We'd like to send you notifications of the latest posts and updates
Gong Xi Fa Cai!
မင်္ဂလာရှိတဲ့ တရုတ်နှစ်ကူးကာလ အပျော်တွေ နှစ်ဆတိုးသွားအောင် အက်တမ်က အက်တမ်သုံးစွဲသူများအတွက် နှစ်ကူးအန်ပေါင်းပေးနေပြီနော်
ကြိုက်နှစ်သက်ရာ ပမာဏနဲ့ တစ်ရက်ကို ဖုန်းဘေလ် ၂,၀၀၀ ကျပ်နှင့်အထက် ဖုန်းငွေဖြည့်လိုက်ရုံနဲ့ အက်တမ်က (ကြိုက်ရာသုံး ဒေတာ 10GB နဲ့ အက်တမ်အချင်းချင်းဖုန်းပြော 1,000 မိနစ်) ကို နှစ်ကူးလက်ဆောင် အက်တမ်အန်ပေါင်း အနေနဲ့ ကံထူးရှင် (၅၀) ဦးအထိ ရွေးချယ်ပေးနေပါပြီ။
ပရိုမိုးရှင်းကာလ - ဇန်နဝါရီလ ၂၇ ရက် မှ ၃၁ ရက် အထိ
ဖုန်းဘေလ်ဖြည့်ရန် ဒီကို နှိပ်ပါ။
အက်တမ်အန်ပေါင်း ဆိုသည်မှာ တရုတ်နှစ်သစ်ကူးကာလ တွင် အက်တမ်ကြိုတင်ငွေပေးဆင်းကတ် (Prepaid SIM ကတ်) သုံးစွဲသူများမှ အက်တမ်ဖုန်းငွေဖြည့်ရင်း တရုတ်နှစ် သစ်ကူးအန်ပေါင်း အနေနဲ့ ‘ကြိုက်ရာသုံးဒေတာ 10 GB နှင့် အက်တမ်အချင်းချင်း ဖုန်းပြော 1,000 မိနစ်’ ကို အက်တမ်မှ အပိုပေး မည့် အစီအစဉ်ဖြစ်ပါတယ်။
ကြိုက်နှစ်သက်ရာ ပမာဏနဲ့ တစ်ရက်ကို ဖုန်းဘေလ် ၂,၀၀၀ ကျပ်နှင့်အထက် ဖုန်းငွေဖြည့်လိုက်ရုံ ဖြင့် ဤပရိုမိုးရှင်း တွင် ပါဝင်လို့ရပါပြီ။
ပရိုမိုးရှင်းကာလအတွင်း နေ့စဉ် စုစုပေါင်း ဖုန်းငွေဖြည့် ပမာဏ ၂,၀၀၀ ကျပ်နှင့် အထက် ပြည့်မီသူတွေထဲမှ (၁၀) ယောက် အားနေ့စဉ် ကျပန်း စနစ်နဲ့ ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။
ပရိုမိုးရှင်းကာလက ဇန်နဝါရီလ ၂၇ ရက် ၂၀၂၅ ခုနှစ်မှ ဇန်နဝါရီလ ၃၁ ရက် ၂၀၂၅ ခုနှစ်အထိဖြစ်ပြီး စုစုပေါင်း (၅) ရက်ရှိတာမို့ ဒေတာနဲ့ အက်တမ်အချင်းချင်းဖုန်းပြောမိနစ် ဆုလက်ဆောင်များကို ပရိုမိုးရှင်းကာလအတွင်း စုစုပေါင်း ကံထူးရှင် (၅၀)ဦး ကို ရွေးချယ်ပေးသွားပါမယ်။
‘ကြိုက်ရာသုံးဒေတာ 10 GB နှင့် အက်တမ်အချင်းချင်း ဖုန်းပြော 1,000 မိနစ်’ ကို (၃)ရက် သုံးစွဲခွင့် ရရှိမှာ ဖြစ်ပါတယ်။
ပရိုမိုးရှင်းအစီအစဉ်ကို၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ (မြန်မာစံတော်ချိန် ၀၀:၀၀:၀၀) နာရီမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ (မြန်မာစံတော်ချိန် ၂၃:၅၉း၅၉) နာရီအထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ယခုပရိုမိုးရှင်းမှာ ဖုန်းဘေလ်ဖြည့်သွင်းခြင်းများသာ အကျုံးဝင်မှာ ဖြစ်ပြီး အခြား မည်သည့် အက်တမ် ပက်ကေ့ချ် ဝယ်ယူခြင်းများ၊ ဝန်ဆောင်မှုရယူခြင်းများသည် အကျုံးဝင်ခြင်းမရှိပါ။
ယခုပရိုမိုးရှင်းမှ ကံထူးသွားသူ ဖြစ်ပါက အက်တမ် မှ ကံထူးသူဖြစ်ကြောင်းကို SMS ဖြင့် ဆက်သွယ်အကြောင်းကြားပေးပါမည်။ SMS ပေးပို့ရာတွင် Sender ID – ATOM ဖြင့် အသိပေးစာတိုကို လက်ခံရရှိပါမည်။
နေ့စဉ် ကံထူးရှင်များအား ရွေးချယ်ပြီးနောက် အက်တမ် ကံထူးရှင်ဖြစ်ကြောင်းကို Sender ID – ATOM မှ တစ်ဆင့် စာတိုပေးပို့ပြီး ဆက်သွယ်အကြောင်းကြားပေးမည်ဖြစ်ပြီး ဆက်သွယ်ရရှိသော ကံထူးရှင်များ၏ ဖုန်းနံပါတ် အသီးသီးသို့ ယခုပရိုမိုးရှင်းမှ ပေးအပ်မည့် ဆုလက်ဆောင်များကို (ရုံးဖွင့်ရက်) ၄၈ နာရီအတွင်း ကံထူးသူများ၏ အက်တမ်ဖုန်းများသို့ တိုက်ရိုက် ထည့်သွင်း ပေးသွားမည် ဖြစ်ပါသည်။ ဆုလက်ခံရရှိပါက ကံထူးသူ၏ ဖုန်းတွင် အတည်ပြု SMS ကို လက်ခံရရှိမည် ဖြစ်ပါသည်။
အက်တမ် Call Center နံပါတ် 09790097900 ကိုလည်းကောင်း၊ အက်တမ်မြန်မာ official social media channel များမှ လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
*124*1# ကို ခေါ်ဆို၍လည်းကောင်း၊ ATOM Store App မှ လည်းကောင်း စစ်ဆေးနိုင်ပါသည်။
Back to top
Share