ်ပါ။ လူကြီးမင်း၏ အချက်အလက်များကို AYA SOMPO ဘက်မှ ကောက်ခံခြင်းဖြစ်သဖြင့် AYA SOMPO ကသာ သိရှိနိုင်မည်ဖြစ်ပါသည်။
  • AYA SOMPO သို့ အာမခံဝယ်ယူရန်အတွက် လျှောက်ထားသူမှမိမိသဘောဆန္ဒအလျာက် ပေးအပ်ထားသော ကိုယ်ရေး ကိုယ်တာအချက်အလက် စာရွက်စာတမ်းများအတွက် ATOM Myanmar တွင်မည်သည့် တာ၀န်မျှ ရှိလိမ့်မည် မဟုတ်ပေ။
  • “စိတ်ချခရီး” ခရီးသွားအာမခံ နှင့်စပ်လျဉ်း၍ အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက AYA SOMPO နှင့် Customer တို့အကြား ဖြေရှင်းဆောင်ရွက်ရမည်။
     

 

  • ယခင်ကတည်းက ကြိုတင်ရှိနေသော ကျန်းမာရေးအခြေအနေများ။
  • မိမိ ကိုယ်ကိုယ်အဆုံးစီရင်ခြင်း တမင်ရည်ရွယ်၍ မိမိကိုယ်ကိုအနာတရဖြစ်စေခြင်း။
  • အရက်သေစာနှင့် မူးယစ်ဆေး၀ါးသုံးခြင်း။ 
  • AIDS ခုခံအားကျဆင်းမှု ရောဂါ (သို့) ARC (AIDS နှင့် ဆက်စပ်၍ ဖြစ်ပေါ်သော ရောဂါများ) နှင့် HIV နှင့် ဆက်နွယ်    သောရောဂါများ တိုက်ရိုက်ဖြစ်စေ သွယ်၀ှိုက်ဖြစ်စေ ဖြစ်ပေါ်စေသောရောဂါများ။
  • ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးဖွားခြင်း (ခွဲစိတ်မွေးဖွားမှုအပါအဝင်) ၊ သန္ဓေသားဖျက်ချခြင်း၊ ကိုယ်ဝန်လျောကျခြင်းနှင့် သက်ဆိုင်ရာ ဖြစ်စဉ်များ။ ယင်းတွင် မတော်တဆမှုတစ်ခုခုမှတဆင့် တိုက်ရိုက်ခန္ဓာကိုယ် ထိခိုက်မှု ကြောင့်ဖြစ်ပေါ်လာသည့် သန္ဓေသားပျက်ကျမှု မပါဝင်ပေ။
  • ဆရာ၀န်၏အကြုံပြုချက်အားဆန့်ကျင့်၍ ခရီးသွားလာခြင်း ၊ အရေးပေါ်မဟုတ်သည့်ရောဂါစစ်ဆေးမှုခံယူခြင်း။
  • စိတ်ဝေဒနာ ရှိခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့ယွင်းနေခြင်း။
  • အားကစားပြိုင်ပွဲတစ်ခုတွင် အခကြေးငွေ ရရှိရန်ပါ၀င်ခြင်း။
  • အန္တရာယ်ရှိသောလှုပ်ရှားမှုများပြုလုပ်ခြင်း၊ယှဥ်ပြိုင်စီးနှင်းမောင်းနှင်ခြင်း၊ကျောက်ကမ်းပါးယံပေါ်တွင် တွယ်တက်သည့်အားကစားနည်းတွင်ပါ၀င်ခြင်း၊ကောင်းကင်ယံမှဒိုင်ဗင်ထိုးချခြင်း၊မိုးပျံပူဖောင်းစီးခြင်းစသည့် လှုပ်ရှားမှုများတွင်ပါ၀င်ခြင်းတို့ကြောင့်မတော်တဆထိခိုက်ဒဏ်ရာရရှိခြင်း။ 
