We'd like to send you notifications of the latest posts and updates

Press Release

အက်တမ် (ATOM) အသုံးပြုသူ customer များ၏ တန်ဖိုးထားမှု၊ လူမှုအသိုင်းအဝိုင်းများကို ထောက်ပံ့ကူညီပေးမှုများနှင့်အတူ အက်တမ် (ATOM) ၏ တစ်နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်

08 Jun,2023 - Yangon | 4 mins read

  • အက်တမ် (ATOM) သည် လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ပေးသည့်အနေဖြင့် ပိုမိုသာလွန်ကောင်းမွန်သည့် Beyond Better ဆက်သွယ်ရေးနှင့် ဝန်ဆောင်မှုများကို မြန်မာနိုင်ငံတွင် ပေးအပ်သွားမည်ဆိုသည့် ကတိကဝတ်ကို ထပ်လောင်းပြောကြားခဲ့ပါသည်။  
  • အက်တမ် (ATOM) အသုံးပြုသူ customer များ၏ တန်ဖိုးထားအားပေးမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် အက်တမ် (ATOM) သည် ATOM စတိုးအက်ပ်တွင် ထူးခြားသည့် လက်ဆောင်အစီအစဉ်များကို ပေးအပ်ပြီး တစ်နှစ်ပြည့် နှစ်ပတ်လည်ကို ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။
  • အက်တမ် (ATOM) သည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများ ပါဝင်သည့် စာသင်ခန်းများလှူဒါန်းခြင်းအပြင် လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်းနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်ဖြင့် ဆိုင်ကလုန်း မိုခါဒဏ်ကို ခံစားခဲ့ရသည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးအစီအစဉ်များ လုပ်ဆောင်ခြင်းဖြင့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

ရန်ကုန်မြို့၊ မြန်မာ၊ ၂၀၂၃ ခုနှစ် ဇွန်လ ၈ ရက်နေ့ - မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် မြန်မာနိုင်ငံ၏ လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် တက်တက်ကြွကြွ လုပ်ဆောင်ရင်း မြန်မာပြည်သူပြည်သားများကို ပိုမိုသာလွန်ကောင်းမွန်သည့် Beyond Better ဆက်သွယ်ရေးနှင့် ဝန်ဆောင်မှုများကို ပေးအပ်နိုင်ခဲ့သည့် အောင်မြင်မှုများဖြင့် တည်ရှိလာသည်မှာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါသည်။ ယခုတစ်နှစ်ပြည့်နှစ်ပတ်လည် အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အက်တမ် (ATOM) သည် လူမှုအသိုင်းအဝိုင်းကို များစွာသော ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ပြီး ချစ်ခင်လေးစားရသည့် အက်တမ် (ATOM) အသုံးပြုသူ customer များနှင့် စီးပွားရေးမိတ်ဖက်လုပ်ငန်းများအား ကျေးဇူးတင်ရှိကြောင်း ဖော်ပြနိုင်ရန်အတွက် လှုပ်ရှားမှုအစီအစဉ်များနှင့် ဆောင်ရွက်မှုပေါင်းများစွာကို မိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။

