We'd like to send you notifications of the latest posts and updates

Press Release

မြန်မာနိုင်ငံရှိ အက်တမ် (ATOM) အသုံးပြုသူ customer များနှင့် ဘောလုံးအားကစားပရိသတ်များအားလုံးအတွက် အင်္ဂလိပ်ပရီးမီးယားလိဂ်အတွေ့အကြုံသစ်များကို အက်တမ် (ATOM) မှ ယူဆောင်လာခဲ့

06 Nov,2023 - Yangon | 3 mins read

  • အက်တမ် (ATOM) သည် မြန်မာနိုင်ငံအတွက် အင်္ဂလိပ်ပရီးမီးယားလိဂ် (English Premier League - EPL) ၂၀၂၃-၂၀၂၄ ခုနှစ် ဘောလုံးရာသီပံ့ပိုးကူညီသူအဖြစ် နိုင်ငံတွင်းရှိ ဘောလုံးအားကစားပရိသတ်များအားလုံးဆီသို့ EPL အတွေ့အကြုံသစ်များကို ယူဆောင်လာခဲ့ပြီဖြစ်သည်။
  • အက်တမ် (ATOM) အသုံးပြုသူ customer များအတွက် ဘောလုံးပွဲစဉ်များနှင့် အကောင်းဆုံးပွဲစဉ်ပြကွက်များ ရွေးချယ်တင်ပြသည့်ဗီဒီယို (highlights) များကို အထူးဒေတာပတ်ကေ့ချ်များဖြင့် အချိန်နေရာမရွေး ဝယ်ယူကြည့်ရှုနိုင်ရန် အက်တမ် (ATOM) စတိုးအက်ပ်မှတစ်ဆင့် အရည်အသွေးမြင့် EPL တင်ဆက်မှုများကို ပေးအပ်လျက်ရှိသည်။
  • ထို့အပြင် ဘောလုံးချစ်သူပရိသတ်များသည် ဘောလုံးအားကစားဆိုင်ရာ ဂိမ်းများ၊ ဆောင်းပါးများ၊ တေးသီချင်းများအပါအဝင် အခြားသောဒစ်ဂျစ်တယ်လှုပ်ရှားပေါင်းများစွာတွင် အတူပါဝင် စီးမျောခံစားနိုင်မည်ဖြစ်သည်။

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ - မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် အင်္ဂလိပ်ပရီမီးယားလိဂ်  (English Premier League - EPL) ၂၀၂၃-၂၀၂၄ ခုနှစ် ဘောလုံးရာသီ ပံ့ပိုးကူညီသူအဖြစ် မြန်မာနိုင်ငံရှိ ဘောလုံးချစ်သူပရိသတ်များနှင့် ပြည်သူလူထုအတွက် စွဲမက်ဖွယ်ရာအတွေ့အကြုံသစ်များ ပါဝင်သည့် အစီအစဉ်များကို ယူဆောင်လာပြီးဖြစ်ကြောင်း ဝမ်းမြောက်စွာဖြင့် ကြေညာလိုက်ရပါသည်။  EPL သည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝှမ်းလုံးတွင် လူကြည့်အများဆုံး ဘောလုံးအားကစားလိဂ်တစ်ခုဖြစ်သည့်အတွက် အက်တမ် (ATOM) က ဘောလုံးချစ်သူပရိသတ်များအတွက် EPL ဘောလုံးပွဲစဉ်များကို ပိုမိုအဆင်ပြေလွယ်ကူစွာ ကြည့်ရှုနိုင်ရန်  ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး ဘောလုံးအားကစားဆိုင်ရာ ဒစ်ဂျစ်တယ်နှင့် ကျင်းပပြုလုပ်သွားမည့် ပွဲအစီအစဉ်သစ်များကိုလည်း မိတ်ဆက်ပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံမှာရှိတဲ့ ဘောလုံးအားကစားဝါသနာရှင်လူမှုအသိုင်းအဝိုင်းအတွက် အက်တမ် (ATOM) က  အင်္ဂလိပ်ပရီမီးယားလိဂ် ပံ့ပိုးကူညီသူအဖြစ် ပိုမိုသာလွန်ကောင်းမွန်တဲ့အတွေ့အကြုံတွေနဲ့ တန်ဖိုးတွေကို ယူဆောင်လာနိုင်ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ ဘောလုံးအားကစားနည်းက အားလုံးထပ်တူထပ်မျှနားလည်နိုင်တဲ့ ကမ္ဘာသုံးဘာသာစကားတစ်ခုလိုမျိုး ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အက်တမ် (ATOM) က မြန်မာနိုင်ငံမှာ EPL ပွဲစဉ်တွေကို တရားဝင်ထုတ်လွှင့်ပြသခွင့် ရရှိထားတဲ့ SKYNET နဲ့ ပူးပေါင်းဆောင်ရွက်ထားပြီး အက်တမ် (ATOM) အသုံးပြုသူ customer တွေနဲ့ ဘောလုံးချစ်သူပရိသတ်တွေအားလုံးအတွက် EPL အတွေ့အကြုံတွေကို မြှင့်တင်ပေးဖို့ ရည်ရွယ်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ ဘောလုံးအားကစားအပေါ် အားပေးကြည့်ရှုပုံနဲ့ ရင်သပ်ရှုမောစရာကောင်းတဲ့ ဘောလုံးအားကစားကို ပါဝင်ဆင်နွှဲပုံကို ပြန်လည်သတ်မှတ်နိုင်ဖို့ အက်တမ် (ATOM) စတိုးအက်ပ်ပေါ်မှာ အရည်အသွေးမြင့်တင်ဆက်မှုတွေကအစ ဒစ်ဂျစ်တယ်နဲ့ ပွဲအစီအစဉ်တွေ ကျင်းပပြုလုပ်ဖို့အထိ ကျွန်တော်တို့ လုပ်ဆောင်ထားပါတယ်" ဟု အက်တမ် (ATOM) ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Ahmad Abdallah ကပြောကြားခဲ့သည်။