  • အခကြေးငွေပေးသည့် ခရီးသည်အနေနှင့် ပုံမှန်အချိန်ဇယားနှင့် ပြေးဆွဲနေသည့် လေကြောင်းလိုင်းတစ်ခု (သို့ )
  • စင်းလုံးငှားလေယာဥ်ဖြင့် စီးနှင်းလိုက်ပါခြင်း မဟုတ်သည့် ခရီးသွားလာမှု။
  • တရားမ၀င်ဆောင်ရွက်မှုများ၊ ဥပဒေနှင့်မညီညွတ်သောအရာများ တို့ကြောင့်တိုက်ရိုက်ဖြစ်စေ သွယ်၀ှိုက်ဖြစ်စေ ဖြစ်ပေါ်သည့်ဆုံးရှုံးမှုများ။
  • အငှားယူအသုံးပြုသော ပစ္စည်းကိရိယာတစ်စုံတစ်ရာ ပျက်စီးခြင်း။
  • ကုန်သွယ်သင်္ဘောပေါ်တွင် ၀န်ထမ်း (သို့) ကာယလုပ်သားအဖြစ်တာ၀န်ထမ်းဆောင်ရခြင်း၊ စစ်ဆင်ရေးတွင်တာ၀န်ထမ်းဆောင်ရခြင်း၊  သင့်အလုပ်အကိုင်၏ တာ၀န်တစ်စိတ်တစ်ပိုင်းအဖြစ်နိုင်ငံရပ်ခြားသို့ သွားရောက်တာ၀န်ထမ်းဆောင်ရခြင်း။
  • အပျော်တမ်းမဟုတ်သည့် ရေငုပ်ခြင်း၊ ရေနံတူးခြင်း၊ သတ္တုတူးဖော်ခြင်း၊ လုပ်ငန်းများလုပ်ဆောင်ခြင်း (သို့) ပေါက်ကွဲစေနိုင်သည့် ပစ္စည်းများအားကိုင်တွယ်အသုံးပြုရခြင်း။
  • ဝေဟင်မှလေယာဥ် (သို့) အခြားယာဥ်စီးနှင်းလိုက်ပါ၍ တိုင်းတာခြင်း အပါအ၀င် ကမ်းလွန်တပ်ဆင်မှုများ (သို့) ဆောက်လုပ်မှုများ အား တိုင်းတာတွက်ချက်ခြင်း။
  • စစ်ပွဲ၊ ကျူးကျော်မှု၊ နိုင်ငံရပ်ခြားမှရန်သူများ၏ ရန်လိုကျူးကျော်မှု၊ ပြည်တွင်းစစ်၊ ပုန်ကန်မှု၊ တော်လှန်ရေး၊ ပုန်ကန်မှု၊ သပိတ်မှောက်မှု၊ အဓိကရုဏ်း သို့မဟုတ် လူထုလှုပ်ရှားမှု၊ အကြမ်းဖက်မှုများ။
  • နျူကလိယား လောင်စာဆီများကြောင့် ထွက်ရှိလာသော နျူကလိယားစွန့်ပစ်ပစ္စည်းများ၏ ရေဒီယိုသတ္တိကြွမှု၊ အခြားသော အန္တရယ်ရှိသည့်ပစ္စည်းများကြောင့် အိုင်းယွန်းအသွင်ကူးပြောင်းခြင်း။
  • နောက်ဆက်တွဲဖြစ်ပေါ်လာသော ထိခိုက်ဆုံးရှုံးမှုအမျိုးမျိုး။

Frequently Asked Questions:

ATOM Store App အသုံးပြုသူများအတွက် အက်တမ် Data Roaming Package နှင့် ဧရာဆွန်ပိုအာမခံမှ AYA Joy Travel Insurance တို့ဖြင့် အဆင်ပြေစွာခရီးသွားနိုင်ရေးနှင့် သက်သက်သာသာဝယ်ယူနိုင်ရန် ထုတ်ထားသော Package ဖြစ်ပါသည်။ 

ATOM Store App တွင် အက်တမ် ဖုန်းဘေလ်ဖြင့်သာ ဝယ်ယူနိုင်ပါသည်။ တခြား Banking ပေးချေမှုများဖြင့် ဝယ်ယူ၍မရပါ။

