We'd like to send you notifications of the latest posts and updates

Press Release

အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Muhammad Ziaullah Siddiqui သည် APAC Insider 2023 CEO of the Year Award ဆုကို လက်ခံရရှိခဲ့

02 Jun,2023 - Yangon | 2 mins read

  • APAC Insider မှ Mr. Muhammad Ziaullah Siddiqui အား "Most Impactful Telecommunications CEO 2023 in Myanmar" (၂၀၂၃ ခုနှစ်၏ စွမ်းဆောင်ရည်အကောင်းဆုံး တယ်လီကွန်းကုမ္ပဏီ အမှုဆောင်အရာရှိချုပ်) ဆုကို အသိအမှတ်ပြု ပေးအပ်ခဲ့ပါသည်။
  • ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် အက်တမ် (ATOM) ကို စတင်မိတ်ဆက်ခဲ့ချိန်မှစ၍ Zia ၏ ဦးဆောင်မှုဖြင့် သိသာထင်ရှားသည့် အောင်မြင်မှုမှတ်တိုင်များကို အရယူနိုင်ခဲ့ပါသည်။
  • Zia သည် APAC Insider CEO of the Year Award ဆုကို ရရှိသည့် မြန်မာကုမ္ပဏီ၏ ပထမဆုံး အမှုဆောင်အရာရှိချုပ်တစ်ဦး ဖြစ်ပါသည်။

ရန်ကုန်၊ မြန်မာ၊ ၂၀၂၃ ခုနှစ် ဇွန်လ ၂ ရက်နေ့ - အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Muhammad Ziaullah Siddiqui သည် APAC Insider 2023 CEO of the Year Awards ဆုကို လက်ခံရရှိခဲ့ကြောင်း အက်တမ် (ATOM) က ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကြေညာလိုက်ရပါသည်။ အက်တမ် (ATOM) ၏ တိုးတက်မှုနှင့် အောင်မြင်မှုများအတွက် Zia ၏ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုနှင့် ထောက်ပံ့ပေးမှုကြောင့် “Most Impactful Telecommunications CEO 2023 in Myanmar” (၂၀၂၃ ခုနှစ်၏ စွမ်းဆောင်ရည်အကောင်းဆုံး တယ်လီကွန်းကုမ္ပဏီ အမှုဆောင်အရာရှိချုပ်) ဆုကို ရရှိနိုင်ခဲ့ခြင်းဖြစ်ပါသည်။

Mr. Muhammad Ziaullah Siddiqui သည် APAC Insider CEO of the Year Award ဆုကိုရရှိသည့် မြန်မာကုမ္ပဏီ၏ ပထမဆုံး အမှုဆောင်အရာရှိချုပ် ဖြစ်သည်။ ဒုတိယနှစ်အနေဖြင့် ကျင်းပသည့် ယခုဆုပေးပွဲတွင် အာရှနှင့် ပစိဖိတ်ဒေသအတွင်းရှိ ခိုင်မာသည့် ကတိကဝတ်၊ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုများနှင့်အတူ ဆန်းသစ်တီထွင်သော လုပ်ဆောင်ချက်များကို ပြသခဲ့ကြသော စီးပွားရေးနယ်ပယ်ပေါင်းစုံမှ အမှုဆောင်အရာရှိချုပ်များကို အသိအမှတ်ပြုဆုတံဆိပ်များ ပေးအပ်သည့် အစီအစဉ်ဖြစ်ပါသည်။

“အာရှပစိဖိတ်ဒေသတစ်လွှားမှာရှိတဲ့ ကုမ္ပဏီတွေရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို ကြည့်ပြီး ပေးအပ်တဲ့ APAC Insider ရဲ့ ဒီဂုဏ်သိက္ခာကြီးမားတဲ့ဆုကို လက်ခံရရှိရတဲ့အတွက် ကျွန်တော် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အမှုဆောင်အရာရှိချုပ်တစ်ယောက်အနေနဲ့ အခုအောင်မြင်မှုက ကျွန်တော်နဲ့ နေ့တိုင်းအလုပ်အတူတူ လုပ်ကိုင်နေရတဲ့ ဝန်ထမ်းတစ်ယောက်ချင်းစီနဲ့ အံ့ဩစရာကောင်းလှအောင် လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်တဲ့ ကျွန်တော့်ရဲ့ခေါင်းဆောင်အဖွဲ့တွေရဲ့ အောင်မြင်မှုတွေနဲ့ အတူတူပါပဲ။ ကျွန်တော်တို့ရဲ့ ကုမ္ပဏီ၊ ကျွန်တော်တို့ရဲ့ နယ်ပယ်နဲ့ လူမှုအသိုင်းအဝိုင်းကို တိုးတက်စေချင်တဲ့စိတ်နဲ့ တစိုက်မတ်မတ် ကြိုးစားနေသူတွေကို ခေါင်းဆောင်ခွင့်ရတဲ့အတွက် ကျွန်တော်ဝမ်းသာဂုဏ်ယူမိပါတယ်။ အခုအချိန်ထိ ကျွန်တော်တို့ ရရှိခဲ့တဲ့ အောင်မြင်မှုတိုင်းအတွက် အက်တမ် (ATOM) မှာရှိတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပြီးတော့ ကျွန်တော်တို့ရဲ့ အက်တမ် (ATOM) အသုံးပြုသူ customer တွေအတွက် ဆန်းသစ်တီထွင်ပြီး အကောင်းဆုံးသောဝန်ဆောင်မှုတွေကို ဆက်လက်ပေးအပ်သွားမယ့် အက်တမ် (ATOM) ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော် ရင်ခုန်စိတ်လှုပ်ရှားနေပါပြီ။” ဟု အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Muhammad Ziaullah Siddiqui ကပြောကြားခဲ့ပါသည်။

