We'd like to send you notifications of the latest posts and updates

ထူးရှယ်ပြော

အက်တမ်အချင်းချင်း ဖုန်းခေါ်ဆိုနိုင်သည့် ထူးရှယ်ပြော ပက်ကေ့ချ်များကို  မိတ်ဆက်ပေးလိုက်ပါပြီ။ 
သင်ချစ်ခင်ရသူများ သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များ အချိန်မရွေး သက်သက်သာသာ ဆက်သွယ်ဖို့အတွက် ထူးရှယ်ပြောပက်ကေ့ဂျ်များသည် သင့်အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။

အခုပဲ ၀ယ်လိုက်ပါ!

44

USSD code နဲ့ ပတ်ကေ့ချ်တွေ ၀ယ်ယူလိုက်ပါ။

  • ၃ရက်စာ အက်တမ်းအချင်းချင်း ဖုန်းခေါ်ဆိုမှု ၂၃ မိနစ် - ၂၉၉ကျပ် + ၅၀% အပိုဆုငွေ (၃) ရက် - USSD *666*1*1#
  • ၇ရက်စာ အက်တမ်းအချင်းချင်း ဖုန်းခေါ်ဆိုမှု ၄၀ မိနစ် - ၄၉၉ကျပ် + ၅၀% အပိုဆုငွေ (၃) ရက် - USSD *666*1*2#
  • ၇ရက်စာ အက်တမ်းအချင်းချင်း ဖုန်းခေါ်ဆိုမှု ၄၅ မိနစ် - ၅၉၉ကျပ် + ၅၀% အပိုဆုငွေ (၃) ရက် - USSD *666*1*3#
  • ၇ရက်စာ အက်တမ်းအချင်းချင်း ဖုန်းခေါ်ဆိုမှု ၆၅ မိနစ် - ၇၉၈ကျပ် + ၅၀% အပိုဆုငွေ (၃) ရက် - USSD *666*1*4#
  • ၁၅ရက်စာ အက်တမ်းအချင်းချင်း ဖုန်းခေါ်ဆိုမှု ၈၁ မိနစ် - ၉၉၉ကျပ် + ၅၀% အပိုဆုငွေ (၃) ရက် - USSD *666*1*5#
  • ၃၀ရက်စာ အက်တမ်းအချင်းချင်း ဖုန်းခေါ်ဆိုမှု ၁၈၁ မိနစ် - ၁၉၉၉ကျပ် - USSD *666*1*6#
  • ၃၀ရက်စာ အက်တမ်းအချင်းချင်း ဖုန်းခေါ်ဆိုမှု ၂၇၂ မိနစ် - ၂၉၉၉ကျပ် - USSD *666*1*7#

 

