We'd like to send you notifications of the latest posts and updates

Press Release

အက်တမ် (ATOM) စတိုးအက်ပ်မှတစ်ဆင့် အသုံးပြုသူ customer များက ဖုန်းငွေဖြည့်ကတ်များနှင့် ပက်ကေ့ချ်များ ရောင်းချခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိခံစားနိုင်ရန် ‘ရောင်းရင်း’ အစီအစဉ်ကို အက်တမ် (ATOM) မှ စတင်မိတ်ဆက်

19 Jan,2024 - Yangon | 3 mins read

  • ‘ရောင်းရင်း’ အစီအစဉ်သည် အက်တမ် (ATOM) အသုံးပြုသူ customer များကို အမှတ်တံဆိပ်ပါတနာများ ဖြစ်လာစေရန်နှင့် အခြားအသုံးပြုသူ customer များကို ဖုန်းငွေဖြည့်ကတ်များနှင့် ပက်ကေ့ချ်များ ရောင်းချခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိခံစားစေသည်။
  • အက်တမ် (ATOM) စတိုးအက်ပ်မှတစ်ဆင့် ရရှိနိုင်သော ‘ရောင်းရင်း’ အစီအစဉ်သည် ငွေကြေးပိုင်းနှင့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ကဏ္ဍပါဝင်မှုကို မြှင့်တင်ပေးကာ တယ်လီကွန်းဝန်ဆောင်မှုများကို လက်လှမ်းမီနိုင်အောင် ဖြည့်ဆည်းပေးပြီး ဒစ်ဂျစ်တယ်ငွေပေးချေမှုများကို အသုံးပြုရန် အားပေးသည်။
  • ‘ရောင်းရင်း’ အစီအစဉ်တွင် ပါဝင်နိုင်ရန် ရိုးရှင်းသော အဆင့်အနည်းငယ်ကိုသာ လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့်အညီ မှန်ကန်စွာ မှတ်ပုံတင်ထားရှိသည့် အက်တမ် (ATOM) ၏ Prepaid ဆင်းကဒ်အသုံးပြုသူ customer များအတွက် ဝန်ဆောင်ခ အခမဲ့ ဖြစ်သည်။

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ - မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် အက်တမ် (ATOM) စတိုးအက်ပ်မှတစ်ဆင့် ကြိုတင်ငွေပေးချေမှု (Prepaid) အသုံးပြုသူ customer များကို အမှတ်တံဆိပ်ပါတနာများ ဖြစ်လာစေရန်နှင့် ‘ရောင်းရင်း’ အကောင့်များတွင် ငွေကြေးများ ဖြည့်သွင်းကာ အခြားအသုံးပြုသူ customer များကို ဖုန်းငွေဖြည့်ကတ်များနှင့် ပက်ကေ့ချ်များ ရောင်းချခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိခံစားစေရန် ဖော်ဆောင်ထားသည့် ဆန်းသစ်တီထွင်သော အစပျိုးမှုတစ်ခုအဖြစ် ‘ရောင်းရင်း’ အစီအစဉ်ကို မိတ်ဆက်ကြောင်း ကြေညာလိုက်သည်။

‘ရောင်းရင်း’ အစီအစဉ်သည် မြန်မာနိုင်ငံအတွင်းရှိ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်တွင် ပထမဦးဆုံး အကောင်အထည်ဖော်ဆောင်ရွက်သော အစီအစဉ်တစ်ခုဖြစ်ပြီး တယ်လီကွန်းဝန်ဆောင်မှုများကို လက်လှမ်းမီနိုင်ရန်၊ လူမှုအသိုင်းအဝိုင်းများ တိုးတက်စေရန်နှင့် ငွေကြေးပိုင်းနှင့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ကဏ္ဍပါဝင်မှုကို မြှင့်တင်ရန်ဆိုသည့်  အက်တမ် (ATOM) ၏ ကတိကဝတ်များကို ထင်ဟပ်စေသည်။ အက်တမ် (ATOM) အသုံးပြုသူ customer များ၏ လူမှုဘဝများကို ပြည့်စုံကြွယ်ဝကာ မြန်မာနိုင်ငံအတွင်းရှိ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်သည့် ဆန်သစ်တီထွင်သော ဒစ်ဂျစ်တယ်ဖြေရှင်းနည်းများကို ပံ့ပိုးဖော်ဆောင်ပေးသွားမည်ဆိုသော အက်တမ် (ATOM) ၏ ရည်မှန်းချက်နှင့်အညီ ‘ရောင်းရင်း’ အစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။

