We'd like to send you notifications of the latest posts and updates

Press Release

အက်တမ်(ATOM)က မြန်မာလူငယ်များ လုပ်ငန်းခွင်တွင် အသင့်ဖြစ်စေရန်နှင့် အခွင့်အလမ်းများ ပိုမိုရရှိစေရန် ဆန်းသစ်တီထွင် နည်းပညာအစီအစဉ် (TTP) ကို မိတ်ဆက်

29 Aug,2022 - Yangon | 3 mins read

  • ဘွဲ့ရလူငယ်များ၏ အိုင်တီ (IT) နှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်များကို အဆင့်မြှင့်တင်ပေးနိုင်ရန် တစ်နှစ်ကြာ လေ့ကျင့်သင်ကြားပေးမည့်အစီအစဉ်ဖြစ် 
  • လုပ်ငန်းနယ်ပယ်တွင်တွေ့ကြုံရမည့် စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် ကျွမ်းကျင်မှုစွမ်းရည်များကို အဆင့်မြှင့်တင်ပေးရုံသာမက စိတ်ဓာတ်နှင့် မိမိကိုယ်ကို တန်ဖိုးထားမှုကိုလည်း တည်ဆောက်ပေးရန် ရည်ရွယ် 
  • TTP သည် လူငယ်များအား အခွင့်အလမ်းများအတွက် အသင့်ဖြစ်စေရန်နှင့် စဉ်ဆက်မပြတ်သော အရည်အချင်းရှိလူငယ်များ  ကို ကူညီပေးနိုင်မည့် လူမှုအကျိုးပြုအစီအစဉ်တစ်ခုဖြစ် 

ဩဂုတ်လ ၂၉၊ ၂၀၂၂ ခုနှစ်၊ ရန်ကုန် – အက်တမ် (ATOM) သည် မြန်မာနိုင်ငံအတွင်း အိုင်တီ (IT) နှင့် နည်းပညာကို စိတ်ပါဝင်စားသော လူငယ်များအတွက် ဆန်းသစ်တီထွင်သော ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လေ့ကျင့်ရေးအစီအစဉ် ဖြစ်သည့် နည်းပညာသင်တန်းအစီအစဉ် (TTP)  ကို ဩဂုတ်လ ၂၉ ရက်နေ့တွင် စတင်မိတ်ဆက်လိုက်သည်။ သင်တန်းကြာချိန်သည် တစ်နှစ်ဖြစ်ပြီး အနာဂတ် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်နေသော လူငယ်များ၏ ကျွမ်းကျင်မှုကို အဆင့်မြှင့်တင်ပေးခြင်းဖြင့် လုပ်ငန်းခွင်တွင် အဆင်သင့်ဖြစ်စေနိုင်ရန် ရည်ရွယ်ပါသည်။

 

TTP


TTP သင်တန်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ လူငယ်များ၏ အရည်အချင်းနှင့် စွမ်းရည်များကို မြှင့်တင်ပေးရန် ဖြစ်သောကြောင့် လတ်တလော ဘွဲ့ရထားသူများ၊ တက္ကသိုလ် တတိယနှစ် သို့မဟုတ် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများနှင့် လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်သူများ (အတွေ့အကြုံ ၂ နှစ်ခန့်ရှိသူများ) ယခု သင်တန်းတွင် တက်ရောက်ရန် တိုက်တွန်းလိုပသည်။ ယခုသင်တန်းအစီအစဉ်တွင် တတ်ရောက်သူများသည် နောက်ဆုံးပေါ်နည်းပညာပိုင်းဆိုင်ရာပညာရပ်မျာ အိုင်တီ (IT)  နှင့်ပတ်သက်သော လုပ်ငန်းခွင်သုံးပညာရပ်များ အပြင် မြန်မာ့ထိပ်တန်းဆက်သွယ်ရေးအော်ပရေတာ အက်တမ် (ATOM) ၏ လုပ်ငန်းခွင်ယဉ်ကျေးမှုအလေ့အထများကိုပင် လေ့လာသင်ယူနိုင်ခွင့်ရရှိကြမည်ဖြစ်ပါသည်။


“ဒစ်ဂျစ်တယ်နဲ့ Augmented Reality က ကျွန်ုပ်တို့ရဲ့  လက်ရှိနေထိုင်မှုဘဝမှာ ပါဝင်နေပြီဖြစ်တဲ့အပြင် အနာဂတ်မှာလည်း ဆက်လက်အရေးပါနေဦးမှာပါ။ ဒါ့ကြောင့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု လိုအပ်ချက်က တစ်ကမ္ဘာလုံးမှာသာမက မြန်မာနိုင်ငံမှာလည်း မြင့်တက်နေပါတယ်။ အက်တမ် (ATOM) ရဲ့ ယဉ်ကျေးမှုနဲ့ တန်ဖိုးထားမှုတွေ (လူမှုအသိုင်းအဝိုင်းကို ဦးစားပေးခြင်း၊ တိုးတက်ပြောင်းလဲလျက်ရှိသည့် ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲမှု နှင့် တာဝန်ယူမှု ဝာဝန်ခံမှုရှိသော အမှတ်တံဆိပ်) နဲ့အညီ မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုစွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်ရန်နဲ့ မြှင့်တင်ရန် အတွက် နည်းပညာသင်တန်းအစီအစဉ် (TTP) ကနေတစ်ဆင့် လူငယ်တွေရဲ့ စွမ်းဆောင်ရည်တွေကို ပြုစုပျိုးထောင်သွားဖို့ ကတိကဝတ်ပြုပါတယ်။ လူမှုစီးပွားနဲ့ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အကျိုးရှိစေမှာ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ အလုပ်အကိုင်လမ်းကြောင်းတွေကို ပိုမိုကောင်းမွန်အောင် ဖော်ဆောင်ပေးသွားမယ့် ဒီသင်တန်းက စွမ်းဆောင်ရည်မြှင့်တင်လိုတဲ့ လူငယ်တွေအတွက် အဓိက သော့ချက်ဖြစ်ပါတယ်။” ဟု အက်တမ် (ATOM) ၏ Chief Human Resources Officer ဦးကျော်မင်းသိန်းက ပြောကြားသည်။


