We'd like to send you notifications of the latest posts and updates

Press Release

အက်တမ် (ATOM) က 3D စွန့်စားခန်းဂိမ်းစီးရီးဖြစ်သည့် တို့တို့ Topia ၏ Mega Grand Draw ကံထူးရှင်ရွေးချယ်ပွဲကို စီစဉ်ကျင်းပခဲ့

02 Aug,2023 - Yangon | 3 mins read

  • တို့တို့ Topia သည် အက်တမ် (ATOM) စတိုးအက်ပ်တွင်လည်း ရရှိနိုင်သော 3D ဂိမ်းစီးရီးတစ်ခုဖြစ်ပြီး ယခု ကမ်ပိန်းကာလ ရက်ပေါင်း (၉၀) အတွင်း အက်တမ် (ATOM) ၏ အသုံးပြုသူ customer များက အကြိမ်ပေါင်း သန်း (၇၀) ကျော်တိုင်အောင် ဆော့ကစားခဲ့ကြပါသည်။
  • ဂိမ်းကစားသူများသည် ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း နှင့် လက်ငင်းငွေသားပြန်လည်ပေးအပ်ခြင်း အစရှိသည့် ဆုလက်ဆောင်များကို ချက်ချင်း ရရှိနိုင်ခဲ့သည့်အပြင် နှစ်ပတ်တစ်ကြိမ် ဆုများဆွတ်ခူးနိုင်ခြင်းနှင့် Mega Grand Draw ကမ်ပိန်းတွင်လည်း ပါဝင်ကံစမ်းခွင့်ရရှိခဲ့သည်။
  • အက်တမ် (ATOM) က Mega Grand Draw အထူးဆုကြီးများအတွက် ကံထူးရှင် အယောက် (၂၀) ကို ရွေးချယ်ပေးခဲ့ပြီး ရွှေဆုများ အပါအဝင် ငွေကျပ် သိန်းငါးဆယ်မှ ငွေကျပ် သိန်းငါးရာအထိ ငွေသားဆုများကို ပေးအပ်ခဲ့ပါသည်။

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ၊ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့ - မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့၊ နေ့လည်ပိုင်းတွင် တို့တို့ Topia ကမ်ပိန်း၏ အထူးဆုကြီးများ ပေးအပ်ချီးမြင့်သည့် ပျော်ရွှင်စိတ်လှုပ်ရှားစရာ ပွဲအခမ်းအနားကို Junction City စျေးဝယ်စင်တာတွင် ကျင်းပခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအတွင်း ပြုလုပ်ခဲ့သော ကမ်ပိန်းကာလ ရက် (၉၀) အတွင်း  အက်တမ် (ATOM) စတိုးအက်ပ်တွင် တို့တို့ Topia စီးရီး၏ 3D ဂိမ်းများကို အက်တမ် (ATOM) ၏ အသုံးပြုသူ customer (၁.၈၆) သန်းက အကြိမ်ပေါင်း သန်း (၇၀) ကျော်တိုင်အောင် အံ့အားသင့်ဖွယ်ကောင်းအောင်  ပါဝင်ကစားခဲ့ကြပြီး ဂိမ်းလူကြိုက်များမှုနှင့် အသုံးပြုသူ customer များအား ချိတ်ဆက်နိုင်မှုတို့တွင် အက်တမ် (ATOM) ၏ အောင်မြင်မှုကို မှတ်တမ်းတင်နိုင်ခဲ့သည်။