“တယ်လီကွန်းဝန်ဆောင်မှုနဲ့ အသုံးပြုသူအတွေ့အကြုံအသစ်တွေကို တစ်မူထူးခြားစွာ ရရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်ထားတဲ့ အက်တမ် (ATOM) ရဲ့ ‘ရောင်းရင်း’ အစီအစဉ်ကို မိတ်ဆက်ပေးဖို့အတွက် ကျွန်တော်တို့ ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။  ‘အပေါင်းအဖော်မိတ်ဖက်’ လို့အဓိပ္ပာယ်ရတဲ့ ‘ရောင်းရင်း’ ဆိုတဲ့စကားလုံးကနေတစ်ဆင့် ဒီအစီအစဉ်ရဲ့အကြောင်းကို ပိုမိုနားလည်နိုင်ပါတယ်။ ဒီ ‘ရောင်းရင်း’ အစီအစဉ်ဟာဆိုရင် အက်တမ် (ATOM) အသုံးပြုသူ customer တွေကို အမှတ်တံဆိပ်ပါတနာအဖြစ် ပြောင်းလဲလိုက်ပြီး အသုံးပြုသူ customer နဲ့ အက်တမ် (ATOM) ကြားထဲက ဆက်ဆံရေးပိုမိုကောင်းမွန်လာဖို့အပြင် မြန်မာနိုင်ငံအတွင်းက တယ်လီကွန်းဝန်ဆောင်မှုတွေကို လက်လှမ်းမီရရှိနိုင်ဖို့ ပံ့ပိုးပေးနိုင်မယ့် လူမှုကွန်ရက်တစ်ခုကို ဖန်တီးပုံဖော်ပေးနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့  အသုံးပြုသူ customer တွေကို အက်တမ် (ATOM) စတိုးအက်ပ်ကနေတစ်ဆင့် အက်တမ် (ATOM) ရဲ့ ရောင်းရင်းတစ်ဦးဖြစ်လာဖို့ကိုလည်း ကျွန်တော်က တိုက်တွန်းချင်ပါတယ်။ ‘ရောင်းရင်း’ အကောင့်ကို အခမဲ့မှတ်ပုံတင်ဖွင့်လှစ်နိုင်ပြီးတော့ အခြားအသုံးပြုသူ customer တွေကို ဖုန်းငွေဖြည့်ကတ်တွေနဲ့ ပက်ကေ့ချ်တွေ ရောင်းချပေးတာကနေတစ်ဆင့် အကျိုးကျေးဇူးခံစားခွင့်တွေ ရရှိခံစားနိုင်တဲ့ အခွင့်အရေးတွေကို ‘ရောင်းရင်း’ အစီအစဉ်ကနေ တစ်ဆင့်ရရှိနိုင်ပါတယ်” ဟု အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Muhammad Ziaullah Siddiqui က ပြောကြားခဲ့သည်

