We'd like to send you notifications of the latest posts and updates

Press Release

အက်တမ် (ATOM) က ၂၀၂၃ ခုနှစ် Asian Telecom Awards ပွဲကြီးတွင် ‘Telecom Company of the Year – Myanmar’ ဆုနှင့် ‘Mobile Operator of the Year – Myanmar’ ဆုကြီးနှစ်ဆုဖြင့် အသိအမှတ်ပြုခံရ

07 Apr,2023 - Yangon | 3 mins read

  • အက်တမ် (ATOM) က ဂုဏ်သတင်းကြီးမားသော ဆုပေးပွဲအစီအစဉ်၏ အဓိက ဆုနှစ်ဆုကို နှစ်ထပ်ကွမ်းဆုရှင်အဖြစ် ရယူနိုင်ခဲ့ပါသည်။
  • ခုဆုပေးအပ်ပွဲအစီအစဉ်သည် အာရှဒေသတွင်းရှိ ထိပ်တန်း တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီများ၏ ထူးချွန်ပြောင်မြောက်သော ရလဒ်များနှင့် လုပ်ဆောင်ချက်များအတွက် အသိအမှတ်ပြုဆုများပေးအပ်သည့် အစီအစဉ်ဖြစ်ပါသည်။
  • ယခုဆုများသည် အသုံးပြုသူ customer များအား ပြီးပြည့်စုံသော ဝန်ဆောင်မှုများပေးအပ်ခြင်း၊ နည်းပညာတီထွင်မှုများကို အသားပေးကာ လူမှုအဖွဲ့အစည်းကို အခြေပြုသည့် လုပ်ဆောင်ချက်များအား ဆောင်ရွက်ခြင်း စသည့် အက်တမ် (ATOM) ၏ ကတိကဝတ်များကို မီးမောင်းထိုးပြသလျက်ရှိပါသည်။

ရန်ကုန်၊ မြန်မာ၊ ၂၀၂၃ ခုနှစ် ဧပြီလ ၇ ရက်နေ့ - မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် Asian Telecom Awards 2023 ပွဲတွင် ဂုဏ်သတင်းကြီးမားသော ဆုနှစ်ဆုကို ရရှိခဲ့ပါသည်။ အက်တမ် (ATOM) ၏ တယ်လီဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍအတွင်း အကောင်းမွန်ဆုံး လုပ်ငန်းစွမ်းဆောင်ရည်များအား အသိအမှတ်ပြုသည့်အနေဖြင့် ‘Telecom Company of the Year – Myanmar’ ဆု နှင့် ‘Mobile Operator of the Year – Myanmar’ ဆုများကို ထိုက်တန်စွာ ရယူနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ယခုဆုများကို ၂၀၂၃ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် စင်ကာပူနိုင်ငံတွင် ကျင်းပသော အခမ်းအနားတွင် အက်တမ် (ATOM) သို့ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

Asian Telecom Awards သည် အာရှဒေသတွင်းရှိ လုပ်ငန်းစွမ်းဆောင်ရည်အမြင့်မားဆုံး တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီများ၏ အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်လျက်ရှိရာ ယခုနှစ်သည် ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ အက်တမ် (ATOM) သည် ၎င်း၏ အသုံးပြုသူ customer များအတွက် ပြီးပြည့်စုံသော ဝန်ဆောင်မှုများ ပေးအပ်နိုင်ခြင်း၊ ၂၀၂၂ ခုနှစ် ဇွန်လတွင် စတင်မိတ်ဆက်ခဲ့သော အက်တမ် (ATOM) အမှတ်တံဆိပ်အား စျေးကွက်အတွင်း အောင်မြင်စွာ ထိုးဖောက်နိုင်ခြင်း၊ လုပ်ငန်းဆိုင်ရာစိန်ခေါ်မှုများကို ဖြတ်ကျော်ရင်း နည်းပညာတီထွင်မှုများကိုဦးစားပေးလျက် လူမှုအဖွဲ့အစည်းကို အခြေပြုသည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်ခြင်း စသည့် လုပ်ငန်းစွမ်းဆောင်ရည်များကြောင့် အဆိုပါ ဆုများအား လက်ခံရရှိခြင်းဖြစ်ပါသည်။

ဆုနှစ်ထပ်ကွမ်း လက်ခံရရှိခဲ့သည့်အပေါ် အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Muhammad Ziaullah Siddiqui က “Asian Telecom Awards 2023 က ချီးမြှင့်တဲ့ ‘Telecom Company of the Year – Myanmar’ နဲ့ ‘Mobile Operator of the Year – Myanmar’ ဆုတွေကို လက်ခံရရှိခွင့်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ ဒီလို အသိအမှတ်ပြုခံရတာက ကျွန်တော်တို့ အက်တမ် (ATOM) ရဲ့ ကတိကဝတ်တွေအတိုင်း မြန်မာနိုင်ငံအတွင်းမှာ ဆန်းသစ်ပြီး ယုံကြည်ရတဲ့ လူမှုအဖွဲ့အစည်းအခြေပြု ဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံမှာ ပေးအပ်နိုင်ဖို့အတွက် တစိုက်မတ်မတ်ကြိုးပမ်းနေမှုကို သက်သေပြလိုက်နိုင်တဲ့ မှတ်တိုင်တစ်ခုဆိုလည်း မမှားပါဘူး။ ကျွန်တော်တို့ အက်တမ် (ATOM) ရဲ့ အသုံးပြုသူ customer တွေကို အကောင်းဆုံး မိုဘိုင်းအသုံးပြုမှု အတွေ့အကြုံတွေ ပေးအပ်နိုင်အောင် အက်တမ် (ATOM) ရဲ့ ကွန်ရက်နဲ့ ဒစ်ဂျစ်တယ်ဂေဟစနစ်တွေအတွက် ဆက်ပြီး ရင်းနှီးမြှုပ်နှံသွားပါမယ်၊” ဟု ပြောကြားခဲ့ပါသည်။

