We'd like to send you notifications of the latest posts and updates

eSIM Device Bundling with mDrive

mDrive မှာ ကိုယ်ကြိုက်နှစ်သက်တဲ့ iPhone ၊ iPad တွေနဲ့အတူ ATOM eSIM ကိုဝယ်ယူလိုက်မယ်ဆိုရင် သီးသန့်အကျိုးခံစားခွင့်တွေဖြစ်တဲ့ 3GB ဒေတာ + မိနစ် ၅၀ ကို သုံးလတိတိ ဆက်တိုက်ရယူနိုင်ပါပြီ။

 

ဒါတွေအပြင် ATOM eSIM ရဲ့ဆန်းသစ်တဲ့ဒီဂျစ်တယ်အတွေ့အကြုံတွေဖြစ်တဲ့  ဆင်းမ်ကတ်ထည့်သွင်းထားစရာမလိုခြင်း၊  နိုင်ငံတကာမှာ ဆင်းမ်ကတ်လဲလှယ်စရာမလိုခြင်းနှင့်  ပိုမိုဆန်းသစ်တဲ့ အက်တမ်ရဲ့ဝန်ဆောင်မှုတွေကို ရယူခံစားနိုင်မှာပါ။

 

ဒါကြောင့် ရန်ကုန်၊ မန္တလေး mDrive ဆိုင်ခွဲတိုင်းမှာ ATOM eSIM ကိုဝယ်ယူအသုံးပြုပြီး သီးသန့်အကျိုးခံစား‌ခွင့်တွေကိုရယူလိုက်ပါ။

 

 

 

စည်းမျဉ်းစည်းကမ်းများ

  • ATOM အသုံးပြုသူများနှင့် mDrive သုံးစွဲသူများအတွက်သာ ဤပရိုမိုးရှင်းတွင် အကျုံးဝင်ပါသည်။
  • မိုဘိုင်းဘောနပ်စ်သည် အောက်ပါအခြေအနေများနှင့် ကိုက်ညီသော သုံးစွဲသူအတွက် အကျုံးဝင်မည်ဖြစ်သည်။
  • သုံးစွဲသူသည် mDrive စတိုးများတွင် iPhone သို့မဟုတ် iPad အသစ် (မည်သည့် မော်ဒယ်လ်မဆို) ကို ဝယ်ယူရမည်ဖြစ်သည်။ ဝယ်ယူထားသောစက်ပစ္စည်းအသစ်တွင် eSIM အသစ် သို့မဟုတ် SIM လဲလှယ်နိုင်သည့် ATOM eSIM ကို အသက်သွင်းပါ။
  • မိုဘိုင်းဘောနပ်စ် အစီအစဥ်သည် သက်တမ်း ၃၀ရက် ပေးထားသော 3 GB နှင့် 50 မိနစ်(Onnet)ဖြစ်ပြီး ၃လဆက်တိုက်ရရှိမည် ဖြစ်သည်။
  • ပရိုမိုးရှင်းကာလ ၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဂျွန်လ ၂၁ D2ရက်နေ့အထိ (၃လ တိတိ) ဖြစ်ပါသည်။
  • ဤအစီအစဉ် ကမ်းလှမ်းချက်ကို အချိန်မရွေး ရုပ်သိမ်းရန် သို့မဟုတ် ပြောင်းလဲရန် လုပ်ဆောင်ပိုင်ခွင့်သည် ATOM Myanmar & mDrive တွင်  ရှိပါသည်။
  • mDrive မှ ဖုန်းအသစ်ဝယ်ယူခြင်းတွင် Customer များသည် mDrive မှ ချမှတ်ထားသော စည်းမျဉ်းများအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။ အသေးစိတ်ကို mDrive Website တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
  • mDrive program လျှောက်ထားရာတွင် တင်သွင်းထားသည့် လျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်များ နှင့် စာရွက်စာတမ်း အထောက်အထားများကို ATOM Myanmar ဘက်မှ သိရှိခွင့်ရှိမည်မဟုတ်ပါ။ လူကြီးမင်း၏ အချက်အလက်များကို mDrive ဘက်မှ ကောက်ခံခြင်းဖြစ်သဖြင့် mDrive ကသာ သိရှိနိုင်မည်ဖြစ်ပါသည်။
  • mDrive သို့ လျှောက်ထားသူမှမိမိသဘောဆန္ဒအလျာက် လျှောက်ထားသူမှ ပေးအပ်ထားသော ကိုယ်ရေးကိုယ်တာအချက်အလက်နှင့် ငွေပေးချေမှုစာရွက်စာတမ်းများအတွက် ATOM Myanmar တွင်မည်သည့် တာ၀န်မျှ ရှိလိမ့်မည် မဟုတ်ပေ။

