We'd like to send you notifications of the latest posts and updates

Press Release

အက်တမ် (ATOM) က မြန်မာအမျိုးသမီးဘောလုံးအားကစားကဏ္ဍ ပိုမိုတိုးတက်အောင် မြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို မြန်မာငွေကျပ် သိန်းတစ်ထောင် ကူညီထောက်ပံ့ပေးခဲ့

08 Mar,2023 - Yangon | 2 mins read

  • အက်တမ် (ATOM) က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် လုပ်ဆောင်ချက် တစိတ်တပိုင်းအနေဖြင့် မြန်မာငွေကျပ် သိန်းတစ်ထောင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
  • အက်တမ် (ATOM) ၏ ကူညီထောက်ပံ့မှုများက အားကစားကဏ္ဍတွင် အမျိုးသမီးများ၏ လုပ်ပိုင်ခွင့်နှင့် တန်းတူအခွင့်အရေး ရရှိနိုင်ရေး ရည်ရွယ်ပါသည်။
  • ကူညီထောက်ပံ့မှုများကို မြန်မာအမျိုးသမီးဘောလုံးသမားများ လိုအပ်သည့် လေ့ကျင့်မှုများနှင့် အရင်းအမြစ်များအတွက် ခွဲဝေအသုံးပြုသွားမည်ဖြစ်သည်။

ရန်ကုန်မြို့၊ မြန်မာ၊ ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့ - အက်တမ် (ATOM) က မြန်မာနိုင်ငံတွင် အမျိုးသမီးဘောလုံးအားကစားကဏ္ဍ မြှင့်တင်နိုင်ရေး လုပ်ဆောင်နိုင်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ငွေသားထောက်ပံ့ကူညီမှု အနေဖြင့် မြန်မာငွေကျပ် သိန်းတစ်ထောင် (၁၀၀,၀၀၀,၀၀၀) ကို ‌ထောက်ပံ့ပေးအပ်ခဲ့သည်။ ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကို ကြိုဆိုသည့်အနေဖြင့် လုပ်ဆောင်ခဲ့သည့် အဆိုပါ ထောက်ပံ့ပေးအပ်မှု အခမ်းအနားကို အက်တမ် (ATOM) မြန်မာရုံးချုပ်တွင် ယနေ့ ကျင်းပခဲ့ပြီး ထောက်ပံ့ငွေများကို မြန်မာဘောလုံးအဖွဲ့ချုပ်က လက်ခံရယူခဲ့ပါသည်။

ဘောလုံးအားကစားကို မြန်မာနိုင်ငံတွင် ရှေးယခင်ကတည်းက နှစ်နှစ်ခြိုက်ခြိုက် ဆော့ကစားခဲ့ကြပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နိုင်ငံအတွင်းရှိ မြန်မာအမျိုးသမီးဘောလုံးအားကစားကဏ္ဍ ကောင်းမွန် မြင့်တက်ရေးအတွက် စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်။ အက်တမ် (ATOM) ၏ ထောက်ပံ့ကူညီမှုများသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ကြိုးစားအားထုတ်မှုများ ထပ်တိုးလုပ်ဆောင်နိုင်ရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ကူညီပေးသွားမည်ဖြစ်သည်။ ထို့အပြင် မြန်မာအမျိုးသမီးများ တန်းတူအခွင့်အရေးရရှိနိုင်ရေးနှင့် စိတ်ဓာတ်မြှင့်တင်နိုင်ရေးအတွက် အားကစားကဏ္ဍမှ တစ်ဆင့် ကူညီလုပ်ဆောင်ချက်များသည် မြန်မာ့လူမှုအဖွဲ့အစည်းကို ပိုမိုကောင်းမွန်နိုင်ရေး လုပ်ဆောင်လျက်ရှိသည့် အက်တမ် (ATOM) ၏ ကတိကဝတ်များကိုလည်း ထင်ဟပ်ပြသလျက်ရှိပါသည်။။

အက်တမ် (ATOM) ၏ ထောက်ပံ့ကူညီမှုများသည် မြန်မာအမျိုးသမီးဘောလုံးအားကစားကို လူများစိတ်ဝင်စားမှု ပိုမိုရရှိနိုင်ရန် တိုက်တွန်းအားပေးနေရုံသာမက ထောက်ပံ့ငွေများကို ကစားသမားများဘောလုံးကစားစွမ်းရည် မြှင့်တင်နိုင်ရေး လိုအပ်သည့် လေ့ကျင့်မှုများလုပ်ဆောင်ရန်နှင့် အရင်းအမြစ်များရရှိနိုင်ရေးအတွက် ခွဲဝေအသုံးပြုသွားမည်ဖြစ်သည်။

ကျွန်တော်တို့အနေနဲ့ အခုလိုမျိုး မြန်မာအမျိုးသမီးဘောလုံးအားကစားကဏ္ဍ ပိုမိုမြင့်တက်အောင် လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွက် မြန်မာငွေကျပ် သိန်းတစ်ထောင် ပေးအပ်ခွင့်ရတဲ့အပေါ် အလွန် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ ကျွန်တော်တို့ အက်တမ် (ATOM) က အမျိုးသမီးတွေအတွက် လုပ်ပိုင်ခွင့်နဲ့ တန်းတူအခွင့်အရေးရရှိရေး ကူညီလုပ်ဆောင်ပေးဖို့က အရေးကြီးတယ်ဆိုတာကို ယုံကြည်ပါတယ်။ ဒီထောက်ပံ့ကူညီမှုအစီအစဉ်တွေက အမျိုးသမီးတွေနဲ့ အမျိုးသမီးငယ်လေးတွေ ဘောလုံးအားကစားလောကမှာ ပိုမို ပါဝင်နိုင်ပြီး  သူတို့ရဲ့ အကောင်းမွန်ဆုံး စွမ်းဆောင်ရည်တွေကို ဖော်ထုတ်ခွင့် ရနိုင်မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးတဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေ ကူညီပေးသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။” ဟု အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်က ပြောကြားခဲ့သည်။

ယခုကူညီထောက်ပံ့မှုများသည် အက်တမ် (ATOM) အနေဖြင့် မြန်မာနိုင်ငံတွင် လတ်တလောလုပ်ဆောင်နေသည့် လူမှုအဖွဲ့အစည်းတိုးတက်ရေးလုပ်ဆောင်ချက်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ အက်တမ် (ATOM) သည် မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ ပိုမိုတိုးတက်လာနိုင်ရေး ထောက်ပံ့ကူညီသည့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် တိုးမြှင့်လုပ်ဆောင်လျက်ရှိပါသည်။

- ပြီး -

အက်တမ် (ATOM) အကြောင်း

အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

သတင်းမီဒီယာများအနေဖြင့် ထပ်မံ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် - communications@atom.com.mmatom@chilli.agency

Back to top