We'd like to send you notifications of the latest posts and updates
Press Release
16 Sep,2022 - Yangon | 4 mins read
ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ။မြန်မာနိုင်ငံတွင် အက်တမ် (ATOM)၏ လုပ်ငန်းလည်ပတ်မှု ရက် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် အက်တမ် (ATOM) အဖွဲ့အနေဖြင့် ၎င်းတို့၏ သမိုင်းမှတ်တိုင်များကို ပြန်လည်သုံး သပ်ပြီး ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအတွက် အနာဂတ်တွင် ဆန်းသစ်တီထွင်မှုများအပြင် လူမှုအကျိုးပြု အစီ အစဥ်များနှင့် မြန်မာနိုင်ငံလူမှုအသိုင်းအဝိုင်းအတွက် ပံ့ပိုးကူညီလုပ်ဆောင်နေမှုများအကြောင်း မျှဝေခဲ့သည်။
“ဒီနေ့ဟာ ကျွန်တော်တို့ရဲ့ အက်တမ် (ATOM) အဖွဲ့ တစ်ခုလုံးအတွက် အရေးပါတဲ့ သမိုင်းမှတ်တိုင်တစ်ခုပဲဖြစ် ပါတယ်။ ကျွန်တော့်အနေနဲ့ ဘယ်လောက်အထိ ဂုဏ်ယူမိတယ်ဆိုတာကို ထုတ်ဖော်ပြောပြလို့တောင်မရနိုင်ပါ ဘူး။ ကျွန်တော်တို့ရဲ့ ရက် ၁၀၀ အထိမ်းအမှတ်ကို ဖြတ်သန်းရခြင်း အကြောင်းရင်းကတော့ အက်တမ် (ATOM) အဖွဲ့သားတွေ တစ်ဦးချင်းစီရဲ့ ထင်ရှားတဲ့ ကြိုးစားလုပ်ဆောင်မှုနဲ့ စေတနာထားမှုတွေအပြင် သုံးစွဲသူတစ်ဦး တစ်ယောက်ချင်းဆီရဲ့ အားပေးမှုနဲ့ သုံးစွဲမှုတို့ကြောင့်ပဲ ဖြစ်ပါတယ်။ အက်တမ် (ATOM) က သုံးစွဲသူတွေကို ပိုမိုဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေကို ပေးဆောင်နေလျက်ရှိပြီး လာမယ့်နှစ်ပေါင်းများစွာအထိ မြန်မာနိုင်ငံမှာ ထိပ်တန်းတယ်လီကွန်းအော်ပရေတာအဖြစ် ဆက်ရှိနေမယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ကတိကဝတ် တွေထဲက တခုကိုရောင်ပြန်ဟပ်ပြီး ပိုမိုကောင်းမွန်တဲ့ ကွန်ရက်၊ အရည်အသွေးပြည့်ဝတဲ့ ဒစ်ဂျစ်တယ် ဝန်ဆောင် မှုတွေ၊ ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေအပြင် အရာအားလုံးထက် ပိုမိုပြီး မြန်မာပြည်သူတွေနဲ့ စီးပွားရေးဂေဟ စနစ်တွေကို ကူညီပံ့ပိုးစွမ်းဆောင်သွားမှာဖြစ်ပါတယ်” ဟု အက်တမ် (ATOM) ၏ အမှုဆောင် အရာရှိချုပ် Muhammad Ziaullah Siddiqui က အက်တမ် (ATOM) ၏ ရက် ၁၀၀ ပြည့်ပွဲတွင် ပြောကြားခဲ့ ပါသည်။
အက်တမ် (ATOM) ၏ ရက် ၁၀၀ ပြည့် ဂုဏ်ပြုအထိမ်းအမှတ် နောက်ဆုံးပေါ် တို့တို့ဆိုက်ကားဂိမ်း
