We'd like to send you notifications of the latest posts and updates

Press Release

လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအစီအစဥ်

05 Aug,2022 - Yangon | 3 mins read

  •  မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် မိဘမဲ့ကျောင်းများအတွက် အရည် အသွေး ကောင်းမွန်သော အထောက်အကူပစ္စည်းများနှင့် အခြေခံအဆောက်အအုံများအတွက် မြန်မာ ကျပ်ငွေ တစ် ဘီလီယံ ထောက်ပံ့ လှူဒါန်း
  • ကလေးများနှင့် လူငယ်လူရွယ် အနည်းဆုံး ၅၀၀၀ အတွက် ပိုမိုကောင်းမွန်သော ပညာရေးအသိုက်အဝန်း ဖြစ်ပေါ်လာစေရန် ရည်ရွယ်
  • ကလေးများ၏နေ့စဉ်ဘဝများနှင့် ပညာရေးတိုးတက်ကောင်းမွန်လာစေရန် စာသင်ကျောင်းများတွင် လိုအပ်သော သို့မဟုတ် အရေးကြီးသောအထောက်အကူပစ္စည်းများကို ပံ့ပိုးကူညီ

ရန်ကုန်၊ ဩဂုတ်လ ၅ ရက်၊ ၂၀၂၂ ခုနှစ်။    ။ ကော်ပိုရိတ်လူမှုရေးဆိုင်ရာတာဝန်ယူမှု တာဝန်ခံမှုရန်ပုံငွေ၏ သုံးပုံတစ်ပုံကို မြန်မာနိုင်ငံရှိ ပြည်သူများ၏လူနေမှုဘဝနှင့် ပညာရေးဖွံ့ဖြိုးတိုးတက်စေရေးဆိုသော အက်တမ် (ATOM) ၏ ကတိကဝတ်နှင့်အညီ လူမှုအကျိုးပြုလုပ်ငန်းများ စတင်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ နိုင်ငံတစ် ဝှမ်းရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများနှင့် မိဘမဲ့ကျောင်းများတွင် လိုအပ်လျက်ရှိသော အရည်အသွေး ပြည့်ဝကောင်းမွန်သည့် အထောက်အကူပစ္စည်းများနှင့် အခြေခံအဆောက်အအုံများကို ပံ့ပိုးပေးရန်အတွက် မြန်မာကျပ်ငွေ တစ်ဘီလီယံကို အသုံးပြုသွားမည်ဖြစ်သည်။

 

 

အထက်ပါ လူမှုအဖွဲ့အစည်းအားပံ့ပိုးကူညီမှုသည် ကလေးများနှင့် လူငယ်လူရွယ် ၅၀၀၀ ကျော်အတွက် အကျိုးရှိ မည်ဟု မျှော်လင့်ထားပါသည်။ အက်တမ် (ATOM) မှပံ့ပိုးပေးသော အထောက်အကူပစ္စည်းများနှင့် အခြေခံ အဆောက်အအုံများသည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် မိဘမဲ့ကျောင်းများ၏ လိုအပ်ချက်များ ပေါ်တွင်မူတည်၍ ကွဲပြားမှုရှိ မည်ဖြစ်ပါသည်။ အချို့သောပံ့ပိုးကူညီမှုများတွင် ကလေးများအတွက် သင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် ထိရောက်မှုရှိပြီး ပိုမိုကောင်းမွန်သည့်  ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနိုင်ရန် အတွက် တည်ရှိပြီးသား အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ခြင်းများနှင့် အထောက်အကူပစ္စည်းများ ပံ့ပိုးပေးခြင်းတို့ ပါဝင်သည်။

 

အက်တမ် (ATOM) မှ အကောင်အထည်ဖော် တည်ဆောက်လှူဒါန်းမည့် ခန်းမဆောင်အတွက် ကျင်းပပြုလုပ်သည့် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ YGW ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားတွင် တိုက်ကြီး YGW ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်နှင့် အက်တမ် (ATOM) ၏ စီမံအုပ်ချုပ်မှုအဖွဲ့က "လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတတ်မှုအစီအစဉ်" ၏ အသေးစိတ်အချက် အလက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ယခုအစီအစဥ်မှတစ်ဆင့် မြန်မာနိုင်ငံမှ ကလေးသူငယ်များအတွက် ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းများ ပိုမိုရရှိစေစေမည်ဟု မျှော်လင့်ကြောင်းလည်း ထပ်လောင်းပြောကြားသွား ပါသည်။ ယနေ့အခမ်းအနားတွင် အက်တမ် (ATOM) ၏ ၀န်ထမ်းဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူတို့က တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကို "ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ အကြောင်း" ကို အသိပညာပေးပြောကြားပေးခဲ့ပါသည်။

 