စည်းမျဉ်းစည်းကမ်းများ

  • အက်တမ် Prepaid အသုံးပြုသူများအားလုံး “ထူးရှယ်ပြော” ပက်ကေ့ချ်များကို အသုံးပြုနိုင်ပါသည်။
  • “ထူးရှယ်ပြော” ပက်ကေ့ချ်များအား အက်တမ်အချင်းချင်း ပြည်တွင်းဖုန်းခေါ်ဆိုမှုများအတွက် ပက်ကေ့ချ်အလိုက် ဖော်ပြထားသော သက်တမ်း အတွင်းအသုံးပြုနိုင်သည်။
  • အကန့်အသတ်မရှိကြိမ်ဖန်များစွာဝယ်ယူနိုင်ပြီး လက်ကျန်ဖုန်းပြောမိနစ်များနှင့် ပေါင်းစည်းသွားမည်ဖြစ်ပြီး အကောင်းဆုံး သက်တမ်းအတိုင်းရရှိသွားမည် ဖြစ်ပါသည်။
  • ဤဈေးနှုန်များသည် ပြည်ထောင်စု၏အခွန်ကောက်ဥပဒေအရ ဖုန်းခေါ်ဆိုမှုအတွက် အခွန် ၅% ပါဝင်ပြီးဖြစ်သည်။
  • (၉၉၉ကျပ် နှင့် အောက်) ထူးရှယ်ပြော ဖုန်းပြောမိနစ် ပက်ကေ့ချ်များကို ဝယ်ယူခြင်းဖြင့် ၅၀% အပိုဆုငွေကိုရရှိပါမည်။
  • ၅၀% အပိုဆုငွေကို ဒေတာ၊ အက်တမ်ဖုန်းအချင်းချင်းခေါ်ဆိုမှုနှင့် စာတိုပေးပို့မှုများတွင် သုံးသလောက်ပေးနှုန်းထားဖြင့်သုံးစွဲနိုင်ပါသည်။
  • အပိုဆုငွေကို (၃) ရက် သက်တမ်းဖြင့် အသုံးပြုနိုင်ပါသည်။
  • အပိုဆုငွေများကို လွှဲပြောင်း၍မရနိုင်ပါ။
  • ကြိမ်ဖန်များစွာဝယ်ယူမှုအတွက် အပိုဆုငွေများပေါင်းစည်းသွားမည်ဖြစ်ပြီး နောက်ဆုံးဝယ်ယူထားသော ပက်ကေ့ချ်မှ ရရှိသည့် အပိုဆုငွေ၏သက်တမ်းကို ယူမည်ဖြစ်ပါသည်။
  • “ထူးရှယ်ပြော 45 မိနစ် အလိုအလျောက်သက်တမ်းတိုး” ပက်ကေ့ချ်သည် တစ်ကြိမ်ထပ်ပိုသော ထပ်မံဝယ်ယူခြင်းကို ပြုလုပ်နိုင်ပြီး ဖုန်းပြောပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားချိန်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူသွားမည်ဖြစ်ပြီး ဝယ်ယူထားသော ပက်ကေ့ချ်စျေးနှုန်းအတိုင်း လက်ကျန်ငွေမှ ဖြတ်တောက်သွားမည်ဖြစ်ပါသည်။ လက်ကျန်ငွေလုံလောက်မှုမရှိပါက အလိုအလျောက်သက်တမ်းတိုး ဝယ်ယူမှု မအောင်မြင်နိုင်ပါ။ အဆိုပါ အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်ကို သက်ဆိုင်ရာ USSD code  *7499# မှတစ်ဆင့်ခေါ်ဆို၍ ပယ်ဖျက်နိုင်ပါသည်။ အသေးစိတ်ကို FAQs တွင် ဖတ်ရှုနိုင်ပါသည်။

 

ထူးရှယ်ပြော ရှယ်

ထူးရှယ်ပြော ဖုန်းပြောမိနစ်တွေ မျှဝေနိုင်မယ့် ၀န်ဆောင်မှုအသစ်ကို အသုံးပြုပြီး ဘယ်အချိန် ဘယ်နေရာရောက်ရာက် ချစ်ခင်ရသူတွေနဲ့ အမြဲအဆက်အသွယ်မပြတ်ရှိနေနိုင်ပါပြီ။ အက်တမ်အသုံးပြုသူအချင်းချင်း ထူးရှယ်ပြော မိနစ်များကို အနည်းဆုံး ၅ မိနစ်မှ အများဆုံး ၂၀ မိနစ်အထိ မျှဝေ‌ပေးနိုင်ပါတယ်။ တစ်ကြိမ်မျှဝေတိုင်းမှာ ၀န်ဆောင်ခ ၉၉ ကျပ် (အခွန်ပါပြီး) ကောက်ခံမှာဖြစ်ပြီး၊ တစ်ရက်မှာ အများဆုံး ၅ ကြိမ်သာ မျှဝေနိုင်ပါတယ်။

 