လုပ်ငန်းလည်ပတ်မှု ပထမဆုံးနှစ်တွင် အက်တမ် (ATOM) သည် ဆက်သွယ်ရေးကို အဆင့်မြှင့်တင်ပေးခြင်းနှင့် ကောင်းမွန်သော ပြောင်းလဲမှုများကို လုပ်ဆောင်ရာတွင် သိသာထင်ရှားသည့် အောင်မြင်မှုမှတ်တိုင်များကို ရရှိနိုင်ခဲ့ပါသည်။ ကွန်ရက်ဖြန့်ကျက်နိုင်မှုကို တိုးချဲ့ပြီး အဆင့်မြှင့်တင်နိုင်ခဲ့ခြင်း၊ တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်းအတွင်း ထိပ်တန်းအက်ပလီကေးရှင်းဖြစ်သည့် ATOM စတိုးအက်ပ်ကို မိတ်ဆက်ပေးခဲ့ခြင်း၊ ဂိမ်းပလက်ဖောင်းများနှင့် ကမ်ပိန်းများမှတစ်ဆင့် စိတ်အပန်းဖြေနိုင်သည့် ပျော်ရွှင်စရာ အတွေ့အကြုံများကို ပေးအပ်နိုင်ခဲ့ခြင်း၊ အခမဲ့ တယ်လီဖုန်းမှတစ်ဆင့် ရယူနိုင်သော ကျန်းမာရေး ဝန်ဆောင်မှုများ၊ ငွေကြေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် ပတ်သက်ပြီး တန်ဖိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုများကို တည်ဆောက်နိုင်ခဲ့ခြင်း၊ နိုင်ငံတစ်ဝှမ်းတွင် ထိရောက်သည့် လူမှုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ခဲ့ခြင်းနှင့် ဂုဏ်သတင်းကြီးမားသည့် ဆုပေးပွဲအခမ်းအနားများတွင် ကုမ္ပဏီ၏ ကြိုးစားအားထုတ်မှုများကြောင့် ဆုတံဆိပ်များဖြင့် အသိအမှတ်ပြုခံရခြင်း စသည့် အောင်မြင်မှုမှတ်တိုင်များမှာ သက်သေပင်ဖြစ်ပါသည်။

အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Muhammad Ziaullah Siddiqui က “ကျွန်တော်တို့ရဲ့ အက်တမ် (ATOM) တစ်နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အနေနဲ့ ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်းမှာ ကျွန်တော်တို့ရဲ့ အက်တမ် (ATOM) အသုံးပြုသူ customer တွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အားပေးမှုတွေအတွက် အသိအမှတ်ပြု ကျေးဇူးတင်စကား ပြောကြားလိုပါတယ်။ အက်တမ် (ATOM) အဖွဲ့ကိုယ်စား ကျွန်တော်က အက်တမ် (ATOM) အသုံးပြုသူ customer တွေအပြင်၊ စီးပွားရေးမိတ်ဖက်လုပ်ငန်းတွေနဲ့ မြန်မာပြည်သူပြည်သားတွေအားလုံးကို ကျွန်တော်တို့ရဲ့ခရီးလမ်းမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ပေးခဲ့တဲ့အတွက်  လှိုက်လှိုက်လှဲလှဲ အများကြီး ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ရှေ့လျှောက်လည်း အကောင်းဆုံးအရည်အသွေးရှိတဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်ပေးအပ်သွားနိုင်ဖို့၊ မြန်မာနိုင်ငံရဲ့ တယ်လီကွန်းဆက်သွယ်ရေးအနာဂတ်ကို အကောင်းဆုံးပုံဖော်နိုင်ဖို့ နဲ့ ကျွန်တော်တို့ရဲ့ အက်တမ် (ATOM)အသုံးပြုသူ customer တွေ၊ လူမှုအသိုင်းအဝိုင်းတွေရဲ့ လူနေမှုဘဝမှာ ရေရှည်တည်တံ့နိုင်စေမယ့် အကျိုးသက်ရောက်မှုတွေ ရရှိလာနိုင်အောင် ကျွန်တော်တို့က တစိုက်မတ်မတ် ဆက်လက်ကြိုးစားသွားမှာပါ။” ဟု ပြောကြားခဲ့ပါသည်။

 “အက်တမ် (ATOM) ရဲ့ တစ်နှစ်ပြည့်နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ ပြုလုပ်နေတဲ့ အစီအစဉ်တွေက ကျွန်တာ်တို့ရဲ့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စိတ်နဲ့ ပြန်လည်ကျေးဇူးဆပ်ချင်တဲ့ ကတိကဝတ်တွေကို မီးမောင်းထိုးပြနေပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ကျွန်တော်တို့ရဲ့ corporate responsibility အဓိက ဦးတည်ချက်သုံးခုဖြစ်တဲ့ ပညာရေး နှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်း၊ လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး နှင့် လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်းတို့နဲ့အညီ လူမှုအဖွဲ့အစည်း ကူညီထောက်ပံ့မှုဆိုင်ရာ လုပ်ဆောင်ချက်တွေအတွက် မြန်မာငွေ (၁.၇) ဘီလီယံ ကျပ်ကို ခွဲဝေလှူဒါန်းခဲ့ပါတယ်။ ရှေ့လျှောက်မှာလည်း ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေကို သေချာ အသုံးချပြီး၊ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုတွေကို နည်းစနစ်ကျကျ တည်ဆောက်ပြီးတော့ လူမှုအသိုင်းအဝိုင်းတွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုတွေကို အသုံးချပြီး လူ့ဘောင်အသိုင်းအဝိုင်းကို ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမှာပါ။” ဟု အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်မှ ပြောကြားခဲ့သည်။