သင်တန်းကာလအတွင်း သင်တန်းသားများသည် အဖွဲ့လိုက် သို့မဟုတ် တစ်ဦးချင်း သင်ခန်းစာများ လက်တွေ့လုပ်ဆောင် ရမည့်အပြင် အက်တမ် (ATOM) ၏ အတွေ့အကြုံရှိပြီး ကျွမ်းကျင်သော လုပ်ဖော်ကိုင်ဖက်များနှင့်ပါ တွေ့ဆုံပြီး ၎င်းတို့ထံမှ အနီးကပ် လေ့လာသင်ယူခွင့် ရရှိမည်ဖြစ်သည်။ သင်တန်းသားများသည် ၎င်းတို့၏ ရလဒ်များနှင့် လုပ်ဆောင်နိုင်စွမ်းတိုးတက်မှုများကို သုံးလတစ်ကြိမ် ပြုလုပ်မည့်  အရည်အချင်းပြသတင်ဆက်မှုများမှတစ်ဆင့် ဖော်ထုတ်၊ မျှဝေနိုင်မည်ဖြစ်သည်။ သင်တန်းမပြီးမီတွင် နောက်ဆုံးစစ်ဆေးမှုတစ်ခုကို ဖြေဆိုရမည်ဖြစ်ပြီး၊ အောင်မြင်သောသင်တန်းသားများကို သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်သွားမည်ဖြစ်သည်။ ထူးချွန်စွာ အောင်မြင်သော သင်တန်းသားများအနေဖြင့် အက်တမ်(ATOM)တွင် အချိန်ပြည့်ဝန်ထမ်းများဖြစ်လာရန် အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါသည်။


အက်တမ် (ATOM) သည် ၎င်း၏ကတိကဝတ်တစ်စိတ်တစ်ပိုင်းအနေဖြင့် အသေးစားမှအလတ်စားစီးပွားရေးလုပ်ငန်းများနှင့် "creator economy" ဟုခေါ်သော တနိုင်တပိုင်လုပ်ငန်းများကို ခိုင်မာသောအာရုံစူးစိုက်မှုဖြင့် မြန်မာ့စီးပွားရေးဂေဟစနစ်ကို ပံ့ပိုးပေးနိုင်ရန်အတွက် ယခုနည်းပညာသင်တန်းအစီအစဉ် (TTP) ကို ဆောင်ရွက်ခဲ့ပါသည်။ .မြန်မာ့လူ့စွမ်းအားအရင်းအမြစ်အတွက် အိုင်တီ (IT)  ကျွမ်းကျင်လူငယ်ပညာရှင်များကို မွေးထုတ်ပြီး ၎င်းတို့ကို ပြိုင်ဆိုင်မှုပြင်းထန်သော လုပ်ငန်းခွင်များအတွက် ကျင့်ဝတ်ပိုင်းနှင့် ကျွမ်းကျင်မှု နှစ်ခုစလုံးတွင် အဆင်သင့်ဖြစ်စေမည် ဖြစ်ပါသည်။


အက်တမ်(ATOM)၏ LINKEDIN စာမျက်နှာမှတစ်ဆင့် ယခုအစီအစဉ်ကို ကြေညာမည်ဖြစ်ပြီး ဤသင်တန်းတွင် ပါဝင်လိုသူများသည် LINKEDIN မှ တိုက်ရိုက် သို့မဟုတ် ကိုယ်ရေးမှတ်တမ်းနှင့် ‌လျှောက်ထားရသည့် ရည်ရွယ်ချက်အကြောင်းတို့ကို ရေးသား၍ trainee@atom.com.mm သို့ တိုက်ရိုက်အီးမေးလ် ပေးပို့လျှောက်ထားနိုင်ပါသည်။ ဆန်ခါတင်ရွေးချယ်ခံရသူများကိုသာ အင်တာဗျူးဖြေဆိုရန် ဆက်သွယ်ပေးမည်ဖြစ်သည်။ ATOM သည် သင်တန်းသားအရေအတွက် (၈) ယောက် ကို ရွေးချယ်မည်ဖြစ်ပြီး ရွေးချယ်ခံရသောသူများသာ တစ်နှစ်ကြာ TTP သင်တန်းအစီအစဉ်တွင် တက်ရောက်ခွင့်ရမည်ဖြစ်သည်။


အကျင့်စာရိတ္တကောင်းမွန်ပြီး စွမ်းဆောင်ရည်ပြည့်ဝသော ကျွမ်းကျင်ပညာရှင်များသည် နိုင်ငံတစ်နိုင်ငံ၏ ကျန်းမာသောစီးပွားရေးဂေဟစနစ်ကို တည်ဆောက်ရာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်သည်ကို ယုံကြည်ပါသည်  အက်တမ် (ATOM) သည် လူငယ်များအား ၎င်းတို့၏ အနာဂတ် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများတွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများအတွက် နည်းပညာသင်တန်း (TTP) မှတဆင့် ပြင်ဆင်ပေးပြီး ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးရန် ကတိပြုပါသည်။

 

အက်တမ် (ATOM) အကြောင်း
အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First)  ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည်  လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်း အဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်း သက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာ ဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည် ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက်သာလွန်သော ဘဝအတွေ့ အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန်ဖြစ်ပါသည်။

Back to top