We'd like to send you notifications of the latest posts and updates

Press Release

အက်တမ် (ATOM) နှင့် CB Bank ပူးပေါင်းမှုဖြင့် ပိုမိုကောင်းမွန်အကျိုးခံစားခွင့်ရှိသော CB ATOM Credit Card မိတ်ဆက်

20 Mar,2023 - Yangon | 3 mins read

မတ်လ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်၊ ရန်ကုန်၊ မြန်မာ- နိုင်ငံတွင်း ဒစ်ဂျစ်တယ် ဘဏ်ဝန်ဆောင်မှုစနစ် အသုံးပြုမှု ပိုမိုမြင့်မားလာစေရန်နှင့် အက်တမ် (ATOM) ပလက်တီနမ် ကြယ်ပွင့်အဆင့် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော အကျိုးခံစားခွင့်များနှင့်၊ ဒီဂျစ်တယ် အတွေ့အကြုံအသစ် ဝန်ဆောင်မှုများ ပေးအပ်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် အက်တမ် (ATOM) နှင့် CB Bank တို့ပူးပေါင်း၍ CB ATOM Credit Card ကို စတင် မိတ်ဆက်လိုက်ပါသည်။ ထိုမိတ်ဆက်ပွဲ အခမ်းအနားကို မတ်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Meliá ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပြီး အက်တမ် (ATOM) CB Bank နှင့် Myammar Payment Union - MPU ၏တာဝန်ရှိသူ အသီးသီးမှ အသစ်ထွက်ရှိသော အကြွေးဝယ်ကတ်အကြောင်း မိတ်ဆက်ရှင်းပြခဲ့သည်။

စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု၊ ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတစ်ခု  တည်ဆောက်ဖော်ဆောင် သွားမည်ဟူသော ကတိကဝတ်ဖြင့် အက်တမ် (ATOM) သည်  လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် ဈေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပြီး ယခုအခါ အက်တမ် (ATOM) ပလက်တီနမ် ကြယ်ပွင့် အဆင့်ရ အသုံးပြုသူများအတွက် #BeyondBetter ပိုမိုကောင်းမွန်သော ဒီဂျစ်တယ် ဘဏ်ဝန်ဆောင်မှု အတွေ့အကြုံကို ပေးအပ်သွားမည်ဟူသော ရည်ရွယ်ချက်ဖြင့် CB ATOM Credit Card ကို CB Bankနှင့် ပူးပေါင်းပြီး မိတ်ဆက်ပေးခြင်း ဖြစ်ပါသည်။

အက်တမ် (ATOM) နဲ့ CB Bank လက်တွဲပြီး အက်တမ် (ATOM) ဆင်းကဒ်သုံးစွဲသူတွေကို ဆန်းသစ်ပြီး လုံခြုံတဲ့ ဒီဂျစ်တယ် ငွေပေးချေမှု အတွေအကြုံကောင်းတွေကို ပေးဆောင်နိုင်တော့မှာ ဖြစ်တဲ့အတွက် ဒီကနေ့ဟာတော့ ကျွန်တော်တို့အတွက် မှတ်ကျောက်တင်ရမယ့် နေ့ရက်တစ်ခုဖြစ်ပါတယ်။ ဟု အက်တမ် (ATOM) မြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Muhammad Ziaullah Siddiqui မှ မိတ်ဆက်ပွဲတွင် အမှာစကား ပြောကြားခဲ့ပါသည်။

Mr. Muhammad Ziaullah Siddiqui မှ အကောင်းမွန်ဆုံး ကွန်ရက်၊ အကောင်းမွန်ဆုံး ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများနှင့် ကဏ္ဍအားလုံးတွင် အကောင်းမွန်ဆုံး အရာများဖြင့် မြန်မာနိုင်ငံသားများနှင့် မြန်မာ့စီးပွါးရေးကို မြှင့်တင်ပေးရန် - ဆိုတဲ့ အက်တမ်ရဲ့ ကတိကဝတ်နှင့်အညီ အက်တမ်ဟာ သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့အတွေ့အကြုံအသစ်တွေကို မြန်မာပြည်သူတွေအတွက် ယူဆောင်ပေးလျှက်ရှိပြီး၊ အခုတစ်ခါ မှာလည်း အက်တမ် (ATOM) ရဲ့ ပလက်တီနမ် ကြယ်ပွင့် အဆင့်ရ အသုံးပြုသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အကျိုးခံစားခွင့်တွေကို ပေးအပ်ချင်တဲ့ ရည်ရွယ်ချက်နဲ့  CB ATOM Credit Card (အကြွေးဝယ်ကတ်) ကို မိတ်ဆက်ရခြင်းပဲ ဖြစ်ပါတယ်။ အက်တမ် (ATOM) အနေနဲ့လည်း အနာဂါတ်မှာ ပိုမိုဆွဲဆောင်မှုရှိတဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ထပ်မံမိတ်ဆက်ပေးသွားမှာဖြစ်ပြီး စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမှာ ဖြစ်ပါတယ်။ဟုထပ်မံပြောကြားခဲ့ပါသည်။

