We'd like to send you notifications of the latest posts and updates

Press Release

အက်တမ် (ATOM) မှ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဘားအံမြို့တို့ရှိ ရေဘေးသင့်ဒေသများသို့ မြန်မာငွေကျပ်သိန်း (၁,၀၀၀) တန်ဖိုးရှိ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ ပေးပို့လှူဒါန်းခဲ့

12 Aug,2024 - Yangon | 3 mins read

  • အက်တမ် (ATOM) သည် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဘားအံမြို့တို့ရှိ ရေဘေးသင့်အိမ်ထောင်စုပေါင်း (,၀၀၀) ကျော်အတွက် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ ပေးပို့လှူဒါန်းလျက်ရှိရာ ခန့်မှန်းခြေ လူဦးရေပေါင်း (၁၀,၀၀၀) ကျော်အတွက် အထောက်အကူဖြစ်စေမည်ဖြစ်သည်။
  • အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ အဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်ရန်အတွက် အက်တမ် (ATOM) စေတနာ့ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးနေလျက်ရှိသည်။
  • ယခုလှူဒါန်းမှုသည် အရေးပေါ်အခြေအနေမျိုးတွင် ရပ်ရွာလူမှုအသိုင်းအဝိုင်းများကို အဓိက ကူညီထောက်ပံ့ပေးသွားမည့် အက်တမ် (ATOM) ၏ တာဝန်သိလူမှုအကျိုးပြုအစီအစဉ်တစ်ခုဖြစ်သော လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်းအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ၊ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့ - မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် လတ်တလော ရေကြီးရေလျှံမှုဒဏ်ကို ကြုံတွေ့ခံစားနေရသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်၏ မြို့တော်ဖြစ်သော ဘားအံမြို့တို့တွင်ရှိသော ထောင်ပေါင်းများစွာသော ရေဘေးသင့်ပြည်သူများအတွက် မြန်မာငွေကျပ်သိန်း ၁,၀၀၀ (ကိန်းဂဏန်းအားဖြင့် မြန်မာငွေကျပ် ၁၀၀,၀၀၀,၀၀၀) တန်ဖိုးရှိ အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများကို ပေးပို့လှူဒါန်းနေလျက်ရှိကြောင်း ကြေညာခဲ့သည်။ မုတ်သုံမိုး သည်းထန်စွာရွာသွန်းမှု၏ နောက်ဆက်တွဲအကျိုးဆက်ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ နေရာအနှံ့အပြားတွင် ထိခိုက်ဆုံးရှုံးခဲ့ရပြီး ပြည်သူများ အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရသည့်အတွက် ထိုဒေသများတွင်ရှိ လူမှုအသိုင်းအဝိုင်းများအတွက်  အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ လိုအပ်နေခဲ့ပါသည်။ ထိုအချိန်တွင် အက်တမ် (ATOM) သည် ၎င်း၏စေတနာ့ဝန်ထမ်းများအကူအညီဖြင့် ရေဘေးသင့်ဒေသများထံသို့ ထောက်ပံ့ရေးပစ္စည်းများကို ပေးပို့လှူဒါန်းလျက်ရှိပါသည်။

ယခုကဲ့သို့ အက်တမ် (ATOM) ၏ လျင်မြန်ထိရောက်စွာ သွားရောက်လှူဒါန်းမှုတွင် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ စည်သွပ်ပဲ၊ ခေါက်ဆွဲခြောက်၊ ရေနှင့် ‌ဓာတ်ဆားရည်အစရှိသော အရေးပေါ်အစားအသောက်များအပြင် ဖယောင်းတိုင်ကဲ့သို့သော အရေးပေါ် အသုံးပစ္စည်းများကို လှူဒါန်းခဲ့သည်။ ခန့်မှန်းခြေ ရေဘေးသင့်ပြည်သူပေါင်း (၁၀,၀၀၀) ကျော်အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အိမ်ထောင်စုပေါင်း (,၀၀၀) ကျော်ကို ထိုအရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည်။

လိုအပ်သောအကူအညီများပေးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့အတွက် မြန်မာငွေကျပ်သိန်း (၅၀၀)၊ ဘားအံမြို့အတွက် မြန်မာငွေကျပ်သိန်း (၅၀၀)၊ စုစုပေါင်း မြန်မာငွေကျပ်သိန်း (,၀၀၀) တန်ဖိုးရှိ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများလှူဒါန်းမှုကို ဒေသအလိုက်အသီးသီးခွဲဝေခဲ့ပါသည်။ အကူအညီများဝေမျှပေးရန် စိတ်အားထက်သန်ကြသော အက်တမ် (ATOM) ဝန်ထမ်းများက လိုအပ်သော လူမှုအသိုင်းအဝိုင်းများထံသို့ အကူအညီများရောက်ရှိစေရန် စွမ်းစွမ်းတမံ ကူညီလုပ်အားပေး လုပ်ကိုင်နေလျက်ရှိသည်။ အရေးပေါ်အထောက်အပံ့ပစ္စည်းများကို ၂၀၂၄ ခုနှစ် ဩဂုတ်လ () ရက်နေ့တွင် ရန်ကုန်မြို့ရှိ အရှေ့ဒဂုံမြို့နယ် နှင့် ၂၀၂၄ ခုနှစ် ဩဂုတ်လ () ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးတို့ကို သွားရောက်ပေးပို့လှူဒါန်းခဲ့ပြီး ဘားအံမြို့သို့ ထောက်ပံ့ရေးပစ္စည်းများကိုလည်း ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၂) ရက်နေ့တွင် သွားရောက်ပို့ဆောင်လှူဒါန်းခဲ့သည်။