ချစ်စရာကောင်းသော တို့တို့ ကြောင်ဇာတ်ကောင်ပေါ်တွင် အခြေခံထားပြီး စိတ်လှုပ်ရှားဖွယ်ရာ စွန့်စားခန်းမျိုးစုံပါဝင်သော ဂိမ်းစီးရီးကို ဂိမ်းကစားသူများအနေဖြင့် စိတ်ပါဝင်စားစွာ ကစားခဲ့သည့်အပြင် စုစုပေါင်း မြန်မာငွေ သန်းပေါင်း ၃၅၃ သန်း (၃၅၃,၀၀၀,၀၀၀ ကျပ်) တန်ဖိုးရှိသော ဆုလက်ဆောင်များ ရယူနိုင်ရန် ပြိုင်ဆိုင်ဆော့ကစားခဲ့ကြပါသည်။ တို့တို့ Topia ဂိမ်းကစားသူများသည် ကစားပွဲ၏ အဆင့်တစ်ဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်ပြီးတိုင်း နေ့စဥ်လက်ငင်းရရှိသည့် ကံစမ်းမဲဆုများဖြစ်သည့် ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း နှင့် လက်ငင်းငွေသားပြန်လည်ပေးအပ်ခြင်း အစရှိသည့် ဆုလက်ဆောင်များကို ချက်ချင်း ရရှိနိုင်သည့်အခွင့်အရေးကို ရရှိခဲ့ပါသည်။ ဂိမ်း အဆင့် သုံးဆင့်လုံး အောင်မြင်သည့် ဂိမ်းကစားသူများအနေဖြင့် iPhone 14 Pro Max  ကံထူးရှင်အယောက် (၃၀) နှင့် ရွှေတစ်ကျပ်သား ကံထူးရှင်အယောက် (၃၀) တို့ကို နှစ်ပတ်တစ်ကြိမ် မဲနှိုက်ရွေးချယ်မည့် ကံစမ်းမဲအစီအစဥ်တွင်လည်း ပါဝင်ကံစမ်းခွင့်ရရှိခဲ့ပါသည်။

ထို့အပြင် တို့တို့ Topia အဆင့် သုံးဆင့်လုံးကို အောင်မြင်သူများသည် Mega Grand Draw လက်မှတ်တစ်စောင်ကို ရရှိနိုင်ခဲ့ပါသည်။ အက်တမ် (ATOM) သည် Mega Grand Draw လက်မှတ်ရရှိခဲ့သော အသုံးပြုသူ customer ပေါင်း (၉၇၆,၆၅၄) ယောက်ထဲမှ အီလက်ထရောနစ်မဲနှိုက်စနစ်ဖြင့် Mega Grand Draw ကံထူးရှင်ဆန်ကာတင်စာရင်း ထိပ်ဆုံးအယောက် (၁၀၀) ကို ရွေးချယ်ခဲ့ပါသည်။ မဲနှိုက်ရွေးချယ်သည့်အစီအစဉ်အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ATOM Facebook စာမျက်နှာမှ တိုက်ရိုက် live ထုတ်လွှင့်ခဲ့ပါသည်။

Junction City တွင် ကျင်းပသွားသည့် ပွဲအတွင်း နောက်ထပ် Mega Grand Draw အနိုင်ရရှိသူများကို မဲနှိုက်ရွေးချယ်ပေးခဲ့ပါသည်။ ရွှေတစ်ကျပ်သားဆု (၁၀) ဆု၊ ငွေကျပ် သိန်းငါးဆယ် ဆုကြီး (၄) ဆု၊ ငွေကျပ် သိန်းတစ်ရာ ဆုကြီး (၃) ဆု၊ ငွေကျပ် သိန်းနှစ်ရာ ဆုကြီး (၂) ဆု နှင့် ငွေကျပ် သိန်းငါးရာ ဆုကြီး (၁) ဆု စုစုပေါင်း ဆုကြီး ၂၀ အား အက်တမ် (ATOM) မှ ကံထူးရှင်များကို ပေးအပ်ခဲ့ပါသည်။

အက်တမ် (ATOM) ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Ahmad Abdallah က “ကျွန်တော်တို့ အက်တမ် (ATOM) ရဲ့ ရည်ရွယ်ချက်က အသုံးပြုသူ customers တွေအတွက် ဆန်းသစ်တဲ့ သုံးစွဲသူအတွေ့အကြုံတွေကနေ တစ်ဆင့် ပျော်ရွှင်စိတ်လှုပ်ရှားမှုတွေ ပေးအပ်နိုင်ဖို့ ဖြစ်ပြီးတော့ ဖျော်ဖြေရေးဆိုင်ရာ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးကို လက်တစ်ကမ်းမှာတင် ရရှိခံစားနိုင်အောင် ကူညီပေးဖို့ ဖြစ်ပါတယ်။ တို့တို့ Topia ဂိမ်းကို ဆော့ကစားပေးခဲ့ကြသူတိုင်းကို ကျေးဇူးတင်စကားပြောကြားချင်ပြီးတော့ ရှေ့ဆက်မယ့် အနာဂတ်မှာလည်း  ကျွန်တော်တို့ရဲ့ ကတိကဝတ်ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ ဂိမ်းအသစ်တွေ၊ မိုဘိုင်းအတွေ့အကြုံအသစ်တွေကို မိတ်ဆက်ရင်း ပိုမိုကောင်းမွန်တဲ့ Beyond Better တန်ဖိုးတွေကို ပေးအပ်နိုင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