အက်တမ် (ATOM) သည် ကမ္ဘာလုံးဆိုင်ရာစံနှုန်းများဖြင့် အရည်အသွေးမြင့်ပြီး ဆန်းသစ်သော ဒစ်ဂျစ်တယ်ထုတ် ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးဆောင်ခြင်းအပါအဝင် ပိုမိုကောင်းမွန်ဆန်းသစ်သောအရာများအားလုံးကို ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ရက်ပေါင်း ၉၀ ကြာ Mega Grand Draw ကမ်ပိန်းတွင် မြန်မာငွေကျပ် ၆ ဘီလီယံ ကျပ်တန်ဖိုးရှိ ကံစမ်းမဲအစီအစဥ်များကို ယူဆောင်လာမည့် နောက်ဆုံးပေါ် တို့တို့ဆိုက်ကား 3D ဂိမ်းကို အက်တမ် (ATOM) က မိတ်ဆက်ခဲ့ပါသည်။ အဆိုပါဂိမ်းကို အက်တမ် (ATOM) စတိုးအက်ပ်တွင် ရရှိနိုင်ပြီဖြစ်ပြီး ကစားသူများအနေဖြင့် BAIC ကားအသစ်စက်စက် ၁ စီး၊ ငွေသား ကံစမ်းမဲများနှင့် အခြားကြီးကျယ်ခမ်းနားသော ဆုများကို ရရှိနိုင်မည်ဖြစ်သည်။
အသုံးပြုသူများသည် ရက်ပေါင်း ၉၀ ကမ်ပိန်းအတွင်း တို့တို့ဆိုက်ကားဂိမ်းကို ကစားကာ ဒစ်ဂျစ်တယ် လက် မှတ်ကူပွန်များကို စုဆောင်းနိုင်ပြီး၊ ကစားသည့်အကြိမ်အရေအတွက်များလာလေ၊ ရာသီအလိုက်ဆုများ ရရှိနိုင် မည့်အခွင့်အလမ်း ပိုမိုများပြားလာလေဖြစ်ပါသည်။ အဆိုပါ ရာသီအလိုက် ဆုများတွင် iPhone 13 pro၊ iPad Air 5၊ Samsung A22 5G နှင့် အခြား စမတ်ဖုန်းများနှင့် အသုံးအဆောင် ကိရိယာအမျိုးမျိုး (Gadgets) ပါဝင် သည်။ ရာသီအလိုက် ကံထူးရှင်များကို ၁၅ ရက်လျှင် ၁ ကြိမ် ကြေညာပေးမည်ဖြစ်သည်။ ထို့အပြင် ပက်ကေ့ချ် တစ်ခု သို့မဟုတ် ၉၉ ကျပ်ဖြင့် ၁ ကြိမ် ဂိမ်းကစားတိုင်းတွင် သုံးစွဲသူများအတွက် ချက်ချင်းရရှိမည့် တယ်လီကွန်း ဆုများ ပေးအပ်သွားမည်ဖြစ်သည်။ အက်တမ် (ATOM) စတိုးအက်ပ်ကို အသုံးပြ၍ တို့တို့ဆိုက်ကားဂိမ်းကို အက်တမ် (ATOM) ကွန်ရက်ဖြင့် ကစားခြင်းများအတွက် ဒေတာကောက်ခံခြင်းများ ပြုလုပ်မည်မဟုတ်ပါ။
ရက် ၁၀၀ အတွင်း စိုက်ထူခဲ့သော သမိုင်းမှတ်တိုင်များ
အက်တမ် (ATOM) သည် ၃ လ ကျော်ကာလအတွင်း အသုံးပြုရလွယ်ကူပြီး ပိုမိုကောင်းမွန်သည့် စွမ်းဆောင် ရည်အတွေ့အကြုံဖြင့် ၎င်း၏ အက်တမ် (ATOM) အက်ပ်စတိုးတွင် ဗားရှင်း 4.1 ကို စတင်မိတ်ဆက်ခြင်း အပါအဝင် အခြားဂုဏ်ယူဖွယ်မှတ်တိုင်များ စိုက်ထူနိုင်ခဲ့ပါသည်။ နောက်ထပ်ထင်ရှားသောလုပ်ဆောင်မှုမှာ အက်တမ် (ATOM) ၏ လူ့အခွင့်အရေးမျှော်မှန်းချက်များနှင့်အညီ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဖြစ်ရန် ကတိကဝတ်ပြုမှုကို သက်သေပြသည့်အနေဖြင့် နိုင်ငံတကာတွင် ဂုဏ်သတင်းကျော်စောသော အတိုင်ပင်ခံ အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ထို့အပြင် အက်တမ် (ATOM) သည် မြန်မာနိုင်ငံမှ လူငယ်များကို IT နှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများရရှိစေရန် အရည်အချင်းမြှင့်တင်ပေးနိုင်မည့် ၁ နှစ် ကြာ နည်းပညာဆိုင်ရာသင်တန်း Technology Trainee Program (TTP) ကို လူငယ်များအတွက် မကြာသေးမီက မိတ်ဆက်ခဲ့သည်။
ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းကိုတည်ဆောက်ရန် ထပ်လောင်းကတိပြုခြင်း