“ဒီလိုဂုဏ်ထူးဆောင်ဆုတွေနဲ့ အံ့ဩစရာကောင်းလှအောင် အသိအမှတ်ပြုခံရမှုအတွက် ကျွန်တော်တို့ အက်တမ် (ATOM) က ကျေးဇူးတင်ကြောင်း ပြောကြားချင်ပါတယ်။ ကျွန်တော်တို့အဖွဲ့သားတွေက အသုံးပြုသူ customer တွေရဲ့ အမြဲတမ်းပြောင်းလဲနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆန်းသစ်တဲ့ နည်းပညာတွေ၊ ဝန်ဆောင်မှုတွေ ပေးအပ်ခြင်းအားဖြင့် သူတို့ရဲ့ဘဝတွေကို ပြောင်းလဲသွားအောင် ပြုလုပ်ပေးချင်တဲ့ စိတ်တစ်ခုတည်းနဲ့ အားသွန်ခွန်စိုက် အမြဲတမ်း ကြိုးစားနေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အသုံးပြုသူ customer တွေရဲ့ အက်တမ် (ATOM) အပေါ်မှာထားရှိတဲ့ ယုံကြည်မှုနဲ့ သစ္စာရှိမှု၊ ကျွန်တော်တို့ရဲ့ မိတ်ဖက်လုပ်ငန်းရှင်တွေရဲ့ အားပေးပံ့ပိုးမှုတွေနဲ့ အက်တမ် (ATOM) ဝန်ထမ်းအားလုံးရဲ့ ဒီလိုရလဒ်ကောင်းတွေရရှိနိုင်အောင် တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်မှုတွေအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းလည်း ပြောကြားလိုပါတယ်၊” ဟု အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဝင်းပိုင်ကျော်မှ ပြောကြားခဲ့ပါသည်။

'Telecom Company of the Year - Myanmar' ဆုကြီးသည် မြန်မာနိုင်ငံ၏ တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍအတွက် အက်တမ် (ATOM) ၏ ပြောင်မြောက်​သော လုပ်ငန်းစွမ်းဆောင်ရည်ကို အသိအမှတ်ပြုလျက်ရှိပါသည်။ အက်တမ် (ATOM) သည် စီးပွားရေးဆိုင်ရာ လုပ်ငန်းစိန်ခေါ်မှုများကို ကြုံတွေ့နေရသော်လည်း ၎င်း၏ အသုံးပြုသူ customer များကို ကမ္ဘာ့အဆင့်မီ ဝန်ဆောင်မှုများပေးအပ်နိုင်ရန်အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်နေမှုများကို အဆိုပါဆုက  မီးမောင်းထိုး ပြသလျက်ရှိပါသည်။

ရက်ပေါင်း (၁၀၀) အတွင်း အက်တမ် (ATOM) က တံဆိပ်အသစ်ကို စျေးကွက်အတွင်းသို့ မိတ်ဆက်ပေးခဲ့ပြီး ယခင်ရှိနှင့်ပြီးသား ဝန်ဆောင်မှုများကို ဖွဲ့စည်းပုံအသစ်ဖြင့် ဖွဲ့စည်းထားသော လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲလည်ပတ်နိုင်ရန် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည့်အပြင် roaming ဝန်ဆောင်မှုများကို supplier အသစ်များထံ ပြောင်းရွှေ့ခြင်းနှင့် စင်ကာပူနိုင်ငံတွင် လုပ်ငန်းခွဲကို ဖွင့်လှစ်နိုင်ခဲ့ခြင်းတို့ကိုပါ လုပ်ဆောင်နိုင်ခဲ့ပါသည်။ အဆိုပါဆောင်ရွက်ချက်များသည် ပုံမှန်တစ်နှစ်ခန့် အချိန်ယူရမည် ဖြစ်သော်လည်း ယခုအခါ အချိန်တိုကာလတစ်ခုအတွင်း အက်တမ် (ATOM) ၏ ကွန်ရက်အား တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ လုပ်ဆောင်နိုင်ခြင်းက အံ့သြစရာကောင်းလောက်သည့် အောင်မြင်မှုတစ်ခု ဖြစ်ပါသည်။

အက်တမ် (ATOM) က အသုံးပြုသူ customer များကို အရည်အသွေးမြင့် မိုဘိုင်းဝန်ဆောင်များ အောင်မြင်စွာ ပေးအပ်နိုင်ခဲ့ခြင်းကြောင့် 'Mobile Operator of the Year - Myanmar' ဆုကြီးကို ရရှိခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါဆုသည် အသုံးပြုသူ customer များ၏ အစဉ်မပြတ် ပြောင်းလဲနေသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဆန်းသစ်သော ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသည့် မြန်မာနိုင်ငံ၏ ထိပ်တန်း မိုဘိုင်းအော်ပရေတာတစ်ခုအဖြစ် အက်တမ် (ATOM) ၏ ရပ်တည်ချက်ကို မီးမောင်းထိုးပြသလျက်ရှိပါသည်။

Back to top