We'd like to send you notifications of the latest posts and updates

Press Release

နှစ်သစ်ကူးကာလတွင် အက်တမ် (ATOM) ၏ မိုဘိုင်းဒေတာ နှင့် ဆက်သွယ်ရေးဝန်ဆောင်မှု အသုံးပြုမှုနှုန်း မြင့်တက်ခဲ့

06 Jan,2023 - Yangon | 2 mins read

  • ၂၀၂၂ ခုနှစ် နှစ်သစ်ကူးကာလတွင် အက်တမ် (ATOM) ၏ ဆက်သွယ်ရေးကွန်ရက်တွင် ဒေတာအသုံးပြုမှုနှုန်း သိသိသာသာမြင့်တက်ခဲ့ပါသည်။
  • နှစ်သစ်ကူးရက်၏ မိုဘိုင်းသုံးစွဲမှု အမြင့်ဆုံးအချိန်တွင် ဒေတာအသုံးပြုမှုမှာ ပုံမှန်နေ့စဉ်အသုံးပြုမှုထက် ၇၄ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ကြောင်း တွေ့ရှိရသည်။
  • နှစ်သစ်ကူးကာလတွင် ဖုန်းခေါ်ဆိုမှုနှုန်းသည် ပုံမှန်နေ့စဉ်အသုံးပြုမှုထက် ၂၆၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး စာတိုပေးပို့မှုနှုန်းသည် ၂၈၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

ရန်ကုန်မြို့၊ မြန်မာ၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ - ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ မနက် ၂ နာရီ အတွင်း နှစ်သစ်ကူးရက်၏ မိုဘိုင်း သုံးစွဲမှုအမြင့်ဆုံးအချိန်တွင် အက်တမ် (ATOM) ၏ ဆက်သွယ်ရေးကွန်ရက်အတွင်း ဒေတာအသုံးပြုမှု သိသိသာသာ မြင့်တက်ခဲ့ကြောင်း တွေ့ရသည်။

မိုဘိုင်းဒေတာ အသုံးပြုမှု

အက်တမ် (ATOM) ၏ နှစ်ကုန် ဒေတာအသုံးပြုမှု အချက်အလက်များအရ နှစ်သစ်ကူးရက်၏ မိုဘိုင်း သုံးစွဲမှုအမြင့်ဆုံးအချိန်တွင် ပုံမှန်နေ့စဉ် အသုံးပြုမှုထက် ၇၄ ရာခိုင်နှုန်း မြင့်မားခဲ့သည်။ 4G အသုံးပြုမှု ၇၂ ရာခိုင်နှုန်း၊ 3G အသုံးပြုမှု ၈၆ ရာခိုင်နှုန်းနှင့် 2G အသုံးပြုမှု ၁၀၂ ရာခိုင်နှုန်း အထိ အသီးသီး မြင့်တက်ခဲ့သည်။ ဒေတာအသုံးပြုနှုန်း မြင့်တက်ခဲ့ခြင်းသည် မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများထံ နှစ်သစ်ကူးဆုတောင်းစကားများ ပေးပို့ရာတွင် အွန်လိုင်းပလက်ဖောင်းများနှင့် မိုဘိုင်းအက်ပလီကေးရှင်းများကို အသုံးပြုခဲ့ကြသော အက်တမ် (ATOM) အသုံးပြုသူ အရေအတွက် တိုးတက်လာသောကြောင့်ဖြစ်သည်။

ဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း

နှစ်သစ်ကူးကာလအတွင်း ဖုန်းခေါ်ဆိုမှု မိနစ်ပေါင်း ပုံမှန်နေ့စဉ် ခေါ်ဆိုမှုထက် ၂၆၅ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပြီး စာတိုပေးပို့မှုနှုန်းမှာ ၂၈၇ ရာခိုင်နှုန်းထိ စံချိန်တင် မြင့်တက်ခဲ့သည်။ နှစ်သစ်ကူးကာလအတွင်း အက်တမ် (ATOM) ၏ ကွန်ရက်ကို အသုံးပြုပြီး စာတိုအရေအတွက် ၁.၇၅ သန်းအထိ ပေးပို့ခဲ့ကြသည်။