အက်တမ် (ATOM) သည် သုံးစွဲသူများအတွက် စိတ်လှုပ်ရှားဖွယ်ရာ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအပြင် အကျိုးရှိသော လူမှုအကျိုးပြု အစီအစဥ်များမှတစ်ဆင့် ဒေသခံလူမှုအဖွဲ့အစည်းအား ပံ့ပိုးကူညီရန် ကတိက၀တ် ပြုထားသည်။ အက်တမ် (ATOM) သည် ရပ်ရွာလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် အမြဲတမ်း စိတ်အားထက်သန်နေပြီး လူမှုအကျိုးပြု အစီအစဥ်များအတွက် ၂၀၂၃ နှစ်ကုန်အထိ မြန်မာငွေကျပ် ၃ ဘီလီယံ သုံးစွဲသွားမည်ဖြစ်သည်။ နိုင်ငံတစ်ဝှမ်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် မိဘမဲ့ကျောင်းများတွင် လိုအပ်လျက်ရှိသော အရည်အသွေး ပြည့်ဝကောင်းမွန်သည့် အထောက်အကူပစ္စည်းများနှင့် အခြေခံအဆောက် အအုံများကို ပံ့ပိုးပေးရန်အတွက် မြန်မာကျပ်ငွေ တစ်ဘီလီယံကို အသုံးပြုသွားမည်ဖြစ်သည်။
အက်တမ် (ATOM) သည် ပြီးခဲ့သည့် ဩဂုတ်လအတွင်း တိုက်ကြီးမြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် သန်လျင်မြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ဘက်စုံသုံးခန်းမနှင့် ကျောင်းဆောင် ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။ အလားတူ "လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်" ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အခြားဒေသများတွင်လည်း ဆက်လက်လှူဒါန်းသွားမည်ဖြစ်ပါသည်။
“အက်တမ် (ATOM) ရဲ့ မကြာသေးမီက လုပ်ဆောင်ခဲ့တဲ့ TTP သင်တန်းနဲ့ အခြားလူမှုအကျိုးပြုလှူဒါန်းမှုတွေက မြန်မာနိုင်ငံ လူမှုအသိုင်းအဝိုင်းကို အမှန်တကယ် အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့က လူတိုင်းအတွက် ပိုမိုကောင်းမွန်ခြင်းထက်သာလွန်တဲ့ ဘဝအတွေ့အကြုံတွေ ဖန်တီးပေးနိုင်ဖို့ မျှော်မှန်းထားပြီး နောက်ထပ်နှစ်ပေါင်းများစွာအထိ တာဝန်သိစီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ဆက်လက်ရပ်တည်သွားမယ်လို့ ဒီလိုအရေးကြီးတဲ့ ရက် ၁၀၀ ပြည့်အခမ်းအနားမှာ အက်တမ် (ATOM) အဖွဲ့တစ်ခုလုံးရဲ့ ကိုယ်စား ကျွန်တော် ကတိပြုပါတယ်” ဟု အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်က ပြောကြားခဲ့ သည်။
အက်တမ် (ATOM) အကြောင်း
အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်း အဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်း သက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာ ဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည် ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက်သာလွန်သော ဘဝအတွေ့ အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန်ဖြစ်ပါသည်။
Back to top
Share