We'd like to send you notifications of the latest posts and updates
ယခုကြုံတွေ့ခဲ့ရသော ရေကြီးရေလျှံဒေသများပြန်လည်ထူထောင်ရေးအတွက် “အက်တမ်နဲ့အတူနှစ်ဆလှူ” ဆိုတဲ့အစီအစဉ်လေးကိုမိတ်ဆက်လိုက်ပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့မှစ၍ မိဘပြည်သူများအနေနဲ့ ပါ၀င်လှူဒါန်းလိုသောပမာဏကို အက်တမ်ဖုန်းဘေလ်နဲ့ ဖော်ပြထားတဲ့အတိုင်း 6666 ကို SMS ပေးပို့လှူဒါန်းနိုင်ပါသည်။
SMSနဲ့ အခုပဲ လှူဒါန်းမယ်
၁) အစီအစဉ်/ဝန်ဆောင်မူအနှစ်ချုပ်
အက်တမ်နဲ့အတူနှစ်ဆလှူအစီစဥ်မှာ အက်တမ်အသုံးပြုသူတိုင်း မြန်မာနိုင်ငံအနှံဖြစ်ပေါ်နေသည့် ရေကြီးရေလျှံဒေသများသို့ လူမှုအကျိုးအတွက်တစ်ထောင့်တစ်နေရာမှ မိမိတို့တတ်နိုင်သည့်ပမာဏကို အက်တမ်နှင့်အတူ လှူဒါန်းနိုင်ရန် ရည်ရွယ်ပါသည်။
ပါဝင်လှူဒါန်းရန်
• 6666 ဟုရိုက်နှိပ်ပြီးATOM500, ATOM1000, ATOM2500, ATOM5000 သို့ SMS ပေးပို့ပါ။
• ATOM500 အတွက် ၅ဝ၀ကျပ်,
• ATOM1000 အတွက် ၁၀ဝ၀ကျပ်
• ATOM2500 အတွက် ၂၅ဝ၀ကျပ်
• ATOM5000 အတွက် ၅၀ဝ၀ကျပ် ကို အသုံးပြုသူ၏ မူလဖုန်းလက်ကျန်ငွေမှ ကောက်ခံ(နှုတ်ယူ)မည်ဖြစ်ပါသည်။
၂) လှူဒါန်းနှိုင်မည့် အရေအတွက်
• အသုံးပြုသူတစ်ယောက်လျှင် အရေအတွက်အကန့်အသက်မရှိ SMS ပေးပို့လှူဒါန်းနိုင်ပါသည်။
• မိဘပြည်သူများ လှူဒါန်းထားတဲ့ စုစုပေါင်းရရှိလာတဲ့ ပမာဏ ရဲ့ဆတူ အတိုင်း အက်တမ်မှ ထပ်မံအားဖြည့် ကူညီလှူဒါန်းပေးသွားမည် ဖြစ်ပါသည်။
၃) လှူဒါန်းနိုင်မည့်သူ
• အက်တမ်အသုံးပြုသူတိုင်း ရယူခံစားခွင့်ရှိပါတယ်။
• ကြိုသုံးဝန်ဆောင်မှု အသုံးပြုထားသူများအနေဖြင့် ကြိုသုံးငွေပမာဏကို ပြန်လည်ပေးသွင်းပြီးမှသာ ပါဝင်လှူဒါန်းနိုင်မည်ဖြစ်ပါသည်။
၄) ဝန်ဆောင်မူရယူရန်
• 6666 ကို SMS ရိုက်နှိပ်ပြီး ATOM500, ATOM1000, ATOM2500, ATOM5000 သို့ပေးပို့ပါ။
၅) လက်ကျန်စစ်ဆေးရန်
• *124#
၆). ဘယ်အဖွဲ့အစည်းကိုလှူဒါန်းမှာလဲ
• ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းများ နှင့် ချိတ်ဆက်ပြီး လှူဒါန်းသွားပါမည်။
၇) အသေးစိတ်သိရှိလိုပါက ATOM နံပါတ်ဖြင့် 979 ကိုခေါ်ဆိုမေးမြန်းနိုင်ပါသည်။
Back to top
Share