ထူးရှယ်ပြော မိနစ်များကို မျှဝေဖို့ *979*4*7# ကိုခေါ်ဆိုလိုက်ပါ။

ထူးရှယ်ပြော ရှယ် အစီအစဉ်၏ စည်းမျဉ်းစည်းကမ်းများ

  • အက်တမ်နံပါတ် (ကြိုတင်ငွေပေး) အချင်းချင်း ဖုန်းပြောမိနစ် မျှဝေနိုင်ပါသည်။
  • တစ်ကြိမ်မျှဝေလျှင် ၀န်ဆောင်ခ ၉၉ ကျပ် (အခွန်ပါဝင်ပြီး) ကောက်ခံပါမည်။
  • တော်ကီစုဘူး/ ထူးရှယ်ပြော နှစ်ခုလုံးအတွက် တစ်ကြိမ်လျှင် အနည်းဆုံး ၅ မိနစ် မှ အများဆုံး ၂၀ မိနစ် အထိသာ မျှဝေနိုင်ပါသည်။
  • တော်ကီစုဘူး/ ထူးရှယ်ပြော နှစ်ခုလုံးအတွက် တစ်ရက်လျှင် ၅ ကြိမ်သာ မျှ‌ဝေနိုင်ပါသည်။
  • မျှဝေသူသည် အကောင့်တွင် မျှဝေလိုသော ပမာဏနှင့် ၀န်ဆောင်ခလုံလောက်စွာ ရှိရပါမည်။
  • လက်ခံရရှိမည့်သူ၏အကောင့်တွင် တော်ကီစုဘူး/ ထူးရှယ်ပြော မိနစ်များရှိနေလျှင်လဲ ဖုန်းပြောမိနစ်လက်ခံရယူနိုင်ပါသည်။
  • မျှဝေထားသော ဖုန်းပြောမိနစ်သက်တမ်းမှာ ၇ ရက် ဖြစ်ပါသည်။
  • လက်ခံရရှိမည့်သူ၏ အကောင့်တွင် တော်ကီစုဘူး/ ထူးရှယ်ပြော မိနစ်များ ရှိနေပါက သက်တမ်းသည် အကောင်းဆုံးတစ်ခုသို့တိုးမည်ဖြစ်ပြီး မိနစ်ပမာဏများပေါင်းစည်းသွားမည်ဖြစ်ပါသည်။
  • လက်ခံရရှိမည့်သူ၏ အကောင့်တွင် တော်ကီစုဘူး/ ထူးရှယ်ပြော မိနစ်များ ရှိမနေပါက သက်တမ်းမှာ ၇ ရက် ဖြစ်ပါသည်။
  • လက်ခံရရှိမည့်သူသည် တော်ကီစုဘူး/ ထူးရှယ်ပြော မိနစ်ပက်ကေ့ချ်များ ကိုယ်တိုင်ဝယ်ယူလိုက်ပါက ယခင်လက်ခံရရှိထားသော မိနစ်များ၏ သက်တမ်းသည်လည်း အကောင်းဆုံးတစ်ခုသို့တိုးမည်ဖြစ်ပြီး မိနစ်ပမာဏများပေါင်းစည်းသွားမည်ဖြစ်ပါသည်။
  • မျှဝေသူ၏ တော်ကီစုဘူး/ ထူးရှယ်ပြော မိနစ်များသည် မတူညီသောသက်တမ်းရှိပြီး မျှဝေရန် အရည်အချင်းပြည့်မှီပါက ထိုမျှဝေခြင်းအတွက် သက်တမ်းတိုသော ပက်ကေ့ချ်မှအရင်နှုတ်ယူမည်ဖြစ်ပါသည်။ 

Frequently Asked Questions:

သုံးသလောက်ပေး နှုန်းထားထက် ဖုန်းဘေလ် ၆၀% ထိ ချွေတာနိုင်မည့် အသက်သာဆုံး အစီအစဉ်ဖြစ်ပါသည်။     

အက်တမ် prepaid အသုံးပြုသူတိုင်းရယူနိုင်ပါသည်။

*666# သို့ဖုန်းခေါ်ဆို၍လည်းကောင်း၊ 
ATOM Store App၏ Shal Shake မှလည်းကောင်း၊ 
နီးစပ်ရာ အက်တမ်အရောင်းဆိုင်များမှ တဆင့် POS App (သို့) Eagle App မှလည်းကောင်း ရယူနိုင်ပါသည်။

*124*1# သို့ဖုန်းခေါ်ဆို၍ လက်ကျန်နှင့် ကုန်ဆုံးရက်ကိုစစ်ဆေးနိုင်ပါသည်။

အကန့်အသတ်မရှိ ကြိမ်ဖန်များစွာဝယ်ယူအသုံးပြုနိုင်ပါသည်။

သင်သည် အခြားသော အက်တမ်အချင်းချင်း ဖုန်း‌ခေါ်ဆိုမှု ပက်ကေ့ချ် ဝယ်ယူထားပြီး ထူးရှယ်ပြော ထပ်မံဝယ်ယူထားပါက အခြားအက်တမ်းဖုန်းသို့ ဖုန်းခေါ်သောအခါ သက်တမ်းအနည်းဆုံး ပက်ကေ့ချ်မှ လက်ကျန်ကို ဦးစားပေးဖြတ်တောက်သွားပါမည်။