Card Payment Scheme provider ဖြစ်သော MPU အနေဖြင့် ဘဏ်ခွဲပေါင်းများစွာ ဖွင့်လှစ်ထားပြီး customers များအားထားနေရတဲ့ ထိပ်တန်းဘဏ် တစ်ခုဖြစ်သော CB Bank နှင့် customer သန်းချီရရှိထားသော Telecom ATOM တို့နှင့် အတူ အများပြည်သူများ ပေးချေသုံးစွဲမှု အဆင်ပြေစေရန် Co-branded ကတ်ထုတ်ဝေခြင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ကျွန်တော်တို့ရဲ့ Payment Digitalization ဆောင်ရွက်ချက်များအတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။ ဘဏ် Telcom payment switching များ ပူးပေါင်းဆောင်ရွက်ပြီး အများပြည်သူ အဆင်ပြေချောမွေ့စေသော ဝန်ဆောင်မှုတစ်ခုကို ယခုလို မိတ်ဆက်နိုင်ခြင်းအတွက် အထူးဂုဏ်ယူပါတယ်။ ဆက်လက်ပြီး ဘဏ်နှင့် telecom များ အတူတူပူးပေါင်းကာ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများကို ထပ်မံဆောင်ရွက်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။” ဟု ဦးဇော်လင်းထွဋ် (CEO, MPU) မှပြောကြားခဲ့ပါသည်။

ကျွန်တော်တို့ ယခုမိတ်ဆက်လိုက်တဲ့ CB ATOM Credit Card မှာ အထူးခံစားခွင့် များစွာပါဝင်ပြီး အသုံးပြုတဲ့ customers များ အဆင်ပြေချောမွေ့စေဖို့ ဆောင်ရွက်ထားပါတယ်။ ဒီကတ်ဟာ ကျွန်တော်တို့ရဲ့ အောင်မြင်မှုမှတ်တိုင်များထဲမှ တစ်ခုဖြစ်ပြီး ထပ်ပြီးလည်း ATOM customers များအတွက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှု အသစ်များပေးရင်း မှတ်တိုင်အသစ်များ စိုက်ထူသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ Customers များရဲ့ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ခေတ်အမီဆုံး digital ဘဏ်ဝန်ဆောင်မှုများကို ဆက်လက် ပေးသွားနိုင်ဖို့ သံန္နိဋ္ဌာန်ချထားပါတယ်။” ဟု ဦးဇေယျာအောင်  (ဦးဆောင်ညွှန်ကြားရေးမှူး Card & Merchant Services Division, CB Bank)မှ ပြောကြားခဲ့ပါသည်

CB ATOM Credit Card များကို လျှောက်ထားနိုင်သူများမှာ အက်တမ် (ATOM) ဆင်းကဒ် သုံးစွဲသူများဖြစ်ပြီး အက်တမ် ပလက်တီနမ် ကြယ်ပွင့်အဆင့် သုံးစွဲသူ (ATOM STAR platinum) များ ဖြစ်ပါသည်။ အက်တမ် (ATOM) ပလက်တီနမ် ကြယ်ပွင့်အဆင့် သုံးစွဲသူများ အနေဖြင့် CB ATOM Credit Card (အကြွေးဝယ်ကတ်) အား မတ်လ ၂၀ ရက်နေ့မှစတင်၍ လျှောက်ထားနိုင်ပြီး ထပ်ဆောင်း အထူးအကျိုးခံစားခွင့် များအဖြစ် ပထမနှစ်အတွက် နှစ်စဉ်ကြေးအခမဲ့အပြင် လျှော့ဈေးများနှင့် အခြားခံစားခွင့်များအား ရရှိနိုင်မည် ဖြစ်သည်။ သတ်မှတ်ချက်နှင့် ကိုက်ညီသော သုံးစွဲသူ များအနေဖြင့် ငွေသုံးစွဲနိုင်မှု ပမာဏ ကျပ်သိန်း ၅၀ အထိ သုံးစွဲခွင့်ရနိုင်မည်ဖြစ်ပါသည်။

CB ATOM Credit Card (အကြွေးဝယ်ကတ်) အားhttps://cardapp.cbbank.com.mm/cbbank-shoppy-application အက်တမ် (ATOM) website ATOM Store application မှ တစ်ဆင့် လွယ်ကူစွာ လျှောက်ထားနိုင်ပါသည်။  အက်တမ် (ATOM) သုံးစွဲသူများအနေဖြင့် မိမိ၏ ကြယ်ပွင့် အဆင့်သတ်မှတ်ချက်ကို သိရှိလိုပါက *979*3*5# ကိုဖုန်းခေါ်ဆိုပြီး စစ်ဆေးနိုင်ပါသည်။ ATOM Store application တွင် စစ်ဆေးမည်ဆိုပါက ATOM Store application ပင်မစာမျက်နှာရှိ STAR အခွင့်အရေးများ ထဲတွင် သွားရောက်စစ်ဆေးနိုင်ပါသည်။

