We'd like to send you notifications of the latest posts and updates

Press Release

နည်းပညာဆိုင်ရာ အမှုဆောင်အရာရှိချုပ်တစ်ယောက်ရဲ့ တစ်နေ့တာ

25 Oct,2023 - Yangon | 2 mins read

ရေးသူ - Yash Pal Singh၊ အက်တမ် (ATOM) ၏ နည်းပညာဆိုင်ရာ အမှုဆောင်အရာရှိချုပ်

အမြဲတမ်း ဆန်းသစ်တီထွင်နေပြီး ခေတ်ရှေ့ပြေးနေတဲ့ အက်တမ် (ATOM) လိုကုမ္ပဏီတစ်ခုရဲ့ နည်းပညာဆိုင်ရာ အမှုဆောင်အရာရှိချုပ်တစ်ယောက်အတွက်ကတော့ နေ့ရက်တိုင်းဟာ မတူညီတဲ့စိန်ခေါ်မှုတွေ၊ တီထွင်ကြံဆမှုတွေ၊ ရှေ့ဆက်လျှောက်လှမ်းဖို့ အခွင့်အရေးအသစ်တွေနဲ့ ပြည့်နှက်လို့နေပါတယ်။ နည်းပညာဆိုင်ရာ အမှုဆောင်အရာရှိချုပ် ဆိုတာ နည်းပညာနယ်ပယ်မှာ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဘာတွေဖြစ်လာနိုင်လဲဆိုတာ ကြိုတင်တွေးတောနိုင်ပြီး နည်းပညာ ပိုမိုနားလည်တတ်ကျွမ်းလာမယ့် အနာဂတ်ဆီကိုရောက်အောင် ကိုယ့်ရဲ့အဖွဲ့ကို ဦးဆောင်နိုင်ရပါမယ်။ ဒါဆိုရင် အခုပဲ ဒေတာတွေ၊ နည်းဗျူဟာတွေ၊ စီမံခန့်ခွဲမှုတွေနဲ့ ရောယှက်ထားတဲ့ ကျွန်တော့်ရဲ့လုပ်ငန်းတာဝန်တွေရှိရာ အက်တမ် (ATOM) မှာ တစ်နေ့တာကို ဘယ်လိုဖြတ်သန်းလဲနေတယ်ဆိုတာ ပြောပြချင်ပါတယ်။

မနက် ၈ နာရီ ၃၀ မိနစ် - တစ်နေ့တာကို ကော်ဖီပူပူတစ်ခွက်နဲ့ စတင်ချိန်

မနက်ခင်းလေးကို ကော်ဖီပူပူတစ်ခွက်နဲ့ ကြိုဆိုလိုက်ပြီး အရင်ဆုံး ကျွန်တော် နောက်ဆုံးရနည်းပညာသတင်းတွေနဲ့ နယ်ပယ်သတင်းတွေကို ဖတ်ပါတယ်။ တိုးတက်လာတဲ့နည်းပညာ၊ ခေတ်ရေစီးကြောင်းနဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေအကြောင်းကို သိထားဖို့ အရေးကြီးပါတယ်။ ဒီလိုဖတ်တာက နည်းပညာအလှည့်အပြောင်းတွေကို ကြိုတင်ခန့်မှန်းနိုင်ဖို့ ကူညီပေးပါတယ်။ ပြီးရင်တော့ ကျွန်တော့်ရဲ့ အီးမေးလ်ကိုစစ်ပြီးတော့ နေ့တစ်နေ့အတွက် ဘာတွေလုပ်ရမလဲဆိုတာ ကြိုတင်ပြင်ဆင်ပါတော့တယ်။

မနက် ၁၀ နာရီ - အဖွဲ့နဲ့ မနက်ခင်း ဆွေးနွေးချိန်

မနက်တိုင်း ကျွန်တော်ရဲ့ နည်းပညာအဖွဲ့တွေနဲ့ ပုံမှန်အစည်းအဝေးတစ်ခုလုပ်ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာဆိုရင် လုပ်လက်စ ပရောဂျက်တွေ၊ တိုးတက်မှုအချိန်ဇယားတွေ ပြန်လည်ဆန်းစစ်တာနဲ့ နည်းပညာပိုင်းဆိုင်ရာအခက်အခဲတွေအကြောင်းကို ပြောဖြစ်ကြပါတယ်။ ဒီလိုမျိုးမနက်ခင်းအစည်းအဝေးက အဖွဲ့တစ်ခုလုံး လမ်းကြောင်းမှန်ပေါ်ရောက်နေပြီး ဟန်ချက်ညီနေတယ်ဆိုတာ သေချာစေဖို့အတွက် သိပ်ကိုအရေးပါပါတယ်။ ပြောဆိုချိတ်ဆက်မှုဆိုတာ ယနေ့ခေတ်လို တိုးတက်မြန်နေတဲ့ နည်းပညာလောကကြီးအတွက် အဓိကသော့ချက်တစ်ခုလိုပါပဲ။