(၉၉၉ကျပ်နှင့်အောက်) ထူးရှယ်ပြော ဖုန်းပြောမိနစ် ပက်ကေ့ချ်များကို ဝယ်ယူခြင်းဖြင့် ၅၀% အပိုဆုငွေကိုရရှိပါမည်။

ပမာဏကန့်သတ်ချက်မရှိပါ။ ၅၀% အပိုဆုငွေကို မည်သည့် ချန်နယ်လ် မှမဆို ဝယ်ယူသည့်အချိန်တိုင်း လက်ခံရရှိမည်ဖြစ်ပါသည်။

၅၀% အပိုဆုငွေကို ဒေတာ၊ အက်တမ်ဖုန်းအချင်းချင်းခေါ်ဆိုမှုနှင့် စာတိုပေးပို့မှုများတွင် သုံးသလောက်ပေးနှုန်းထားဖြင့်သုံးစွဲနိုင်ပါသည်။

အပိုဆုငွေကို (၃) ရက် သက်တမ်းဖြင့် အသုံးပြုနိုင်ပါသည်။

“ထူးရှယ်ပြော 45 မိနစ် အလိုအလျောက်သက်တမ်းတိုး” ပက်ကေ့ချ်သည် တစ်ကြိမ်ထပ်ပိုသော ထပ်မံဝယ်ယူခြင်းကို ပြုလုပ်နိုင်ပြီး ဖုန်းပြောပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားချိန်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူသွားမည်ဖြစ်ပြီး ဝယ်ယူထားသော ပက်ကေ့ချ်စျေးနှုန်းအတိုင်း လက်ကျန်ငွေမှ ဖြတ်တောက်သွားမည်ဖြစ်ပါသည်။ လက်ကျန်ငွေလုံလောက်မှုမရှိပါက အလိုအလျောက်သက်တမ်းတိုး ဝယ်ယူမှု မအောင်မြင်နိုင်ပါ။

အလိုအလျောက်သက်တမ်းတိုးခြင်း ဝန်ဆောင်မှုပါရှိသောကြောင့် သက်တမ်းကုန်ဆုံးသွားချိန် ထပ်မံဝယ်ယူစရာ မလိုဘဲ ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသွားပါက‌ အလိုအလျောက်သက်တမ်းတိုး ဝယ်ယူပေးသွားမည်ဖြစ်သဖြင့်  သုံးသလောက်ပေး နှုန်းထားဖြင့် လက်ကျန်ငွေမှ ဖြတ်တောက်သွားမည်ကို စိတ်ပူရန်မလိုတော့ပါ။

*7499# ကို ဖုန်းခေါ်ဆိုပယ်ဖျက်နိုင်ပါသည်။

  • အက်တမ်နံပါတ် (ကြိုတင်ငွေပေး) အချင်းချင်း ဖုန်းပြောမိနစ် မျှဝေနိုင်ပါသည်။
  • တော်ကီစုဘူး (ပြည်တွင်း မည်သည့်ဖုန်းမဆို) နှင့် ထူးရှယ်ပြော (အက်တမ်အချင်းချင်း) ဖုန်းပြောမိနစ် မျှဝေနိုင်ပါသည်။

*979*4*7#ကိုခေါ်ဆိုပြီး မျှဝေနိုင်ပါသည်။

တစ်ကြိမ်လျှင် အနည်းဆုံး ၅ မိနစ် မှ အများဆုံး ၂၀ မိနစ် အထိသာ မျှဝေနိုင်ပါသည်။

တစ်ကြိမ်မျှဝေလျှင် ၀န်ဆောင်ခ ၉၉ ကျပ် (အခွန်ပါဝင်ပြီး) ကောက်ခံပါမည်။

တော်ကီစုဘူး နှင့် ထူးရှယ်ပြော နှစ်ခုလုံးအတွက် တစ်ရက်လျှင် ၅ ကြိမ်သာ မျှ‌ဝေနိုင်ပါသည်။

ဖုန်းပြောမိနစ်ကို အက်တမ်နံပါတ်အချင်းချင်းသာ မျှဝေနိုင်ပါသည်။

271

Back to top