အက်တမ် (ATOM) စတိုးအက်ပ်တွင် အထူးဒေတာပတ်ကေ့ချ်များနှင့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်များကို ကြည့်ရှုလိုက်ပါ။

အက်တမ် (ATOM) သည် နောက်ဆုံးပေါ်နည်းပညာကို အသုံးပြုထားပြီး အက်တမ် (ATOM) စတိုးအက်ပ်ပေါ်မှတစ်ဆင့် အရည်အသွေးမြင့် EPL တင်ဆက်မှုများကို ပေးအပ်လျက်ရှိပါသည်။ တိုက်ရိုက်ဘောလုံးပွဲစဉ်များ၊ ပြသခဲ့ပြီးသော ဘောလုံးပွဲစဉ်များ၊ တစ်ပတ်အတွင်း ပွဲပြီးဂိုးရလဒ်များ၊ အကောင်းဆုံးပွဲစဉ်ပြကွက်များ ရွေးချယ်တင်ပြသည့်ဗီဒီယိုများ (highlights) အပြင် SKYNET ၏ အပတ်စဉ် EPL အစီအစဉ်များကို စုံလင်စွာကြည့်ရှုနိုင်သည့် EPL အခန်းကဏ္ဍစာမျက်နှာလည်း အက်ပ်တွင် ပါဝင်သွားမည်ဖြစ်သည်။ အက်တမ် (ATOM) အသုံးပြုသူ customer များအနေဖြင့် အကြိုက်နှစ်သက်ဆုံးပွဲစဉ်များ၊ ဘောလုံးအသင်းများနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှာဖွေလိုပါက EPL စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်

အက်တမ် (ATOM) စတိုးအက်ပ်ပေါ်တွင်  EPL နှင့်ပတ်သက်သည့် အကြောင်းအရာများကို အချိန်နေရာမရွေး ဝင်ရောက်ကြည့်ရှုနိုင်ရန်အတွက် ၁ ရက်စာ (၉၄၉ ကျပ် - ၅ GB)၊ ၃ ရက်စာ (၂,၄၉၉ ကျပ် - ၂၀ GB)၊ ၁၅ ရက်စာ (၄,၉၉၉ ကျပ် - ၁၀၀ GB) နှင့် ၃၀ ရက်စာ (၈,၄၉၉ ကျပ် - ၂၅၀ GB) စသည့် အထူးဒေတာပတ်ကေ့ချ်များဖြင့် အက်တမ် (ATOM) မှ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ထိုဒေတာပတ်ကေ့ချ်များကို *၇၁၉၉# ကိုနှိပ်၍ ဝယ်ယူနိုင်သလို အက်တမ် (ATOM) စတိုးအက်ပ်၏ ရသ ဝန်ဆောင်မှုတွင် EPL အကြောင်းအရာများနှင့် ဗီဒီယိုများကို ကြည့်ရှုနိုင်ရန် သီးသန့်ဒေတာများကို အက်တမ် (ATOM) စတိုးအက်ပ်ပေါ်တွင်လည်း ဝယ်ယူနိုင်ပါသည်။