အသုံးပြုသူ customer များအတွက် ပိုမိုသာလွန်ကောင်းမွန်သည့် Beyond Better ဝန်ဆောင်မှုအစီအစဉ်များ - အက်တမ် (ATOM) သည် အက်တမ် (ATOM) အသုံးပြုသူ customer များကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ၂၀၂၃ ခုနှစ် ၈ ရက်နေ့ မှ ၁၄ ရက်နေ့အထိ ခုနှစ်ရက်အတွင်း ဆုလက်ဆောင်များကို ပေးအပ်သွားမည် ဖြစ်ပါသည်။ အောက်ဖော်ပြပါ ဝန်ဆောင်မှုများသည် တစ်နေ့စာ အကျုံးဝင်မည်ဖြစ်ပြီး သတ်မှတ်ထားသောရက်၏ ည ၁၂ နာရီတွင် ကုန်ဆုံးမည်ဖြစ်ပါသည်။

နေ့ရက်

ဆုလက်ဆောင်များ

၂၀၂၃ ခုနှစ် ဇွန်လ ၈ ရက်နေ့

ဒေတာ 200 MB အခမဲ့ အသုံးပြုခွင့်

၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့

အက်တမ်ဖုန်းအချင်းချင်း ၁၅ မိနစ်စာ အခမဲ့ ဖုန်းခေါ်ဆိုခွင့်

၂၀၂၃ ခုနှစ် ဇွန်လ ၁၀ ရက်နေ့

နာမည်ကြီးဂိမ်းများဖြစ်သည့် (MLBB, PUPGM) တို့ ကစားရန် ဒေတာ 500 MB အခမဲ့ အသုံးပြုခွင့်

၂၀၂၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့

ATOM စတိုးအက်ပ်အတွင်းရှိ ရသ ဝန်ဆောင်မှု (Mahar, Viu, ShweStream) အတွက် ဒေတာ 500 MB အခမဲ့ အသုံးပြုခွင့်

၂၀၂၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့

Viber အတွက် ဒေတာ 500 MB အခမဲ့ အသုံးပြုခွင့်

၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့

အက်တမ်ဖုန်းအချင်းချင်း SMS စာတို ၁၀၀ အခမဲ့ ပေးပို့ခွင့်

၂၀၂၃ ခုနှစ် ဇွန်လ ၁၄ ရက်နေ့

အက်တမ် (ATOM) တစ်နှစ်ပြည့် နှစ်ပတ်လည်အကြောင်း စာတိုကို လက်ခံရရှိပြီး တစ်နာရီအတွင်း ဒေတာ 200 MB အခမဲ့ အသုံးပြုခွင့်

အက်တမ် (ATOM) အသုံးပြုသူ Business Customer များအတွက် ပိုမိုသာလွန်ကောင်းမွန်သည့် Beyond Better ဝန်ဆောင်မှုအစီအစဉ်များ - နှစ်ပတ်လည်အမှတ်တရအနေဖြင့် အက်တမ် (ATOM) က အသုံးပြုသူ Business Customer များကို ကျေးဇူးတင်သည့်အနေဖြင့် ကတ်၊ ကိတ်များပို့ပေးခြင်းအပြင် surprise လက်ဆောင်များကိုပါ ပေးအပ်သွားမည်ဖြစ်သည်။

