We'd like to send you notifications of the latest posts and updates
Press Release
29 Mar,2025 - Yangon | 1 mins read
ရန်ကုန်၊ မြန်မာ။ ၂၉ ရက်နေ့၊ မတ်လ ၂၀၂၅ ခုနှစ် - မြန်မာနိုင်ငံနှင့် မြန်မာပြည်သူပြည်သားများအပါအဝင် အိမ်နီးချင်းနိုင်ငံများတွင်ပါ မကြာသေးခင်မှ ကျရောက်ခဲ့သော ငလျင်ဘေးအန္တရာယ်ကို ပြန်လည်တုံ့ပြန်သောအားဖြင့် အက်တမ် (ATOM)မှ ငလျင်ဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့ရန် အခမဲ့ ဖုန်းခေါ်ဆိုခွင့် နှင့် ဒေတာပက်ကေ့ချ်များ ပေးအပ်ပြီး မြန်မာလူမှု့အသိုင်းအဝိုင်းနှင့် အတူတကွ ရပ်တည်ကြောင်းဖော်ထုတ်ပြသလိုက်ပါသည်။ အက်တမ် (ATOM)မှ “မျှဝေခံစား အက်တမ်၏နှလုံးသား” အစီအစဉ်မှတဆင့် ယခုလို အခက်အခဲကာလမှာ ငလျင်ဘေးသင့် customer များအား အဆက်အသွယ်မပြတ်ရှိနေစေရန်၊ သတင်းအချက်လက်များသိရှိနိုင်စေရန် နှင့် အရေးပေါ်အကူအညီများ ရရှိစေရန် အက်တမ်အချင်းချင်းဖုန်းခေါ်ဆိုခွင့် မိနစ် ၃၀၀၊ ပြည်တွင်းဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုခွင့် မိနစ် ၁၀၀ နှင့် တစ်ခါသုံးဒေတာပက်ခ် 1GB အား (၇) ရက်စာ အခမဲ့ပေးအပ်လိုက်ပါသည်။
အခမဲ့ ဖုန်းခေါ်ဆိုခွင့် နှင့် ဒေတာပက်ကေ့ချ်အသုံးပြုခွင့်များကို မတ်လ (၂၉) ရက်နေ့မှ ဧပြီလ (၅) ရက်နေ့အထိ ပေးအပ်သွားမှာဖြစ်ပါသည်။ အဆိုပါ အားထုတ်ကြိုးပမ်းမှုများသည် အရေးပေါ်အခြေအနေများတွင် အဓိပ္ပါယ်ရှိသော၊ သက်ရောက်မှုရှိသော အကူအညီများပေးအပ်လျှက် အက်တမ် (ATOM)၏ ပြည်သူများအပေါ်ထားရှိသော ကတိကဝတ်ကို ထင်ဟပ်စေပါသည်။
“ပထမဆုံးအနေနဲ့ ငလျင်ဘေးဒဏ်သင့်ခဲ့ကြသော ပြည်သူများအားလုံးအတွက် အင်မတန် စိတ်မကောင်းဖြစ်မိပါတယ်။ အဆက်အသွယ်မပြတ်ရှိနေဖို့နဲ့ ချိတ်ဆက်မှုများအဆင်ပြေနေစေဖို့က အရေးကြီးတာဖြစ်တဲ့အတွက် အက်တမ် (ATOM)က အခမဲ့ ဖုန်းခေါ်ဆိုခွင့် နဲ့ ဒေတာပက်ခ်များသုံးစွဲခွင့်ကို ငလျင်ဘေးသင့် သုံးစွဲသူ customer များအတွက် ပေးစွမ်းတာဖြစ်ပါတယ်။ လူသားခြင်းစာနာထောက်ထားမှု လုပ်ဆောင်ချက်များအနေနဲ့ အကူအညီချက်ချင်းလိုအပ်နေသောနေရာဒေသများကို ပံ့ပိုးကူညီဖို့ နိုးကြားစွာနဲ့ အဆင်သင့် ရှိနေပါတယ်”ဟု အက်တမ်၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့ပါသည်။
အက်တမ်(ATOM)သည် မြန်မာ့လူမှုအသိုင်းအဝိုင်းကို အတူတကွ ချိတ်ဆက်နေစေမှာဖြစ်ပြီးတော့ ယခုလို ခက်ခဲနေသောအချိန်မှာပင် “မျှဝေခံစားအက်တမ်ရဲ့ နှလုံးသား” အစီအစဉ်မှတဆင့် သုံးစွဲသူ customer များနှင့် လူမှုအသိုင်းအဝိုင်းအတွက် လူထုအကျိူးပြုလုပ်ငန်းများ ချဲ့ထွင်ပြီး အလိုအပ်ဆုံးနေရာများတွင် အဓိပ္ပါယ်ရှိလှသော ကူညီပံ့ပိုးမှုများပြုလုပ်ခြင်းအားဖြင့် မတူကွဲပြားသောရလဒ်ကောင်းများရရှိအောင် ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ပါသည်။
-ပြီး-
အက်တမ် (ATOM) အကြောင်း
အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
သတင်းမီဒီယာများအနေဖြင့် ထပ်မံသိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် communications@aml.mobi.
Back to top
Share