We'd like to send you notifications of the latest posts and updates

ရက် ၁၀၀ အတွက် သန်း ၁၀၀ ပရိုမိုးရှင်း

နေ့စဉ် ဖုန်းဘေလ် သူဌေးဖြစ်ဖို့ အခွင့်အရေးက လက်တကမ်းမှာနော်

ကြိုက်နှစ်သက်ရာ ၂၉၉၉ ကျပ် နှင့် အထက် ပက်ကေ့ချ်တွေကို နှစ်သက်ရာ နည်းလမ်းဖြင့် ဝယ်ယူပြီး နေ့စဉ် ဖုန်းဘေလ် (၁) သန်းဆု ကံထူးနိုင်ပါပြီ

ပရိုမိုးရှင်းကာလ: (၂၃-၉-၂၀၂၄) မှ (၃၁-၁၂-၂၀၂၄) အထိ 

များများဝယ်လေ ကံထူးဖို့ အခွင့်အရေးများများရယူနိုင်မှာ ဖြစ်လို့ အခုပဲ ကြိုက်နှစ်သက်ရာ အက်တမ်ရဲ့ ပက်ကေ့ချ်တွေကို ဝယ်ယူလိုက်ပါ။

ပတ်ကေ့ချ်၀ယ်ယူရန် ဒီကို နှိပ်ပါ။

စည်းမျဉ်း စည်းကမ်းများ

  1. ယခု ပရိုမိုးရှင်း အစီအစဉ်အား အက်တမ် ကြိုတင်ငွေပေး ဆင်းကတ် (Prepaid SIM ကတ်) သုံးစွဲသူများသာ ပါဝင် ကံစမ်းနိုင်ပါသည်။  
  2. ယခု ပရိုမိုးရှင်း အစီအစဉ်အား  အက်တမ်မြန်မာလီမိတက် (အက်တမ်မြန်မာ) မှ ဝန်ထမ်းများ၊ မိတ်ဖက်များနှင့် မိသားစုဝင်များ ကို ပါဝင်ကံစမ်းခွင့်မပြုပါ။ အစီအစဉ်ကျင်းပနေသည့် မည်သည့်အချိန်တွင်မဆို ဤအစီအစဉ်တွင် ပါဝင်ခွင့်ရှိသူများအား အက်တမ်မြန်မာမှတစ်ဦးတည်း ဆုံးဖြတ်နိုင်သည့် အခွင့်အာဏာရှိသည်။   
  3. ယခု ပရိုမိုးရှင်း အစီအစဉ်ကျင်းပနေသည့်ကာလအတွင်း ATOM Prepaid သုံးစွဲသူများသည်  (ATOM Store App, USSD, Eload & POS Store, Kwat Ti Po Ya *1#, IVR, SMS, ATOM Myanmar Website, iPCN, iBCN ) မှ ကြိုက်နှစ်သက်ရာ ၂၉၉၉ ကျပ်နှင့်အထက် ပက်ကေ့ချ်များအား ဝယ်ယူရန်လိုအပ်ပြီး၊ ထိုသို့ ဝယ်ယူသူတိုင်း အတွက်သာ ကံစမ်းမဲအစီအစဉ်ဖြစ်သည့် နေ့စဉ်ငွေဖြည့်   ကံစမ်းခွင့်ကို ဆုအဖြစ်ရယူနိုင်ပါသည်။ ဤအရောင်းမြှင့်တင်ခြင်းပွဲအတွက် ကျင်းပသောကာလအား ၂၃ ရက်၊ စက်တင်ဘာလ၊ ၂၀၂၄ ခုနှစ် မှ ၃၁ ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၄ ခုနှစ်အထိ ပြုလုပ်မည်ဖြစ်ပါသည်။ အက်တမ်မြန်မာလီမိတက်မှ ယင်းအရောင်း မြှင့်တင်ခြင်းပွဲ အတွက် ကျင်းပသောကာလအား မည်သည့်အချိန်တွင်မဆို သက်တမ်းတိုးနိုင်သည်။
  4. ယခု ပရိုမိုးရှင်း အစီအစဉ်အတွက် ကံထူးရှင်များအားပေးအပ်မည့်ဆုမှာ ငွေကျပ် (၁၀) သိန်းတန်ဘိုးနှင့်ညီမျှသော အက်တမ် ငွေဖြည့်ပမာဏဖြစ်ပါသည်။ (သတိပြုရန်မှာ အက်တမ်မြန်မာမှ ယင်းဆုအစား ငွေကြေးအပါအဝင် မည်သည့် ပစ္စည်းများ/ ငွေသားများဖြင့် အစားထိုးပြောင်းလဲပေးအပ်မည်မဟုတ်ပါ)။ ယင်းသို့ အက်တမ်ငွေဖြည့်သွင်းခြင်း အတွက် ဆုမဲကံထူးသူများမှာ ကုန်သွယ်လုပ်ငန်းခွန်(သို့မဟုတ်) ဥပဒေအရလိုအပ်သော အခွန်အခများကျခံရမည်။
  5. ကံထူးရှင်များသို့ပေးအပ်မည့် ငွေကျပ် (၁၀) သိန်းတန်ဘိုးနှင့် ညီမျှသော အက်တမ်ငွေဖြည့်ပမာဏသည် စတင် ငွေဖြည့်သွင်းသည့်နေ့ရက်မှ (၃၆၅) နေ့ရက်အချိန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
  6. ၂,၉၉၉ ကျပ်နှင့် အထက် မဟုတ်သော ပက်ကေ့ချ်များအား ဝယ်ယူခြင်းသည် ဤအစီအစဉ်အတွက် အကျုံးဝင်မည်မဟုတ်ပါ။
