We'd like to send you notifications of the latest posts and updates

ရှယ်စုဘူး

အက်တမ်အသုံးပြုသူများ ပိုမိုအဆင်ပြေစေရန် ရှယ်စုဘူး အစီအစဉ်များကို ပိုမို ကောင်းမွန်အောင် ဖန်တီးထားတဲ့ အစီအစဉ်ကို မိတ်ဆက် ပေးလိုက်ပါပြီ။ လက်ကျန်ဒေတာများကို ပေါင်းထည့်ဖို့ ရန် ရှယ်စုဘူး အစီအစဉ်သစ်ကို ထပ်မံ ဝယ်ယူလိုက်ရုံနဲ့ ရှေ့အစီအစဉ်မှ လက်ကျန်ဒေတာများကို ပေါင်းထည့်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒီပိုကောင်းတဲ့ ရှယ်စုဘူး အစီအစဉ်အသစ်မှာ ဘာတွေ ပိုရမှာလဲ! မိတ်ဆွေတို့ရဲ့ မသုံးစွဲဖြစ်တဲ့ ဒေတာတွေကို ဘယ်လိုလုပ်ထားပေးမလဲ ဆိုတော့ အက်တမ် အသုံးပြုသူများမှ ရှယ်စုဘူး 2GB အားဝယ်ယူပြီး 1GB ကိုသာ အသုံးပြုခဲ့သည်ဆိုပါစို့ ယခု ရှယ်စုဘူး အစီအစဉ်တွင် ယခင်ဝယ်ယူထားသည့် ရှယ်စုဘူး အစီစဉ် ကုန်ဆုံးပြီး ၇ရက်အတွင်း နောက်ထပ် ရှယ်စုဘူး package ကို ဝယ်ယူလိုက်ရုံဖြင့် လက်ကျန်ဒေတာ 1GB ကို မိတ်ဆွေတို့ ထပ်မံဝယ်ယူတဲ့ ရှယ်စုဘူး အစီစဉ်သစ်မှာ ပေါင်းထည့်ပေးသွားမှာ ဖြစ်ပြီး လက်ကျန်ဒေတာသည်လည်း နောက်ထပ်ဝယ်ယူသည့် ဒေတာကဲ့သို့ ထပ်မံသက်တမ်းတိုး ရရှိမှာဖြစ်ပါတယ်။

ရှယ်စုဘူး

5

Subscribe

ATOM Store App နှင့် ATOM Myanmar Website တွင်လည်း ၀ယ်ယူနိုင်ပါသည်။

Terms and Conditions

  • ရှယ်စုဘူးပက်ကေ့ချ် (“ရှယ်စုဘူး”) အစီအစဉ်သည် အက်တမ်၏ Prepaid အသုံးပြုသူများ အတွက်သာ အကျုံးဝင်ပါသည်။
  • သက်တမ်းကုန်ပြီးနောက် ကျန်ရှိသောဒေတာများကို သယ်ဆောင်သွားနိုင်သော ကာလမှာ ၇ရက်ဖြစ်ပါသည်။
  • ရှယ်စုဘူး ပက်ကေ့ချ်များတွင် လက်ကျန် အသုံးမပြုရသေးသည့် ဒေတာများ ရှိပါက မူလဝယ်ယူထားသော ရှယ်စုဘူး ပက်ကေ့ချ် သက်တမ်းပြီးဆုံးပြီး နောက်ထပ်(၇)ရက်အတွင်း ရှယ်စုဘူး ပက်ကေ့ချ် အသစ်ထပ်မံဝယ်ယူပါက ယင်း လက်ကျန်ရှိနေသော ဒေတာများကို နောက်တကြိမ်ထပ်မံဝယ်ယူသော ရှယ်စုဘူးပက်ကေ့ချ်၏ သက်တမ်းအတိုင်း ထပ်ပေါင်း အသုံးပြုခွင့်ရရှိမှာ ဖြစ်ပါသည်။ ရှယ်စုဘူး ပက်ကေ့ချ်အသုံးပြုသူများမှ မူလ ဝယ်ယူထားသော ရှယ်စုဘူးပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီးနောက် (၇)ရက်အတွင်း ရှယ်စုဘူး ပက်ကေ့ချ် အသစ်ထပ်မံဝယ်ယူခြင်း မရှိခဲ့ပါက လက်ကျန်ဒေတာများမှာလည်း သက်တမ်းကုန်ဆုံးသွားမည် ဖြစ်ပါသည်။
  • လက်ကျန် အသုံးမပြုရသေးသည့် ဒေတာများမှ ဒေတာကိုသာ ယခုကဲ့သို့ ရှယ်စုဘူး ပက်ကေ့ချ် အသစ်ဝယ်ယူပြီး သက်တမ်းတိုး သယ်ဆောင်ခွင့် ရမည်ဖြစ်ပါသည်။
  • ရှယ်စုဘူး ပက်ကေ့ချ်များ တကြိမ်မက ဝယ်ယူခြင်းများအတွက်လည်း လက်ကျန်ဒေတာများ စုပေါင်းသွားပြီး ဝယ်ယူခဲ့သည့် ရှယ်စုဘူး ဒေတာ ပက်ကေ့ချ်များအတွင်းမှ အများဆုံး သက်တမ်းအား ရရှိမည်ဖြစ်ပါသည်။
  • ရှယ်စုဘူး ပက်ကေ့ချ် အား အသုံးပြုသူများ အနေဖြင့် ရှယ်စုဘူးပက်ကေ့ချ် ဝယ်ယူ အသုံးပြုသည်နှင့် တပြိုက်နက် အက်တမ်၏ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း နှင့် ပြင်ဆင်ချက်များအား သဘောတူ လက်ခံသည်ဟု အက်တမ်မှ မှတ်ယူမည်ဖြစ်ပါသည်။ ယခု စည်းမျဉ်းစည်းကမ်းသည် မူလက ဝယ်ယူခဲ့သည့် ရှယ်စုဘူး ပက်ကေ့ချ်များ အပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိမည်ဖြစ်သည်။
  • အက်တမ်မှ ရှယ်စုဘူးနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများ အား အချိန်မရွေး ပြောင်းလဲ ပြင်ဆင်နိုင်ပြီးယင်း အချိန်ကာလရှိ သက်ဆိုင်ရာ ဥပဒေ နှင့် နည်းဥပဒေများမှ သက်မှတ်ထားသည့် အတိုင်း ၎င်း ပြောင်းလဲ ပြင်ဆင်မှုများသည် ချက်ချင်း အကျိုးသက်ရောက်မည် ဖြစ်ပါသည်။
  • အက်တမ်မှ ရှယ်စုဘူးနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများအား တည်ဆဲ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ အချိန်မရွေး ပြောင်းလဲ ပြင်ဆင်နိုင်ပြီး ပြင်ဆင်သည်နှင့် တပြိုက်နက် အကျိုးသက်ရောက်မည် ဖြစ်သည်။
  • ပြည်ထောင်စု၏အခွန်ကောက်ဥပဒေပြင်ဆင်ချက်အရ ကုန်သွယ်လုပ်ငန်းခွန်အား ဇန်န၀ါရီလ ၂၂ ရက် ၂၀၂၂ နေ့မှ စတင်၍ အင်တာနက်ဝန်ဆောင်မှုများအတွက် အခွန် ၁၅% ပေးဆောင်ရပါမည်။