အင်္ဂလိပ်ပရီးမီးယားလိဂ်နှင့် ဘောလုံးပွဲစဉ်များကို ပိုမိုကြည့်ရှုခံစားလိုက်ပါ။

အက်တမ် (ATOM) စတိုးအက်ပ်ပေါ်တွင် အသုံးပြုသူ customer များအတွက် EPL ဘောလုံးပွဲစဉ်များနှင့် အကောင်းဆုံးပွဲစဉ်ပြကွက်များ ရွေးချယ်တင်ပြသည့်ဗီဒီယိုများ (highlights) ကိုကြည့်ရှုနိုင်ခြင်းအပါအဝင် အခြားသော ဒစ်ဂျစ်တယ်အတွေ့အကြုံများစွာကိုလည်း မိတ်ဆက်ပေးလျက်ရှိပါသည်။ ထိုဒစ်ဂျစ်တယ်အတွေ့အကြုံများအနက် အက်တမ် (ATOM) အသုံးပြုသူ customer များက လက်ရှိတွင် EPL ဘောလုံးအသင်းများ၌ ပါဝင်လျက်ရှိသော ကစားသမားများကို ကိုယ်တိုင်ရွေးချယ်ပြီး ကိုယ့်စိတ်ကူးအိပ်မက်နှင့်ထပ်တူ ဘောလုံးအသင်းတစ်သင်းဖွဲ့နိုင်မည့် Fantasy Football ဂိမ်းလည်း အပါအဝင်ဖြစ်သည်။ EPL အတွေ့အကြုံတွင် ချိတ်ဆက်မှုနှင့် ပြိုင်ဆိုင်မှုများကိုပါ ရရှိခံစားနိုင်ရန် ရည်ရွယ်ပြီး Fantasy Football ဂိမ်းမှတစ်ဆင့် အက်တမ် (ATOM) အသုံးပြုသူ customer များသည် အမှတ်များရရှိနိုင်မည့်အပြင် ရွေးချယ်ထားသော ကစားသမား၏ လက်တွေ့ဘောလုံးပွဲစဉ်များအတွင်း ခြေစွမ်းအပေါ်မူတည်၍ ငွေသားဆုလက်ဆောင်များ ရရှိပိုင်ဆိုင်နိုင်မည့် အခွင့်အရေးများလည်းရှိသည်။

ထို့အပြင် အက်တမ် (ATOM) အသုံးပြုသူ customer များအနေဖြင့် ပွဲအကြိုခန့်မှန်းသုံးသပ်ချက် သို့မဟုတ် ဉာဏ်စမ်းပဟေဠိများတွင် ဖြေဆိုကာ ဆုများရရှိနိုင်မည့် Predict & Win ကဲ့သို့သော ဘောလုံးဂိမ်းပွဲစဉ်များတွင် ပါဝင်နိုင်ပါသည်။ ဂိမ်းကစားခြင်းအပါအဝင် အသုံးပြုသူ customer များသည် အက်တမ် (ATOM) စတိုးအက်ပ်၏ ရသ အခန်းကဏ္ဍစာမျက်နှာတွင် ဘောလုံးအားကစားဆိုင်ရာဆောင်းပါးများကို ရှာဖွေဖတ်ရှုနိုင်မည့်အပြင် ဘောလုံးအားကစားဆိုင်ရာ တေးသီချင်းများကိုလည်း နားဆင်နိုင်မည်ဖြစ်သည်။

လူအများနှင့် အတူတကွ EPL ဘောလုံးပွဲစဉ်များကို ကြည့်ရှုနိုင်မည့်အစီအစဉ်များ၊ ဘောလုံးချစ်သူပရိသတ်များ ပါဝင်နိုင်မည့် လှုပ်ရှားမှုများနှင့် ဘောလုံးအားကစားဝါသနာရှင်များအတွက် ရင်ခုန်စိတ်လှုပ်ရှားမှုကို ပိုမိုပေးစွမ်းနိုင်မည့် အထူးသီးသန့် ဘောလုံးအားကစားဆိုင်ရာပွဲများ အစရှိသော ပွဲအစီအစဉ်သစ်များကိုလည်း အက်တမ် (ATOM) မှ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

EPL ဘောလုံးပွဲစဉ်အကြောင်းအရာများ ကြည့်ရှုခြင်းနှင့်ပတ်သက်၍ အသေးစိတ်ပိုမိုသိရှိလိုပါက အက်တမ် (ATOM) စတိုးအက်ပ် - https://www.atom.com.mm/my/EPLPacks တွင် သွားရောက်လေ့လာနိုင်ပါသည်။ အက်တမ် (ATOM) EPL နှင့် ဘောလုံးအားကစားပရိသတ်များအတွက် နောင်လာမည့် ပွဲအစီအစဉ်များ၊ ဘောလုံးအားကစားလှုပ်ရှားမှုဆိုင်ရာ နောက်ဆုံးရသတင်းများကို အက်တမ် (ATOM) Facebook စာမျက်နှာ - http://www.facebook.com/ATOMOfficialPage တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

အက်တမ် (ATOM) စတိုးအက်ပ်ကို Google Play Store၊ Apple Store သို့မဟုတ် အက်တမ် (ATOM) ဝက်ဘ်ဆိုဒ်စာမျက်နှာ - https://www.atom.com.mm/my/personal/ATOMstoreapp တွင်လည်း ဒေါင်းလုဒ်ရယူနိုင်ပါသည်။

- ပြီး-

အက်တမ် (ATOM) အကြောင်း

အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

 

သတင်းမီဒီယာများအနေဖြင့် ထပ်မံ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် - communications@atom.com.mm atom@chilli.agency

Back to top