  7. ယခု ပရိုမိုးရှင်းကာလအတွင်း အက်တမ်မြန်မာမှ ကံထူးရှင်တစ်ဦးအား ကျပန်းစနစ်ဖြင့် နေ့စဉ်တစ်ရက်တစ်ယောက် နှုန်း ရွေးချယ်ပေးမည်ဖြစ်ပြီး၊ အက်တမ်မြန်မာ Call Center မှ ဆုရရှိသောကံထူးရှင်များအား ကံစမ်းမဲကာလ အတွင်း (သို့မဟုတ်) ကံစမ်းမဲကာလအပြီး ဆက်သွယ်ပေးသွားမည်ဖြစ်သည်။
  8. အက်တမ်မြန်မာသည် ကံထူးရှင်များကို ဖုန်းခေါ်ဆိုမှု (၃) ကြိမ်အထိ ကြိုးပမ်းခေါ်ဆိုမည်ဖြစ်ပြီး ဖုန်းပြန်လည်ဖြေဆို မှုမရှိပါက အက်တမ်မြန်မာမှ အခြားကံထူးရှင်များကိုလည်း ပြန်လည်ရွေးချယ်ပိုင်ခွင့်ရှိသည်။
  9. ကံထူးရှင်များသည် Lucky Draw ခေါ်ဆိုမှုအတွင်း ကံထူးခဲ့သော ဆုအားလက်ခံရန်အတွက် မိမိ၏အမည် ၊ နိုင်ငံသား မှတ်ပုံတင်နှင့် နေရပ်လိပ်စာကို အက်တမ်မြန်မာသို့ ပေးပို့ရန်သဘောတူရပါမည်။
  10. ကံထူးရှင်များမှ ရည်ညွှန်းသည့် အခြားသော ဖုန်းနံပါတ်များအား ယင်းငွေကျပ် (၁၀) သိန်းတန်ဘိုးနှင့် ညီမျှသော အက်တမ်ငွေဖြည့်ပမာဏအား အက်တမ်မှလွှဲပြောင်းပေးမည်မဟုတ်ပါ။
  11.  ယခုပရိုမိုးရှင်း အစီအစဉ်တွင်ပါဝင်ခြင်းဆိုသည်မှာ ဆုရရှိသူသည် အက်တမ်မြန်မာမှ ဆုရရှိသူ၏ အသံဖမ်းယူမှုတစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းတစ်ခုခု၊ ဆုရရှိသူ၏မိုဘိုင်းနံပါတ်၏နောက်ဆုံးဂဏန်း (၃) လုံးနှင့် ဓာတ်ပုံကို ဆိုရှယ် မီဒီယာနှင့်(သို့) အခြားသောမီဒီယာများတွင်လွှင့်တင်ရန်၊ ထုတ်လွှင့်ခွင့်ကို အက်တမ်မြန်မာသို့ ခွင့်ပြုပေးရမည်။
  12.  ကံထူးရှင်များသည် နောက်တစ်ကြိမ် ကံထူးရှင်ရွေးချယ်ပွဲတွင် ချန်လှပ်ခံရမည်။
  13.  ဤစည်းမျဉ်းစည်းကမ်းများသည် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာရှိရာ ၎င်းတို့နှစ်ခုကြားကွဲလွဲမှုရှိပါက  အင်္ဂလိပ်ဘာသာသည်သာ အတည်ဖြစ်စေရမည်။
  14.  နည်းပညာချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့် အချိန်ကြန့်ကြာခြင်း၊ မကြေညာခြင်း၊ မှားယွင်းတွက်ချက်မှုများ၊ နည်းပညာဆိုင်ရာ ဆော့ဝဲလ်၊  ဟက်ဝဲလ် ချို့ယွင်းခြင်း၊ ပျက်စီးဆုံးရှုံးမှုများ (သို့မဟုတ်) ပျက်ကွက်မှုများ၊ နှောင့်နှေးမှုများ၊ မှားယွင်းသောလုပ်ဆောင်ချက်များ၊ အင်တာနက် နက်ဝက် ဆက်သွယ်ချက် (သို့မဟုတ်) မည်သည့်အကြောင်းကြားစာ မရရှိခြင်း (သို့မဟုတ်) လွဲမှားစွာပေးပို့ခြင်း နှင့် အက်တမ်မြန်မာမှ ထိန်းချုပ်ရန် မစွမ်းသာသော အခြေအနေများ အစရှိသည်တို့ကြောင့် ဤအစီအစဉ်တွင်ပါဝင်သော ကံထူးရှင်များအပေါ် သက်ရောက်မှု/ ဆုံးရှုံးမှု ကုန်ကျမှုတစုံတရာရှိခဲ့ပါက အဆိုပါ ဆုံးရှုံးမှုများအား အက်တမ်မြန်မာမှ တာဝန်ရှိသည်ဟု မှတ်ယူခြင်းမရှိစေရ။   
  15. ဤအစီအစဉ်နှင့်ပတ်သက်၍ အငြင်းဖွယ်ရာရှိပါက အက်တမ်၏ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။ အက်တမ်မြန်မာမှ ဤအစီအစဉ်ကာလအတွင်း  မည်သည့်အချိန်မဆို ဤစည်းမျဉ်းစည်းကမ်းများနှင့် မညီသည့် မည်သည့်သုံးစွဲသူကိုမဆို ပါဝင်ရန် ငြင်းပယ်ခွင့် (သို့မဟုတ်) ရပ်စဲပိုင်ခွင့် ရှိသည်။ အက်တမ်မြန်မာ၏ ဆုံးဖြတ်ချက်သည် ဤအစီအစဉ်၏ ကဏ္ဍတိုင်းတွင် အပြီးအပြတ်ဖြစ်ပြီး စည်းနှောင်မှုရှိရမည်။

