We'd like to send you notifications of the latest posts and updates

Press Release

အက်တမ် (ATOM) မှ ဆိုင်ကလုန်း မိုခါး ဝင်ရောက်မှုကြောင့် မုန်တိုင်းဒဏ်ကြုံတွေ့ခဲ့ရသည့် ရခိုင်ပြည်နယ်ရှိ အသုံးပြုသူ customer များအတွက် အခမဲ့ဝန်ဆောင်မှုများဖြင့် ကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်ခဲ့

16 May,2023 - Yangon | 2 mins read

ရန်ကုန်၊ မြန်မာ၊ ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်နေ့ - အက်တမ် (ATOM) သည် ဆိုင်ကလုန်းမုန်တိုင်း မိုခါး ဝင်ရောက်မှုကြောင့် မုန်တိုင်းဒဏ်ကြုံတွေ့ခဲ့ရသည့် ရခိုင်ပြည်နယ်ရှိ အသုံးပြုသူ customer များကို ကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါသည်။ အက်တမ် (ATOM) သည် ရခိုင်ပြည်နယ်ရှိ အသုံးပြုသူ customer များအနေဖြင့်  မိမိချစ်ခင်ရသူများထံ ဆက်သွယ်နိုင်ရန်နှင့် လိုအပ်သည့်အချိန်တွင် အကူအညီတောင်းဆိုနိုင်ရန်အတွက် ၂၀၂၃ ခုနှစ် မေလ ၁၉ ရက်နေ့၊ ည ၁၂ နာရီအထိ အသုံးပြုနိုင်မည့်  အခမဲ့ ဒေတာ 1GB အပြင် အက်တမ် အချင်းချင်း မိနစ် (၁၀၀) အခမဲ့ ဖုန်းပြောခွင့်နှင့် စာတိုအဆောင် (၁၀၀) အခမဲ့ ပေးပို့ခွင့်ကို  ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ထို့အပြင် ဆိုင်ကလုန်း မိုခါးကြောင့် နိုင်ငံတစ်ဝှမ်းရှိ မုန်တိုင်းဒဏ် ကြုံတွေ့ခဲ့ရသည့် နေရာဒေသများရှိ ထိခိုက်ပျက်စီးခဲ့ရသော တယ်လီကွန်းတာဝါတိုင်များနှင့် အခြား ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို စစ်ဆေးပြုပြင်မှုများလုပ်ဆောင်ပြီး အသုံးပြုသူ customer များအနေဖြင့် အက်တမ် (ATOM) ကွန်ရက်ကို အမြန်ဆုံးပြန်လည်အသုံးပြုနိုင်ရန်အတွက်  အက်တမ် (ATOM) မှ သက်ဆိုင်ရာအဖွဲ့များက အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိပါသည်။

သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်နေစဉ်ကာလနှင့် ဖြစ်ပေါ်ပြီးကာလအတွင်း အဆက်အသွယ် မပြတ်စေရန် အရေးကြီးသည့်အချက်အား အက်တမ် (ATOM) က နားလည်သဘောပေါက်ထားပြီး ယခုကဲ့သို့ ခက်ခဲနေသည့် အချိန်ကာလအတွင်း မုန်တိုင်းဒဏ် ကြုံတွေ့ခံစားခဲ့ရသည့် လူမှုအဖွဲ့အစည်းများကို ကူညီထောက်ပံ့မှုများပေးအပ်ရန် အက်တမ် (ATOM) က ကတိကဝတ်ပြုထားပါသည်။ ဒေတာ၊ ဖုန်းပြောခွင့်နှင့် စာတိုပေးပို့ခွင့်တို့ကို အခမဲ့ ပေးအပ်ခြင်းအပြင် နိုင်ငံ၏ အရေးပေါ်အခြေအနေ တုံ့ပြန်မှုများကို ကူညီထောက်ပံ့နိုင်ရန်အတွက်လည်း အက်တမ် (ATOM) က တခြားသော နည်းလမ်းများကို ရှာဖွေဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မုန်တိုင်းဒဏ်ကြုံတွေ့ခံစားခဲ့ရသည့် နေရာဒေသများမှ ပြည်သူများကို လိုအပ်သည့် ကာကွယ်မှုများ ပြုလုပ်ကြရန်နှင့် မိမိလုံခြုံဘေးကင်းမှုကို ဦးစားပေးကြရန် အက်တမ် (ATOM) က တိုက်တွန်းလိုက်ရပါသည်။ ရေကြီးရေလျှံသည့်နေရာများနှင့် ပျက်စီးနေသော အဆောက်အဦးများသည် အန္တရာယ်ဖြစ်စေနိုင်သောကြောင့် ထိုနေရာများသို့ သွားရောက်ခြင်းမှ ရှောင်ရှားကြရန် အရေးကြီးပါသည်။ ဖြစ်လာနိုင်သော အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရေစိုထားသော လျှပ်စစ်ပစ္စည်းများ သို့မဟုတ် ဝါယာကြိုးများကို အသုံးပြုခြင်းကို ရှောင်ရှားကြရန်လည်း အသိပေးအပ်ပါသည်။

မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိပါက ဒေသတွင်းသက်ဆိုင်ရာ တာဝန်ရှိသူများ သို့မဟုတ် အရေးပေါ်ဌာနများသို့ ဆက်သွယ်၍ အကူအညီတောင်းရန် အကြံပေးလိုပါသည်။ ကျန်းမာရေးပြဿနာများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် သန့်ရှင်းသောအစားအစာများနှင့် သောက်ရေတို့ကိုသာ သုံးဆောင်ရန် အရေးကြီးပါသည်။ မြွေများ၊ ခြင်များနှင့် အခြားသော အင်းဆက်ပိုးမွှားများ၏ ရန်မှ နိုးနိုးကြားကြားရှိရန်လည်း လိုအပ်ပါသည်။

- ပြီး -

မီဒီယာများသို့ အသိပေးချက် - ယခုသတင်းထုတ်ပြန်ချက်သည် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ပေးပို့ဖြန့်ဝေခဲ့သော သတင်းထုတ်ပြန်ချက်ကို အသစ်ပြင်ဆင်ထားခြင်းဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို ပိုမိုကောင်းမွန်တိုးတက်လာစေရန် ဆောင်ရွက်နေစဉ်အတွင်းကာလအတွက် အက်တမ် (ATOM) မှ အသုံးပြုသူ customer များကို ထပ်လောင်း ကူညီထောက်ပံ့ပေးမှုများအကြောင်းကို ထပ်မံထည့်သွင်းထားသည့် သတင်းထုတ်ပြန်ချက်ဖြစ်ပါသည်။ အက်တမ် (ATOM) သည် ဆိုင်ကလုန်းမုန်တိုင်း မိုခါး ဝင်ရောက်နေသည့်အချိန်တွင် ရခိုင်ပြည်နယ်ရှိ အသုံးပြုသူ customer များအတွက် ၂၀၂၃ ခုနှစ်၊ မေလ ၁၃ ရက်နေ့မှ ၁၅ရက်နေ့အထိ အသုံးပြုနိုင်သော အက်တမ် အချင်းချင်း အခမဲ့ဖုန်းပြောခွင့် မိနစ် (၅၀) နှင့် စာတိုအဆောင် (၅၀) ပေးပို့ခွင့်တို့ကိုလည်း ပေးအပ်ခဲ့ပါသည်။

အက်တမ် (ATOM) အကြောင်း

အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည်  လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

သတင်းမီဒီယာများအနေဖြင့် ထပ်မံ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် -  communications@atom.com.mm / atom@chilli.agency

Back to top