ခရီးသွားနေစဥ်မမျှော်လင့်ထားသော မတော်တဆမှု၊ ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေများ၊ လေယာဉ်ချိန် နောက်ကျခြင်းနှင့် ခရီးဆောင်အိတ်များ ပျောက်ဆုံးခြင်းများတို့ကြောင့် ဖြစ်ပေါ်လာသော ငွေရေးကြေးရေးဆုံးရှုံးမှု ပြသာနာကို အကာအကွယ်ပေးသောကြောင့် အရေးကြီးပါသည်။

မြန်မာနိုင်ငံသား၊ နိုင်ငံခြားသားဖြစ်ပါက မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်သူ သို့မဟုတ် တရားဝင်အလုပ်လုပ်ကိုင်နေသော အသက် ၇၀ နှစ်အောက်ဖြစ်သူများဝယ်ယူနိုင်ပါသည်။

ဟုတ်ကဲ့။ ခရီးသွားအာမခံကို Roaming Package တိုင်းတွင် ဝယ်ယူနိုင်ပါသည်။ နောက်ထပ် roaming packs အသေးစိတ်များကို ATOM Store တွင် ကြည့်ရှုနိုင်ပါသည်။

Roaming ပက်ကေ့ဂျ်များ၏ သက်တမ်းအလိုက် ခရီးသွားအာမခံဈေးနှုန်းများသည် ကွဲပြားပါသည်။ Roaming ပက်ကေ့ချ်များမှာ ၃ ရက်၊ ၇ ရက်၊ ၁၄ ရက်၊ ၁၅ ရက် ရှိပါသည်။

အာမခံထားသူ မတော်တဆမှုတစ်စုံတစ်ရာတွေ့ကြုံပါက ဆက်သွယ်နိုင်ရန် မိမိ ယုံကြည်ရသောသူ မိသားစု၀င် အဖေ အမေ မောင်နှမ သို့မဟုတ် ဇနီး/ယောကျာ်း တို့၏ အချက်လက်များကို ဖြည့်ပေးနိုင်ပါသည်။

အခြေခံအကာအကွယ်အနေနှင့် မတော်တဆ သေဆုံးခြင်း၊ ဆေးကုသစရိတ် ဆေးရုံစရိတ်နှင့် အခြားကုန်ကျမှုများ၊ တစ်ပါးသူထိခိုက်နစ်နာခြင်း များပါဝင်ပြီး လေယာဉ်နောက်ကျခြင်း၊ ခရီးဆောင်အိတ်နောက်ကျခြင်း တို့အတွက် အကာအကွယ်ရရှိပါသည်။ ထို့အပြင် ခရီးဆောင်အိတ် ဆုံးရှုံးမှုအတွက် အပိုအကာကွယ်အနေနှင့် ဝယ်ယူနိုင်ပါသည်။

အခြေခံအကာကွယ်

  • မတော်တဆ သေဆုံးခြင်း (သိန်း တစ်ရာကျပ်)
  • ဆေးကုသစရိတ်၊ဆေးရုံစရိတ်နှင့်အခြားကုန်ကျစရိတ်များ (အများဆုံးသိန်းငါးရာ)
  • တစ်ပါးသူထိခိုက်နစ်နာခြင်း (အများဆုံးသိန်းတစ်ထောင်ကျပ်)
  • လေယာဥ်နောက်ကျခြင်း (ဆယ်သိန်း - ၆ နာရီ ဆက်တိုက် နောက်ကျပါက ကျပ် ၅၀,၀၀၀ နှင့် ၆ နာရီနှင့်အထက် နောက်ကျပါက ကျပ် ၇၀,၀၀၀) 
  • ခရီးဆောင်အိတ်နောက်ကျခြင်း (သုံးသိန်း - သတ်မှတ်ထားသော ဆိုက်ရောက်ရာနေရာတွင် check-in ၀င်ပြီး   ၆ နာရီဆက်တိုက် နောက်ကျပါက ကျပ် ၅၀,၀၀၀) 