“ဦးဇင်းတို့က အက်တမ် (ATOM) ကနေ ဒီမဏ္ဏပ်အလှူကို လက်ခံရရှိတာ အတိုင်းထက်အလွန် ဝမ်းမြောက် ပီတိဖြစ်ရပါတယ်။ ဦးဇင်းတို့ဆီမှာ စောင့်ရှောက်ထားတဲ့ ကလေးလူငယ်ပေါင်း ၅၀၀ ကျော်အတွက် ဒီမဏ္ဏပ် အသစ်ရရှိတဲ့အခါ ကလေးတွေနေ့စဉ် လှုပ်ရှားမှုပြုရာမှာ အလွန်အသုံးဝင်မှာဖြစ်လို့ ကလေးတွေလဲ ပျော်ကြမှာ ပါ။ သူတို့ရဲ့ အနာဂတ်အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ခွန်အားတခုဖြစ်စေမယ်လို့လဲ ဦးဇင်းတို့ ယုံကြည်ပါတယ်။ ခက်ခဲတဲ့ကာလဖြစ်တဲ့အတွက်ကြောင့် ဒီလိုအလှူရှင်အဖွဲ့အစည်းနဲ့ ဆုံဆည်းခွင့်ရလို့ ဦးဇင်းတို့ က အလွန်ဝမ်းမြောက်ရပါတယ်။” ဟု YGW ပရဟိတမိဘမဲ့ကျောင်း ဆရာတော် ဘဒ္ဒန္တ တေဇိန္ဒက မိန့်ကြားခဲ့ပါ သည်။

 

အလားတူ သန်လျင်မြို့ ပုဂံတောင်ကျေးရွာရှိ ဓမ္မိကရာမကျောင်းတွင် အထိမ်းအမှတ် အခမ်းအနားတစ်ခုကို ရက်ပိုင်း အတွင်း ထပ်မံကျင်းပသွားမည်ဖြစ်ပါသည်။ ဓမ္မိကရာမ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် အက်တမ် (ATOM) မှ စာသင်ကျောင်းဆောင်တစ်ဆောင်ကို ဆောက်လုပ်လှူဒန်းမည်ဖြစ်ပါသည်။ 

 

အက်တမ် (ATOM) သည် ၂၀၂၃ နှစ်ကုန်အထိ ကော်ပိုရိတ်လူမှုရေးဆိုင်ရာတာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ ပရော ဂျက်များအတွက် မြန်မာကျပ်ငွေ ၃ ဘီလီယံ လျာထားခဲ့ပါသည်။ အက်တမ် (ATOM) သည် ဆက်သွယ်ရေးကဏ္ဍ ကို အဆင့်မြှင့်တင်ခြင်း၊ အခွင့်အလမ်းများဖော်ဆောင်ပေးခြင်း၊ လူမှုအဖွဲ့အစည်းအပေါ် အပြုသဘောဆောင် သော အကျိုးသက်ရောက်မှုများ ပေးဆောင်ခြင်းများဖြင့် မြန်မာပြည်သူပြည်သားများအတွက် ပိုမိုကောင်းမွန် သော လူမှုဘဝများ ဖန်တီးပေးမည်ဟု ကတိကဝတ်ပြုထားပါသည်။

 

“အက်တမ် (ATOM) က တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ လူမှုအဖွဲ့အစည်းကို ပြန်လည် ကြည့်ရှု‌ပေးရုံသာမကဘဲ ကဏ္ဍပေါင်းစုံမှ လူမှုအဖွဲ့အစည်းတွေအပြင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေနဲ့ မိဘမဲ့ စာသင်ကျောင်းတွေကို အရည်အသွေးပြည်ဝကောင်းမွန်တဲ့ အထောက်အကူပစ္စည်းတွေ ပံ့ပို့ပေးသွားနိုင်ဖို့ ဆိုတဲ့ မျော်မှန်းချက်အပြည့်နဲ့ ဒီအစီအစဉ်ကို စတင်ခဲ့တာပါ။ ဒီလူမှုအကျိုးပြုစီမံချက် ပြီးသွားတဲ့အခါမှာလည်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ကျောင်းတော်တော်များများမှာ ကျောင်းသားတွေရဲ့ ဘဝနဲ့ ပညာရေးကဏ္ဍကို ပိုမိုတိုးတက်ကောင်းမွန်အောင် ကူညီပေးနိုင်ဖို့ အထောက်အကူ အများကြီးဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့က လူ့အခွင့်အရေးဆိုင်ရာ အကဲဖြတ်ခြင်းနဲ့ စီမံခန့်ခွဲမှုဆိုင်ရာမှာ မှတ်ကျောက်တင် မှတ်တမ်းများ ရရှိထားတဲ့ အတိုင်ပင်ခံကုမ္ပဏီတစ်ခုနဲ့အနီးကပ်တိုင်ပင်လုပ်ဆောင်လျက်ရှိပါတယ်။ အတိုင်ပင်ခံ ကုမ္ပဏီ ကဝန်ထမ်းများနဲ့ သုံးစွဲသူတွေအတွက် လူ့အခွင့်အရေးဆိုင်ရာကျင့်ဝတ်များနဲ့အညီ တာဝန်ယူမှုတာဝန်ခံမှု ရှိတဲ့ စီပွားရေး လုပ်ငန်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်ဖို့ဆိုတဲ့ အက်တမ် (ATOM) ရဲ့ကတိကဝတ်တွေကို အကောင် အထည် ဖော်နိုင်ဖို့ အကြံပေးလုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။” ဟု ATOM ၏ ဒုတိယအမှုဆောင် အရာရှိချုပ် ဦးဝင်းပိုင်ကျော်က ထပ်လောင်း ပြောကြားခဲ့ပါသည်။

 

အက်တမ်(ATOM) အကြောင်း
အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First)  ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည်  လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်း အဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်း သက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက် ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ် သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက်သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန်ဖြစ်ပါ သည်။
 

Back to top