Mr. Muhammad Ziaullah Siddiqui သည် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် အက်တမ် (ATOM) ကို စတင်မိတ်ဆက်ပေးခဲ့သည့်အချိန်မှစ၍ လက်ရှိအချိန်ထိ ရရှိခဲ့သည့် အက်တမ် (ATOM) ၏ အောင်မြင်မှုများတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်ခဲ့ပါသည်။ Zia ၏ ဦးဆောင်မှုအောက်တွင် အက်တမ် (ATOM) ၏ ဝန်ဆောင်မှုအားလုံးကို vendor အသစ်ထံသို့ အောင်မြင်စွာလွှဲပြောင်းခြင်း၊ အသုံးပြုသူ customer ပေါင်း ၁၈ သန်းနှင့် ရင်းနှီးချိတ်ဆက်ရန်အတွက် ကုန်အမှတ်တံဆိပ်အသစ်အား မိတ်ဆက်ခြင်း၊ နိုင်ငံတွင်း အကောင်းဆုံး 4.5G ကွန်ရက်ကို ဖြန့်ကျက်ထားခြင်းနှင့် အသုံးပြုသူ customer များ၏ တယ်လီကွန်းနှင့် နေထိုင်မှုဘဝပုံစံဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အဆင့်အမြင့်ဆုံးသော တယ်လီကွန်း အက်ပလီကေးရှင်းတစ်ခုဖြစ်သည့် ATOM Store App ကို ဖန်တီးမိတ်ဆက်ပေးခြင်း စသည့် များစွာသော အောင်မြင်မှုမှတ်တိုင်များကို အက်တမ် (ATOM) မှ အရယူခဲ့ပြီးဖြစ်ပါသည်။

ထို့အပြင် Zia သည် လုပ်ငန်းစွမ်းဆောင်ရည်ရှိသူများကို ထိန်းသိမ်းထားနိုင်ပြီး လုပ်ငန်းခွင်ယဉ်ကျေးမှု အသစ်တစ်ခုကို စတင်နိုင်ရန် ကုမ္ပဏီ၏ ထိရောက်သော ဝန်ထမ်းစီမံခန့်ခွဲမှု၊ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူများ၏ ဘဝအဆင့်အတန်းများကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ပေးနိုင်ရန်အတွက် လုပ်ဆောင်နေသော လူထုအခြေပြုလုပ်ဆောင်ချက်များနှင့် ဂိမ်းကစားခြင်းကဲ့သို့ အသုံးပြုသူ customer များ၏ စိတ်ဝင်စားမှုများအပေါ် အခြေခံကာ ကုမ္ပဏီအတွက် ဝင်ငွေအခွင့်အလမ်းသစ်များ ဖန်တီးပေးခြင်း အစရှိသည်တို့ကို ဦးဆောင်လုပ်ကိုင်ခဲ့သည့်အပြင် တစ်ချိန်တည်းတွင်  လုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက်လည်း အက်တမ် (ATOM) အဖွဲ့သားများကို လမ်းညွှန်ပြသပေးလျက်ရှိပါသည်။

APAC Insider CEO of the Year Awards ဆုပေးပွဲသည် ဒေသတွင်းဆိုင်ရာ စီးပွားရေးမီဒီယာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် APAC Insider မှ တာဝန်ယူကျင်းပခြင်းဖြစ်သည်။ APAC Insider ၏ ကျွမ်းကျင်ပညာရှင်အဖွဲ့များက ဈေးကွက်အသီးသီးနှင့် အမှုဆောင်အရာရှိချုပ် တစ်ဦးချင်းစီ၏ မှတ်တမ်းများကို  သေချာစွာ အသေးစိတ် လေ့လာအကဲဖြတ်ကာ ဆုရရှိသူများကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

- ပြီး -

အက်တမ် (ATOM) အကြောင်း

အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည်  လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

သတင်းမီဒီယာများအနေဖြင့် ထပ်မံ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် -  communications@atom.com.mm / atom@chilli.agency

Back to top