ခရီးဆောင်အိတ်ဆုံးရှုံးခြင်း (ရွေးချယ်နိုင်သော အပိုအာမခံ)

  • အများဆုံး ဆယ်သိန်း - တစ်ခုတည်း သို့ အစုံလိုက် သို့ အတွဲလိုက်ဆုံးရှုံးခြင်းများအတွက် ကျပ် ၂၀၀,၀၀၀ (အခြေခံအကာကွယ် မပါဝင်ဘဲဝယ်ယူ၍မရပါ။)

စိတ်ချခရီး ခရီးသွားအာမခံများ ဝယ်ယူမှု အောင်မြင်ပါက အက်တမ်မြန်မာ မှ SMS စာတိုပေးပို့မည်ဖြစ် ပြီး AYA Sompo မှ SMS စာတို နှင့်အီးမေးလ် ပေးပို့မည်ဖြစ်ပါသည်။

မရနိုင်ပါ။ သို့သော် ခရီးသွားအာမခံ ကို Roaming ပက်ကေ့ချ်များနှင့် အတူတူ ATOM Store app တွင်ထပ်မံဝယ်ယူနိုင်ပါသည်။

လျော်ကြေးတောင်းခံရန် E- Claim Form https://ayasompo.com/eclaim-form/ အား ဧရာဆွန်ပို Website တွင်တင်နိုင်ပါသည်။

Customer များအနေဖြင့် AYA SOMPO မှချမှတ်ထားသော အာမခံအကာအကွယ်တွင် အကျုံးမဝင်သောအချက်များအား သိရှိထားရန်လိုပါသည်။

  အကျိုးကျေးဇူးများ Eco Plan (တစ်ဦးချင်းအစီစဥ်)
အခြေခံအကာအကွယ် မတော်တဆ သေဆုံးခြင်း ဆေးကုသစရိတ်၊ဆေးရုံစရိတ်နှင့်အခြားကုန်ကျစရိတ်များ လျော်ကြေးကိစ္စဆောင်ရွက်ရန် Call Center သို့ဖုန်းခေါ်ပါ 09 777 100 999 or E-Claim https://ayasompo.com/eclaim-form/
တစ်ပါးသူထိခိုက်နစ်နာခြင်း မတော်တဆ သေဆုံးခြင်း
ဆေးကုသစရိတ်၊ဆေးရုံစရိတ်နှင့်အခြားကုန်ကျစရိတ်များ လိုအပ်သော အချက်အလက်များနှင့် စာရွက်စာတမ်းများကို တောင်းဆိုပါမည်။
လေယာဥ်နောက်ကျခြင်း လေယာဥ်နောက်ကျခြင်း (၆နာရီဆက်တိုက်နောက်ကျပါကကျပ်၅၀,၀၀၀နှင့်၆နာရီဆက်တိုက်ထက်ပို၍ နောက်ကျပါက ကျပ် ၇၀,၀၀၀) သင်၏ခရီးစဥ်နောက်ခြင်းအတွက် လိုအပ်သော စာရွက်စာတမ်းများ
ခရီးဆောင်အိတ်နောက်ကျခြင်း (သတ်မှတ်ထားသောဆိုက်ရောက်ရာနေရာတွင်Check-inဝင်ပြီး ၆နာရီဆက်တိုက် နောက်ကျပါက ကျပ် ၅၀,၀၀၀) သက်ဆိုင်ရာ carrier မှ Baggage ကျန့်ကြာမှုအတွက်အစီရင်ခံစာ
တစ်ခြားသော ရွေးချယ်နိုင်မှု ခရီးဆောင်အိတ်များနှင့်ကိုယ်ရေးကိုယ်တာအကျိုးများဆုံးရှုံးခြင်း ထိခိုက်ပျက်စီးသွားသောပစ္စည်းများ၏တန်ဖိုး သိရှိရန် ပြေစာ သို့မဟုတ် အကြွေးဝယ်ကတ်
327

Back to top