“#BeyondBetter ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ရည်ရွယ်ပြီး အက်တမ် (ATOM) အဖွဲ့သားတွေက နှစ်သစ်ကူးအချိန်အခါ ဝန်ဆောင်မှုအသုံးပြုနှုန်း အမြင့်မားဆုံးအချိန်အတွက် လပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့ကြပါတယ်။ ဒီလိုကြိုတင်ပြင်ဆင်မှုတွေ လုပ်တဲ့အခါ အသုံးပြုသူတွေ ကွန်ရက်ကို အဆင်အပြေဆုံး အသုံးပြုနိုင်ဖို့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို အတတ်နိုင်ဆုံး နည်းနိုင်သမျှ နည်းအောင် ကြိုတင်ပြင်ဆင်ခဲ့ပြီး ပုံမှန်ထက်ပိုပြီး အသုံးပြုမှု မြင့်တက်နိုင်တဲ့ ဆက်သွယ်ရေးတာဝါတိုင် နေရာတွေမှာ လုပ်ငန်းသုံးပစ္စည်းတွေကို အဆင့်မြှင့်တင်တာတွေ ပြုလုပ်ခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူး အချိန်တွေမှာ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို တင်ဖို့ ဒါမှမဟုတ် မျှဝေဖို့အတွက် ဒေတာကွန်ရက်ကို ပိုပြီး ရွေးချယ်အသုံးပြုလာကြတဲ့အတွက်ကြောင့် မိုဘိုင်းဒေတာ အသုံးပြုမှုတွေ မြင့်တက်လာတာကို တွေ့ရပါတယ်။” ဟု ATOM ၏ နည်းပညာပိုင်းဆိုင်ရာ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Yash Pal Singh မှ ပြောကြား ခဲ့ပါသည်။

လက်ရှိတွင် အက်တမ် (ATOM) သည် မြန်မာနိုင်ငံတွင် အကောင်းဆုံး 4.5G ကွန်ရက်အား ဝန်ဆောင်မှုပေး လျက်ရှိပြီး အက်တမ် (ATOM) က ဝန်ဆောင်မှုပေးနေသည့် မြို့နယ် ၃၁၂ မြို့နယ်၏ ၉၀ ရာခိုင်နှုန်းတွင် 4G ကွန်ရက်ကို အသုံးပြုနိုင်ပြီဖြစ်သည်။ အက်တမ် (ATOM) သည် အနာဂတ်တွင် အဆင်သင့် ဖြစ်နေစေမည့် ဆက်သွယ်ရေးကွန်ရက်များ အဆင့်မြှင့်တင်ခြင်း၊ စီးပွားရေးလုပ်ငန်းများ အသွင်ကူးပြောင်းခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် ပြည်တွင်းရှိ အရည်အချင်းရှိသည့် လူငယ်လူရွယ်များကို မြေတောင်မြှောက် ပေးခြင်းတို့ ပြုလုပ်ရန် အမေရိကန်ဒေါ်လာသန်း ၃၃၀ ကျော်ကို လာမည့် ၃နှစ်အတွင်း ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ပါသည်။ အက်တမ် (ATOM) အနေဖြင့် လာမည့်နှစ်များတွင် 5G ကွန်ရက်ကို မြန်မာနိုင်ငံတွင် ပထမဆုံး စတင်နိုင်ရန် နှင့် ယင်း၏ အဆင့်မီကွန်ရက်နှင့် တယ်လီကွန်းကဏ္ဍရှိ နိုင်ငံတကာနှင့် မိတ်ဖက်လုပ်ငန်းများကို အရှိန်မြှင့်တင်နိုင်စေရန် ရည်ရွယ်ထားပါသည်။

- ပြီး -

အက်တမ် (ATOM) အကြောင်း

အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည်  လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

သတင်းမီဒီယာများအနေဖြင့် ထပ်မံ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် - communications@atom.com.mm atom@chilli.agency

Back to top