‘ရောင်းရင်း’ အစီအစဉ်မှတစ်ဆင့် အက်တမ် (ATOM) အသုံးပြုသူ customer များကို ငွေကြေးပိုင်းဆိုင်ရာအရ အမှီအခိုကင်းကင်း ရပ်တည်နိုင်ရန်နှင့် စွန့်ဦးတီထွင်မှုများကို မြှင့်တင်ပေးပြီး အပိုဝင်ငွေရရှိနိုင်သည့် အခွင့်အရေးများကို ဖြည့်ဆည်းပေးအပ်ထားသည်။ အက်တမ် (ATOM) အသုံးပြုသူ customer များသည် ဖုန်းငွေဖြည့်ကတ်များနှင့် ပက်ကေ့ချ်များကို ယခု ‘ရောင်းရင်း’ အစီအစဉ်မှတစ်ဆင့် ရောင်းချခြင်းသည် အထူးသဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှု ရရှိရန်ခက်ခဲသော ဒေသများတွင်လည်း ဆက်သွယ်ရေးဝန်ဆောင်မှုများကို ရရှိလက်လှမ်းမီစေပါသည်။ ထို့အပြင် ယခုအစီအစဉ်သည် ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများကို အသုံးပြုရန် အားပေးကူညီရာရောက်ပြီး အက်တမ် (ATOM) အသုံးပြုသူ customer များကို ငွေကြေးပိုင်းဆိုင်ရာအသိပညာဗဟုသုတများလည်း တိုးပွားစေပါသည်။

အက်တမ် (ATOM) ၏ ‘ရောင်းရင်း’ အစီအစဉ်တွင် ပါဝင်နိုင်ရန် လုပ်ဆောင်ပုံအဆင့်ဆင့်

အက်တမ် (ATOM) ၏ ‘ရောင်းရင်း’ အစီအစဉ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့်အညီ မှန်ကန်စွာ မှတ်ပုံတင်ထားရှိသည့် အက်တမ် (ATOM) ၏ Prepaid ဆင်းကဒ်အသုံးပြုသူ customer များအားလုံးအတွက်ဖြစ်ပြီး အောက်ပါအတိုင်း ရိုးရှင်းလွယ်ကူသော အဆင့်အနည်းငယ်ကိုသာ လုပ်ဆောင်ရမည်ဖြစ်သည်။

၁) အက်တမ် (ATOM) စတိုးအက်ပ်၏ နောက်ဆုံးထွက်ရှိထားသော ဗားရှင်း (ဗားရှင်း ၄.၆) ကို ဒေါင်းလုဒ်ရယူပါ။

၂) အက်ပ်၏ ပင်မစာမျက်နှာရှိ ‘ရောင်းရင်း’ ကို နှိပ်ပါ။

၃) ‘ရောင်းရင်း’ အကောင့်ကို မှတ်ပုံတင်ဖွင့်လှစ်ပြီး လျှို့ဝှက်နံပါတ် (MPIN) ကို သတ်မှတ်ပါ။

၄) ရရှိနိုင်သော ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာငွေပေးချေမှုများမှတစ်ဆင့် ‘ရောင်းရင်း’ ပိုက်ဆံအိတ်အကောင့်ထဲသို့ ငွေများ ဖြည့်သွင်းပါ။

အက်တမ် (ATOM) ၏ ‘ရောင်းရင်း’ များအနေဖြင့် အကျိုးခံစားခွင့်များ ရရှိနိုင်ပုံအဆင့်ဆင့်

အက်တမ် (ATOM) ၏ ‘ရောင်းရင်း’ များသည် အောက်ပါအတိုင်း အကျိုးခံစားခွင့်များကို ရရှိခံစားနိုင်မည်ဖြစ်သည်။

၁) အက်တမ် (ATOM) ၏ ‘ရောင်းရင်း’ များသည် ‘ရောင်းရင်း’ ပိုက်ဆံအိတ်အကောင့်ထဲသို့ အနည်းဆုံး မြန်မာငွေ (၁၀,၀၀၀) ကျပ် ဖြည့်သွင်းရုံဖြင့် ဖြည့်သွင်းသည့် ငွေပမာဏ၏ (၂.၅) ရာခိုင်နှုန်းကို လက်ခံရရှိမည်ဖြစ်သည်။

၂) အခြား အက်တမ် (ATOM) အသုံးပြုသူ customer များအား မြန်မာငွေ (၅,၀၀၀) ကျပ်နှင့်အထက် ဖုန်းငွေဖြည့်ကတ်ရောင်းချခြင်းများအတွက် အက်တမ် (ATOM) ပွိုင့်များနှင့် ဘောနပ်စ်များ ရရှိမည်ဖြစ်သည်။