အက်တမ် (ATOM) အသုံးပြုသူ customer များသည် တို့တို့ Topia ဂိမ်းကို အက်တမ် စတိုးအက်ပ်တွင် ၎င်း၏ ကွန်ရက်ကိုအသုံးပြုပြီး ဒေတာအပိုဆောင်း ကုန်ကျခြင်းမရှိဘဲ ကစားနိုင်ခဲ့ပါသည်။ ကမ်ပိန်းကာလအတွင်း အက်တမ် (ATOM) အသုံးပြုသူ customer များသည် နေ့စဉ် တို့တို့ Topia ကစားခွင့်တစ်ကြိမ် အခမဲ့ ရရှိခဲ့ပြီး အက်တမ် (ATOM) စတိုးအက်ပ် မှ ဂိမ်းပက်ကေ့ချ်များကို ဝယ်ယူ၍လည်း ဂိမ်းများကို ပိုမိုကစားခွင့်ရရှိနိုင်ခဲ့ပါသည်။

အက်တမ် (ATOM) သည် တီထွင်ဆန်းသစ်မှု အားကောင်းသော ဂိမ်းများနှင့် ဝန်ဆောင်မှုများမှတစ်ဆင့် ထိပ်တန်း ဖျော်ဖြေရေးအတွေ့အကြုံများကို ပေးအပ်လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် အက်တမ် (ATOM) သည် အက်တမ် (ATOM) စတိုးအက်ပ်တွင် ဆော့ကစားနိုင်သည့် ပထမဆုံးဂိမ်း ရွှေလယ်‌တောဂိမ်းကို မိတ်ဆက်ပေးခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် အက်တမ် (ATOM) အသုံးပြုသူပေါင်း (၁.၇) သန်းမှ အကြိမ်အရေအတွက်ပေါင်း (၁၀၇) သန်းကျော်အထိ ပါ၀င်ကစားခဲ့ကြသည့် တို့တို့ကြောင်လေးပါဝင်သော ပထမဆုံး တို့တို့ဆိုက်ကားဂိမ်းကို အက်တမ် (ATOM) မှ မိတ်ဆက်ပေးခဲ့သည်။

၂၀၂၂ ခုနှစ်တွင် အက်တမ် (ATOM) သည် ပေါ့ပေါ့ပါးပါး ကစားနိုင်သော ဂိမ်းပေါင်း (၁၀၀) ကျော်၊ ပြိုင်ပွဲများနှင့် ဂိမ်းဆော့ရန်အတွက် ပစ္စည်းများဝယ်ယူနိုင်သည့် ဂိမ်းဆိုင်များ ပါ၀င်သည့် မြန်မာနိုင်ငံ၏ ပထမဆုံးဂိမ်းပလက်ဖောင်း Let’s Play Arena (https://arena.atom.com.mm/my) ကို မိတ်ဆက်ပေးခဲ့ပါသည်။  Let’s Play Arena သည် သုံးစွဲသူများအတွက် ဒစ်ဂျစ်တယ်ဂိမ်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီး နေ့စဉ်ကစားသမား အရေအတွက် ထောင်ပေါင်းများစွာသည် အဆိုပါ ဂိမ်းဝန်ဆောင်မှုများကို အသုံးပြုလျက်ရှိပါသည်။ 

အက်တမ် စတိုးအက်ပ် ကို Google Play Store၊ Apple Store နှင့် ATOM website https://www.atom.com.mm/my/personal/ATOMstoreapp တို့တွင် ဒေါင်းလုပ်ပြုလုပ် ရယူနိုင်ပါသည်။

- ပြီး -

အက်တမ် (ATOM) အကြောင်း

အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

သတင်းမီဒီယာများအနေဖြင့် ထပ်မံ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် - communications@atom.com.mmatom@chilli.agency

Back to top