စီးပွားရေးမိတ်ဖက်လုပ်ငန်းများနှင့် ပိုမိုသာလွန်ကောင်းမွန်သည့် Beyond Better လက်တွဲလုပ်ဆောင်မှုများ - အက်တမ် (ATOM) ​၏ အရောင်းဆိုင်များတွင် နှစ်ပတ်လည်အမှတ်တရ အစီအစဉ်များကို အက်တမ် (ATOM) မှ စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး လက်တွဲလုပ်ဆောင်လျက်ရှိသော မိတ်ဖက်လုပ်ငန်းများကိုလည်း နှစ်ပတ်လည်လက်ဆောင်များ ပေးအပ်သွားမည် ဖြစ်သည်။

ရောင်ပြန်မေတ္တာ အက်တမ် (ATOM) ​၏ စေတနာ ၂.၀ - အက်တမ် (ATOM) သည် မကြာသေးမီအချိန်က ဆိုင်ကလုန်း မိုခါဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်းနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ် (Humanitarian Care & Rehabilitation Programme) ကို မိတ်ဆက်ပေးခဲ့ပြီး မတည်ငွေ မြန်မာငွေ သိန်းပေါင်း (၂,၁၂၀) ကျပ် ကို ပထမလှူဒါန်းမှုအစီအစဉ်အဖြစ် ထောက်ပံ့ကူညီခဲ့ပါသည်။ ဆက်လက်ပြီး အက်တမ် (ATOM) အနေဖြင့် မုန်တိုင်းဒဏ်ကြုံတွေ့ခံစားခဲ့ရသည့် ဒေသများတွင်  ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ၊ အကူအညီလိုအပ်သူများကို ကူညီထောက်ပံ့မှုများနှင့် လူမှုအသိုက်အဝန်းများ ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ကူညီပေးခြင်းများကို တက်ကြွစွာ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

အက်တမ် (ATOM) သည် ပညာရေး နှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်း ဦးတည်ချက်ဖြင့် မန္တလေးနှင့် နေပြည်တော်တို့တွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများ ပါဝင်သည့် စာသင်ကျောင်း (ICT Lab) တစ်ကျောင်းစီကို ၂၀၂၃ ခုနှစ် ဇွန်လတွင် လှူဒါန်းသွားမည် ဖြစ်သည်။ ယခုနှစ်တွင် အက်တမ် (ATOM) အနေဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများ ပါဝင်သည့် စာသင်ကျောင်းများကို မပြည့်စုံသော စာသင်ကျောင်း လေးကျောင်းတွင် လှူဒါန်းခဲ့ပြီး စုစုပေါင်း မြန်မာငွေ သိန်းပေါင်း (၅၈,၃၁၉,၂၀၀) ကျပ်ကျော်ကို လှူဒါန်းပေးအပ်ခဲ့ပြီးဖြစ်သည်။ ယခုကဲ့သို့ ပညာရေးအတတ်သင်ကျောင်းများကို လိုအပ်သည့် နည်းပညာအထောက်အပံ့များ ပေးအပ်ခြင်းသည် နည်းပညာခေတ်တွင် ကျောင်းသားကျောင်းသူများ လိုအပ်သောနည်းပညာသုံးပစ္စည်းများ အသုံးပြုတတ်ရန်နှင့် အဆင့်မီပညာရေးကို သင်ကြားတတ်မြောက်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

ထို့အပြင် အက်တမ် (ATOM) သည် ဝန်ထမ်းများအား "Beyond Better Together as One Team" ဆိုသည့် ဆောင်ပုဒ်နဲ့အညီ ဂုဏ်ပြုပွဲများ ကျင်းပပေးခြင်းများအပြင် အက်တမ် (ATOM) ​၏ လူမှုကွန်ရက်များမှ တဆင့် အများပြည်သူနှင့်  အသုံးပြုသူ customer များ​ကို ယခင်တစ်နှစ်တာတလျှောက်လုံးမှ အက်တမ် (ATOM) အမှတ်တရများကို မျှဝေပေးသွားမည်ဖြစ်သည်။ ထပ်မံ သိရှိလိုသည်များကို http://www.facebook.com/ATOMOfficialPage တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

- ပြီး -

အက်တမ် (ATOM) အကြောင်း

အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည်  လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့်  LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

သတင်းမီဒီယာများအနေဖြင့် ထပ်မံ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် - communications@atom.com.mm / atom@chilli.agency

Back to top