Frequently Asked Questions:

ရှယ်စုဘူးအစီအစဉ်တွင် ဒေတာများကို ကြိုက်နှစ်သက်ရာအင်တာနက်အတွက် အသုံးပြုနိုင်ပါသည်။ သုံးမကုန်သည့် ဒေတာများကိုလည်း သက်တမ်းကုန်ဆုံးပြီး နောက်ထပ်(၇)ရက် ထိသိမ်းဆည်းပေးထားမည်ဖြစ်ပြီး ရှယ်စုဘူးအစီအစဉ်နောက်တကြိမ်ထပ်မံ ဝယ်ယူပါက အသစ်ဝယ်ယူသော ဒေတာပမာဏနှင့်အတူယခင်ကျန်ရှိသည့် လက်ကျန်ကိုပါ သက်တမ်းတိုး ပေါင်းထည့်အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ 

တစ်ကြိမ်ထက်ပို၍ ဝယ်ယူလို့ရပါသည်။သက်တမ်းမှာ နောက်ဆုံးဝယ်ယူပက်ကေ့ချ်၏ သက်တမ်းအတိုင်းတိုးမြှင့်သွားမည် ဖြစ်သည်။

လက်ကျန်ဒေတာများကို သက်တမ်းကုန်ပြီး ၇ရက်အတွင်း နှစ်သက်ရာ ရှယ်စုဘူး တစ်ခုအား ဝယ်ယူခြင်းဖြင့် ဆက်လက် သယ်ဆောင်အသုံးပြုနိုင်ပါသည်။

ရှယ်စုဘူး လက်ကျန်စစ်ရန် 

  • Dial *9124# or *124#
  • ATOM Store App  https://bit.ly/ATOMStoreApp 

ပက်ကေ့ချ် သက်တမ်း ရှယ်စုဘူးပက်ကေ့ချ်၏ သီးသန့် သက်တမ်းဖြစ်ပါသည်။ သို့သော် သုံးမကုန်သည့် ဒေတာလက်ကျန်များကို ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး (၇)ရက် အတွင်း ထိန်းသိမ်းထားပါသည်။ လက်ကျန်သယ်ယူခွင့်ရှိနေသေးသော လက်ကျန် ဒေတာများအား ပြန်လည်အသုံးပြုလိုပါက ဤ(၇)ရက်အတွင်း ရှယ်စုဘူးပက်ကေ့ချ် တစ်ခုခုအား နောက်ထပ်၀ယ်ယူခြင်းဖြင့် ဆက်လက်သယ်ဆောင် အသုံးပြုနိုင်ပါသည်။

ပြည်ထောင်စု၏အခွန်ကောက်ဥပဒေပြင်ဆင်ချက်အရ ကုန်သွယ်လုပ်ငန်းခွန်အား ဇန်န၀ါရီလ ၂၂ ရက် ၂၀၂၂ နေ့မှ စတင်၍အင်တာနက်ဝန်ဆောင်မှုများအတွက် အခွန် ၁၅% ပေးဆောင်ရပါမည်။

116

Back to top