Frequently Asked Questions:

ပရိုမိုးရှင်းကာလအတွင် ကြိုက်နှစ်သက်ရာ ၂၉၉၉ ကျပ် နှင့် အထက် ပက်ကေ့ချ်တွေကို နှစ်သက်ရာနည်းလမ်းကနေ ဝယ်ယူပြီး နေ့စဉ် ဖုန်းဘေလ် (၁) သန်း ကံထူးနိုင်ပါတယ်။

ယခု ပရိုမိုးရှင်း အစီအစဉ်ကျင်းပနေသည့်ကာလအတွင်း ATOM Prepaid သုံးစွဲသူများသည်  (ATOM Store App, USSD, Eload & POS Store, Kwat Ti Po Ya *1#, IVR, SMS, ATOM Myanmar Website, iPCN, iBCN ) မှ ကြိုက်နှစ်သက်ရာ ၂၉၉၉ ကျပ်နှင့်အထက် ပက်ကေ့ချ်များအား ဝယ်ယူပြီးပါဝင်နိုင်ပါတယ်။

နေ့စဉ် ကံထူးရှင် (၁) ဦး ဖုန်းဘေလ် (၁) သန်းဆု လက်ဆောင်

ပရိုမိုးရှင်းကာလအတွင်း ၂၉၉၉ ကျပ်နှင့် ကြိုက်နှစ်သက်ရာပက်ကေ့ချ်များကို ရွေးချယ်ဝယ်ယူပြီး နေ့စဉ် ဖုန်းဘေလ်(၁)သန်း ဆုလက်ဆောင် ရရှိနိုင်ပါသည်။ နေ့စဉ် ကံထူးရှင်များအား သိသာထင်ရှားစွာ ကျပန်းရွေးချယ်ပေးပါမည်။

ကံထူးဆု၏ လက်ကျန်ပမာဏနှင့်သက်တမ်း ကို ATOM Store app (သို့) *124# သို့ ဖုန်းခေါ်စစ်ဆေးနိုင်ပါသည်။

ကံထူးသူများကို ATOM Myanmar Call Center မှ ပရိုမိုးရှင်းကာလအတွင်းနှင့် ပြီးဆုံးချိန်များတွင် ဆက်သွယ်ပေးပြီး ကံထူးရရှိသော ဆုလက်ဆောင်များကို အသေးစိတ်အကြောင်းကြားပေးသွားပါမည်။

၂၃ ရက်၊ စက်တင်ဘာလ၊ ၂၀၂၄ ခုနှစ်မှ ၃၁ ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၄ ခုနှစ် အထိဖြစ်ပါတယ်။

ကွက်တိပိုရ Lucky Draw သည် ၂၂ ရက်၊ စက်တင်ဘာလ၊ ၂၀၂၄ ခုနှစ် တွင် ပြီးဆုံးသွားပြီဖြစ်ပါတယ်။

ပရိုမိုးရှင်းကာလအတွင်း ၂၉၉၉ ကျပ်နှင့် အထက် ပက်ကေ့ချ်များကို ကွက်တိပိုရတွင်သာမက အခြား ကြိုက်နှစ်သက်ရာ နည်းလမ်းများ ဖြင့် ဝယ်ယူခြင်းများသည်လည်း အကျုံးဝင်ပါတယ်။

အက်တမ်ကြိုသုံးရယူခြင်းများသည် ယခုပရိုမိုးရှင်းအတွက် အကျုံးမဝင်ပါ။

135

Back to top