၃) အခြား အက်တမ် (ATOM) အသုံးပြုသူ customer များအား ရရှိနိုင်သော မိုဘိုင်းပက်ကေ့ချ် မည်သည့်အမျိုးအစားကိုမဆို မြန်မာငွေ (၂,၀၀၀) ကျပ်နှင့် အထက် တန်ဖိုးရှိသော မည့်သည့် မိုဘိုင်းပက်ကေ့ချ်ကိုမဆို ရောင်းချခြင်းများအတွက် အက်တမ် (ATOM) ပွိုင့်များနှင့် ဘောနပ်စ်များ ရရှိမည်ဖြစ်သည်။

ယခုအစီအစဉ်တွင် အရောင်းလုပ်ငန်းစဉ်များ မပြုလုပ်မီ ရရှိခံစားနိုင်သည့် လက်ငင်းအကျိုးခံစားခွင့်များကို ပြသခြင်းဖြင့် ပွင့်လင်းမြင်သာမှုကို ပေးအပ်ထားပါသည်။ ‘ရောင်းရင်း’ အသုံးပြုသူများသည် ရောင်းချမှုမှတ်တမ်းများကို အက်တမ် (ATOM) စတိုးအက်ပ်တွင်ရှိ ‘ရောင်းရင်း’ စာမျက်နှာတွင် ကြည့်ရှုနိုင်ပြီး 'ငွေသွင်းခြင်း (Load Balance)' ၊ 'ငွေဖြည့်ရောင်းချခြင်း (Top Up Mobile Balance)' နှင့် 'ပက်ကေ့ချ်ရောင်းချခြင်း (Pack Sale)' အစရှိသည်များနှင့် ပတ်သက်သော လုပ်ဆောင်မှုမှတ်တမ်းများကိုလည်း အသေးစိတ်ကြည့်ရှုနိုင်သည်။

ရက်ပေါင်း (၉၀) အတွင်း ဆောင်ရွက်လုပ်ကိုင်ခြင်းမရှိသော ‘ရောင်းရင်း’ အကောင့်များသည် ငွေထပ်မံဖြည့်သွင်းရန် သို့မဟုတ် အရောင်းလုပ်ငန်းစဉ်တစ်ခု ပြီးမြောက်ဆောင်ရွက်ရန် အသိပေးသည့် စာတို (SMS) ကို ရရှိမည်ဖြစ်သည်။ ဆက်လက်၍ ဆောင်ရွက်လုပ်ကိုင်ခြင်းမရှိပါက ရက် (၉၀) ကြာ အကောင့်ဆိုင်းငံ့ခြင်းခံရမည်ဖြစ်ပြီး အကောင့်ထဲရှိ ငွေပမာဏအားလုံးကို အသုံးပြုသူ၏ ဖုန်းလက်ကျန်ငွေထဲသို့ လွှဲပြောင်းသွားမည်ဖြစ်သည်။ ရက်ပေါင်း (၁၈၀) အထိ ဆောင်ရွက်လုပ်ကိုင်ခြင်းမရှိသော အကောင့်များအနေဖြင့် အကောင့်ပိတ်သိမ်းခြင်းခံရမည်ဖြစ်သည်။

အက်တမ် (ATOM) စတိုးအက်ပ်တွင် ရရှိနိုင်သော အက်တမ် (ATOM) ‘ရောင်းရင်း’ အစီအစဉ်အကြောင်းကို ပိုမိုသိရှိလိုပါက https://www.atom.com.mm/my/personal/YaungYin တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ အက်တမ် (ATOM) စတိုးအက်ပ်ကို Google Play Store၊ Apple Store သို့မဟုတ် အက်တမ် (ATOM) ဝက်ဘ်ဆိုဒ် - https://www.atom.com.mm/my/personal/ATOMstoreapp တွင် ဒေါင်းလုဒ်ရယူနိုင်ပါသည်။

- ပြီး -

အက်တမ် (ATOM) အကြောင်း

အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

သတင်းမီဒီယာများအနေဖြင့် ထပ်မံ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် - communications@atom.com.mm atom@chilli.agency

Back to top