Frequently Asked Questions:

ATOM  နှင့် mDrive သုံးစွဲသူများသည် ဤပရိုမိုးရှင်းအတွက်အကျုံးဝင်ပါသည်။

မိုဘိုင်းဘောနပ်စ် အစီအစဥ်သည် သက်တမ်း ၃၀ရက် ပေးထားသော 3 GB နှင့် 50 မိနစ်(Onnet)ဖြစ်ပြီး ၃လဆက်တိုက်ရရှိမည် ဖြစ်သည်။

မိုဘိုင်းဘောနပ်စ် အောက်ပါအခြေအနေများနှင့် ကိုက်ညီသော သုံးစွဲသူအတွက် အကျုံးဝင်မည်ဖြစ်သည်။ သုံးစွဲသူသည် mDrive စတိုးများတွင် iPhone သို့မဟုတ် iPad အသစ် (မည်သည့် မော်ဒယ်လ်မဆို) ကို ဝယ်ယူရမည်ဖြစ်သည်။ ဝယ်ယူထားသောစက်ပစ္စည်းအသစ်တွင် eSIM အသစ် သို့မဟုတ် SIM လဲလှယ်နိုင်သည့် ATOM eSIM ကို အသက်သွင်းပါ။

mDrive ဆိုင်များအားလုံး


mDrive (ကမ္ဘာအေး)
ဆိုင်ဖွင့်ချိန် (မနက် ၉း၃၀ မှ ညနေ ၆း၃၀)
၈၁ ၊ကမ္ဘာအေးဘုရားလမ်း(ပုလဲကွန်ဒိုရှေ့)၊ဗဟန်းမြို့နယ်၊ရန်ကုန်


mDrive (City Mall)
ဆိုင်ဖွင့်ချိန် (မနက် ၉ နာရီမှ ညနေ ၆း၃၀)
၂-၄၃၊ Level 1၊ City Mall (St. John)၊ ပြည်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်၊


mDrive (Junction Mawtin)
ဆိုင်ဖွင့်ချိန် (မနက် ၉ နာရီမှ ညနေ ၆း၃၀)
၁၀၇-၁၀၉ ၊ မြေညီထပ် ၊ Junction Mawtin ၊ အနော်ရထာလမ်းနှင့် လမ်းသစ်လမ်းထောင့် ၊ လမ်းမတော်မြို့နယ် ၊ ရန်ကုန်


mDrive (မန္တလေး)
ဆိုင်ဖွင့်ချိန် (မနက် ၉ နာရီမှ ညနေ ၆း၃၀)
၇၈လမ်း ၊ (၂၇လမ်း x ၂၈လမ်းကြား)၊ချမ်းအေးသာဇံမြို့နယ်၊မန္တလေး

ပရိုမိုးရှင်းအသေးစိတ်အချက်အလက်များကို ATOM Website တွင်သိနိုင်ပါသည်။

ပရိုမိုးရှင်းကာလ ၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဂျွန်လ ၂၁ ရက်နေ့အထိ (၃လ တိတိ) ဖြစ်ပါသည်။

ဤပရိုမိုးရှင်း ရယူခြင်းအတွက် Customer များသည် ATOM Myanmar & mDrive မှ ချမှတ်ထားသော စည်းမျဉ်းများအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။ အသေးစိတ်ကို ATOM Website တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

eSIM အကြောင်း ပိုမိုသိရှိရန် ဒီကို နှိပ်ပါ။

323

Back to top