ATOM Website မှလျှောက်ထားလိုပါက ATOM Website ထဲရှိသုံးစွဲသူများအတွက် ပင်မစာမျက်နှာမှ ဝန်ဆောင်မှုကဏ္ဍများအနက် ATOM Star Program စာမျက်နှာရှိ CB ATOM Credit Card လျှောက်ထားရန် အတွက် ပြုလုပ်ထားသော ကြော်ငြာ ကိုနှိပ်ပြီး လွယ်ကူစွာ လျှောက်ထားနိုင်ပါသည်။

- ပြီး -

အက်တမ် (ATOM) အကြောင်း

အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် ဈေးနှုန်း သက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ် ထုတ်ကုန်များနှင့် ဝန်ဆောင်မှု များစွာကို ပေးဆောင်လျက် ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံး ပါဝင်သည့် ဒစ်ဂျစ်တယ် အခြေပြု အသိုင်းအဝန်း တည်ဆောက် ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက် ဖြစ်သည့် မြန်မာ ပြည်သူ များအတွက် ပိုမို ကောင်းမွန်ခြင်းထက် သာလွန်သော ဘဝ အတွေ့အကြုံများ ရရှိခံစားနိုင်စေရန် ပိုမို ကောင်းမွန်သော ချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုး လုပ်ဆောင် ပေးရန် ဖြစ်ပါသည်။ အသေးစိတ် သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှ တစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

MPU အကြောင်း

၂၀၁၁ ခုနှစ်တွင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်မှုဖြင့် Myammar Payment Union (MPU) ကိုအဖွဲ့ဝင်ဘဏ်၁၇ဘဏ်ဖြင့်စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ခုနှစ်တွင် ငွေပေးချေမှုကွန်ယက် လုပ်ငန်းများကို စတင်ဆောင် ရွက်ခဲ့သည်။ MPU ကိုဖွဲ့စည်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ National Payment Switch (NPS) အဖြစ် ဆောင်ရွက်ရန်၊ အဖွဲ့၀င်ဘဏ်များအချင်းချင်း အီလက်ထရောနစ် ကွန်ရက်မှတစ်ဆင့် ပေးချေမှု လုပ်ငန်းများ ပူးပေါင်းဆောင် ရွက်ခြင်းဖြင့်ငွေသားမဲ့ပေးချေမှုသို့ကူးပြောင်းရန်နှင့် အနာဂတ်တွင် နိုင်ငံတကာ၏ ပေးချေမှုကွန်ယက်ဖြင့်ချိတ်ဆက်နိုင်ရန် တို့ဖြစ်သည်။ ယခုတွင် အဖွဲ့၀င် ဘဏ်ပေါင်း၃၀ဘဏ်ရှိပြီးဖြစ်ပါသည်

CB Bank အကြောင်း

CB Bank သည် ၁၉၉၂ ခုနစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် အကြီးဆုံးသော ပုဂ္ဂလိက ဘဏ်များထဲမှ တစ်ဘဏ် ဖြစ်ပါသည်။ ဘဏ်ဝန်ဆောင်မှု လုပ်ငန်း၏ ဖောက်သည်များအပေါ် အကျိုးပြုမှုကို ပိုမိုထိရောက် လာစေရန် နည်းပညာများကို အသုံးပြုပြီး လုပ်ဆောင်လျက်ရှိပါသည်။

  • ဘဏ်လုပ်ငန်းဆိုင်ရာ အဓိက အဆောက်အဦများနှင့် နည်းပညာစနစ်များကို ကောင်းစွာ တည်ဆောက် ထားခြင်း
  • ဒစ်ဂျစ်တယ် ဘဏ်ဝန်ဆောင်မှုများကို ဖောက်သည်များအတွက် မိတ်ဆက်ခြင်း
  • ကုမ္ပဏီများ၊ အခြားအဖွဲ့အစည်းများနှင့် မဟာဗျူဟာကျသော လက်တွဲမှုများ လုပ်ဆောင်ခြင်း

အစရှိသော လုပ်ဆောင်ချက်များ ပြုလုပ်ထားပါသည်။

နှစ်ပေါင်း ၃၀ နှစ်တာကာလ အတွင်း CB Bank သည် ဝန်ထမ်းပေါင်း ၃၀ ကျော်မှ ဝန်ထမ်းပေါင်း ,၀၀၀ ခန့်အထိ တိုးချဲ့ခန့်ထားနိုင်ခဲ့ပြီး ဘဏ်ခွဲပေါင်း ၂၅၀ ခန့်ကို ဖွင့်လှစ်ထားနိုင်ခဲ့ပါသည်။ Customer များ၏ လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်အောင် စီမံထားသည့် ဘဏ်ဝန်ဆောင်မှုများကို ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်း Customer များအတွက် ဝန်ဆောင်မှုများကို အကောင်းဆုံး ပေးဆောင်နေပါသည်။

သတင်းမီဒီယာများအနေဖြင့် ထပ်မံ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် - communications@atom.com.mm

Back to top