မနက် ၁၁ နာရီ - ဒေတာများအပေါ်အခြေခံပြီး နည်းဗျူဟာအတွက် ဆွေးနွေးချိန်

ကျွန်တော် ဘုတ်အဖွဲ့ရုံးခန်းကိုသွားပြီးတော့ အကြီးတန်း လုပ်ငန်းစီမံခန့်ခွဲသူများအဖွဲ့နဲ့ အက်တမ် (ATOM) ရဲ့ နည်းပညာပေါ်အမြင်တွေ၊ ရေရှည်ရည်မှန်းချက်တွေအကြောင်းကို ဆွေးနွေးဖို့အတွက် တစ်ပတ်တစ်ခါ တွေ့ဆုံလေ့ရှိပါတယ်။ ကျွန်တော်တို့ အိုင်ဒီယာအသစ်တွေ စဉ်းစားတာတွေ၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် အခွင့်အလမ်းရှာဖွေတာတွေ၊ နည်းပညာကိုအသုံးပြုပြီး ကျွန်တော်တို့အဖွဲ့အစည်းအတွင်း ဘယ်လိုဆန်းသစ်တီထွင်နိုင်မလဲ စတာတွေကို ဆုံးဖြတ်တာမျိုး အစည်းအဝေးလုပ်နေစဉ်မှာ တိုင်ပင်လေ့ရှိကြပါတယ်။ ဒီလိုတွေ့ဆုံမှုကနေတစ်ဆင့် ကျွန်တော်တို့ စဉ်းစားထားတဲ့ အကြံဉာဏ်ကောင်းတွေကို  လက်တွေ့အကောင်အထည်ဖော်ဖြစ်စေတာ ဖြစ်ပါတယ်။  

နေ့လယ်ခင်း ၂ နာရီ - နည်းပညာ ပရောဂျက်များပေါ်တွင် အာရုံစိုက်ထားခြင်း

နေ့လယ်ခင်းမှာတော့ ကျွန်တော်က လုပ်လက်စပရောဂျက်တွေအကြောင်း အသေးစိတ်ဆွေးနွေးတာမျိုးတွေမှာ အာရုံစိုက်ထားလေ့ရှိပါတယ်။ လုပ်လက်စလုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ဖို့နဲ့ အကြံဉာဏ်ပေးဖို့အတွက် ပရောဂျက်မန်နေဂျာတွေ၊ အင်ဂျင်နီယာတွေ၊ developers တို့နဲ့ တွေ့ဆုံလေ့ရှိပါတယ်။ ဒီလိုတွေ့ဆုံပြီး စကားပြောတာက ပရောဂျက် အချိန်ဇယားများနဲ့ ကိုက်ညီစေရုံသာမက ပြဿနာများကို အဖွဲ့တစ်ဖွဲ့အနေဖြင့် ကျော်လွှားနိုင်ဖို့ကိုလဲ သေချာစေပါတယ်။

ညနေ ၅ နာရီ - တစ်နေ့တာလုပ်ဆောင်ချက်များကို ပြန်လည်ဆန်းစစ်ချိန်

တစ်နေ့တာကုန်ဆုံးဖို့နီးလာတာနဲ့ ဒီနေ့ဘာတွေလုပ်ဆောင်ခဲ့သလဲဆိုတာနဲ့ ဘာတွေဆွေးနွေးခဲ့လဲဆိုတာကို အချိန်တစ်ခုယူပြီး ကျွန်တော်ပြန်လည်သုံးသပ်ပါတယ်။ ကျွန်တော်တို့ ရုံးအဖွဲ့ကို ရှေ့ဆက်ဆောင်ရွက်ရမယ့်ကိစ္စရပ်တွေကို အကျဉ်းချုပ်ပြောဖို့နဲ့ ကျွန်တော့်တာဝန်တွေကို ကြိုတင်ပြင်ဆင်ထားနိုင်ဖို့အတွက် နောက်တစ်ရက်အချိန်ဇယားကို ကြိုကြည့်ထားပါတယ်။

ကျွန်တော့်ရဲ့တစ်နေ့တာအတွက်ကတော့ ဒီလောက်ပါပဲ။ အက်တမ် (ATOM) ရဲ့ နည်းပညာဆိုင်ရာ အမှုဆောင်အရာရှိချုပ်တစ်ယောက်ဖြစ်တာနဲ့အညီ  ကျွန်တော်က ဆက်သွယ်ရေးနည်းပညာတွေကို အမြဲတမ်း နက်နက်ရှိုင်းရှိုင်းနားလည်နေဖို့လိုအပ်သလို ခိုင်မာတဲ့ ခေါင်းဆောင်မှုစွမ်းရည်နဲ့ လုပ်ငန်းကျွမ်းကျင်ဖို့လဲ လိုအပ်ပါတယ်။ ဝန်ဆောင်မှု အသစ်တွေနဲ့ ထုတ်ကုန်အသစ်တွေကို တီထွင်ဖန်တီးတာကအစ  အခြေခံကွန်ရက်တွေကို စီမံခန့်ခွဲပြီး ယုံကြည်စိတ်ချဘေးကင်းစေဖို့ကအဆုံး ကုမ္ပဏီရဲ့ နည်းပညာကဏ္ဍအားလုံးကို ကြီးကြပ်ဖို့နဲ့ တီထွင်ဆန်းသစ်မှုတွေအတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ကျွန်တော့်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေက မြန်မာနိုင်ငံတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော အက်တမ် (ATOM) အသုံးပြုသူ customer များကို တိုက်ရိုက်အကျိုးသက်ရောက်စေနိုင်တဲ့အတွက် အက်တမ် (ATOM) မှာပါဝင်နေတဲ့ ကျွန်တော့်ရဲ့ အခန်းကဏ္ဍကို အလွန်ဘဲ မြတ်နိုးတန်ဖိုးထားမိကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်။

Back to top