ရေဘေးဒဏ်ကို ခံစားကြုံတွေ့ခဲ့ရတဲ့ ဒေသများအားလုံးအတွက် ကျွန်တော်တို့ အက်တမ် (ATOM) က ထပ်တူစိတ်မကောင်းဖြစ်မိပါတယ်။ လူမှုအသိုင်းအဝိုင်းများရဲ့ စည်းလုံးခြင်းအင်အားကို ကျွန်တော်တို့ အက်တမ် (ATOM) က အပြည့်အဝယုံကြည်ပြီး အကူအညီလိုအပ်နေသူတွေဆီကို အက်တမ် (ATOM) ရဲ့ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းတွေ ရောက်ရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ အခုလိုမျိုး အရေးပေါ်အခြေအနေတွေမှာ အက်တမ် (ATOM) က လူမှုအသိုင်းအဝိုင်းတွေကို ကူညီဖေးမသွားဖို့အတွက် အမြဲအဆင်သင့်ရှိနေမှာပါဟု အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah ကပြောကြားခဲ့သည်။

"အကူအညီအလိုအပ်ဆုံးသူတွေဆီကို ကျွန်တော်တို့လှူဒါန်းထားတဲ့ ထောက်ပံ့ရေးပစ္စည်းတွေ သေသေချာချာ ချောချောမွေ့မွေ့ ရောက်ရှိသွားနိုင်ဖို့အတွက် ကျွန်တော်တို့ အက်တမ် (ATOM) အဖွဲ့သားများက မမောနိုင်မပန်းနိုင်ဘဲ အင်တိုက်အားတိုက် လုပ်အားပေးကူညီဆောင်ရွက်လျက်ရှိပါတယ်။ အခုလိုမျိုး လိုအပ်တဲ့သူတွေဆီကို လှူဒါန်းနိုင်အောင် ကူညီလုပ်ကိုင်ပေးခဲ့ကြတဲ့ ကျွန်တော်တို့ အက်တမ် (ATOM) ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုတွေအတွက်လည်း ကျေးဇူးတင်လိုက်ရပါတယ်။ အခုလှူဒါန်းမှုက အက်တမ် (ATOM) အနေနဲ့ လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီမှုအပေါ်မှာ ထားရှိတဲ့ စေတနာ၊ ကတိကဝတ်တွေနဲ့အညီ လုပ်ဆောင်တာပဲဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ကျွန်တော်တို့တစ်တွေ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေအားလုံးကို အတူတူ ရင်ဆိုင်ကျော်လွှားပြီး ပိုမိုသန်မာအောင် ဆက်လက်ရှင်သန်ရပ်တည်လိုက်ကြရအောင်လို့ ပြောကြားလိုပါတယ်" ဟု အက်တမ် (ATOM) ၏ ကော်ပိုရိတ်ရေးရာ အမှုဆောင်အရာရှိချုပ် ဦးသိန်းဟုတ် မှ လှူဒါန်းမှုနှင့် ပတ်သက်ပြီး ယခုလို ဝေမျှခဲ့သည်။

အက်တမ် (ATOM) သည်မျှဝေခံစား အက်တမ်၏နှလုံးသား" ဆောင်ပုဒ်အောက်၌ လူမှုဘဝနှင့်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်းနှင့် လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်းများစသည့် အက်တမ် (ATOM) ၏ ချမှတ်ထားသော အဓိကဦးတည်ချက် (၃) ရပ် နှင့်အညီ လူမှုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်နေလျက်ရှိသည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လမှစတင်၍ အက်တမ် (ATOM) အနေဖြင့် ထိုလူမှုအကျိုးပြုလုပ်ငန်းများအတွက် စုစုပေါင်း မြန်မာငွေကျပ်သိန်းပေါင်း ၄၀,၀၀၀ (မြန်မာငွေကျပ် ၄ ဘီလီယံ) ကို ပံ့ပိုးကူညီပေးခဲ့ရာ မြန်မာပြည်သူပြည်သားပေါင်း (၅) သိန်းကျော်၏ လူနေမှုဘဝများကို ကောင်းကျိုးများသက်ရောက်စေခဲ့ပါသည်။

အက်တမ် (ATOM) မှ ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်ကူညီမှုများပြုလုပ်ပေးခြင်းသည် အကြပ်အတည်းကာလတွင် ရပ်ရွာလူမှုအသိုင်းအဝိုင်းများ ပံ့ပိုးကူညီရေးကို အလေးပေးလုပ်ဆောင်သည့် လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်းဆိုင်ရာခေါင်းစဉ်နှင့်အညီ   ကူညီဆောင်ရွက်ခြင်းဖြစ်သည်။  ၂၀၂၃ ခုနှစ်တွင် အက်တမ် (ATOM) သည် ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဒဏ်သင့် အိမ်ထောင်စုများနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်ရှိ ရေဘေးသင့်အိမ်ထောင်စုပေါင်း (၄၀,၀၀၀) ကျော်ထံ အစားအသောက်များအပါအဝင် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ ပေးပို့လှူဒါန်းခဲ့သည်။

- ပြီး -

အက်တမ် (ATOM) အကြောင်း

အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

 

သတင်းမီဒီယာများအနေဖြင့် ထပ်မံ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် - communications@atom.com.mm atom@chilli.agency

Back to top